နတ်ဆိုးလုပ်ခြင်း
Vol. 115 Ch. 4.1238
လုရွှမ် မိန်းကလေး နှစ်ယောက်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။ ကျိုးယန် ဓားသိုင်းပညာသည် အတော်လေး ထက်မြက်သော်လည်း ရန်လိုသည်။ ဟွေ့လင်ကတော့ ရန်လိုခြင်းထက် ခုခံထားတဲ့ သဘောဖြစ်ကာ ကြင်နာပုံပေါက်သည်။
သူမ၏ ဓားပညာသည် အလွန်ကျွမ်းကျင်ခြင်းမရှိသော်လည်း ဗုဒ္ဓသဘာဝနှင့် ကရုဏာတရားများ ပြည့်စုံနေသည်မှာ ထင်ရှားပါသည်။ ပြိုင်ဘက်၏ ကျင့်ကြံမှုက ဟွေ့လင်လောက် မကောင်းမှန်း သိသာသော်လည်း ဟွေ့လင်မှာ ကျိုးယန်၏ အကူအညီကို လိုအပ်နေသေး၏။
"ဓားက ကိုယ်ထည်မပါဘဲ ထွက်လာတဲ့အခါ စိတ်နှလုံးထဲ ဓားမရှိပေ.... ဓားထဲမှာသာ စိတ်နှလုံး ရှိရမည်.... ဓား ထွက်သွားသောအခါ တခြား အာရုံထွေပြားတဲ့ အကြံအစည် မရှိစေဘဲ စိတ်နှလုံးကလည်း စိုးရိမ်စရာ မရှိချေ...."
လုရွှမ် ဟွေ့လင်ကို လမ်းညွှန်ပေးရင်း အေးအေးဆေးဆေး ပြောလိုက်သည်။ သူ့အပြုအမူသည် လူလေးယောက်ကို ရွံရှာ မုန်းတီးသွားစေသည်။ သူတို့မှာ လုရွှမ်ကို မတားဆီးနိုင်ရုံသာမက တခြားသူများကို လမ်းပြရန်လည်း အချိန်ပေးခဲ့ရသည်။
ဒါဟာ သူတို့ကို မျက်လုံးထဲ မထည့်ဘဲ လျစ်လျူရှုထားတာ ထင်ရှားပါ၏။ သို့နှင့် လေးယောက်သားက ကျယ်လောင်စွာ အော်ဟစ်၍ တိုက်ခိုက်ကြသည်။
ဤနေရာက လေထုကြောင့်သာ မဟုတ်ရင် လုရွှမ် ၎င်းတို့လေးဦးကို မျက်စိထဲ ထည့်နေမည် မဟုတ်ချေ။ ကျိုးယန်လည်း လုရွှမ်၏ အကူအညီမဲ့ခြင်းကို မြင်ပြီး ဟစ်အော်လိုက်သည်။
"ဟွေ့လင် အဲဒီလူကို အမြန်ရှင်းပြီး လုရွှမ်ကို ကူညီလိုက်ဦး.... "
ဟွေ့လင်သည် သူမစွမ်းအားက အဆိုးဆုံး ဖြစ်ပြီး ပြိုင်ဘက်က သူမကို အရှက်ရစေမည့် အခြေအနေသို့ တွန်းပို့နေနိုင်ကြောင်းလည်း သိပါသည်။ သူမသည် ငယ်စဉ်ကတည်းက တရားထိုင်ခြင်းကြောင်း သတ်ဖြတ်တာတွေကို ရှုတ်ချခဲ့သော် လည်း လက်ရှိ အခြေအနေတွင် မတိုက်ချင်လည်း တိုက်ရမည်၊ မသတ်ချင်လျှင်လည်း သတ်ရတော့မည်။
ပေါ့ပါးသော အကြည့်ကို လွှတ်လိုက်ကာ သူမစိတ်က တည်ငြိမ်လာသည်။ သူမရှေ့မှ ကျင့်ကြံသူသည် အလွန်ရက်စက်ပုံ ပေါက်သော်လည်း ၎င်း၏ လှုပ်ရှားမှုတွင် ထင်ရှားသော အပြစ်အနာအဆာများ ရှိနေကြောင်း သူမ ချက်ချင်း သိလိုက်ရသည်။
ဂရုမစိုက်မိတော့မှာကို ကြောက်တာကြောင့် စိတ်ငြိမ်သွားတာနဲ့ ဓားစွမ်းအင်ကို ချက်ချင်းထုတ်ပြီး ဝေ့ယမ်းလိုက်၏။ ဒေါသသံဖြင့် ပြေးလာသော လူ၏ လက်ကောက်ဝတ်မှာ ဓားစွမ်းအင်ကြောင့် ထိမှန်သွားပြီး နတ်လက်နက်သည်လည်း မြေပေါ်သို့ ပြုတ်ကျသွားသည်။
