နည်းလမ်း
Vol. 19 Ch. 255
ချောင်းရှိုး၏ နာမည်က သက်ရောက်မှု ရှိပေသည်။ နေ့လယ်ချိန်ရောက်သည်နှင့် အခြား တိုက်ကြီးများမှ လွှမ်းမိုးနိုင်စွမ်းရှိသည့် အပြင်ဘက်တောင် တပည့်များကို တစ်ချိန်တည်းမှာပဲ ဖိတ်ခေါ်နိုင်ခဲ့သည်။
အိမ်ငယ်လေးများ အနီးတွင် တောင်ပေါ်မှ စီးဆင်းနေသော စမ်းချောင်းလေး၏ နံဘေး၌ ဇူယွမ်မှာ ကျောက်တုံး တစ်တုံးပေါ်တွင် ထိုင်နေခဲ့ပြီး အခြားလူငယ် တစ်ဒါဇင်မှာလည်း သူ၏ ရှေ့တွင်ထိုင်နေခဲ့သည်။ သန်မာသော မူလချီများက သူတို့၏ ခန္ဓာကိုယ်များမှ ထုတ်လွှတ်လျက်ရှိပြီး လူတိုင်း၏ အမူအရာမှာ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေသည်။
ဖိတ်ခေါ်ထားသော သူများမှာ ပထမတန်း တပည့်များထဲမှ လက်ရွေးစင်များသာ ဖြစ်သည်။ သူတို့အားလုံးမှာ သူတို့ အနီးရှိ သက်တူရွယ်သူများ ကြားထဲတွင် အထူးချွန်ဆုံးသော သူများဖြစ်ကြသည်။ ထိုကြောင့် သူတို့အားလုံးမှာ ဂုဏ်သတင်း ကျော်စောလှပေသည်။
ထူးခြားစွာပင် သူတို့ထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက အရှေ့ဆုံးတွင် နေယူထားကြသည်။
အမျိုးသမီးငယ်က အနက်ရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ အနက်ရောင် ဆံနွယ်ရှည်များက ခါးအထိ ဝဲကျနေသည်။ သူမ၏ မျက်နှာမှာ လှပပြီး အသားအရေမှာလည်း နှင်းအလား ဖြူဆွတ်နေသည်။ သူမကို စုန့်ဝမ်ရှီဟု ခေါ်ကြပြီး အပြင်ဘက်တောင် တပည့်များကြားတွင် လူသိများပေသည်။ သူမ၏ ကြည့်ကောင်းအောင် လှပမှုကြောင့် သူမအား မြတ်နိုးသူ အများအပြား ရှိပေသည်။
ယောက်ျားလေးမှာ ရွှေရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်ကို နောက်ကျောတွင် ဖြန့်ထားသည်။ သူ၏ မျက်နှာမှာ ကျက်သရေရှိသော အရှိန်အဝါများ ထွက်ပေါ်နေပေသည်။
သူ့ကို ကျောင်းခွန်းဟု သိကြပေသည်။
သူတို့နှစ်ယောက်လုံးက ကြီးမြတ်သော အပြင်ဘက်တောင်တပည့် ဆယ်ယောက်စာရင်းတွင် ပါဝင်ကြသူများ ဖြစ်ပြီး အခြားတိုက်ကြီးမှ လာသူများထဲတွင် ရှန်ဇူတပည့်များနှင့် ယှဉ်နိုင်သော သူများလည်း ဖြစ်သည်။
စုန့်ဝမ်ရှီမှာ နှုတ်ဆိတ်နေသော်လည်း သူမက ဇူယွမ်ကို ခိုးခိုးကြည့်ပြီး အကဲခတ်နေပေသည်။
ကျောင်းခွန်းကတော့ ဖုံးကွယ်မနေပဲ ဇူယွမ်ကို စူးစူးရဲရဲ ကြည့်ကာ ခြေဆုံးခေါင်းဆုံး အကဲခတ်နေသည်။
စုန့်ဝမ်ရှီက သိမ်မွေ့နူးညံ့သော အသံဖြင့် မေးမြန်းလိုက်သည် “မောင်ငယ်လေး ဇူယွမ်က ကျွန်မတို့ကို ဘာကြောင့် ချောင်းရှိုးကနေ တစ်ဆင့် ဒီမှာ လာစုဝေးခိုင်းတာလဲ မေးလို့ရမလား”
