ရဲရင့်သောစကား
Vol. 115 Ch. 4.1245
နှစ်ယောက်စလုံး စကားဆက်ချင်သော်လည်း မတားနိုင်ခဲ့ကြပေ။
လုရွှမ်: "အခု အကုန်လုံး ငြိမ်ပြီလား.... ဒါဆို ငါ့စကားကို နားထောင်လိုက်!"
ဟောက်ထျန်း ပြောခဲ့သလိုပဲ။ ဒီလူတစ်ဦးစီဟာ ပါရမီရှင်တွေဖြစ်ပေမယ့် အားလုံးကို ခြုံကြည့်လိုက်ရင် သူတို့ဟာ ရွှံ့ဘောလုံးတွေပါပဲ။
စကားလုံးများဖြင့် ယုံလျှင်ပင် မည်သူမျှ သေသေချာချာ ယုံမည် မဟုတ်။ ကျိန်ဆဲသံတွေနဲ့ ပြည့်နှက်နေသော စိတ်နှလုံးများဖြင့် ဤလူများကို အားကိုးပြီး ထွက်သွားချင်ရင်တော့ အဲဒါက ဟာသပဲ ဖြစ်သွားလိမ့်မည်။
ဒီလိုလူတွေက သူတို့နဲ့ သဟဇာတဖြစ်အောင် ချော့မော့လို့ ရမယ့်လူတွေ မဟုတ်။
"ငါ့နာမည်က လုရွှမ်... ဒြပ်စင်ငါးပါး မဟာဂိုဏ်းဝင်.... ဒီတခေါက် ငါက ငါတို့ဂိုဏ်းကလာတဲ့ တစ်ဦးတည်းသောသူပဲ ငါ့ရဲ့ခွန်အားက ပျမ်းမျှဖြစ်ပြီး ငါက နတ်မီးနယ်ပယ်ရဲ့ တတိယအဆင့်မှာ ရောက်နေပေမယ့် ငါ့ရဲ့ ခွန်အားက ဘာလဲ ဆိုတာ အခုသိပြီမလား?"
"အခု ငါတို့က ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်... အဲဒါကြောင့်လည်း နတ်နဂါး မိသားစု ပျက်စီးသွားတာ ဒီဘေးအန္တရာယ်ကို ခံနိုင်ရည်ရှိပြီး အသက်ရှင်လျက် လွတ်မြောက်နိုင်မယ်လို့ မင်းတို့ ထင်လို့လား"
ဘယ်သူမှ စကားမပြောကြချေ။
"ငါပြောမယ် တစ်ယောက် အသက်မရှင်ရင် မင်းတို့အားလုံး သေလိမ့်မယ်!"
တခဏအတွင်း ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ အားလုံးရဲ့ မျက်နှာတွေ မည်းမှောင်လာပြီး အသက်မရှင်နိုင်တော့ဘဲ ဘာလို့ဒီမှာ မိုက်မဲစွာ ပြောနေကြတာလဲဟု စတင်တွေးတောလာသည်။
ရုတ်တရက် အလင်းတန်းတစ်ခု လင်းလက်လာပြီး လုရွှမ်က ဓားဖြင့် ခုတ်လိုက်ပြန်သည်။
လုရွှမ်၏ဓားဖြင့် ပစ်သတ်ခံရသော လူသည် သူ့ကိုယ်ပေါ်ရှိ သွေးစွန်းနေသော အပေါက်မှတစ်ဆင့် ဓားစွမ်းအင်များ ဖြတ်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရ၏။ လုရွှမ် အမှန်တကယ် သတ်ပစ်လိမ့်မည်ဟု မည်သူမျှ မထင်ထားပေ။
"ငါပြောပြီးသား... မင်းတို့အားလုံး သေလိမ့်မယ်... ဒီအခြေအနေမှာ မင်းတို့သေတာက ဘယ်သူ့လက်ထဲမှာသေသေ ဘာမှမထူးခြားဘူးလို့ ထင်နေတာလား... သိပ်ကောင်းတာပဲ ဒီလူကလည်း ဒီလိုပဲ ထင်နေတာ... အဲဒါကြောင့် ငါ သူ့ကို လွှတ်ပေးလိုက်ပြီ"
အားလုံး တိတ်ဆိတ်နေခဲ့သည်။
"ငါတို့ ရှင်သန်ချင်ရင် စည်းစည်းလုံးလုံး ရှိရမယ်... တချို့က အနစ်နာခံဖို့၊ တချို့က သေဖို့ကို စွန့်လွှတ်ကြပေမယ့် မင်းတို့ရဲ့ အနစ်နာခံမှုကြောင့် တခြားသူတွေက ရှင်သန်နိုင်တယ်ဆိုတာတော့ သိထား...."
