ဘေးအန္တရာယ်ကျရောက်ခြင်း
Vol. 115 Ch. 4.1240
၎င်းတို့အထဲတွင် အမြင့်ဆုံးလူမှာ တော်ဝင်မင်းဆက်မိသားစု၏ နံပါတ်တစ် ပါရမီရှင် ကျိုးယိပဲ ဖြစ်သည်။ သူ့ရဲ့ နတ်ခန္ဓာကိုယ်ကို စစ်ဆေးအတည်ပြုပြီးသား ဖြစ်သည်။ ဒုတိယအဆင့်ကတော့ နျဲ့ဖန်သန့်ရှင်းတဲ့မြေက ဘုန်းကြီးမှာ ခမ်ဟွေး ဖြစ်ပြီး တတိယမှာ ထျန်းကျီးသန့်ရှင်းတဲ့မြေက နတ်သမီးဖေးလော့ ဖြစ်ကာ စတုတ္ထမှာမူ ရှေးဦးမဟာဂိုဏ်းက တပည့် သခင်လေးဟောက်ထျန်း ဖြစ်သည်။
ဒဏ္ဍာရီထဲမှာတော့ ဒီပထမလူ သုံးယောက်ဟာ နတ်ခန္ဓာကိုယ်တွေ ရှိကြကြောင်း သံသယတွေ ရှိကြသည်။
နောက်ပဉ္စမကတော့ ကျစ်ဝေသန့်ရှင်းတဲ့မြေက နတ်သမီးယောင်ကျား၊ နံပါတ်၆က ဟွမ်ထျန်းရှေးဟောင်း မိသားစုမှ ကုန်းစွမ်းဝူဝေ့၊ အဆင့်၇ ဟွမ့်သွမ့်မဟာဂိုဏ်းမှ နတ်သမီးဖြောင်းမြောင်၊ အဆင့်၈မှာ ထိုက်ချူသန့်ရှင်းတဲ့နယ်မြေက သခင်လေးကျန်းဟန် ဖြစ်ပြီး အဆင့်၉မှာ ချီးရှားသန့်ရှင်းတဲ့မြေက နတ်သမီးယောင်းယွဲ ဖြစ်၏။
အဆင့်၁၀ နေရာကတော့ တောက်ယိ၊ အဆင့်၁၁ နေရာသည် ရွှမ်ဝူရှေးဟောင်း မိသားစုမှ ပိုင်ယွီဖန်နှင့် ရှန်ကွမ်းရှေးဟောင်း မိသားစုမှ ကျောက်ဝူကျီ ဖြစ်သည်။
ဤအဆင့် သတ်မှတ်ချက်များသည် အလွန်တိကျမှု မရှိသော်လည်း ၎င်းတို့၏မှတ်တမ်းနှင့် ဂုဏ်သတင်းအရ အဆင့်သတ်မှတ်ခြင်း ခံရသောကြောင့် ၎င်းတို့က အတော်လေး တိကျပါသည်။
တောက်ယိသည် အစွမ်းထက်သည်ဟု ဂုဏ်ယူသော်လည်း ဟောက်ထျန်း လက်အောက်တွင် မနေနိုင်ပေ။ မဟာဂိုဏ်းကြီး၏ တပည့်တစ်ဦးအဖြစ် အဆင့်အတန်းရှိခြင်းကြောင့် သူသည် သူ၏ကြင်နာမှုကို ပထမဆုံးပြသနိုင်သူ ဖြစ်ခဲ့သော်လည်း တိုက်ရိုက် လျစ်လျူရှုခြင်း ခံခဲ့ရပြီး အလွန်အရှက်ရကာ ဟောက်ထျန်းက မာနကြီးသည်ဟု ခံစားခဲ့ရသည်။
ယခုမူ ဟောက်ထျန်းသည် သူ့ကို အေးစက်စွာ ကြည့်နေသော်လည်း နတ်မီးနယ်ပယ် တတိယအဆင့်၏ အစွမ်းသတ္တိဖြင့် ကောင်လေးတစ်ယောက်ကို နွေးထွေးကြင်နာစွာ ဆက်ဆံနေခဲ့သည်။ သူ ယောင်ကျားကို ချစ်သလို ထိုလူငယ်ကိုလည်း သဘောကျသွားတာလား။
'ဟမ့် အဲဒါက တကယ်ကို ရွံရှာစရာကောင်းတယ်'
လုရွှမ်နှင့် ဟောက်ထျန်းသည် အနာဂတ်တွင် ကြုံတွေ့ရမည့် အန္တရာယ်များ အကြောင်း ပြောဆိုနေကြဆဲပါပဲ။ တစ်ဖက်တွင် ဘုန်းကြီး ခမ်ဟွေးနှင့် ကျိုးယိတို့သည် ကျင့်ကြံသူအုပ်စုအား ရှည်လျားစွာ မိန့်ခွန်းပြောနေပြီး စည်းရုံးနေကြပါသည်။
တကယ်တော့ ဘုန်းကြီး ခမ်ဟွေး စကားပြောနေစဥ် ကျိုးယိက ဘေးမှာပဲ ရပ်ပေးနေတာကြောင့် ထိုလူတွေက ဘုန်းကြီးငယ် ခမ်ဟွေးကို ထောက်ခံနေသလိုမျိုးတောင် ဖြစ်နေပါ၏။
"ဒီလို အချည်းနှီး စကားပြောနေတာ ကြာပြီ...ခမ်ဟွေးက သနားစရာကောင်းပေမယ့် ဒီလူတွေကို အချိန်ဖြုန်းမယ့်အစား သူ့အစွမ်းအစကို တိုးတက်အောင်လုပ်တာက ပိုကောင်းတာပေါ့..."