အခြားသော တပည့်များကလည်း လှမ်းကြည့်လိုက်ကြသည်။
လွန်ခဲ့သော နှစ်လက ဆိုပါက ဇူယွမ်၏ ဖိတ်ခေါ်မှုကို မည်သူမှ အကြောင်းပင် ပြန်မည် မဟုတ်ပေ။ သို့သော်လည်း ယခု ဇူယွမ်၏ အနေအထားမှာ မြင့်တက်လာပြီ ဖြစ်သဖြင့် မည်သူမှ သူ့ကို လျှော့မတွက်ရဲပေ။ ထို့ကြောင့် ချောင်းရှိုး၏ စကားကို နားထောင်ပြီး လေးစားသမှုနှင့် လာရောက်ကြခြင်း ဖြစ်သည်။
ဇူယွမ်၏ အမူအရာမှာ တည်ငြိမ်နေပြီး သူ့ရှေ့တွင် ရှိနေသူများကို ကြည့်လိုက်သည်။ ထိုနောက် သူက ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ပဲ ပြောလိုက်သည် “လူတိုင်းက လုဖန်း တောင်ထွတ်ရွေးချယ်မှု အခမ်းအနားရဲ့ ပထမဆယ်နေရာကို ခွဲဝေရတဲ့ ရည်ရွယ်ချက်ကို ကြားပြီးပြီ ထင်ပါတယ်”
လူတိုင်းက ထိုစကားကြားချိန်မှာ ချက်ချင်းမျက်မှောင် ကြုတ်သွားကြသည်။
ကျောင်းခွန်းက အေးစက်စက် ရယ်လိုက်ပြီး “သည်ကိစ္စက ညီတော် ဇူယွမ်နဲ့တောင် ပတ်သက်နေသေးတာပဲကို”
“မင်းက ဘာကိုပြောဖို့ ကြိုးစားနေတာလဲ။ အဲဒါက လုဖန်းနဲ့ ငါနဲ့ကြားက ရန်ငြိုးကြောင့် မဟုတ်ဘူး။ မင်းတို့ကို သူ့စကား နားထောင်အောင် တမင်သက်သက် ငါ့ကို လွှဲချလိုက်တာပဲ” ဇူယွမ်၏ မျက်လုံးများက ချက်ချင်းပင် ခက်ထန်သွားပြီး ကျောင်းခွန်ကို စိုက်ကြည့်ကာ အေးစက်စက် ပြောသည်။ “တခြားသူက သက်ညှာပြီးပေးမယ့် စားကြွင်းစားကျန်ကို မျှော်လင့်နေကြတယ် အဲဒါက မင်းတို့ရဲ့ အရည်အချင်းနဲ့ ထိုက်တန်လို့လား”
တခြား တစ်ဖက်တွင်ရှိသော ချောင်းရှိုးနှင့် ရှန့်ဝမ်ကျင်တို့မှာ ထိတ်လန့်သွားခဲ့သည်။ ဇူယွမ်၏ စကားလုံးများက အစောပိုင်း ကတည်းက ထက်ရှနေမည်ဟု မမျှော်လင့်ထားပေ။
အသေအချာပင် တပည့်များမှာ ဒေါသထွက်သွားပြီး ဇူယွမ်ကို ဒေါသထွက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏ မာနတရားများက ဇူယွမ်၏ စကားလုံးများကို လက်သင့်မခံနိုင်ကြပေ။
ကျောင်းခွန်မှာ ဒေါသထွက်သွားပြီး အံကြိတ်ကာ ပြောလိုက်သည် “မင်း ဒီစကားလုံးတွေကို ဘာကြောင့် လုဖန်းကို သွားမပြောတာလဲ”
စုန့်ဝမ်ရှီ၏ လှပသော မျက်နှာလေးမှာ မပျော်မရွှင် ဖြစ်သွားဟန်ဖြင့် “မောင်ငယ်လေး ဇူယွမ်၊ လုဖန်း စွမ်းအားကြီးတာကို နင်လည်း သိသင့်တယ်။ ငါတို့က သူ့စကားကို လိုက်လျောရုံအပြင် ဘာလုပ်နိုင်မှာလဲ”
