သန့်စင်သွားတဲ့ဝိညာဉ်
Vol. 115 Ch. 4.1234
တကယ်တော့ ဒီနတ်ဆိုးရဲ့ အစွမ်းက သိပ်ပြီး မပြင်းထန်ပေမယ့် မီးတောက်ထဲမှာတော့ သူ့ရဲ့ အစွမ်းက ဆယ်ဆထက် ပိုအားကောင်းလာနိုင်ပေသည်။
မီးလက်ဖဝါးက လုရွှမ်ရဲ့ လက်ဖဝါးကို ဖမ်းကိုင်လိုက်ရာ အပူချိန်က အလွန်မြင့်မားနေသဖြင့် လုရွှမ်၏ လက်ရှိ ကောင်းကင်မီး၏ စွမ်းအားဖြင့်ပင် ၎င်းကို ခဏတာ မခံနိုင်ခဲ့ပေ။ လုရွှမ် သူ့လက်ဖဝါးကို အပြင်းအထန် ဖြတ်ပစ်ရန် ရုတ်တရက် ကြိုးစားလိုက်သည်။ ဒီနတ်ဆိုးသာ မီးတောက်များကို တောက်လောင်နေမည် ဆိုပါက သူ့တစ်ကိုယ်လုံး မီးစွဲလိမ့်မည်။
သူ့နှလုံး ခုန်သွားသည်နှင့် တစ်ပြိုင်နက် လျှို့ဝှက် ဆန်းကြယ်သော ရေခဲမီးလုံးကြီး ထွက်ပေါ်လာသည်။ မီးထွက်တောင်ထွတ်က တပည့် ချန်ဖျင်လက်မှ လုယူထားသည့် ရေခဲမီးတောင်က ဤနတ်ဆိုးမျိုးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်သည်။
လုရွှမ်လက်မှ အလွန်အေးစက်သော အသက်ရှူသံတစ်ခု ထွက်ပေါ်လာသည်။
ဝူး!
နတ်ဆိုးရဲ့ ဟောက်သံပါပဲ။
လုရွှမ် လှောင်ပြောင်ပြီး ကောင်းကင်မီးသစ်သီးကို ဖမ်းယူလိုက်သည်။ ထိုပန်းများသည် နေကြာပန်းများနှင့် အလွန်ဆင်တူသောကြောင့် လုရွှမ် တိုက်ရိုက် ချိုးဖျက်ပစ်လိုက်သည်။ နောက်ထပ် အော်သံတစ်ခု မီးတောက်များထဲမှ လွင့်မျော ထွက်လာခဲ့သည်။
လုရွှမ် အနည်းငယ် အံ့အားသင့်သွားသည်။
ဘယ်လို ဖြစ်ရတာလဲ!
သူများတွေမြင်ရင် လုရွှမ် အရမ်းခေါင်းမာတယ်လို့ ထင်မှာ သေချာပါ၏။ စုစုပေါင်း ပန်းသုံးပွင့်ရှိပြီး လုရွှမ် ၎င်းတို့ထဲမှ တစ်ပွင့်ကိုသာ ယူလိုက်သည်။
သို့သော် ကျန်နေသော ကောင်းကင်မီးပန်းသည် ဤကြီးမားသော မီးဘေးမှ လွတ်မြောက်သွားခဲ့ပြီး ပြန်ရှာရန် လုံးဝ မဖြစ်နိုင်တော့ပေ။ ဒါ့အပြင် သူ့ကို အချိန်မရွေး သတ်ပစ်ဖို့ ကြံစည်နေတဲ့ မြေအောက်မီးနဲ့ ရင်ဆိုင်ရတာကတင် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေပါပြီ။
ပန်းကို သိုလှောင်လက်စွပ်ထဲ ထည့်ကာ မီးတောက်ထဲက အမြန်ပြေးထွက်လာခဲ့သည်။
မြေပြင်ပေါ်ရှိ မီးတောက်များ ကြိမ်ဖန်များစွာ တုန်ခါသွားသည်။ သို့သော် ယခင်ရုန်းကန်မှုကြောင့် မြေကြီးမီးသည် လုရွှမ်ရဲ့ ကောင်းကင်မီးကို ရပ်တန့်ရန် ကြိုးစားနေခြင်းက သူ့ဘာသာသူ အောင်မြင်မည် မဟုတ်ကြောင်းကို နားလည်သွားခဲ့ပုံပင်။
