← Chapters

မိုရန်၏ ခေါင်းတလား

Vol. 63 Ch. 882

မိုရန်၏ ခေါင်းတလား

Vol. 63 Ch. 882

နင်အာ၏ အမူအရာကြောင့် ယဲ့ချန်သည် လျင်မြန်စွာ အကြည့်လွှဲလိုက်ပြီး သူမက ဤမျှရှက်ရွံ့နေမည်ဟု မျှော်လင့်မထားခဲ့ပေ။ အတိတ်တွင် ပင်လယ်အတွင်းရှိ လှေပေါ်တွင် သူမက သူ၏လက်ကိုယူ၍ ရင်ဘတ်အား ထိတွေ့စေခဲ့သောကြောင့် နူးညံ့အိစက်သော အထိအတွေ့ကို တစ်သက်မမေ့နိုင်ပေ။ ထိုအချိန်၌ နင်အာသည် သူ၏တာအိုနှလုံးသားကို ပျက်စီးစေသော စကားများစွာ ပြောခဲ့သော်လည်း လက်ရှိ၌ ပို၍ရင့်ကျက်လာပုံ ပေါ်သောကြောင့် သူက တစ်ခုခု ဆုံးရှုံးလိုက်ရသည်။

"ဟုတ် အဆင်ပြေပါတယ်။ အစ်ကိုကြီး ဖြစ်စေချင်သလို နင်အာက ဖြစ်ပေးနိုင်ပါတယ်"

နင်အာက ခေါင်းငုံ့ထားပြီး အနီရောင်နှုတ်ခမ်းများကို သွားဖြင့်ကိုက်ကာ မခို့တရို့ ပြောလိုက်သည်။ ထို့ကြောင့် ယဲ့ချန်က ရင်ခုန်သံမြန်သွားပြီး သူမက ကိစ္စများစွာကို နားလည်ပြီး ရှက်တတ်နေသော်လည်း ထိုစိတ်ထားကို ထိန်းချုပ်နိုင်ပုံမရပေ။ နတ်မိမယ်တစ်ပါးပမာ လှပသော မိန်းကလေးတစ်ယောက်က ဤစကားများပြောလာလျှင် မည်သည့်ယောကျ်ားမှ ငြင်းဆန်နိုင်မည် မဟုတ်ပေ။ ယဲ့ချန်သည် သူမကို ကြင်နာစွာ ပွေ့ဖက်လိုက်သောအခါ ကိုယ်သင်းနံ့လေးက နှာခေါင်းဝသို့ လာရောက်ကျီစယ်နေသည်။ သူမ၏ပါးပြင်လေးက ရှက်သွေးဖြာနေသောကြောင့် မက်မွန်သီးပမာ လှပနေကာ သူ၏မျက်နှာကို မော့ကြည့်နေသည်။ သူမသည်လည်း ရင်ခုန်သံမြန်နေပြီး ယဲ့ချန်သာ တောင်းဆိုလျှင် အရာရာကို ခွင့်ပြုပေးနိုင်သည်။

ယဲ့ချန်သည် အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရသော်လည်း သူ့ကို လုံးဝစွန့်ပစ်မသွားသော နင်အာအပေါ် အားနာမိသဖြင့် နဖူးကို ကြင်နာစွာ နမ်းရှိုက်လိုက်သည်။ နှစ်ယောက်လုံး၏ ခံစားချက်များ ပြင်းထန်လာကာ သူမက သူ၏ကိုယ်ပေါ်သို့ မှီချလိုက်ပြီး ခန္ဓာကိုယ်အပူချိန်များ မြင့်တက်လာသည်။ သူ၏လက်က သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပြေးလွှားဆော့ကစားနေပြီး နှလုံးသားက တုန်ယင်နေကာ နောက်ဆုံးတွင် ယုန်နှစ်ကောင်၌ ရပ်တန့်သွားခဲ့ပြီး နူးညံ့နွေးထွေးသော အထိအတွေ့အား ပြန်လည်ခံစားလိုက်ရ၏။ သူ၏လက်ဖဝါးအတွင်း ယုန်နှစ်ကောင်က အရွယ်အစားမျိုးစုံ ပြောင်းလဲနေကာ ၎င်း၏အထိအတွေ့ကြောင့် သူမ၏မျက်နှာလေးက ရှက်ရွံ့နေသည်။