ဟွေ့လင် သူမ၏ သွားများကို အံကြိတ်ကာ နောက်ထပ် ဓားစွမ်းအင်ဖြင့် ထိုလူ၏ ကျင့်ကြံခြင်းအမြုတေကို ထိုးဖောက်ပစ်လိုက်သည်။ တစ်ဖက်လူသည် လွန်စွာမှ စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်လုံးများကို မော့ကြည့်လာရင်း မြေပြင်ပေါ်သို့ လဲကျ သေဆုံးသွားခဲ့သည်။
ဟွေ့လင် မျက်လုံးများ နီရဲနေ၏။ တစ်စုံတစ်ဦးကို သတ်လိုက်သည်မှာ ပထမဆုံးအကြိမ် ဖြစ်တာကြောင့် အနည်းငယ် တုန်လှုပ်နေသော်လည်း သူမက မျက်ရည်များကို အမြန်သုတ်လိုက်ပြီး ကျိုးယန်နှင့် တိုက်ပွဲတွင် ပါဝင်ခဲ့သည်။
ကျိုးယန်ဘက်မှာ ဟွေ့လင်ပါ ပါဝင်လာတာကြောင့် တစ်ဖက်လူခမျာ လွတ်မြောက်ချင်ပေမယ့် ကျိုးယန်က သူ့ဓားကို ကန်ထုတ်လိုက်ပြီး လည်ပင်းကို တိကနဲ ဖြတ်ပစ်လိုက်တော့သည်။ ကျန်လေးယောက်မှာလည်း ထိတ်ပြာလာ၏။ လုရွှမ်ကြောင့် အာရုံကြောတွေက ကျိုးပဲ့နေပြီဖြစ်ရာ တခြားမိန်းကလေး နှစ်ယောက်ပါ ထပ်ဝင်လာရင် သေမှာ သေချာနေပြီ။
“ညီအစ်ကို တောင့်ထားဦး”
လူတစ်ယောက်က လှမ်းအော်သည်။ သို့သော်လည်း မထင်မှတ်ပဲ သူ့ရှေ့က လူဟာ ရုတ်တရက် ဘေးနားကို ရွှေ့ပြီး သူ့ခြေထောက်ကို ဆွဲကိုင်ကာ လုရွှမ်ဘက်သို့ ပစ်ပေးလိုက်ကာ တစ်ဆက်တည်း ထွက်ပြေးသွားတော့သည်။
"လူယုတ်မာ!! မင်း ဒီလိုလုပ်မယ်ဆိုတာ ငါသိထားပြီးသား.... ငရဲကို သွားပေတော့!!"
ကျန်နှစ်ယောက်ကလည်း အံ့အားသင့်သွားကာ လျင်မြန်စွာ လှည့်ပြန်လေ၏။ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့သော လူသည် ပြန်လုပ်ကြံခံလိုက်ရတဲ့ ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ သို့သော် သူက လုရွှမ်ဦးခေါင်းကို ဓားကြီးဖြင့် ခုတ်ပိုင်းလိုက်သေးသည်။
လုရွှမ်: "ဒီသားရဲကောင်... ငရဲကိုသွားစမ်း!!"
လုရွှမ် လျင်မြန်သော ဓားဖြင့် ထိုလူရဲ့ ဦးခေါင်းကို ဖြတ်ပစ်လိုက်သည်။ ဦးခေါင်းကို ကန်ထုတ်ပြီးနောက် ထိုလူတွေရဲ့ သိုလှောင်လက်စွပ်များကို ရှာဖွေကာ ထွက်လာခဲ့သည်။
ဟွေ့လင်ရဲ့ မျက်နှာက အရောင်ဖျော့လာပြီး အခန်းထဲက ထွက်လာတာနဲ့ မြေပြင်ပေါ်သို့ လှဲချကာ အော့အန်တော့သည်။ ကျိုးယန် သူမကို အသံတိုးတိုးလေးဖြင့် နှစ်သိမ့်ပေးကာ တစ်ယောက်ပြီးတစ်ယောက် ဘေးနားရပ်ကာ တိုးတိုးလေး ပြောပြ၏။
လုရွှမ်: "ဒါက အစပဲရှိသေးတယ် ငါမမှားရင် တကယ့်အန္တရာယ်က ရောက်လာပြီ"
ဟွေ့လင်က နောက်ဆုံးတွင် မတ်တပ်ထရပ်လိုက်၏။ သူမ၏မျက်နှာသည် အနည်းငယ် ဖြူဖျော့နေသေးသော်လည်း စိတ်နှလုံးကတော့ အနည်းငယ် တည်ငြိမ်သွားပုံပါပဲ။
"အကြီးတန်း အစ်ကိုလုရွှမ် ကျွန်မ အဆင်သင့်ဖြစ်ပါပြီ"
"အရမ်းကောင်းတယ် အပြင်ထွက်ရအောင် ဒီမှာရှာရတာ ဘာမှတန်ဖိုး မရှိဘူး!"