ဟောက်ထျန်းက အေးစက်သော အသံဖြင့် ဆိုလိုက်သည်။ လုရွှမ်လည်း ခေါင်းညိတ်ပြရင်း ဟုတ်မှန်ကြောင်း ထောင်ခံလိုက်၏။ သူ့စိတ်ထဲတွင် ရယ်စရာကောင်းသလို ခံစားလိုက်ရသည်။ ဤဟောက်ထျန်းက အမှန်တကယ်ပင် ရက်စက်လွန်းလှသည်။
ဒါပေမဲ့ နောက်အခိုက်အတန့်မှာတော့ ဟောက်ထျန်းက ပြေးသွားသည်။
"ကျိုးယိ....ခမ်ဟွေး စကားရပ်လိုက်ပါတော့ အန္တရာယ်က ကျရောက်လာနေပြီ "
နှစ်ယောက်သား အံ့အားသင့်သွားကာ တံခါးဆီသို့ ချာကနဲ လှည့်ကြည့်ပြီး အမူအရာများက ပြောင်းလဲသွားကြသည်။
"လူတိုင်း စိတ်မလှုပ်ရှားကြပါနဲ့!"
ခမ်ဟွေးမှာ တခြားအရာတွေကို ပြောချင်ပေမယ့် သူ့ပတ်ဝန်းကျင်က ဘုန်းကြီးတွေက ခန်းမရှေ့မှာ သွားရောက် စည်ကားနေပြီး ဘာမှ နားမထောင်တော့ချေ။ အပြင်မှာ မှောင်နေတာကြောင့် မမြင်ရသလောက်ပဲ။ အမှောင်ထုက အရာအားလုံးကို ဖုံးလွှမ်းထားသည့်အတိုင်းပင်။
လုရွှမ်လည်း ဟောက်ထျန်း အနားကို ရောက်လာတော့မှ အပြင်ဘက်က မြင်ကွင်းကို မြင်လိုက်ရသည်။ နေနှင့်လကို ဖုံးလွှမ်းထားသကဲ့သို့ မှောင်နေသော်လည်း သူ၏ လက်ရှိနေရောင် မျက်လုံးများနှင့်ပင် မှုန်ကုပ်နေသော အရုဏ်ဦးကို မမြင်ရလောက်အောင် ဖြစ်နေ၏။
ဒီလိုအခြေအနေမျိုးမှာ တခြားလူတွေအတွက် ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူးလို့ ယူဆနိုင်ပါ့မလား။
ကောင်းကင်မှာ လွင့်မျောနေတဲ့ အနက်ရောင်လေထုကြီး။ ဒါဟာ စစ်တုရင်ခုံပေါ်က မြင်လိုက်ရတဲ့ အနက်ရောင်လေလိုပဲ အနည်းငယ် ရင်းနှီးနေသလို ခံစားနေရ၏။
လုရွှမ် ဟောက်ထျန်းကို ကြည့်လိုက်သည်။ ဟောက်ထျန်း၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်များ ရောက်ရှိလာမည်ဟု သူ မမျှော်လင့်ထားပေ။
"ကျိိုးယိ!"