“ဒီနေရာမှာ ငါတို့ကို အရှက်ခွဲဖို့ သည်လိုမေးလိုက်တာဆိုရင် ငါတို့ ဒီမှာ ဆက်ရှိနေဖို့ မလိုတော့ဘူး”
ဇူယွမ်က မျက်တောင်များမှာ မှေးစင်းသွားပြီး မခံမရပ်နိုင် ဖြစ်နေသည့် လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည် “ကြည့်ရတာ မင်းတို့ဆီမှာ တိုက်ခိုက်လိုစိတ် နည်းနည်းပဲ ရှိတော့တာပဲ။ အဒီလိုဆိုရင်တော့ မင်းတို့ကို ဒီမှာ စုခိုင်းရတာ အလကား ဖြစ်သွားပြီ”
ဇူယွမ်က ခေါင်းခါယမ်းလိုက်ပြီး သူတို့အားလုံးကို ကြည့်ကာ အဓိက အချက်ကိုသာ ပြောလိုက်သည် “ငါ မင်းတို့အားလုံးကို ဒီနေရာမှာ မေးစရာတစ်ခု ရှိတယ်။ ငါလုဖန်းနဲ့ တောင်ထွတ်ရွေးချယ်မှု အခမ်းအနားမှာ ပထမနေရာကိုလုဖို့ ယှဉ်ပြိုင်မယ်”
“မင်းတို့တွေ သည်နေရာ နှစ်နေရာလေးအတွက်နဲ့ ရုန်းကန်တိုက်ခိုက်ဖို့ အစီအစဉ် မရှိဘူးဆိုရင် အဲဒီအချိန်ရောက်တဲ့ အခါကျ ငါ့ရဲ့ ညွှန်ကြားချက်တွေကို နားထောင်ဖို့လိုတယ်”
ချောင်းရှိုးက သူမျက်နှာသူ ဆုပ်ကိုင်မိလိုက်သည်။ ဇူယွမ်၏ စကားလုံးများက တကယ်ကို တဲ့တိုးဆန်လှသည်။ သူတွင် သင့်တင့်လျောက်ပတ်စွာ ပြောဆိုပြီး ကြိုးစားရန် အစီအစဉ်မရှိပုံ ရသည်။
တပည့်များက အချင်းချင်း ကြည့်လိုက်ကြပြီးနောက် လှောင်ပြောင် ပြောဆိုသံများ တီးတိုး ထွက်ပေါ်လာခဲ့သည်။
“ဘယ်လောက်တောင် အရှက်မရှိ ကြွားဝါနေတာလဲ။ မူလစဦးပထမအဆင့် တစ်ယောက်က လုဖန်းနဲ့ ပထမနေရာအတွက် ယှဉ်ပြိုင်မယ်တဲ့လား” ကျောင်းဖန်က အရင်ဆုံး ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ “ကျူးယွဲ့ကို မူလကျင့်စဉ် ယှဉ်ပြိုင်ပွဲမှာ အနိုင်ရပြီးတာနဲ့ မင်း ဘယ်လောက်တောင် မောက်မာလာတာလဲ”
“နုံအလိုက်တာ။ ငါ့အချိန်တွေ ကုန်နေပြီ ဒါကြောင့် ငါ့ရဲ့အချိန်တွေကို မင်းရဲ့ လှည့်ဖြားမှုတွေထဲမှာ ဆက်မကုန်ဆုံးနိုင်တော့ဘူး”
ကျောင်းခွန်မှာ အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီးနောက် ထွက်သွားရန် ပြင်လိုက်သည်။
စုန့်ဝမ်ရှီက ခေါင်းယမ်းလိုက်သည်။ ဇူယွမ်က မောက်မာလွန်းပေသည်။
ကျောင်းခွန် ထရပ်လိုက်သည်ကို ဇူယွမ်က အမှုမထားဟန်ဖြင့် ကြည့်နေသည်။ အစောပိုင်းကတည်းက သည်မာနကြီးပြီး ခေါင်းမာသော ကောင်တွေအတွက် စကားလုံးများက အသုံးမဝင်မှန်း သူသိပေသည်။ သူတို့ကို လက်ခံလာအောင် စည်းရုံးရန်မှာ သူတို့ ကျေနပ်သွားအောင် ရိုက်ပေးဖို့ လိုအပ်ပေသည်။