နင်အာသည် ယဲ့ချန်နှင့် ပိုလင်း၏အဖြစ်ကို ပြန်လည်တွေးနေခဲ့ပြီး ပိုလင်း၏ မှိန်းမောနေသော အမူအရာကြောင့် တစ်ကိုယ်လုံး ခံစားချက်များ ပျံ့နှံ့သွားခဲ့သည်။ ယဲ့ချန်၏ ကျန်လက်တစ်ဖက်က ပေါင်တံလေးများထံ ရောက်ရှိနေကာ ဤလူငယ်စုံတွဲသည် အရာရာကို မေ့လျော့နေပြီး တစ်ယောက်၏ရင်ခုန်သံကို နောက်တစ်ယောက်က ကြားနေရသည်။ ထိုအချိန်၌ နှစ်ယောက်လုံးက လောကကြီးကို မေ့လျော့နေစဥ် ပုံရိပ်ယောင်ပုလဲက ရုတ်တရက် တောက်ပလာသဖြင့် အရှိန်သတ်လိုက်ရ၏။ နင်အာသည် ယဲ့ချန်၏ ရင်ခွင်အတွင်းမှ ရုန်းထွက်လိုက်ပြီး အဝတ်အစားများ ရှုပ်ပွနေကာ ကော်လာအတွင်းမှ အဖြူရောင် အသားအရေက တဖိတ်ဖိတ်တောက်ပနေသည်။

ယဲ့ချန်သည်လည်း ရှက်ရွံ့သွားကာ အချိန်ကောင်း နေရာကောင်း မဟုတ်သည်ကို သတိဝင်သွားသည်။ နင်အာ၏အလှက သူ့ကို သတိလက်လွတ် ဖြစ်သွားစေခဲ့သော်လည်း လက်ရှိ၌ ကိုယ့်ကိုကိုယ် ထိန်းချုပ်လိုက်ရသည်။ သူမက ချီများကို ထုတ်ဖော်၍ အဝတ်အစားများကို ခြောက်သွေ့စေလိုက်ပြီး သပ်သပ်ရပ်ရပ်ဖြစ်စေရန် ပြုပြင်လိုက်သည်။ ပုံရိပ်ယောင်ပုလဲအတွင်းရှိ နတ်မြေခွေးဘိုးဘေးများ မည်သို့တွေးနေမည်ကို မသိသော ယဲ့ချန်က မျက်နှာပူနေသည်။ ဤကိစ္စမျိုးကို အခြားသူများ မြင်တွေ့ရန် မသင့်လျော်သဖြင့် နောက်တစ်ကြိမ်၌ ပုံရိပ်ယောင်ပုလဲကို ဒန်တန်အတွင်း ပစ်ထည့်ကာ ကြယ်များဖြင့် ကာထားရန် တေးထားလိုက်၏။

"တောက် တောက် တောက်"

ကျောက်တောင်၏ အတွင်းဂူ၌ ရေကျသံ တပေါက်ပေါက်ထွက်ပေါ်နေကာ ဝတ်ရုံနက်သည် အချိန်ကြာမြင့်သည်အထိ သူတို့ကို ရှာမတွေ့ခဲ့ပေ။

"အထဲကိုဝင်ပြီး တစ်ချက်ကြည့်ရအောင်"

ယဲ့ချန်က လျှို့ဝှက်လမ်းကြောင်းကို ညွှန်ပြ၍ ပြောလိုက်သောအခါ အရှက်သည်းနေသော နင်အာသည် ပုံရိပ်​ယောင်ပုလဲအား သိမ်းဆည်းပြီး အတူတူ လိုက်ပါလာခဲ့သည်။ လမ်းကြောင်းအတွင်း ဝိညာဥ်အသိစိတ်က တားဆီးခံထားရပုံပေါ်ပြီး အစွမ်းထက်သူတစ်ယောက်၏ အစီအရင် ဖြစ်နိုင်၏။ သူ၏ဝိညာဥ်အသိစိတ်က အလုပ်မလုပ်သော်လည်း ဥယျာဥ်၏ မြေအောက်တွင် ဖြစ်ကြောင်း သေချာနေသည်။ လမ်းကြောင်းက အဆုံးတွင် ဥမင်ခြောက်ခုအဖြစ် ကွဲထွက်သွားကာ မည်သည့်နေရာသို့ ဦးတည်နေကြောင်း မသိရသဖြင့် သူက မျက်မှောင်ကြုတ်လိုက်သည်။ မည်သည့်လမ်းကြောင်းကို ရွေးချယ်သည်ဖြစ်စေ၊ ဝိညာဥ်အသိစိတ်ဖြင့် ထိုးဖောက်မမြင်နိုင်သောကြောင့် တစ်ကြိမ်သာ အခွင့်အရေး ရပေလိမ့်မည်။ မျက်ကန်းကြီး၏ ကိုယ်ပေါ်ရှိ ဆေးမင်များက ဝင်္ကပါတစ်ခု၏ မြေပုံအဖြစ် ပြောင်းလဲသွားသော မြင်ကွင်းမှာ သူ၏စိတ်အတွင်း ရုတ်တရက် ထွက်ပေါ်လာသည်။ ဤနေရာရှိ အရာရာက ထိုမြင်ကွင်းနှင့် အတိအကျ တူညီနေသည်။