ဟောက်ထျန်း ပြန်ပြေးလာပြီး အပြင်မှာ ဘာတွေဖြစ်နေလဲ ပြောပြလိုက်သည်။ ကျိုးယိနဲ့ ခမ်ဟွေးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နတ်သမီးယောင်ကျားကလည်း တစ်ဖက်ကနေ ခေါင်းညိတ်ပြရာ သူတို့ငါးယောက်သာ ဖြစ်ပျက်ခဲ့သည်ကို လုံးလုံးသိခဲ့သည်။
နတ်သမီးယောင်ကျား အနားက နတ်သမီးဖေးလော့က ဝင်၍ ဟစ်အော်လိုက်သည်။
"ဘယ်အချိန်ရှိပြီလဲ ဘေးအန္တရာယ်က ကြုံတော့မှာပဲ ရှင်တို့ တခြားသူတွေနဲ့ မိုက်ရိုင်းရိုင်းစိုင်း ပြောနေတုန်းပဲ"
နတ်သမီးဖေးလော့သည် ခမ်ဟွေးအား မျက်လုံးများ လှိမ့်၍ ရုတ်တရက် ကျယ်လောင်စွာ ဟစ်အော်လိုက်ရာ အသံက ကျယ်လောင်သွားတာကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ လူတွေက သတိမထားမိဘဲ တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လာကြ၏။
"ငါဘယ်သူလဲဆိုတာ လူတိုင်း သိကြတယ်... ငါက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို သိနိုင်တဲ့ ထျန်းကျီးသန့်ရှင်းတဲ့မြေက ဖေးလော့... ခမ်ဟွေး အခုနကပြောခဲ့တဲ့ စကားတစ်ခွန်းပဲ ပြောခဲ့တာ... အားလုံးက မိုက်မဲလိုက်တာ"
ဟောက်ထျန်းက ပေါ့ပေါ့ပါးပါး တခစ်ခစ်ရယ်ပြီး။
"နျဲ့ဖန်သန့်ရှင်းတဲ့မြေက ဘုန်းကြီးတွေအတွက်တင် မဟုတ်ဘူး။ အဓိက အရည်အချင်းကို လိုချင်သူတွေပဲ ဘုန်းကြီးဝတ်နိုင်တာ.... ဖေးလော့နဲ့ ခမ်ဟွေးက အစတုန်းကတော့ အတူရှိနေဖို့ ကံကြမ္မာရှိခဲ့ပေမယ့် ခမ်ဟွေးက ဘုန်းကြီးဖြစ်သွားတယ်လေ... အဲဒီအချိန်ကတည်းက ဖေးလော့က ခမ်ဟွေးကို ဘယ်တုန်းကမှ ကြင်ကြင်နာနာ မကြည့်တော့ဘူး"
လုရွှမ်က အနည်းငယ်မျှ ဝင်စကားမပြောဘဲ နားထောင်နေသည်။ နှစ်ယောက်ကြားတွင် ထိုသို့သော ဆက်နွှယ်မှုမျိုး ရှိမယ်လို့တော့ မထင်မှတ်ထားခဲ့ပေ။
"ခမ်ဟွေးက အပြစ်ရှိသလို ခံစားနေရတာ... ဖေးလော့ကြောင့် သူ ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား နာကျင်ခဲ့ရပါစေ သူ ဒါကို ဘယ်တော့မှ ငြင်းမထုတ်ပါဘူး... ဒီအချက်က သူ့ကို တော်တော်လေး လေးစားမိစေတယ်"
လုရွှမ် ညင်သာစွာ ခေါင်းထပ်ညိတ်ပြသည်။ သေချာလောက်အောင်ပင် ဒေါသအရိပ်အယောင် မရှိဘဲ ဘေးနားတွင် ရပ်နေသည့် ခမ်ဟွေးကို တွေ့လိုက်ရသည်။ နှလုံးသည် ရေငြိမ်သကဲ့သို့ တည်ငြိမ်နေကာ မျက်နှာသည်လည်း ကောင်းကင်နှင့်တူ၏။
လုရွှမ် သူ့စိတ်ထဲတွင် တိတ်တိတ်လေး သက်ပြင်းချမိသည်။ သူမသည် အလွန်လှပပြီး မွှေးကြိုင်နေသော်လည်း လူအများ၏ မျက်လုံးများကို ပို၍ပင် တောက်ပစေသည့် အရာမှာ သူမ သဘာဝအတိုင်း ထုတ်လွှတ်လိုက်သော သူရဲကောင်းစိတ်ဓာတ်၊ သူမသည် မိန်းမများထက် မနိမ့်ကျသော ခံစားချက်ဖြစ်သည်။
ပြောရမယ်ဆိုရင် သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက် ညီလွန်းတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မကောင်းတဲ့ ကိစ္စတွေက သူတို့ဘာသာသူတို့ ရောက်လာတတ်ကြပါ၏။
ဖေးလော့သည် ယခင်က လုံယွင်ဖုန်း၏ ဖိအားကို မခံနိုင်တော့ဘဲ လဲကျသွားခဲ့တာကြောင့် ယခုအချိန်တွင်လည်း သူမခန္ဓာကိုယ်မှာ ဒဏ်ရာများ ရရှိနေပုံရသည်။
ဒီအမျိုးသမီးဟာ ဒဏ္ဍာရီလာ နတ်ခန္ဓာကိုယ်လယး ဆိုတာကို လုရွှမ် မစမ်းဝံ့ပေမယ့် ဒီအမျိုးသမီးဟာ နတ်ခန္ဓာကိုယ် မဟုတ်ရင်တောင် သာမန်မဟုတ်တော့ကြောင်း ပိုခံစားရစေတယ်သည်။
"အပြင်မှာ အန္တရာယ်ရှိတယ် နတ်နဂါး မိသားစုကတောင် အဲဒီတုန်းက ခံနိုင်ရည်မရှိခဲ့တဲ့ အန္တရာယ်ရှိပဲ.... ဒါပေမဲ့ အခု ကျွန်မတို့လည်း နတ်နဂါး မိသားစုထဲမှာ ပိတ်မိနေတယ်...တောက်ယိက ရုန်းထွက်ဖို့ နည်းလမ်းအားလုံးကို ကြိုးစားပြီးသွားပြီလို့ ထင်တယ် ကျွန်မတို့ မထွက်နိုင်ဘူး ဟုတ်တယ်မလား?"