ထို့ကြောင့် သူက ရုတ်တရက် ပြောလိုက်သည် “ငါ့ရဲ့ ရိုက်ချက်တစ်ချက်ကို ခံနိုင်ရင် သည်နေရာ သည်အချိန်မှာ ငါမင်းတို့ကို တောင်းပန်မယ်”
“မောက်မာလိုက်တာ” ကျောင်းခွန်၏ မျက်လုံးအစုံမှာ ပြူကျယ်သွားပြီး ဒေါသတကြီး ရယ်မောလိုက်သည်။
ဝုန်း…
သို့သော်လည်း ဇူယွမ်က စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် လက်ဟန်တစ်ခု ဖော်ထုတ်လိုက်ပြီး သူ၏ လက်ဖဝါးက ရုတ်တရက် အရှေ့သို့ တိုးဝင်သွားသည်။
ရုန့်ရင်းသော မူလချီများ ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်အလင်းများက ဟိန်းသံသဲ့သဲ့နှင့်အတူ ဇူယွမ်၏ လက်ဝါးအတွင်းသို့ စီးဆင်းသွားသည်။ ထိုရွှေရောင် အလင်းလှိုင်းများက တလိပ်လိပ် ထိုးထွက်လာကာ နဂါးကြေးခွံများ ဖုံးအုပ်ထားသည့် ကြီးမားသော ပုတ်သင်တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပြီး နဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။
အလွန့်အမင်း ရုန့်ရင်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
ထိုလက်ဝါးရိုက်ချက်မှာ နဂါးကိုးကောင် နိယာမကို နှိုးထစေကာ ရိုက်ထုတ်လိုက်ခြင်း ဖြစ်သည်။
မူလချီများမှ မှုန်ဝါးဝါး ဖြစ်ပေါ်နေသည့် ကြီးမားသော ပုတ်သင်ကြီး ပုံသဏ္ဌာန်မှာ သူအသုံးပြုထားသော နဂါးအမျိုးအစား မူလသားရဲ သွေးအဆီအနှစ်ကြောင့် ဖြစ်သည်။ သို့သော်လည်း ထိုအရာက ပြတ်သားထင်ရှားသော ပုံသဏ္ဌာန် မပေါ်ရသေးခြင်းမှ သူ့အနေဖြင့် အပြည့်အဝ မသန့်စင် ရသေးသောကြောင့် ဖြစ်သည်။
သို့သော်ငြားလည်းပဲ ရိုက်ချက်က လွန်စွာစွမ်းအား ပြည့်ဝပေသည်။ မြေပြင်ကိုပင် နှစ်ခြမ်းကွဲ သွားစေသည်။
ကြမ်းတမ်းသော အရှိန်အဝါများက ကျောင်းခွန်ဆီသို့ ရိုက်ခတ်လာချိန်တွင် သူ၏ အမူအရာမှာ စိုးရိမ်နေသည့်ဟန်သို့ ပြောင်းလဲသွားသည်။ ထိုအရာက အဆင့်လေး အမြင့်ဆုံးအဆင့် မူလသားရဲတစ်ကောင်က သူ့အား မြေကြီးထဲသို့ နင်းခြေရန် ပြေးလာနေသလိုပင်။
သူက အချိန်ထပ်မဆွဲရဲတော့ပဲ မာန်သွင်းသံနှင့်အတူ မူလချီများက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး မူလစဦး တတိယအဆင့် တစ်ယောက်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။
ဘုန်း…
သူ၏ ခြေထောက်များက မြေကြီးအတွင်းသို့ အက်ကြောင်းများနှင့် အတူ နှစ်မြှုပ်သွားပြီ အရှေ့သို့ အားယူကာ တိုးဝင် လိုက်ကာ မူလချီများမှ ဖြစ်တည်လာသည့် ကြီးမားသော ပုတ်သင်ကြီးနှင့် အပြင်းအထန် ဝင်တိုက်လိုက်သည်။