မကျေမနပ် ဖြစ်နေသော မီးတောက်အုပ်စုများ မြင့်တက်လာသည်။ လုရွှမ်လည်း အောက်ဖက်က မီးမြေပြင်ကို ပြုံးပြကာ သူ့လက်ကို ဝှေ့ယမ်းရင်း အဝေးသို့ ပြေးထွက်သွားခဲ့သည်။
လူတချို့က လုရွှမ်၏ ခန္ဓာကိုယ်ကို ကြည့်ပြီး စူးရှလွန်းသော အလင်းရောင်ကြောင့် သူတို့၏ မျက်လုံးများကို မှိတ်ထားရသည်။ ထိုမြေကြီးမီးက်ု ပြင်းပြင်းထန်ထန် အစွမ်းထက်လာအောင် လုပ်နိုင်ဖို့ ၎င်းက ပိုအစွမ်းထက်တဲ့ အရာတစ်ခုကို ရရှိခဲ့တာ ထင်ရှားပါ၏။
ကောင်းကင်မှာတော့ နတ်လက်နက်တွေက ပျံသန်းနေတုန်းပါပဲ။ ကျင့်ကြံသူတွေကလည်း သူတို့အတွက် တိုက်ပွဲဝင်နေကြတုန်းပဲ။
လုရွှမ်လည်း တစ်စုံတစ်ခုကို အမှန်တကယ် ရရှိလိမ့်မည်ဟု မမျှော်လင့်ပေ။ သို့သော် သူသည် ကံကောင်းစွာဖြင့် ကောင်းကင်လက်နက် သန္ဓေသားရှစ်ခုကို ဖမ်းပြီး သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းနိုင်ခဲ့သည်။
ဟွေ့လင်နဲ့ ကျိုးယန်တို့လည်း အပြေးအလွှား ပြေးလာကြပြီး အသီးသီး၏ လက်ထဲတွင် လက်နက်များ ကိုင်ဆောင်ထားကာ အလွန်ပျော်ရွှင်နေကြသည်။
လူနှစ်ဦး ဘိုးဘွားခန်းမမှ ဘေးကင်းစွာ ပြေးထွက်လာသည်ကို မြင်လိုက်ရသဖြင့် လုရွှမ်လည်း သက်ပြင်းချနိုင်ခဲ့သည်။ ထိုခန်းမထဲ၌ လူနှစ်ဦး အမှန်တကယ် ပြုတ်ကျခဲ့မည်ဆိုလျှင် သူ အနည်းငယ် စိတ်ပျက်မိမည်မှာ မလွဲဧကန်ပင်။
"ဟားဟား.... လုရွှမ် ငါတို့ အများကြီး လွတ်သွားပုံရတယ် ဒီဓားတွေကို ထွက်လာအောင် နင်လုပ်ခဲ့တာလို့ ငါကြားတယ်"
ကျိုးယန်က အော်ရင်း သူမ မျက်လုံးတွေ အရမ်းတောက်ပလာသည်။ သူမ ဘိုးဘွားတွေရဲ့ ခန်းမထံမှာ အကျိုးကျေးဇူးတွေ ရခဲ့တာ သိသာ၏။ ဟွေ့လင်ရဲ့ ရောင်ဝါက ပိုမိုတည်ငြိမ်လာသည်။
"ကောင်းပြီ... ဒီလက်နက်တွေနဲ့ဆို လူတိုင်းက အနာဂတ် အန္တရာယ်တွေကို တိုက်ခိုက်တဲ့အခါ တိုက်ပွဲက ပိုထိရောက်လိမ့်မယ်"
လုရွှမ် ဘိုးဘွားခန်းမမှာ သူတို့ ကြုံတွေ့ခဲ့ရတာတွေကို မမေးခဲ့ပါဘူး။ ဒါ့အပြင် သူတို့ နှစ်ယောက် တစ်ခုခုပြောချင်ရင် အချိန်မရွေး ပြောလာလိမ့်မယ်။
ဟွေ့လင်: "ဒီလမ်းမှာ နတ်နဂါး မိသားစုရဲ့ အဂ္ဂိရတ်ဆေးဆိုင်ကို တစ်ယောက်ယောက်က တွေ့ခဲ့တယ်တဲ့.... ကောင်းတဲ့ပစ္စည်းတွေ အများကြီး တွေ့ခဲ့တယ်လို့လည်း ကြားတယ်... ငါတို့လည်း သွားကြည့်လို့ရမလား?"
