← Chapters

တကယ့်မဟုတ်တရုတ်! ပြဿနာက ဒီမှာ!

Vol. 23 Ch. 331

တကယ့်မဟုတ်တရုတ်! ပြဿနာက ဒီမှာ!

Vol. 23 Ch. 331

''ဒါ... ဒါ ရူးတာပဲ!'' ဆရာလင်းက သစ်ပင်မှထွက်လာသောအသံကိုနားထောင်ရင်း လန့်သွားသည်။

အခုသူဖြစ်နေတဲ့ခံစားချက်ကို ဘယ်သူနားလည်ပါ့မလဲ?

အစက ဆောက်လုပ်ရေးလုပ်သားတွေ အပင်ဖြစ်မြန်တာကိုအာရုံမစိုက်မိအောင် လှည့်စားဖို့သက်သက်လျှောက်ကြွားခဲ့ခြင်းသာ။

ရုတ်တရက်ကြီးဒီလိုဖြစ်လာမယ်လို့ဘယ်သိမှာလဲ?

ဒီအပင်က တကယ်ဒီလိုအသံထွက်နိုင်လား?

ဒါဆိုရင် သူကလေးတုန်းက သူ့အဖေနဲ့အဘိုးဒီမှာအကြာကြီးပုန်းနေခဲ့တာ ဘာလို့မကြားဖူးရတာလဲ?

ဆရာလင်းက ထိုမြင်ကွင်းကြောင့် သူ့ဖုန်းကိုချက်ချင်းထုတ်ပြီး ချင်လင်ကိုဖုန်းဆက်လိုက်သည်။

အရင်ဆုံး သူ့သူဌေးကိုအသိပေးထားသင့်သည်။ ဒါကိုဘယ်လိုရှင်းပြရမယ်ဆိုတာ သူတကယ်မသိ။

သို့သော် အလုပ်သမားများက အံ့အားသင့်နေသောပုံစံများနှင့် ဂင်ဂိုပင်နှစ်ပင်ကိုပတ်လည်ဝိုင်းနေကြပြီ။

''ဒီအပင်က တကယ်အသံထွက်တယ်... သစ်ရွက်နဲ့လေချွန်နေသလိုပဲ''

''ဒါပေမဲ့ အရမ်းစည်းချက်ကျတယ်... ပြီးတော့ အရမ်းကောင်းတယ်''

''ဟုတ်တယ်... နားထောင်ကောင်းရုံတင်မကဘူး... ကြားလိုက်တော့ စိတ်ထဲမသက်သာသွားဘူးလား?''

''အင်း... ပြောမပြတတ်အောင် သက်သာသွားတယ်... ဒီနှစ် ၅၀၀ သက်တမ်းရှိတဲ့အပင်မှာ ဝိဉာဉ်တကယ်ရှိတာတော့ မဟုတ်ပါဘူးနော်?''

အလုပ်သမားတွေကပြောရင်း ရုတ်တရက်ဂင်ဂိုပင်နှစ်ပင်ကို ထူးထူးခြားခြားအံ့ဩစွာကြည့်လိုက်သည်။





သံသာပင်၏အရည်အသွေးအစွမ်းပြနေခြင်းပင်။

ထို့နောက် အပင်မှထွက်နေသောအသံရပ်သွားသည်။

''အသံမကြားရတော့ဘူး''

''ရပ်သွားပြီ''

''ထပ်ကြားရပြန်ပြီ... လေတိုးသံလိုပဲ''

…

ရုံးခန်းထဲ၌_

ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကိုကမ်းခြေသွားစေပြီး ကမ်းခြေဇာတ်ကွက်ရှိမရှိကြည့်စေလိုက်သည်။

စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပုံစံအမျိုးမျိုးထဲ၌ ပင်လယ်ကမ်းခြေဇာတ်ကွက်တချို့ရှိသော်လည်း တချို့သာဖြစ်သည်။

အထူးသဖြင့် ပင်လယ်နားတွင် သတ္တုကန်ရှိကတည်းကဖြစ်သည်။

သတ္တုကန်မှာ နွေဦးသတ္တုတွင်းကဲ့သို့ပင် ပစ္စည်းကောင်းများတူးဖော်ရနိုင်သည်။ အွန်လိုင်းဖိုရမ်၏ပုံစံအသစ်ကိုကြည့်လျှင် သတ္တုကန်တွင် ပင်လယ်နှင့်ဆက်စပ်သောပစ္စည်းအများအပြားရှိနိုင်သည်။

ဖြစ်ချင်တော့ လေးငါးကြိမ်တူးကြည့်ပြီးနောက် ဘာဇာတ်ကွက်မှမတွေ့။

ချင်လင်သက်ပြင်းချလိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံပြန်ခိုင်းမည်အပြု ဆရာလင်းဆီမှဖုန်းဝင်လာ၏။

ဖုန်းဝင်ဝင်ချင်း ဆရာလင်းအသံကိုကြားရသည်_ ''သူ..သူဌေး... ဂင်ဂိုပင်တွေဆီမြန်မြန်လာပါဦး''