အဂ္ဂိရတ်ဆေးခန်းက ထွက်ခွာပြီး လေထဲသို့ ပျံဝဲသွားပြီးနောက် ကျင့်ကြံသူ အုပ်စုတစ်စု အဝေးတစ်နေရာဆီက ရူးသွပ်စွာ အပြေးအလွှား ပြေးလာနေသည်ကို မြင်လိုက်ရသဖြင့် မိန်းကလေးနှစ်ယောက် အလွန်ထိတ်လန့်သွားမိသည်။
"ဝမ်းကွဲညီမ... မြန်မြန်သွားရအောင် တချို့လူတွေက ရူးကုန်ပြီ"
အဝေးကနေ ကျင့်ကြံသူတစ်ယောက် အမြန်ပြေးလာသည်။ သူက ကျိုးယန်ကို လှမ်းအော်ပြောပြီး ပြန်မမေးနိုင်သေးခင်မှာပဲ အဝေးကို ပြေးသွားလေ၏။
"အဲဒါက ငါ့ဝမ်းကွဲအစ်ကို ကျိုးဟိုင်... သူက အမြဲတမ်း အေးအေးဆေးဆေး နေတတ်တာ... ထူးဆန်းတယ် ဘာလို့ အရူးလိုမျိုး ပြေးနေတာလဲ?"
လုရွှမ်လည်း ကျိုးဟိုင် ပြေးလာခဲ့တဲ့ လမ်းကြောင်းကို ကြည့်လိုက်တော့ လူတွေ တော်တော်များများ ဒီဘက်ကို အပြေးအလွှား ပြေးလာနေကြပြီး သူတို့နောက်မှာလည်း အရူးတချို့က အရူးအမူး လိုက်လာနေကြ။။
လုရွှမ်၏ မျက်လုံးများက ကောင်းကင် မီးတောက်များဖြင့် တောက်နေပြီး အရူးကျင့်ကြံသူတွေရဲ့ မျက်လုံးတွေက အနက်ရောင်တွေ ဖြစ်နေကြောင်း ချက်ချင်းပင် မြင်ရသည်။
သူသည် စစ်တုရင်ခုံပုံသဏ္ဌာန်ထဲသို့ ဆွဲသွင်းခံရသောအခါက ထိုခံစားချက်ကို ခံစားဖူးသည်။ အကယ်၍ အလိုအလျောက်ကာကွယ်ပေးပြီး အနက်ရောင်စွမ်းအင်ကို တွန်းထုတ်သည့် သူ၏ခန္ဓာကိုယ်ရှိ နတ်မိုးကြိုးကြောင့်သာ မဟုတ်လျှင် သူလည်းပဲ ထိုအရူးတွေလို ဖြစ်သွားလိမ့်မည်။
ထို့နောက် သူ့စိတ်ကို ယွမ်ယန်ကျင့်စဥ်က သတိပေး သန့်စင်ပေးခဲ့သည်။ အနက်ရောင်စွမ်းအင်ကို ခံစားဖူးတဲ့ သူက ယခုအချိန်တွင် ထိုလူများနှင့် သိပ်မကွာခြားပေ။
“အဲဒါက ဘာလဲ”
မိန်းကလေးနှစ်ယောက်လုံး အော်ပြောကြသည်။
ထိုလူတို့၏ မိုက်မဲမှုကို အားလုံးမြင်နေရကာ ထိုလူများ၏ အစွမ်းသတ္တိသည်လည်း များစွာတိုးတက်လာကြောင်း သိသာလှပေသည်။ နယ်ပယ်တူသော လူများပင် ထိုလူများ၏ ကြိမ်ဖန်များစွာ အရူးအမူး ရိုက်နှက်ခြင်းကို ခံရပြီးနောက် အပိုင်းပိုင်း ကွဲသွားခဲ့သည်။
တချိုကလည်း အသက်ရှင်လျက် လက်ဖြင့် ဖြိုခွဲခံခဲ့ရပြီး စွမ်းအင်က အလွန်အားကြီးသဖြင့် ကြောက်စရာ ကောင်းလွန်းသည်။ သူတို့ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုရင် သူတို့ရဲ့ လက်ဖဝါးနဲ့ အစိတ်စိတ်အမွှာမွှာ ကွဲသွားအောင်ပင် ရိုက်နိုက်ရာ ၎င်းတို့ရဲ့ သာမာန်လက်နက်တွေနဲ့ ထိုးနှက်ချက်တွေကိုတောင် ခံနိုင်ရည်ရှိပါ့မလား။
ဒါဟာ ရိုးရိုးရှင်းရှင်း အတွေးလောက်နဲ့ စိတ်ကူးယဉ်လို့ မရပါဘူး။
"ဒီလူတွေ လာနေတယ် ငါတို့ ဘာလုပ်ရမလဲ"
"သွားစို့!"
