မိုးကောင်းကင်ဆေးလုံး
Vol. 115 Ch. 4.1237
"ဟေး... ဒီမှာ အခင်းအကျင်း ရှိနေတာလား မသိဘူး??"
ဟွေ့လင် လှမ်းအော်လိုက်သည်။ လုရွှမ်က ချက်ချင်းပင် လျင်မြန်စွာ ပြေးလာသဖြင့် ဟွေ့လင်ပင် ထိတ်လန့်လုနီးပါး ဖြစ်ခဲ့ရသည်။ ပိုင်ယွီဖန်နဲ့ တိုက်ခဲ့တဲ့ လုရွှမ်ရဲ့ အမြန်နှုန်းကို အရင်တွေ့ဖူးပြီး ယခုအရှိန်က အရင်တုန်းကနဲ့ ယှဉ်ရင် အနည်းဆုံး ထက်ဝက်လောက် မြန်လေသည်။
"အင်း အဲဒါက တကယ် အခင်းအကျင်း ဖွဲ့စည်းမှုပဲ... ငါ ချိုးဖျက်ကြည့်မယ်"
လုရွှမ် သူ့လက်ဖဝါးကို လေထဲတွင် ဖိထားလိုက်သည်။ လက်ချောင်းများကို အနည်းငယ် လှုပ်ရှားလိုက်သောအခါ ပေါ့ပ်ကနဲ အသံနှင့်အတူ လေထုက ကွဲအက်သွား၏။ ထိုစဥ် ပုလင်းသေးသေးလေးဟာ လေထုထဲကနေ ထွက်ကျလာလေသည်။
လုရွှမ် ပုလင်းကို ဖမ်းပြီး ဖွင့်လိုက်တော့ ပုလင်းထဲက အလွန်ကြွယ်ဝတဲ့ ရနံ့တစ်ခု ထွက်လာသည်။ အနံ့ခံပြီးတာနဲ့ တစ်ကိုယ်လုံး လန်းဆန်းသွားတဲ့ စိတ်ချမ်းသာမှုကို ခံစားလိုက်ရသည်။
"မိုးကောင်းကင်ဆေးလုံးပဲ!"
ကျိုးယန် ပြေးလာပြီး အော်လိုက်သည်။ လုရွှမ်က ပုလင်းသေးသေးလေးကို စောင်း၍ ဆေးလုံးသုံးလုံးကို လောင်းထည့်လိုက်သည်။ ဆေးလုံးပေါ်တွင် တိမ်ဖြူများကဲ့သို့ အရာငါးခုက ဝဲပျံလျက် ရှိသည်။
"ဒါ....?"
လုရွှမ် ဆေးလုံးကို မြှောက်၍ လိုင်းတွေကို ကြည့်လိုက်သည်။
"ဒါက ဆေးလုံးနိယာမ ပုံစံလား"
ဒီလိုမျိုး သူကြားဖူးတာတော့ ရှိသည်။ ဒါပေမဲ့ အဂ္ဂိရတ်ဆေးတွေက ပိုအဆင့်မြင့်လေ ဆေးလုံးရဲ့ ပုံစံတွေကို ပုံဖော်ဖို့က ပိုခက်လေလေပါပဲ။ ထို့ကြောင့် ကြယ်တစ်သောင်းကမ္ဘာထဲ ဝင်ရောက်ပြီးနောက် ယခုလို ဆေးမျိုး မမြင်ရတော့ချေ။ ဆေးလုံးနိယာမ ပုံစံများပါသည့် ဆေးလုံးကို မြေကမ္ဘာတွင် ထပ်မံ မြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
"အင်း... ဒါက ဆေးလုံးနိယာမ ပုံစံပဲ.... ဒါအဆင့်၅ မိုးကောင်းကင်ဆေးလုံး ဆိုတာ သိသာတယ်"
"ဒါတကယ့် အသက်ကယ် အဂ္ဂိရတ်ဆေးပဲ... မသေသေးသရွေ့ ဒီဆေးကို သောက်ရင် နာရီဝက်အတွင်း စွမ်းအားတွေ အပြည့်အဝ ပြန်ရရှိလာမယ်.... ခန္ဓာကိုယ်ထဲက အင်္ဂါတွေ မသေသရွေ့တော့ အပြည့်အဝ ပြန်ကောင်းလာနိုင်တယ်...."