"အစ်ကိုကြီး ဘာဆက်လုပ်ကြမလဲဟင်"

နင်အာက ယဲ့ချန်ကို မေးလိုက်ခြင်းဖြစ်သည်။

"ဘယ်ဘက်ကရေရင် သုံးခုမြောက်ဥမင်ထဲကို ဝင်ကြမယ်"

ယဲ့ချန်သည် မျက်ကန်းကြီး၏ လမ်းညွှန်မှုကြောင့် လမ်းကြောင်းအမှန်ကို အသေအချာသိနေခဲ့သည်။ တစ်ဖက်လူက လောကကြီးကို ဖောက်ထွင်းမြင်နိုင်သောကြောင့် ဤနေရာ၏ လျှို့ဝှက်ချက်များကို တစ်နည်းနည်းဖြင့် သိထားနိုင်သည်။ ရေကန်အတွင်း ပြုတ်ကျသွားသော ဖြစ်ရပ်သည် သူ၏အစီအမံ ဖြစ်နိုင်သော်လည်း လင်ရွဲ့က ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့သည်။ သူက လမ်းကြောင်းအမှန်ကို မည်သို့ရွေးချယ်လိုက်ကြောင်း နင်အာက မသိသော်လည်း ယုံကြည်စွာဖြင့် လိုက်ပါလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဥယျာဥ်အတွင်းရှိ ရေကန်အထက်တွင် ဝတ်ရုံနက် ထွက်ပေါ်လာသည်။ သူ၏ကိုယ်တွင်းမှ ကြောက်စရာအရှိန်အဝါတစ်ခု ထွက်ပေါ်နေကာ ဝိညာဥ်အသိစိတ်ဖြင့် ရှာဖွေလိုက်သော်လည်း ယဲ့ချန်နှင့် နင်အာကို မတွေ့ခဲ့ပေ။

"မျက်ကန်း လင်လုံ မင်းတို့က ငါနဲ့ ကစားချင်တာလား။ ကောင်းကင်သခင်ရဲ့သမီးက ငါ့လက်ထဲကို ရောက်နေတာတော့ မင်းတို့အတွက် နှမြောစရာပဲ။ ငါက ကောင်းကင်သခင်ရဲ့ ရုပ်ခန္ဓာကို ရယူပြီးရင် မင်းတို့ ဘာလုပ်နိုင်ဦးမှာလဲ"

သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ညာလက်တွင် ကျိန်စာရုန်းတစ်ခု ဖန်တီးကာ ရေမျက်နှာပြင်ကို ရိုက်ချလိုက်၏။

"ဘုန်း"

ပေါက်ကွဲသံနှင့်အတူ အနက်ရောင်အလင်းများ ပြန့်ထွက်လာကာ မြေပြင်က တုန်ခါသွားသော်လည်း ရေကန်ကို ထိခိုက်မှုမရှိချေ။ ပုံမှန်ဆိုလျှင် သူ၏ခွန်အားအရ ဤရုန်းသည် မြေပေါ်မြေအောက်ရှိ အရာရာကို ဖျက်ဆီးနိုင်သော်လည်း ထူးဆန်းသော ရေကန်က ပျက်စီးမသွားပေ။ သူက တော်ဝင်သင်္ချိုင်းအတွင်း ရောက်နေသည်မှာ နှစ်တစ်သောင်းကျော် ကြာနေပြီဖြစ်သော်လည်း မျက်ကန်းကြီး၏ လှည့်ကွက်များကြောင့် တစ်ပတ်ရိုက်ခံလိုက်ရသည်။