ပြင်းထန်သော လေအဟုန်က ပတ်ဝန်းကျင်ကို ဖျက်ဆီးသွားပြီး မြေပြင်များပင် အက်ကွဲ သွားတော့သည်။
ဒုန်း…
လူတိုင်း၏ အံ့ဩတုန်လှုပ်နေသော အကြည့်များအောက်တွင် ကျောင်းခွန်က ကြီးမားသော ပုတ်သင်ကြီးနှင့် ရင်ဆိုင်မိပြီး လွင့်စဉ်သွားခဲ့သည်။ ထို့နောက် သူက လေးလံသော သတ္တဝါတစ်ကောင်၏ နင်းခြေခံလိုက်ရကဲ့သို့ တောင်နံရံတစ်ခုတွင် နစ်ဝင်သွားပြီး တောင်နံရံတွင်ပင် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
စမ်းချောင်းလေးနံဘေးရှိ ဧရိယာ တစ်ခွင်လုံး လုံးဝကို တိတ်ဆိတ်သွားသည်။
ဇူယွမ်က တည်ငြိမ်စွာပဲ ရှိနေသေးသည်။ သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်ပြီးနောက် ကြီးမားသော မူလချီ ပုတ်သင်ကြီးက သူ၏ လက်ထဲသို့ ဝင်ရောက်သွားသည်။
ဝေါ့…
ကျောင်းခွန်က တောင်နံရံမှ ပြုတ်ကျလာပြီးနောက် မြေပြင်နှင့် ပြင်းထန်စွာ ရိုက်မိပြီး ပါးစပ်အပြည့် သွေးတစ်လုတ် အန်လိုက်သည်။ သူက ခေါင်းမော့ကာ သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့တုန်လှုပ်မှု အပြည့်နှင့် ဇူယွမ်ကို ကြည့်လိုက်သည်။ သူကဲ့သို့ မူလစဦး တတိယ အဆင့်နှင့်တောင်မှ ဇူယွမ်၏ ရိုက်ချက်တစ်ချက်ပင် မခံနိုင်သည်ကို စိတ်ပင် မကူးကြည့်ဖူးချေ။
သူ၏ အနီရောင်နှုတ်ခမ်းမှာ ဟလျက်ရှပြီး သူ၏ ရင်အစုံမှာ လေးလံသွားပြီး ဇူယွမ်ကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။
“ဘယ်သူ ထွက်သွားချင်သေးလဲ” ဇူယွမ်၏ အသံက တည်ငြိမ်နေသော နေရာတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
တိတ်ဆိတ်နေသည်။ လူတိုင်းက တိတ်ဆိတ်နေပြီး မည်သည့်အသံမှ မပြုရဲကြပေ။ ကျောင်းခွန်မှာ ကြီးမြတ်သော အပြင်ဘက်တောင် တပည့်ဆယ်ယောက်တွင် သတ္တမနေရာ၌ တည်ရှိပေသည်။ သို့သော်လည်း ထိုသို့သော သူတောင်မှ တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရပေသည်။ သည်စွမ်းဆောင်မှု တစ်ခုကို လုပ်ဆောင်နိုင်ခြင်းက မည်မျှပင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားရှိသူနည်း…
သူတို့အားလုံး ဇူယွမ် ဤမျှသန်မာသည်ကို မယုံကြည်နိုင်ကြပေ။ သူတို့ထက် အနည်းငယ်သာ သာလွန်မည်ဟု ထင်ခဲ့ကြသည်။ ယခုတွင်တော့ သူတို့၏ အမြင်များ မှားယွင်းနေခဲ့ကြောင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။
