အထင်အမြင်သေးခြင်း
Vol. 115 Ch. 4.1231
ဒါဆို ဒါက ဘာနဲ့ အတိအကျ ပေါင်းစပ်ထားတာလဲ။
တကယ်တော့ မြေကြီးမီးကိုယ်တိုင်က အလွန်မှော်ဆန်တဲ့ တည်ရှိမှုတစ်ခု ဖြစ်သည်။ လုရွှမ် ကိုယ်တိုင်က မီးနဲ့ကစားရာမှာ ကျွမ်းကျင်တဲ့အတွက် မီးတောက် အမျိုးမျိုးအပေါ် သဘာဝအတိုင်း နက်နက်ရှိုင်းရှိုင်း နားလည်သူ ဖြစ်ပေသည်။
မီးတောက် အမျိုးမျိုးတို့တွင် ထူးဆန်းသော မီးတောင်သည် အလွန်အစွမ်းထက်သော တည်ရှိမှုဖြစ်ပြီး အထွတ်အထိပ်ဆုံး ဖြစ်တည်မှုပင်ဟု တစ်ချိန်က သူထင်ခဲ့သည်။ သို့သော် ကျင့်ကြံမှု အဆင့် တိုးတက်လာတာနဲ့အမျှ အရင်ကထက် အများကြီး ရက်စက်ကြမ်းကြုတ်တဲ့ ကမ္ဘာကြီးထဲကို ဝင်ရောက်လာခဲ့ရ၏။
လုရွှမ်သည် ထူးဆန်းသော မီးများထက် ပိုမိုပြင်းထန်သော မီးတောက်များစွာကို ရှာဖွေတွေ့ရှိခဲ့သည်။
ဥပမာ ကောင်းကင်မီးတောက်ပေါ့။
တိမ်ပင်လယ်နယ်မြေမှာ ရှိစဥ်တုန်းက ဒီလိုမီးတောက်က ထူးဆန်းတဲ့မီးထက် အများကြီးနည်းသည်။ ကောင်းကင်နှင့်မြေကြီးက ကန့်သတ်ထားသောကြောင့် ဤမီးလျှံ၏ စွမ်းအားမှာ နည်းဥပဒေသ အနည်းငယ်သာ ပါရှိသည်။
ဖုံးလွှမ်းထားသော ဧရိယာသည် သေးငယ်လွန်းလှသော ကမ္ဘာငယ်လေး တစ်ခုတွင်မို့ ၎င်းက စွမ်းအားကို ဂုဏ်ယူစွာ မပြသနိုင်ပေ။ မတူညီသော နေရာများတွင် နည်းဥပဒေများ ကွာခြားမှုသည် ကြီးမားလိမ့်မည်။ အကြောင်းမှာ တိမ်ပင်လယ်နယ်မြေ၌ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းစည်းကမ်းများက သေးငယ်လွန်းသောကြောင့် ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် ကောင်းကင်မီးတောက်၏ စွမ်းအားသည် တိုးမြင့်ရန် အားနည်းလွန်းလှသည်။
ရှေးဟောင်းလျှပ်စီးကမ္ဘာ၊ ကြယ်တစ်သောင်းကမ္ဘာ၊ ယခု မြေကမ္ဘာသို့ ရောက်သောအခါ လုရွှမ်သည် နည်းဥပဒေသများ ပြီးမြောက်လာသည်နှင့်အမျှ ကောင်းကင်မီးတောက်၏ စွမ်းအားသည်လည်း လျင်မြန်စွာ တိုးလာကြောင်းကို တဖြည်းဖြည်း သိရှိလာခဲ့သည်။
တစ်စုံတစ်ယောက်က လုရွှမ်ကို ယခု မီးအမျိုးအစားထဲ အပြင်းထန်ဆုံး မီးက ဘာလဲလို့ မေးရင် သူ မဆိုင်းမတွဘဲ ကောင်းကင်မီးလို့ ပြောလိမ့်မယ်။ ဆိုရိုးစကားအတိုင်း ကောင်းကင်သို့ သွားသော လမ်းသည် ကောင်းကင်မီးသို့ သွားရာလမ်းနှင့် အတူတူပဲဟု ဆောင်ပုဒ်တစ်ခု ရှိသည်လေ။