ယဲ့ချန်နှင့် နင်အာသည် မြေအောက်တွင် ခရီးဆက်နေရင်း ပြင်းထန်သော ငလျင်တစ်ခုကို ခံစားလိုက်ရသဖြင့် အထက်တွင် မည်သို့ဖြစ်ပျက်နေကြောင်း မသိရသောကြောင့် သူက မျက်နှာပျက်သွားသည်။

"သွားကြစို့"

သူက နင်အာကို ခေါ်ဆောင်၍ လျင်မြန်စွာ ခရီးဆက်လိုက်သောအခါ ရှည်လျားသော ဥမင်၏အဆုံး၌ အလင်းရောင်ကို မြင်လိုက်ရသည်။ နောက်ဆုံးတွင် သူတို့က ကျောက်တုံးအခန်းတစ်ခုထံ ရောက်ရှိသွားကာ ၎င်းက ငါးမီတာကျော်သာ ကျယ်ဝန်း၍ မျက်နှာကျက်က သုံးမီတာခန့်သာ မြင့်၏။ အခန်း၏အလယ်တွင် အမည်မသိအရာဖြင့် ပြုလုပ်ထားသော ခေါင်းတလားတစ်ခုရှိနေကာ အတွင်းကို ဖောက်မြင်နေရသည်။ အခေါင်းထဲတွင် လှပကာ ကျက်သရေရှိသော အမျိုးသမီးတစ်ယောက် လဲလျောင်းနေပြီး ရုပ်ခန္ဓာကို အချိန်မည်မျှထိန်းသိမ်းထားကြောင်း မသိရသော်လည်း အိပ်မောကျနေသကဲ့သို့ ထင်မှတ်ရသည်။ သူမက ရွှေရောင်ပိုးထည်ကို ဝတ်ဆင်ထားပြီး မြင့်မြတ်သော အသွင်ဆောင်သော်လည်း တစ်ခုခုကို စိုးရိမ်ကြောင့်ကြနေဟန်ဖြင့် မျက်ခုံးများ တွန့်နေကာ မျက်နှာက ဖြူရော်နေသည်။

"သူမရဲ့မျက်နှာက ဘယ်လိုလုပ် ရွဲ့အာနဲ့ အရမ်းဆင်တူနေရတာလဲ"

ညှိုးခြောက်နေသော ပန်းတစ်ပွင့်နှင့် ဆင်တူသည့် အမျိုးသမီးကို မြင်လိုက်ရသောအခါ နင်အာက အချက်တစ်ခုကို ချက်ချင်းထောက်ပြလိုက်သည်။ ယဲ့ချန်က ဂရုတစိုက် ကြည့်လိုက်သောအခါ အလောင်း၏မျက်နှာသည် လင်လုံနှင့် လင်ရွဲ့ကဲ့သို့ ဆင်တူကြောင်း သိလိုက်ရ၏။

"ဒါက သူတို့ရဲ့ ဆွေမျိုးတစ်ယောက်ယောက်လား"

သူက ခေါင်းတလား၏ ဘေးဘက်သို့ ကြည့်လိုက်သောအခါ စာလုံးအချို့ကို မြင်လိုက်ရသည်။ ၎င်းတို့က အချိန်၏ တိုက်စားမှုကြောင့် ဝေဝါးပျက်စီးနေသော်လည်း အဓိပ္ပါယ်ဖော်နိုင်ခဲ့သည်။

"ကောင်းကင်သခင်၏ဇနီးသည် မိုရန်၏အုတ်ဂူ"

"သမီးများဖြစ်သော ရှောင်လင်လုံနှင့် မိုရွဲ့မှ ပြုလုပ်သည်"