“အခု မင်းတို့အားလုံး နားထောင်လို့ရပြီလား” ဇူယွမ်က သူတို့အားလုံးကို ကြည့်လိုက်သည်။
လူတိုင်းက ကသိကအောက် ဖြစ်စွာဖြင့် သူတို့၏ ခေါင်းများကို ငုံ့ထားလိုက်ကြသည်။
စုန့်ဝမ်ကျင်၏ နှုတ်ခမ်း အနီရောင်လေးက လှုပ်ရှားသွားပြီး တောင်ပန်သည့် ဟန်ဖြင့်ပြောသည် “ငါတို့ အစောပိုင်းက အမှန်ကို မမြင်နိုင်ခဲ့ဘူး။ မောင်ငယ်လေး ဇူယွမ်က ငါတို့ကို အရမ်းကြီး အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်”
ကျောင်းခွန်က သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် ပေကျန်နေသည့် သွေးများကို သုတ်လိုက်သည်။ သူက ဖြောင့်မတ်မှန်ကန်သော လူတစ်ယောက်ဖြစ်သည်။ ဒါကြောင့် သူက ဇူယွမ်ထံတွင် လုံးလုံးရှုံးနိမ့်ခဲ့သော်လည်း ထွက်သွားခြင်းမရှိပဲ မူလက နေရာသို့ ပြန်လာပြီး ထိုင်လိုက်သည် “မင်းက တော်တာပဲ။ ငါအစောပိုင်းတုန်းက ကန်းနေခဲ့တယ်။ အခုတော့ မင်းငါတို့ကို ဦးဆောင်ပြီး ဘာလုပ်မလဲဆိုတာ သိပါရစေ”
ဇူယွမ်က သူ၏ သန်မာမှုကို ပြသပြီး ဖြစ်သဖြင့် သူတို့၏ စိတ်ထဲတွင် သူ၏ အနေအထားမှာ မြင့်တက်သွားပြီး ဖြစ်သည်။ ဇူယွမ်တွင် လုဖန်းနှင့် ယှဉ်ပြိုင်နိုင်ရန် စွမ်းအား ရှိနိုင်ပေလိမ့်မည်…
ချောင်းရှိုးက တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။ သည်ကောင်တွေ အားလုံးက သနားဖို့ကောင်းသည့် မျိုးမစစ်များပင်။ စကားပြောနေတုန်းက နားထောင်ရန် ငြင်းဆန်နေခဲ့ပြီး ရိုက်နှက်ခံရပြီးမှသာ အညံ့ခံကြပေသည်။
ဇူယွမ်က ကျောင်းခွန်ကို လှမ်းကြည့်ကာ ပြောလိုက်သည် “ပထမဆုံး ငါတို့အတွက်ပေးတဲ့ ပထမဆယ်နေရာထဲက နှစ်နေရာပဲပေးတာကို လက်မခံနိုင်ကြောင်း ပြရမယ်”
လူတိုင်း၏ အကြည့်က မပြောင်းလဲပေ။ တကယ်တော့ သူတို့လည်း ထိုအရာကို လက်မခံနိုင်ပေ သို့သော်လည်း…
“လုဖန်းကို ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ငါတို့ ကန့်ကွက်ချင်တာရှိရင် သူ့ဆီကို လာခဲ့လို့ ပြောထားတယ်” တစ်ယောက်ကမေးသည်။
ဇူယွမ်က ဂရုမထားဟန်ဖြင့် “သူ့ကိုယ်သူ ဘာကောင် ထင်နေတာလဲ”
“ပထမဆယ်နေရာထဲက ငါတို့ ခြောက်နေရာယူမယ် ရှန်ဇူတပည့်တွေက လေးနေရာကို ယူနိုင်တယ်လို့ သတင်းဖြန့်လိုက်…”
အေးစက်သော ချွေးများက ကျောင်ခွန်တို့ လူစု၏ ခေါင်းများမှ ကျဆင်းလာခဲ့သည် စုန့်ဝမ်ကျင်၏ နှုတ်ခမ်းများပင် ဆွံ့အနေပြီးနောက် သူမက အားတင်းပြီး ပြုံးလိုက်ကာ “လုဖန်း သဘောမတူမှာ ငါစိုးရိမ်မိတယ်”