"မင်းတို့ အံ့သြရမှာက မင်းတို့ဘာလို့ ကိုယ့်ဘာသာကိုယ် သေခိုင်းပြီး တခြားသူတွေကို မျှော်လင့်ချက်တွေနဲ့ ထားခဲ့ရမှာလဲ ဆိုတာပဲ"
လူအများ၏ မျက်လုံးများသည် တဖြည်းဖြည်း လှောင်ပြောင်မှုများ နည်းပါးလာပြီး သံသယများနှင့် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်လာသည်။ လုရွှမ်၏ မျက်လုံးများကို ကြည့်ပြီး ယုတ္တိမဲ့သော အရူးတစ်ယောက်၊ ဘယ်လိုမှ မရိုးသားသော အရှက်မဲ့စွာ ပြောနိုင်သူဟု ပြန်မအော်နိုင်ခဲ့။
"နတ်နဂါးမိသားစုမှာ ဖြစ်ပျက်ခဲ့တာကို မင်းတို့တွေးဖူးလား"
လုရွှမ် လူတိုင်းကို ကြည့်လိုက်ရင်း သူ့အသက်ရှုသံတွေက စူးရှလာသည်။ သူ့မျက်လုံးတွေက လူတိုင်းရဲ့ နှလုံးသားထဲကို စူးစူးစိုက်စိုက် ကြည့်နေသလိုပါပဲ။
"ဟိုးရှေးတုန်းက ပျောက်ကွယ်သွားခဲ့တဲ့ နတ်နဂါး မိသားစုက ဘာကြောင့် ဒီလိုပြောင်းလဲမှုတွေ ကြုံတွေ့ခဲ့ရတာလဲ... ဘာကြောင့်လဲ ငါတို့ မြင်ခဲ့ရတာတွေက အစကတည်းက အားလုံး ပျက်စီးယိုယွင်းနေတဲ့ နေရာတွေပဲ... ဒါပေမဲ့ ငါတို့ ဝင်လာတဲ့အခါမှာတော့ မြင်ခဲ့ရတာက အသစ်စက်စက် ဆန်းကြယ်တဲ့ နေရာတစ်ခုပဲ... နည်းနည်းလေး ယိုယွင်းနေတဲ့ မြင်ကွင်းတွေကို မြင်ခဲ့ကြလား? ဒါကို မင်းတို့ စဉ်းစားဖူးလား။"
"အဲဒီ အဂ္ဂိရတ်ဆေးတွေ ဒီလက်နက်တွေနဲ့ ကျွမ်းကျင်မှု အမွေတွေတောင် သူတို့ဆီက ရဖို့အတွက် ငါတို့က စောင့်နေကြရတာ... နတ်နဂါး မိသားစုက ဒီပစ္စည်းတွေကို ဖယ်ရမယ်ဆိုတာ ဘာလို့ မသိခဲ့ကြရတာလဲ"
"ဒါတွေအကုန်စဉ်းစားဖူးလား"
"ဟင့်အင်း မင်းတို့မှာ စဥ်းစားတတ်တာမျိုး ဘာမှမရှိဘူး ဒါကြောင့် ပါးစပ်ပိတ်ထားလိုက်.... ဘာလို့လဲဆိုတော့ ဒီထဲမှာ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုနဲ့ ကြီးမားတဲ့ အစီအမံတွေကို ဖုံးကွယ်ထားလို့ပဲ.... လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုတော့ ရှိကောင်းရှိနိုင်တယ် အဲဒါကလည်း လူတိုင်း အသက်ရှင်နေမှ ရှာတွေ့နိုင်မှာ"
လုရွှမ်ရဲ့ အသံက ပိုကျယ်လောင်လာသည်။
"လူတိုင်း သေမှာကို ကြောက်နေကြပေမယ့် တကယ်တမ်း ကြောက်နေရင်ရော ဘယ်သူက မသေလို့လဲ?"