ဒါ ဘာမှ မဟုတ်ဘူးလား? တကယ့်အန္တရာယ်က မရောက်သေးဘူးလား။ ဒါက စမ်းသပ်မှုလို့ ယူဆလို့ရတယ် မဟုတ်လား။ ဒီစမ်းသပ်မှုကိုတောင် မရှင်သန်နိုင်ရင် ဘယ်လိုလုပ်ရတော့မလဲ။
ဒီလူများက အဆုံးတိုင်အောင် အသက်ရှင်နိုင်မှာလား။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး ဆိုမှတော့ ဒီလူတွေကို ကယ်တင်ဖို့ အချိန်နဲ့ ခွန်အားတွေ ဖြုန်းနေစရာ မလိုတော့ဘူးလေ။
ကျိုးယန်: "ဒါဆို ငါတို့ အခုဘယ်သွားမလို့လဲ"
"အချိန်က နီးနေပြီ မင်းအစ်ကိုနဲ့ ဟွေ့လင်ရဲ့ ဆရာတူအစ်ကိုကို သွားရှာရအောင် ငါတို့ အတူတူစုသင့်တယ်"
လုရွှမ်စကားကို ကြားပြီးနောက် ကျိုးယန်နဲ့ ဟွေ့လင်၏ မျက်လုံးများ တောက်ပလာသည်။ နှစ်ယောက်သား ဓားပျံဖြင့် စာပို့လိုက်သော် အစ်ကိုနှစ်ယောက်က အတူရှိနေပြီဖြစ်သည်ကို တွေ့ရှိခဲ့ပြီး ၎င်းတို့ကိုလည်း အတူတကွစုရုံးရန် ဖိတ်ခေါ်ခဲ့သည်။
ဒါက ပိုပိုပြီး လျှို့ဝှက်ဆန်းကြယ်လာသလိုပဲ။
သူတို့စုဝေးရာ နေရာက ကျုံးယိခန်းမ ဖြစ်သွားသည်။ သုံးယောက်သားကလည်း အလွန်လျင်မြန်တာကြောင့် မကြာမီတွင် ကျုံးယိခန်းမထဲ ရောက်လာခဲ့သည်။ သခင်လေးဟောက်ထျန်းကလည်း ထိုနေရာသို့ ရောက်ရှိနေပြီ။ သူက လုရွှမ်ကို အကြိမ်အနည်းငယ် လှမ်းကြည့်ပြီးနောက် မျက်လုံးများ တောက်ပလာ၏။
"အခွင့်အရေးရရင် ငါတို့ တစ်ပွဲလောက် စမ်းကြည့်သင့်တယ်"
လုရွှမ်လည်း သခင်လေးဟောက်ထျန်းရဲ့ တိုးတက်မှုကို သတိပြုမိတာမို့ ရယ်မောခဲ့သည်။
"ဒါပေါ့ အခွင့်အရေးတစ်ခုတော့ ရှိမှာပါ"
ယခင်က လုရွှမ်သည် သူ ဟောက်ထျန်းကို တိုက်ခိုက်နိုင်မည်ဟု မသေချာသော်လည်း ယခုတွင်တော့ ထိပ်တိုက်တိုက်ပွဲဖြစ်ရန် သေချာနေပြီ ဖြစ်သည်။