တောက်ယိ မျက်နှာက အနည်းငယ် မည်းမှောင်နေပြီ။ ဤအမျိုးသမီးသည် သူအရှက်ရစေမယ့် ကိစ္စကို ဖွင့်ချလိုက်လေပြီ။
တောက်ယိ: "အပြင်မထွက်ရဘူး ဆိုမှတော့ မင်းအသက်ရှင်ချင်ရင် ခံနိုင်ရည်ရှိရမယ်၊ ရုန်းကန်ရမယ်၊ ပြန်တိုက်နိုင်ရမယ်.... မင်းသေရင် အနည်းဆုံးတော့ မင်းရဲ့သေခြင်းက တန်ဖိုးရှိမှာပါ.... မင်းမသေရင်တော့ အရမ်းခက်ခဲတဲ့ နောက်ထပ်လှိုင်းကို ဆက်စိန်ခေါ်ပေါ့...."
" ရှင်... ဒါ ရိုးရိုးလေးပဲပေါ့လေ ဟမ့် "
ဖေးလော့က ဟစ်အော်လိုက်သည်။ ဘုန်းကြီး ခမ်ဟွေးကိုလည်း မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး တံခါးကို ဖွင့်ကာ ပထမဆုံး အပြေးထွက်သွားတော့သည်။ မျှော်လင့်ထားသည့်အတိုင်း သူမ အလွန် စိတ်ဆိုးနေပါသည်။ ယောင်ကျားလည်း လှည့်ပြီး သူမနောက်ကို လိုက်သွားခဲ့၏။
ကျစ်ဝေသန့်ရှင်းတဲ့မြေ နှင့် ထျန်းကျီးသန့်ရှင်းတဲ့မြေက လူများလည်း အမြန်ထွက်လာကြသည်။ ကျိုးယိ ခမ်ဟွေးပခုံးကို ပုတ်ပြီး သူ့လက်ကို ဝှေ့ယမ်း၍ တော်ဝင် မင်းဆက်မိသားစုထဲက လူတွေကို ခေါ်လျက် ထွက်သွားကြသည်။
ဤနေရာကရော အပြင်ဘက်က အနက်ရောင်လေကို ပိတ်ဆို့နိုင်မှာလား။
ဒါ ဟာသတစ်ခုပဲ!
ခန်းမထဲမှာ ပုန်းနေတာပဲဖြစ်ဖြစ် အပြေးအလွှား ထွက်တာပဲဖြစ်ဖြစ် လုံးဝ ကွာခြားမှု မရှိပါဘူး။
ဤကိစ္စတွင် သူတို့အတွက် ဤဂိုဏ်းဂဏကြီးများနှင့် မိသားစု၊ သန့်ရှင်းတဲ့နယ်မြေက ပါရမီရှင်များသည် အတွင်း၌ ဆက်လက်ပုန်းအောင်းရန် သို့မဟုတ် အပြင်သို့ အပြေးအလွှား စမ်းကြည့်ရန် ရွေးချယ်မှုမှာ သဘာဝအတိုင်း အလွန်ရိုးရှင်းပါသည်။
ဟောက်ထျန်း: "သွားရအောင် အပြင်သွားကြမယ်"
လုရွှမ် ခေါင်းညိတ်ပြီး အမြန်ထွက်သွားလိုက်သည်။
အပြင်ဘက်တွင်တော့ မီးရောင်များက လင်းထိန်နေပြီ။ အချို့လူများက နတ်မီးကိုပင် တိုက်ရိုက် ထွန်းထားရတာကြောင့် အနီးပတ်ဝန်းကျင်သည် နေ့ဘက်ကဲ့သို့ တောက်ပနေပါသည်။