"နတ်နဂါး မိသားစုထဲက လူတွေ သေကုန်ကြပြီလား... ယုတ္တိနည်းအရပြောရရင် သူတို့က နှစ်ထောင်ချီပြီး သေသင့်ပေမယ့် ငါတို့ဘေးမှာ အကောင်းတိုင်း ပေါ်လာတယ်... ဒါဆို မင်းတို့ရဲ့ ဦးနှောက်ကို သုံးပြီး စဥ်းစားကြည့်စမ်း ငါတို့ရော သေမှာလား"
"မှတ်သားစရာ အကောင်းဆုံးကတော့ သူတို့လို ငါတို့က အဆုံးမဲ့ လူဝင်စားခြင်းထဲမှာ ပိတ်မိနေတာ... ပြီးတော့ ဒီလူဝင်စားခြင်းကို ဖြတ်ကျော်ပြီးတာနဲ့ ငါတို့က နတ်နဂါး မိသားစုနဲ့ ထပ်တူထပ်မျှပဲလို့ ထပ်ပြောနိုင်မလား?"
"ဒါက မှန်းဆတာလား စမ်းသပ်တာလားလို့တော့ မမေးနဲ့တော့... ဒါက ဖြစ်နိုင်ခြေတစ်ခုပဲ ဘာလို့လဲဆိုတော့ ဒီနေရာကနေ လွတ်မြောက်ဖို့ဆိုတာ ငါတို့အတွက် တစ်ခုတည်းသော ဖြစ်နိုင်ခြေတစ်ခုမို့လို့ မင်းတို့ငါ့ကို မယုံရင် မင်းတို့လုပ်ချင်တာ လုပ်နိုင်တယ်။ ထွက်သွားချင်တဲ့ လူ ထွက်သွား... အတူလက်တွဲပြီး ရှင်သန်ကြချင်ရင် နေခဲ့... ပြီးတော့ လူတချို့က ရှင်သန်ပြီး ဒီနေရာကနေ ထွက်သွားပြီးတာနဲ့ အရာအားလုံးကို ပြန်ပြောင်းလဲနိုင်ပါစေလို့ မျှော်လင့်ထားကြပေါ့"
လုရွှမ်၏ စကားများသည် လူတိုင်းအတွက် စိတ်ကူးယဉ် ဆန်တူသော်လည်း အားလုံးက လုရွှမ်၏ ရူးသွပ်သော စကားများကို နားထောင်ရင်း သဲသဲကွဲကွဲ ဘာမှ ပြန်မပြောနိုင်ကြပေ။ ထိုစကားများသည် ကြမ်းတမ်းသော်လည်း လုံးလုံးမှန်သည်။
"စကားမစပ် မင်းတို့ကို ကာကွယ်ဖို့ အဖွဲ့အစည်းတစ်ခု ဖွဲ့စေချင်တယ် ဆိုရင်တော့ လက်လျှော့ပြီး တိုက်ရိုက် ထွက်သွားနိုင်တယ်"
"လူတိုင်း စုရုံးရတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က နတ်နဂါး မိသားစုကိုတောင် အရမ်းကြောက်လန့်စေတဲ့ အစွမ်းထက် သတ္တဝါတွေကို တွန်းလှန်ဖို့ပဲ... သေခြင်းတရားက မလွှဲမရှောင်သာ ဖြစ်လာမှာ... စွမ်းအားနည်းတဲ့ ဘယ်သူမဆို သဘာဝအလျောက် အရင်ဆုံး သေဆုံးရလိမ့်မယ်"
"စည်းလုံးညီညွတ်ရင် ပိုကြာကြာ သွားနိုင်တယ်... ဒါပဲပြောမယ် ငါ့စကားက ခက်ထန်ပြီး အဆင်မပြေသလို ခံစားရတယ် ဒါပေမဲ့ ခံနိုင်ရည်ရှိမယ်ထင်လို့ လူတိုင်းကို အတတ်နိုင်ဆုံးနဲ့ နေခဲ့စေချင်တယ်"
လုရွှမ်က စကားပြီးသောအခါ ချင်ထျန်းဓားကို မြေကြီးမီးထဲသို့ ပစ်ချလိုက်သည်။ မီးပွားများသည် နေရာတိုင်းသို့ ပျံသန်းသွားပြီးနောက် လုရွှမ်လည်း မြေပြင်မီးထဲသို့ ပျံသန်းဝင်သွားခဲ့သည်။