“သေတဲ့ ဒဏ်ရာမျိုးဆိုရင်တောင် အများကြီး သက်သာသွားနိုင်တယ် ဒါပေါ့ ပေးရတဲ့ဈေးကလည်း အများကြီးပဲ.... ဒီဆေးကို သန့်စင်ပြီးရင် အနည်းဆုံးတော့ နောက်လဝက်အတွင်း ကျင့်ကြံမှု အဆင့်က ကြီးကြီးမားမား လျော့ကျသွားလိမ့်မယ်.... အကြပ်အတည်း ကာလမှာဆိုရင် စွမ်းအင်တွေကို တစ်နာရီအတွင်း အပြည့်အဝ ပြန်လည်ရရှိစေတယ်... နတ်နဂါးမိသားစုက လူတွေ ထွက်သွားတဲ့ အချိန်တုန်းက ဒီဆေးကို ယူမသွားနိုင်လိမ့်မယ်လို့ တကယ် မထင်ထားမိဘူး"
လုရွှမ်က ပုလင်းသေးသေးလေး နှစ်လုံးကို ထုတ်ပြီး တစ်လုံးစီထည့်ကာ မိန်းကလေး နှစ်ယောက်ကို ပေးလိုက်သည်။
"နတ်နဂါး မိသားစုက ကောင်းတဲ့ အဂ္ဂိရတ်ဆေးတွေကို မထားခဲ့ရင် ပြဿနာရှိတယ် ဆိုတာ ငါမင်းတို့ကို ဟိုးအရင်ကတည်းက ပြောခဲ့သားပဲ"
နှစ်ယောက်သား လုရွှမ်ကို အံ့အားသင့်စွာ ကြည့်ပြီးနောက် သူတို့ရဲ့မျက်လုံးတွေက အဂ္ဂိရတ်ဆေးဆီ ပြန်ရောက်သွားသည်။ သူတို့ နှစ်ယောက်က ခေါင်းခါပြရင်း။
"ငါတို့ မယူဘူး... ဒါကိုနင်တွေ့တာ ဒီဆေးက ဘယ်လောက် အဖိုးတန်တယ်ဆိုတာ သိသင့်တယ်.... ငါတို့ကို ပေးလိုက်ပေမယ့် ငါတို့ လက်မခံနိုင်ဘူး"
"ယူလိုက်ပါ... မင်းတို့အသက်ကို ကယ်တင်နိုင်လို့ ကိုင်ထားတာက ပိုကောင်းတယ်... ဒါက မင်းတို့ရဲ့ အသက်တွေကို နောက်ဆုံးမှာ ကယ်တင်နိုင်လိမ့်မယ်"
ထိုစကားနဲ့အတူ လုရွှမ်က ဆေးလုံးအား သူတို့နှစ်ယောက်လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ဟားဟား... ငါက အနံ့ကောင်းကောင်း ရတယ်လို့ ပြောနေတုန်း ရှိသေးတယ်...မိုးကောင်းကင်ဆေးလုံး ဖြစ်နေတာကိုး... ငါစောစော လာခဲ့တာ ကံကောင်းသွားတာပေါ့...ဆေးသုံးလုံးကို လွှဲပေးလိုက်တာ ပိုကောင်းမယ်နော်!"