ကောင်းကင်မီးနှင့် ဆန့်ကျင်ဘက်မှာ မြေကြီးမီး ဖြစ်၏။ သဘာဝအားဖြင့် ၎င်းသည် ကောင်းကင်မီးနှင့် ဆန့်ကျင်ဘက်ချည်းတော့ မဟုတ်သော်လည်း မြေကြီးမီးမှာ ကြွယ်ဝမှုလည်း ရှိသည်။ ကောင်းကင်မီးထက် ထိန်းချုပ်ရတာ ပိုလွယ်သည်။
ဒါပေမဲ့ မြေကြီးမီးရဲ့ စွမ်းအားက အတော်လေး ညံ့ပါသည်။ မြေပြင်အခြေအနေပေါ် မူတည်၍ မီး၏စွမ်းအားသည် တိုးလာမည် သို့မဟုတ် လျော့သွားမည် ဖြစ်သည်။
နေရာတော်တော်များများမှာ မီးကို မြင်လိုက်ရတော့ လုရွှမ်လည်း သူ့စိတ်ထဲမှာ တူညီတဲ့ အတွေးနဲ့ နိဂုံးချုပ်သွား၏။ မြေကြီးမီးသည် ပြင်းထန်သောအခါ၌လည်း ကောင်းကင်မီးအောက်တွင် ရှိပေလိမ့်မည်။ တန်ခိုးအရဆိုလျှင် ကောင်းကင်မီးသည် သဘာဝအတိုင်း နတ်မီးဖြစ်သည်။
လုရွှမ် သိသလောက် နတ်မီးသုံးမျိုးသည် တန်ဖိုးအရှိဆုံး ဖြစ်သည်။ အမှန်မှာ နတ်မီးကို နတ်ဆိုးမီးတစ်မျိုးဟု မှတ်ယူနိုင်သော်လည်း ၎င်းသည် အစွမ်းထက်လွန်းသောကြောင့်သာ နတ်မီးဟု ခေါ်ဆိုကြခြင်း ဖြစ်ပေ၏။
ရင်နဂါးမီးတောက်၊ ကျူးချွဲ့နတ်မီး၊ ဖီးနစ်နတ်မီး။
ထိုနတ်မီးများအောက်တွင် ထူးဆန်းသော မီးတောက်အမျိုးမျိုး ရှိသလို အချို့သော နတ်ဆိုးမီးများသည်လည်း တစ်ခုချင်းစီ၏ စွမ်းအားပေါ်တွင် မူတည်ကာ ပြင်းထန်ကြသည်။
ဥပမာ ကျားဖြူမီးတောက် ကဲ့သို့ပင်။ ၎င်းကို နတ်ဆိုးမီးတစ်မျိုးဟု မမှတ်ယူနိုင်သော်လည်း ၎င်း၏ စွမ်းအားသည် ထူးဆန်းသော မီးအများစုထက် မနိမ့်ချေ။
လုရွှမ်၏ ထင်မြင်ချက်အရ ဤနေရာရှိ မြေကြီးမီးသည် အလွန်အစွမ်းထက်လှသည်။ ၎င်းသည် လက်ရှိ သူထိန်းချုပ်ထားသည့် ကောင်းကင်မီးထက်ပင် ပိုမိုအားကောင်းနေပါသည်။ ထိုကဲ့သို့ မီးတောက်များဖြင့် ထူးကဲသော လက်နက်များကို သန့်စင်ပေးနိုင်လျှင် အံ့သြစရာ မဟုတ်တော့ပေ။
ဂုဏ်သတင်းနဲ့ လိုက်လျောညီထွေနေဖို့ ခက်တယ်တဲ့။ ဒါအမှန်တရားပဲ။
မြေကြီးမီးတွင် လက်နက်များစွာ သန့်စင်ပေးနိုင်ကာ တချို့မှာ သန့်စင်ဆဲဖြစ်ပြီး အချို့မှာ အောင်မြင်စွာ သန့်စင်ပြီးပြီ ဖြစ်သည်။ ယခု ကျင့်ကြံသူများစွာသည် မြေကြီးမီးမှ သန့်စင်ထားသော လက်နက်များကို အောင်မြင်စွာ ထုတ်ယူရန် ကြိုးစားနေကြသည်။