လူတိုင်းက သူလုပ်နေတာကို နားမလည်နိုင်ပေမယ့် အလွန်ထိတ်လန့် သွားကြသည်။ အနည်းဆုံးတော့ သူတို့ ဒါကို မလုပ်ရဲကြဘူးလေ။ တစ်ယောက်နဲ့ တစ်ယောက် ခဏလောက်ကြည့်ရင်း ထွက်သွားချင်ပေမယ့် ကိုယ့်အတွက်ကိုယ်လည်း နည်းနည်းတော့ စိတ်မကောင်း ဖြစ်မိလေသည်။
ဘယ်သူကမှ အရင်ထရပ်ဖို့ ဆန္ဒမရှိကြချေ။ အနည်းဆုံးတော့ ညဘက်ရောက်ရင် ဟိုဘီလူးတွေ ထပ်ရောက်လာရင် သူတို့မှာ ခုခံဖို့ စွမ်းအားရှိမှာ မဟုတ်ဘူး။
ဟောက်ထျန်းက ရုတ်တရက် လူတိုင်းရဲ့ အံ့အားသင့်မှုတွေ ကြားထဲက ထွက်လာခဲ့သည်။
"လုရွှမ်က ငါ့ထက် မနိမ့်ဘူး.... သူ့ကို ယုံကြည်တယ် သူနောက်ကျရင် ငါ့ကို သွားသေခိုင်းမယ်ဆိုရင်တောင် ငါ ကျိန်ဆိုတယ်... ဘယ်တော့မှ နောက်မဆုတ်ဘူး!”
သူ့အသံက လူတိုင်းရဲ့ နှလုံးသားထဲမှာ မိုးခြိမ်းသံတစ်ခုလိုပါပဲ။ သူက သူ့ရဲ့ ဝိညာဉ်နဲ့ ကျိန်ဆိုခဲ့ပြီး အဲဒါကို ချိုးဖျက်ခဲ့မယ်ဆိုရင် စိတ်ဝိညာဥ်က ပြင်းပြင်းထန်ထန် ထိခိုက်ကာ အနာဂတ် ကျင့်ကြံမှုက ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး။
"လုရွှမ်က ငါ့ကို သေခိုင်းရင် ငါဘယ်တော့မှ တုံ့ဆိုင်းမှာ မဟုတ်ဘူးလို့ ကတိပေးတယ်"
နတ်သမီးဖေးလော့ကလည်း ထွက်ဆိုရင်း ပျံသန်းသွားသည်။ သူမရဲ့ တည်ရှိမှုက ဟောက်ထျန်းနှင့် လုံးဝ ကွဲပြားသည်။
သူမက ထျန်းကျီးသန့်ရှင်းတဲ့မြေက တန်ခိုးအရှိဆုံး မဟုတ်သော်လည်း လျှို့ဝှက်ဆန်းကြယ်မှု အရ သူမက ဒဏ္ဍာရီအရှိဆုံး လူသား ဖြစ်သည်။ ကောင်းကင်ဘုံလျှို့ဝှက်ကို သိနိုင်တဲ့ ထျန်းကျီးသန့်ရှင်းတဲ့မြေသည် အနာဂတ်ကို ခန့်မှန်းနိုင်သည်ဟု လူများစွာကပင် ဆိုကြသည်။
ယခုမူ နတ်သမီးဖေးလော့က လုရွှမ်ကို အမှန်တကယ် ထောက်ခံနေသည်။ သူမ လုရွှမ်အပေါ် အမှန်တကယ် အကောင်းမြင်ကြောင်း ပြသနေသည်။ ထိုအချိန်တွင် မိုးခြိမ်းသံက ရုတ်တရက် ပြိုကျလာပြီး မြေပြင်ကို မီးထိသွားသည်။
မီးတောက်များ ပျံ့လွင့်သွားကာ လုရွှမ်သည် ချင်ထျန်းဓားကို ကိုင်ဆောင်ကာ မီးတောက်နောက်ကွယ်မှ တောက်ပသော အလင်းရောင်ဖြင့် ထွက်ပေါ်လာသည်။ လက်နက်ဆီကနေ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ တဖြည်းဖြည်း ဖြာထွက်လာသည်။
"ကောင်းကင်လက်နက်!"
လူတစ်ယောက်က အော်လိုက်သည်။
ဘာသာပြန် - ကျွန်မ language class တက်နေရလို့ စာတင်တာ ရက်ကြာနိုင်ပါတယ်