တံခါးဝက အသံတစ်သံ ထွက်ပေါ်လာပြီးနောက် လူခြောက်ဦး သို့မဟုတ် ခုနစ်ဦးခန်းက ထွက်ပေါက်ကို တစ်ပြိုင်တည်း ပိတ်ဆို့လိုက်သည်။ တစ်ယောက်ချင်းစီ၏ မျက်လုံးများသည် လိုချင်တပ်မက်ဖွယ်ရာ အလင်းရောင်ဖြင့် လင်းလက်နေသော မိုးကောင်းကင်ဆေးလုံးကို ကြည့်နေ၏။
မိန်းကလေး နှစ်ယောက်က ဆေးများကို အလျင်အမြန် သိမ်းပြီး ၎င်းတို့၏ လက်နက်များကိုလည်း ဆွဲထုတ်ကြသည်။
"ကျစ် ကျစ် ငါတို့ဘာလို့ ဓားနဲ့တိုက်နေရမှာလဲ? သခင်မလေးကျိုးယန် နတ်သမီးဟွေ့လင် မင်းတို့က ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အလှလေးတွေလေ... ငါတို့က ဒီလိုအလှလေးတွေကို စော်ကားဖို့ ဆန္ဒမရှိပါဘူး ဒါပေမဲ့ မိုးကောင်းကင်ဆေးလုံးကတော့ ငါတို့ သေချာပေါက် ယူမှဖြစ်မယ် ဟုတ်တယ်မဟုတ်လား?
"ဟုတ်တယ်!"
လုရွှမ်ကတော့ ဒီလူတွေ ရုတ်တရက် ဝင်လာတာကို သူ့မျက်လုံးထဲ မထည့်ထားချေ။
"အားအင်တွေ ဖြုန်းတီးနေတာပဲ.... ငါ ဘာမှ မလုပ်ချင်ပေမယ့် လူအနည်းငယ်ကို သတ်ဖို့ ခွန်အားတွေ ပိုသုံးဖို့လည်း စိတ်မ၀င်စားဘူး ဒါကြောင့် ဒီကနေ ထွက်သွား!"
"ဟားဟားဟား"
လုရွှမ်၏စကားကို ကြားပြီးနောက် လူခုနစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အရူးတွေလို ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
"ဘာလို့ တံခါး လာမဖွင့်တာလဲ... ငါမင်းကို ကန်ထုတ်ပေးလို့ရတယ်လေ"
"ဟား ဟား ဟား!"
အားလုံးက ရယ်ကြပြန်သည်။
လုရွှမ်လည်း အဓိပ္ပာယ်မရှိသော စကားများကို ပြောရမှာ ပျင်းရိလွန်းသဖြင့် ယွမ်ယန်ဓားကိုးစင်း၏ ပဉ္စမမြောက်ဓားကို ဓားတစ်ချောင်းဖြင့် ခုတ်ထစ်ပစ်လိုက်သည်။
သုတ်သင်ရှင်းလင်းမှု ထွက်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်သည် အသက်မဲ့နေသည့်အတိုင်း တိတ်ဆိတ်သွားသည်။ သေခြင်းတရားရဲ့ အငွေ့အသက်တွေက လေထုထဲ ပျံ့နှံ့သွားကာ ကမ္ဘာကြီးတစ်ခုလုံး အသက်မရှိတော့လိုပင်။
လူခုနစ်ယောက် အံ့အားသင့်သွားသော်လည်း ဓားစွမ်းအင်က သူတို့ကို ထိမှန်နေပြီ ဖြစ်သည်။ ရှေ့တန်းမှာ ပိတ်ဆို့ခံထားရတဲ့ လူက ဒီဓားစွမ်းအင်အောက်မှ လူသတ်ချင်စိတ်ကို ပထမဆုံး ခံစားရပြီး စိတ်ပျက်အားငယ်သွား၏။
သူ့ခမျာ နောက်ဆုတ်ချင်ပေမယ့် သူ့နောက်က လူတွေက သူ့ကို တိတ်တဆိတ် တားကြသည်။ သူ့ထွက်ပြေးမယ့် လမ်းကြောင်းကို ပိတ်ဆို့ထားတာတော့ မဟုတ်ပေမယ့် အဲဒီလူယုတ်မာတွေက ဒီဓားရဲ့ စွမ်းအားကို ခံစားမိတာကြောင့် သူ့ကို ဒိုင်းကာလုပ်စေချင်တာ ထင်ရှားပေ၏။