ဤစာသားကြောင့် လင်လုံသည် ဖခင်၏မျိုးရိုးအမည်ကို ယူထားပြီး လင်ရွဲ့မှာ မိခင်၏မျိုးရိုးအမည်ကို ဆက်ခံထားကာ နာမည်အစစ်က မိုရွဲ့ဖြစ်ကြောင်း သိခဲ့ရသည်။ ထို့ကြောင့် ကောင်းကင်သခင်၏ မျိုးရိုးအမည်က ရှောင်ဖြစ်ကြောင်း ယဲ့ချန်က ခန့်မှန်းလိုက်သည်။ ခေါင်းတလား၏ ကျန်တစ်ဖက်တွင်လည်း စာလုံးများရေးထွင်းထားကာ အဓိပ္ပါယ်သည် ကောင်းကင်သခင်က လူသားသန်းချီကို ဦးဆောင်၍ လူသားမျိုးနွယ်အတွက် တိုက်ခိုက်ခဲ့သော်လည်း တာဝန်မပြီးဆုံးခင် ကွယ်လွန်ခဲ့ကြောင်း ဆိုလိုသည်။ သူက ခရမ်းရောင်ကြယ်၏ ကြယ်သခင်ဖြစ်ကာ ထိုကြယ်၏ရှင်းဟွမ်သည် အထိတ်အထိပ်အခြေအနေ၌ အခြားရှင်းဟွမ်များထက် ပို၍မြင့်မားသော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။ သူ၏အကူအညီဖြင့် ကောင်းကင်သခင်ရှောင်က အစွမ်းထက်သူဖြစ်လာသော်လည်း ကွယ်လွန်သွားသောအခါ ရှင်းဟွမ်လည်း အနိုင်ယူခံလိုက်ရပြီး အကြွင်းအကျန် ဝိညာဥ်တစ်ခုအဖြစ် စကြဝဠာအတွင်း လွင့်ထွက်သွားခဲ့၏။

"ခရမ်းရောင်ကြယ်ရဲ့ ရှင်းဟွမ်က ကျိယွမ်ကြယ်ရဲ့ ရှင်းဟွမ်များလား။ သူကလည်း အကြွင်းအကျန် ဝိညာဥ်တစ်ခု မဟုတ်လား"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ လေးနက်စွာ စဥ်းစားနေသည်။ အတိတ်မှ ဖြစ်ရပ်များအရ ကောင်းကင်မူလကြယ်နှင့် ကျိယွမ်ကြယ်၏ ရှင်းဟွမ်များသည် လူသားမျိုးနွယ်ဘက်မှ ရပ်တည်ခဲ့ပုံပေါ်သည်။ ရှေးဟောင်းခေတ်၏ ဖြစ်ရပ်များမှာ ရှည်လျားသော သမိုင်းကြောင်းအတွင်း တိမ်မြုပ်ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် ဤစာလုံးအနည်းငယ်ဖြင့် အတိအကျ မဖော်ပြနိုင်ပေ။ လင်လုံနှင့် ရွဲ့အာသည် မဟာလမ်းစဥ် ကောင်းကင်သခင်၏ သမီးများ ဖြစ်သော်လည်း အသက်ကွာဟချက်က ကြီးမားလွန်းနေသည်။

"သူတို့က အထူးနည်းလမ်းတစ်ခုခုနဲ့ အခုအချိန်အထိ အသက်ရှင်နေတာများလား။ ဒါပေမယ့် မဖြစ်နိုင်ဘူး။ ဒီလောက်နှစ်တွေကြာနေပြီဆိုရင် စွမ်းအားရှင်တစ်ယောက်တောင် သေဆုံးသွားမှာပဲ"

ယဲ့ချန်က ဤသို့တွေးနေခဲ့သော်လည်း မိုရန်၏အလောင်းက သက်ရှိတစ်ယောက်အလား ဆက်လက်တည်ရှိနေသည်။ သူက သေချာစွာ သုံးသပ်ပြီးနောက် ရုပ်ခန္ဓာများ မပျက်စီးစေရန် နည်းလမ်းတစ်မျိုးဖြင့် ထိန်းသိမ်း၍ လင်လုံနှင့် ရွဲ့အာက အသက်ပြန်ဝင်လာခြင်း ဖြစ်နိုင်ကြောင်း ကောက်ချက်ချလိုက်သည်။ အခေါင်းထဲတွင် ရတနာများရှိနေသော်လည်း ၎င်းကို ဖွင့်လိုက်လျှင် မိုရန်၏အလောင်းက ပုပ်သိုးဆွေးမြည့်၍ လျင်မြန်စွာ ပျက်စီးသွားပေလိမ့်မည်။ သူမက ကောင်းကင်သခင်၏ ဇနီးသည်ဖြစ်ကာ လူသားမျိုးနွယ်၏ ဘိုးဘေးတစ်ယောက် ဖြစ်သောကြောင့် ယဲ့ချန်၌ အခေါင်းကိုဖွင့်ရန် အတွေး လုံးဝမရှိပေ။

ထိုအချိန်၌ ခေါင်းတလားက ဘေးဘက်သို့ အလိုအလျောက် ဖြည်းဖြည်းချင်း ရွေ့သွားခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

ယဲ့ချန်နှင့် နင်အာ၏ မျက်လုံးအစုံက ပြူးကျယ်သွားလေသည်။

All Chapters