ဇူယွမ်က ပေါ့ပေါ့တန်တန်ပင် ပြောလိုက်သည် “သူတို့ သဘောမတူလဲ။ ငါတို့ရဲ့ ကျွမ်းကျင်မှုတွေ စွမ်းအားတွေကို တောင်ထွတ်ရွေးချယ်မှု အခမ်းအနားမှာ ပြသရမှာပေါ့”
တစ်ယောက်က အားနည်းစွာ ပြောသည် “အရည်အချင်းကို သေချာကြည့်ရင် ရှန်ဇူက တပည့်တွေက ငါတို့ထက် နည်းနည်း ပိုသန်မာတယ်။ ဒါကြောင့် ငါတို့ သူတို့ကို မယှဉ်နိုင်မှာ စိုးရိမ်မိတယ်”
ဇူယွမ်က အုပ်စု တစ်ခုလုံးကို ကြည့်လိုက်ပြီး “ဒီတစ်လအတွင်းမှာ မင်းတို့ရဲ့ မူလကျင့်စဉ်တွေကို ငါ လမ်းညွှန်ပေးမယ်။ ဒါက ကြီးကြီးမားမား ခုန်ပျံမတိုးတက်စေနိုင်ပေမဲ့ အဲဒါက မင်းတို့ အခုရောက်နေတဲ့ အခြေအနေတွေထက် သာလွန်မှာတော့ အမှန်ပဲ”
စုန့်ဝမ်ရှီ၊ ကျောင်းခွန်တို့ လူစု၏ မျက်လုံးများမှာ တောက်ပလာခဲ့သည်။ ဇူယွမ်အနေဖြင့် မူလချီလေ့ကျင့်ခြင်းတွင် ပါရမီပါမှန်း သူတို့အားလုံး သိပေသည်။ သူ၏ လမ်းညွှန်မှုနှင့်သာ ဆိုလျှင် သူတို့အားလုံး၏ သန်မာမှုများမှာ နောက်တစ်ဆင့်သို့ပင် မြင့်တက် သွားနိုင်ပေသည်။
“အပြန်အလှန်အနေနဲ့ မင်းတို့အားလုံး တောင်ထွတ်ရွေးချယ်မှု အခမ်းအနား အတွင်းမှာ ငါ့ရဲ့ ဆုံးဖြတ်ချက် ကို လိုက်နာရလိမ့်မယ်”
“ကန့်ကွက်စရာရှိလား” ဇူယွမ်က ဖြည်းညင်းစွာ ပြောလိုက်သည်။
သည်တစ်ကြိမ်တွင် လူတိုင်း၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ခေါင်းညိတ် လိုက်ကြသည်။
အနောက်ဘက်တွင်ရှိသော ချောင်းရှိုးနှင့် ရှန့်ဝမ်ကျင်တို့က ထိုမြင်ကွင်းကို သဘောကျစွာ ကြည့်ရင်း စိတ်အတွင်းမှ ကျိတ်၍ သက်ပြင်း ချလိုက်ကြသည်။ ဇူယွမ် ရွေ့သွားသော အကွက်မှာ လွန်စွာ လှပပေသည်။ အစောပိုင်းတွင် မိုးကြိုးသွားတစ်ခုလို တိုက်ခိုက်ပြီးနောက် အားလုံးကို ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် လိုရာကို ခေါ်ဆောင်သွားသောကြောင့် ပုံမှန်အားဖြင့် မာနကြီးသော လက်ရွေးစဉ် တပည့်များမှာ သူ့လက်အောက်သို့ကျိုးနွံစွာ ဝင်ရောက်လာခဲ့သည်…
ဇူယွမ်၏ ရုတ်တရက် ပြောင်းလဲသွားမှုက လုဖန်းတို့ ရှန်ဇူတပည့်လူစုကို တစ်ယောက်တည်း ယှဉ်ပြိုင်စရာ မလိုတော့ပေ…
ချောင်းရှိုးက သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် တောက်လောင်လျက် ရှိသည်။
ရုတ်တရက် သည်ကိစ္စ ဖြစ်ပေါ်လာမှုကြောင့် နောက်တစ်လတွင် ကျင်းပမည့် တောင်ထွတ်ရွေးချယ်မှု အခမ်းအနားမှာ စိတ်လှုပ်ရှား ရင်ခုန်ရသော ပွဲတော်တစ်ခု ဖြစ်သွားပေလိမ့်မည်။