ဒါပေမဲ့ မြေကြီးမီးရဲ့ အစွမ်းက တကယ်ကြောက်စရာကောင်းပေ။ မြေကြီးပေါ်က အလောင်းတစ်လောင်းက မြေကြီးမီးရဲ့ အစွမ်းကို သက်သေပြပြီးပြီ ဆိုရင်တော့ မြေကြီးမီးနဲ့ မလောင်ကျွမ်းချင်ရင် အေးအေးဆေးဆေး နေပြီး ကမူးရှူးထိုး မလုပ်တာက အကောင်းဆုံးပါပဲ။
"ဟေ့ ကောင်လေး.... ဘာကြည့်နေတာလဲ မင်းကိုပြောနေတာ.... အဲဒီလက်နက်ကို မင်းမြင်ဖူးလား ငါ့အတွက် ယူသွားပေးစမ်း.... မင်းကို နတ်လက်နက်တစ်ခု ငါပေးမယ် မဟုတ်ရင်တော့ ငါ မင်းကို မီးထဲ ပစ်လွှတ်လိုက်မယ်"
အသံတစ်ခု ထွက်ပေါ်လာသောအခါ လုရွှမ်လည်း လက်နက်များကို သတိပြုမိသွားသည်။ လွတ်လွတ်လပ်လပ် မော့ကြည့်လိုက်တော့ ထိုလူ ညွှန်ပြနေတဲ့ လက်နက်ကို တွေ့လိုက်ရ၏။
စကားပြောသူသည် သန့်ရှင်းတဲ့နယ်မြေ သို့မဟုတ် ရှေးဟောင်း မိသားစုမှ ဖြစ်နိုင်ကာ သူ့အား အထင်ကြီးစေသည့် ဂုဏ်ယူဝင့်ကြွားသော မျက်နှာနှင့် ပြင်းထန်သော ရောင်ဝါဖြင့် လူငယ်တစ်ဦးဖြစ်သည်။
"မင်းငါ့ကို စကားပြောနေတာလား"
လုရွှမ် ပြန်မေးလိုက်၏။ ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်တော့ ကျင့်ကြံသူတွေရဲ့ နှုတ်ခမ်းမှာ အပြုံးတွေ အပြည့်နဲ့ ထိုစကားပြောနေတဲ့ လူငယ်ကို ကြည့်နေကြတာ တွေ့လိုက်ရသည်။
လုရွှမ်သည် နဂါးတံတိုင်းရှေ့တွင် ဓားတစ်ချောင်းဖြင့် ရှေးဟောင်း မိသားစုမှ တပည့်တစ်ဦးကို သတ်ခဲ့သည်ကို မြင်တွေ့ခဲ့ရပြီး သခင်လေးဟောက်ထျန်းပင်လျှင် နှုတ်ဆက်ရန် အစပြုခဲ့သည်။
ထိုသို့သော ပုဂ္ဂိုလ်သည် အလွန်ထက်မြက်သော ပုဂ္ဂိုလ်ဖြစ်သည်မှာ ထင်ရှားသည်။ ဒီလူက လုရွှမ်ကို ဒုက္ခပေးရဲတဲ့ အဆင့်ကို မြင်လိုက်ရတော့ သူ တကယ် သေမင်းကို လိုက်ရှာနေတာပဲလို့သာ တွေးလိုက်ကြ၏။
"ငတုံး.... ငါမင်းကိုပြောနေတာ မဟုတ်လို့ ဘယ်သူနဲ့ ပြောနေတာလဲ... မင်းနာမည်က လုရွှမ် ဒြပ်စင်ငါးပါး မဟာဂိုဏ်းက နတ်မီးနယ်ပယ် တတိယအဆင့်က ကောင်လေးတစ်ယောက်.... ဒီကိုရောက်လာတယ် ဆိုမှတော့ အသက်ရှင်အောင် ဘယ်လိုနေရမလဲ မသိဘူးလား"
"ဒီသခင်လေးက ထျန်းယိသန့်ရှင်းတဲ့နယ်မြေက လာတာ.... တောက်ယိက ငါ့ရဲ့ ဆရာတူအစ်ကိုပဲ..... ဆရာတူအစ်ကိုက အခင်းအကျင်းကို ဖွင့်တော့မယ် မင်းအပြင်ထွက်ချင်ရင် ငါ့ကို ကောင်းကောင်း အလုပ်အကျွေးပြုထား..."