ဒါက ခရီးထွက်ရကျိုးနပ်တယ်လေ။
"လုရွှမ်... နင်ဘိုးဘွားခန်းမမှာ ဘာတွေ့ခဲ့လဲ ငါတော့ ကောင်းတာတွေ အများကြီး ရခဲ့တယ်"
ကျိုးယန်က တမင်တကာ နှိုးဆော်ဟန်ဖြင့် ဂုဏ်ယူစွာ အော်လိုက်သည်။
လုရွှမ် ပြုံးပြီး "ဘာမှမဟုတ်ပါဘူး ငါ ဝိညာဥ်ရေစင်နဲ့ ရေချိုးခဲ့ရတယ်...."
"အိုး... နင့် လူသတ်ချင်တဲ့ ရောင်ဝါတွေ လုံးဝ ကွယ်ပျောက်လုနီးပါး ဖြစ်နေပြီလို့ ငါခံစားနေရတာ အံ့သြစရာ မရှိပါဘူး.... ဒီလို ဆိုးညစ်တဲ့ အရိပ်အယောင်တွေ မရှိတော့ဘူး...ဝိညာဉ်က ပိုပြီး ပေါ့ပါးသွားတယ်လို့ ခံစားရတယ်မလား"
လုရွှမ် အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏စိတ်ဝိညာဉ်သည် ပို၍ဖြူစင်လာသည်ပြီ။ တကယ်ပင် ဝိညာဉ်စွမ်းအင် ရေကန်သည် သူ့စိတ်ဝိညာဉ်ကို သန့်စင်ပေးပြီး သူ့ခန္ဓာကိုယ်မှ လူသတ်အငွေ့အသက် အားလုံးကို ဖယ်ရှားပစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကျင့်ကြံသူ တစ်ဦးအနေဖြင့် လုရွှမ်သည် သူ၏ခန္ဓာကိုယ်ရှိ လူသတ် အငွေ့အသက်ဟာ သူ့ကိုယ်တိုင်အတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း သဘာဝကျကျ သိရှိနားလည်ထား၏။ ထို့ကြောင့် ကျင့်ကြံမှုအဆင့် မြင့်လေ၊ မကောင်းသော အရိပ်အယောင်ကို ထိန်းချုပ်ရန် ခက်ခဲလေ ဖြစ်သည်။
မဟုတ်ပါက လူ့စရိုက်သည် တဖြည်းဖြည်း ပြောင်းလဲလာကာ စိတ်တိုလွယ်မည်၊ ဒေါသထွက်လွယ်ကာ ရိုင်းစိုင်းသော နတ်ဆိုးများ၏ ကျူးကျော်ခြင်းကို တဖြည်းဖြည်း ကြောက်ရွံ့လာမည် ဖြစ်သည်။
လုရွှမ် ဤအခြေအနေကို သတိပြုမိသည်မှာ ကြာပြီဖြစ်သော်လည်း သူ့တွင် ယွမ်ယန်ကျင့်စဥ် ရှိသောကြောင့် သဘာဝအားဖြင့် သူသည် မကောင်းဆိုးဝါးများနှင့် နတ်ဆိုးများကို မကြောက်သောကြောင့် ဤပြဿနာကို ဘယ်သောအခါမှ မစိုးရိမ်ခဲ့ပေ။
ယခုမူကား စိတ်ဝိညာဉ်၏ ဖြူစင်မှုနှင့် ကိုယ်ခန္ဓာ၏ ပေါ့ပါးမှုကို ခံစားရသဖြင့် ဤမျှ သိသိသာသာ ကောင်းမွန်သော အကျိုးသက်ရောက်မှု ရလိမ့်မည်ဟု မထင်ထားခဲ့တာတော့ အမှန်ပင်။
"နင့်အတွက် တကယ်ဂုဏ်ယူပါတယ် လုရွှမ်"
ကျိုးယန် ပြုံးလိုက်သည်။
"ငါ့ရဲ့ အမြတ်တွေက မနည်းပါဘူး လျှို့ဝှက်ကျင့်စဥ်တစ်ခု ရထားတယ်... ဟီးဟီး အန္တရာယ်ထဲမှာ အနည်းဆုံးတော့ လူတစ်ယောက်ရဲ့ အသက်ကို ကယ်ဆယ်ဖို့ အခွင့်အလမ်းကို အနည်းဆုံး 30% တိုးပေးနိုင်တယ်"