ဒါပေမဲ့ ဒီအချိန်မှာ သူ ခုခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
သူသည်လည်း သူ့ဓားကို ဆွဲထုတ်လိုက်သည်။ တူညီသော ဓားစွမ်းအင်က ပေါက်ကွဲထွက်ပြီး ဓားကို တွန်းလှန်ရန် ကြိုးစားရင်း ရှေ့သို့ အပြင်းအထန် ပွတ်တိုက်သွားခဲ့သည်။ သို့သော် ဝင်လာသည့် ဓားစွမ်းအင်အား တားဆီးပိတ်ပင်နိုင်မှု လုံးဝမရှိပေ။ ထို့အပြင် ထိုဓားစွမ်းအင်က သူ့ကို ဗုံးကြဲပြီး သူ့လက်နက်ကိုပါ တိုက်ရိုက် ဖျက်စီးပစ်လိုက်သည်။
၎င်းသည် အဆင့်နိမ့် နတ်လက်နက်တစ်ခု ဖြစ်သော်လည်း လုရွှမ်၏ ဓားစွမ်းအင်ကို မတားဆီးနိုင်ခဲ့ပေ။ ဒီအချိန်မှာ ဓားသွားက လည်ပင်းကို ထိုးဖောက်ပြီး ခေါင်းကလေထဲကို ပျံသန်းသွားလေပြီ။
တကယ်တော့ သူ မတားနိုင်ရင်တောင် လုရွှမ်ရဲ့ ဓားတစ်ချောင်းတည်းနဲ့ သူ့ကို အသေသတ်ပစ်မှာတော့ မဟုတ်ချေ။ သူ့နောက်ကလူတွေက တကယ့်တရားခံတွေပဲ။ သူ့ခေါင်းက မြေပြင်ပေါ် ပြုတ်ကျသွားပြီး သေသွား၏။
"မင်း ဟွမ်ထျန်းရှေးဟောင်း မိသားစုက ကုန်စွမ်းတောက်ကို သတ်လိုက်ပြီ.... ညီအစ်ကိုတို့ ကုန်စွမ်းတောက်အတွက် လက်စားချေဖို့ ဒီလူကို အတူတူ သတ်လိုက်ရအောင်!!"
တစ်စုံတစ်ယောက်က အော်ဟစ်ပြီး လူခြောက်ယောက်လုံး ပြေးဝင်လာသည်။
လုရွှမ်: "လုပ်စမ်းပါ!"
သူအရင်က ဓားနဲ့ထိုးတာက လုံးဝကို ဒေါသထွက်မနေပေ။ အနောက်ကလူတွေကတော့ ကုန်စွမ်းတောက် ဆိုတဲ့ ကောင်လေးကို ဖယ်ရှားဖို့ သူ့လက်ကို သုံးချင်နေကြတာ ထင်ရှားလေသည်။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ သူ အပြင်ထွက်တဲ့အခါ သူတို့ကလည်း ပြန်ရှင်လာနိုင်ပါ၏။
ကျိုးယန်နဲ့ ဟွေ့လင်တို့သည် ရန်သူများရှေ့သို့ ပြေးလာနေကြပြီ ဖြစ်သောကြောင့် ၎င်းတို့ကလည်း ဆက်လက် သည်းမခံနိုင်တော့ပေ။ ဓားသံနှင့်အတူ လူခြောက်ဦး ဝိုင်းရံပြီး သတ်လိုက်ကြသည်။
လုရွှမ်လည်း လူလေးယောက်ကို ပစ်မှတ်ထားကာ ရှေ့သို့ ပြေးသွားခဲ့သည်။ အထူးသဖြင့် အနီးကပ် အကွာအဝေးမှာ ထူးဆန်းတဲ့ အရှိန်ကြောင့် သူတို့လေးယောက်လုံး အတွက် လုရွှမ်ရဲ့ ရုပ်ပုံက လုံး၀ လုံးထွေးနေပြီး သူတို့ရဲ့မျက်လုံးတွေက ပြူးကျယ်နေ၏။
နတ်မီးနယ်ပယ် တတိယအဆင့်က ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေတာလဲ။
ဒီလူနဲ့ ယှဥ်ရင် တခြား နတ်မီးနယ်ပယ် တတိယအဆင့် ဆိုတာ ခွေးအဆင့်ကိုတော့ ရောက်နေပြီ။