လုရွှမ် ဤလူ၏ အဓိပ္ပာယ်မရှိသော စကားကို နားထောင်ရန် အလွန် ပျင်းရိလွန်းလှသည်။ သူ၏ ခန္ဓာကိုယ်သည် ဖျတ်ကနဲ တောက်ပလာကာ အရိပ်က နေရာတွင်ပင် ကျန်ရစ်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်အစစ်မှ လက်တစ်ဖက်ဟာ ထိုလူ၏ အဝတ်ကို ဆုပ်ကိုင်လိုက်ပြီးပြီ။
"ဟမ့် ဒီကောင်လေးက အရှိန်ကောင်းသားပဲ"
ထိုလူသည် လုရွှမ်၏ ဆုပ်ကိုင်မှုကို ရှောင်ရှားရန် သူ့ခန္ဓာကိုယ်ကို တစ်ဖက်သို့ ရွှေ့လိုက်သည်။
သို့သော်လည်း လုရွှမ်၏ ဆုပ်ကိုင်မှုမှာ လုံးဝ အယောင်ပြခြင်းသာ ဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ လုရွှမ်က ပြင်းထန်သော ကန်ကျောက်ချက်ဖြင့် ထိုလူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကန်ထုတ်ခဲ့သည်။
"မင်း စကားအရမ်းများတယ်!"
"အား........"
ထိုလူက အော်ဟစ်ပြီး သူ့ခန္ဓာကိုယ်က မြေကြီးကို ပြင်းပြင်းထန်ထန် ရိုက်မိသွားသည်။ ထိုအခိုက် မြေကြီးထဲက မီးတောက်က ချက်ချင်း တောက်လောင်လာ၏။ ထိုလူမှာ အရှိန်ပြင်းပြင်းနဲ့ ထွက်သွားချင်ပေမယ့် မြေကြီးမီးမှာ ဝိညာဉ်တွေ ရှိနေသလိုပဲ သူ့လက်တွေကို ချုပ်ထားသည်။
ထိုလူခမျာ ထွက်မပြေးနိုင်တော့ဘဲ အသက်ရှူကြိမ် ဆယ်ချက်မပြည့်ခင်မှာပဲ ပြင်းပြင်းထန်ထန် ငြီးတွား အော်ဟစ်ရင်း ပြာမှုန့်ဖြစ်သွားပါတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော ဝန်းကျင်ရှိ လူများသည် လုရွှမ်ကို ထိတ်လန့်စွာ ကြည့်နေကြကာ လုရွှမ် ဒုက္ခရောက်တော့မည်ဟု မျှော်လင့်ထားကြသူများက ပို၍ပင် အံ့သြသွားကြသည်။ ဇာတ်ကွက် အပြောင်းအလဲက မြန်လွန်းတယ် မဟုတ်လား။
ဤသူသည် မဟာဂိုဏ်းက တပည့်သာ ဖြစ်ပြီး တစ်ဖက်ကတော့ သန့်ရှင်းတဲ့မြေက မိသားစု၏ သားတစ်ဦး ဖြစ်သည်။
လုရွှမ် သတ္တိရှိရှိ တစ်ချက်ကြည့်လိုက်တိုင်း သူတို့သည် လုရွှမ်၏ မျက်လုံးများကို ဂရုတစိုက် ရှောင်သွားကြပြီး ခေါင်းငုံ့၍ မီးတွင်းရှိ လက်နက်များကို ကြည့်ဟန်ဆောင်ကြသည်။ ထို့အတူ လုရွှမ်၏ မျက်လုံးများသည် မြေပြင်မီးကို စိုက်ကြည့်နေပြီး သူ့ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို ဂရုမစိုက်ပေ။
သူဟာ လက်နက် သန့်စင်ရာ၌ ကျွမ်းကျင်သူဖြစ်ပြီး ဤလက်နက်များက သူ့အမြင်တွင် ထူးခြားသည်။
မြေကမ္ဘာကြီးမှာ ဘယ်နှစ်နှစ်လောက် တောက်လောင်နေမှန်းမသိတဲ့ ဒီလက်နက်တွေဟာ ဝိညာဉ်ရေးအသိ လောင်ကျွမ်းသွားခဲ့ပြီ။ ဒါ့အပြင် အတွင်းမှာရှိတဲ့ ပစ္စည်းကလည်း အညစ်အကြေး ကင်းစင်နေတာ ကြာပါပြီ။
ထို့အပြင် သဘာဝမီးတောက်များ သို့မဟုတ် ကောင်းကင်နှင့် မြေကြီး၏ နိယာမများကို ၎င်းတို့ပေါ်တွင် ရေးထွင်းထားပြီး သဘာဝအတိုင်း ဖွဲ့စည်းတည်ဆောက်ထားသည့် လက်နက်များထဲသို့ အလိုအလျောက် ထည့်သွင်းထားသည်။
ထို့ထက် ပိုအရေးကြီးသည်မှာ ဤလက်နက်များသည် ကောင်းကင်နှင့် မြေကြီး၏ အငွေ့အသက်များ ပါရှိသည်။