ကျိုးယန်သည် တော်ဝင်မင်းဆက် ရှေးဟောင်း မိသားစုမှ ဆင်းသက်လာသောကြောင့် သူမတွင် သဘာဝအတိုင်း အသက်ကယ် လျှို့ဝှက်ချက်များစွာ ရှိသော်လည်း ထိုကဲ့သို့သော အသက်ကယ် ပစ္စည်းအတွက် အလွန်စိတ်လှုပ်ရှားနေသည်။ ဒါက ဤအချိန်၌ သူမ ရရှိသည့်အရာသည် အလွန်အရေးကြီးကြောင်း ထင်ရှားစေသည်။
"ကျွန်မက ကျမ်းပိုဒ်တစ်ပိုဒ် ရခဲ့ပါတယ်" ဟွေ့လင်က ရိုးသားစွာ ပြုံးပြသည်။
လုရွှမ်: "ကောင်းပြီ သွားကြစို့"
ဓား မစုဆောင်းရသေးသော ကျင့်ကြံသူတွေအတွက် ကောင်းကင်ယံ၌ အချို့သော ဓားများရှိနေသေးပြီး လူများစွာသည် အပြေးအလွှား ကျော်တက်ကာ လုယူတန်းစီရာတွင် ပါဝင်လာကြသည်။
လုရွှမ် နဲ့ တခြားသူတွေက ဒီအဂ္ဂိရတ်အခန်းကို သွားနေကြပြီ။ အဲ့အခန်းရှိကြောင်း သူတို့မသိရင် အဲဒီနေရာကို စိတ်ကူးယဉ်မိမှာ မဟုတ်ဘူး။
အဂ္ဂိရတ်အခန်းက အဂ္ဂိရတ် အငွေ့အသက်ကို မခံစားရချေ။ သာမန်နေရာတစ်ခုလိုပါပဲ။ ဒါကြောင့်မို့ ဒီနေရာကို စစချင်းတွေးတုန်းကတော့ နေရာကို မှားပြီး ရှာတွေ့ခဲ့တာလို့ပဲ မှတ်ချက်ပေးရမည်။
"ဒီကိုဝင်ဖို့ တားမြစ်ထားတာပြီ.."
အခန်း ဝင်ပေါက်မှာ လူလေးယောက် ပိတ်ဆို့ထားတာ တွေ့လိုက်ရသည်။
"နင်တို့က ဘယ်သူလဲ" ကျိုးယန် ဒေါသတကြီးပြောသည်။
"ငါတို့က ဘယ်သူလဲ.... ဟားဟား ငါတို့က ဟွမ်ထျန်းရှေးဟောင်း မိသားစု၊ ရှန်ကွမ်းရှေးဟောင်း မိသားစု၊ ရွှမ်ဝူရှေးဟောင်း မိသားစုကလေ.... သခင်မလေး ကျိုးယန် မင်းက တော်ဝင်မင်းဆက် ရှေးဟောင်း မိသားစုကမလား... ကျစ် ကျစ် ငါအရမ်း စိတ်မကောင်းပါဘူး"
လူတစ်ယောက် ပြေးထွက်လာပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။
ကျိုးယန်: "နင်ကိုး... ပိုင်ယွီဖန်...."
ထိုလူက ကျိုးယန်ရှေ့မှာ လက်ခုပ်တီးပြီး ပြောလိုက်သည်။
"ဒါပဲလေ... ငါ ပိုင်ယွီဖန်ပဲ....ရွှမ်ဝူရှေးဟောင်း မိသားစုရဲ့ အညစ်အကြေးပဲ... သခင်မလေးကျိုးယန်ပ ငါ့ကို မကြိုက်မှန်း သိပါတယ်... ဒီနေ့ ဒီကိုရောက်နေတာတော့ သနားစရာပဲ ကောင်မလေးကို တံခါးကနေပဲ တားလို့ရတာ အရမ်းရှက်သွားပြီ"
ကျိုးယန်၏ပါးပြင်များ အနည်းငယ် နီရဲလာပြီး အော်လိုက်သည်။
"နင် နင် အရှက်ကိုမရှိဘူး!!"
"ဘာတွေဖြစ်နေတာလဲ"
လုရွှမ် ဟွေ့လင်ကိုကြည့်ရင်း မေးလိုက်သည်။ ကျိုးယန်နဲ့ ပိုင်ယွီဖန်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ခဲ့ကြတာ ထင်ရှားပါ၏။ ဟွေ့လင်လည်း လုရွှမ်ကို ထူးဆန်းစွာ ကြည့်နေသည်။ ဤကိစ္စသည် ကျင့်ကြံခြင်း လောကတစ်ခုလုံးတွင် လူသိများသည်။
"လုရွှမ် ရှင်တကယ် မသိဘူးလား....ရှင် ဒြပ်စင်ငါးပါး မဟာဂိုဏ်းက မဟုတ်ဘူးလား ဘာလို့ ဒီအကြောင်းကို မသိရတာလဲ"