ဆရာလင်းအသံမှာ နည်းနည်းစိုးရိမ်ထိတ်လန့်နေ၏။

ချင်လင်ကချက်ချင်းတစ်ခုခုတွေးမိပြီး ရုံးခန်းထဲမှထွက်လာသည်။

အရင်သူရခဲ့တဲ့သံသာပင်ကို ဂင်ဂိုပင်မှာသုံးထားပြီဖြစ်သော်လည်း သူ့အရည်အသွေးမပေါ်ခဲ့။

အခု သံသာပင်အရည်အသွေးပေါ်လာပြီး ဆရာလင်းသိသွားခြင်းဖြစ်မည်။

ချင်လင်ကချက်ချင်း ဂင်ဂိုပင်နှစ်ပင်ဆီသွားလိုက်သည်။

သစ်ပင်အောက်တွင် အလုပ်သမားများက အံ့ဩစွာနှင့်ပြောနေကြဆဲ။

''သံစဉ်သုံးမျိုးကြားဖူးပြီ''

''အသံက သီချင်းတစ်ပိုဒ်နဲ့ဆက်စက်မယ်ထင်လား?''





''ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? လေက ဟိုကတိုးလိုက် ဒီကတိုးလိုက်ကြောင့်ဖြစ်မယ် ဟုတ်တယ်မလား? အင်း.. ငါလည်းမှန်းကြည့်တာပေါ့... သေချာနားမလည်ဘူးလေ''

“…”

ချင်လင်ဝင်လာသောအခါ ဆရာလင်းက သူမသိဘူးဟူ၍တွေးတောနေသည်။ သူကချက်ချင်းရှေ့တိုးသွားပြီး_ ''သူဌေး... သစ်ပင်အောက်သွားပြီး နားထောင်ကြည့်ပါဦး... အဲဒီဂင်ဂိုပင်နှစ်ပင်က အရမ်းကောင်းတဲ့အသံထွက်လာလိမ့်မယ်... မလန့်သွားနဲ့နော်!''

ချင်လင်က ဘယ်လိုလုပ်လန့်မှာလဲ? ဒါလုံးဝသူမျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတာလေ။

သို့သော် သံသာပင်ကဘယ်လိုမျိုးလဲ? သူလည်းအရမ်းသိချင်နေသည်။

သစ်ပင်ဆီရောက်သောအခါ သစ်ပင်မှအသံထွက်မလာ။ သံသာပင်အစွမ်းပြဖို့လိုအပ်ချက်ရှိကြောင်း သူသိသည်။ နှစ် ၅၀၀ ကျော်သက်တမ်းရှိတဲ့အပင်ဖြစ်ပြီး သစ်ရွက်တွေကိုလေတိုးရမည်။

ခဏအကြာ လေတိုက်လာ၏။

သစ်ရွက်တွေယိမ်းလာသည်။

သာယာသောအသံတစ်ခုက သူ့နားထဲဝင်လာ၏။ တစ်ယောက်ယောက်က သစ်ရွက်လေးနှင့်လေချွန်ပြနေသလိုပင်။ အလွန်ကျွမ်းကျင်သောသူ၏တိတိပပသာယာသောအသံနှင့်တူသည်။

နောက်ပြီး တစ်ယောက်တည်းအသံမဟုတ်။ လူတွေအများကြီးက တပြိုင်တည်းညီညီညာညာနှင့် အလွန်စည်းချက်ကျကျမှုတ်နေသလားမှတ်ရသည်။

အဓိကအကျဆုံးက ထိုအသံကြားသောအခါ အင်မတန်စိတ်တည်ငြိမ်သွားပြီး သက်သောင့်သက်သာဖြစ်သွားခြင်းပင်။

ထိုခံစားချက်က အလွန်အံ့ဩဖို့ကောင်းသည်။

ဒါစနစ်ရဲ့အရည်အသွေးတက်လာခြင်းကြောင့်မှန်း သူသိသည်။

သံသာပင်တွင် သာယာခြင်း +၂၊ စိတ်အေးချမ်းခြင်း +၂၊ စိတ်နှင့်ခန္ဓာသက်သာစေခြင်း +၂၊ စိတ်ဖိအားလျော့စေခြင်း +၂ အရည်အသွေးများရှိသည်။

''သူဌေးချင်... ခင်ဗျားစံအိမ်ရဲ့အလှစိုက်ဂင်ဂိုကလည်း နာမည်ကြီးတော့မှာ'' ဆောက်လုပ်ရေးတာဝန်ခံပုဂ္ဂိုလ်က ချင်လင်ကိုမြင်လျှင် ယဉ်ယဉ်ကျေးကျေးပြောလိုက်သည်။

ချင်လင်က ဘာဖြစ်နေမှန်းသိသော်လည်း စိတ်ရှုပ်သလိုဟန်ဆောင်လိုက်ကာ_ ''ဘာတွေဖြစ်နေတာလဲ?''

ဆောက်လုပ်ရေးကလူက ဘယ်သိမှာလဲ? သူက_ ''ဆရာလင်းကိုမေးရမှာပဲ... သူကပြောတယ်... ဒီအပင်မှာ ဝိဉာဉ်ရှိတယ်တဲ့... သူငယ်ငယ်တုန်းက သူ့အဘိုးနဲ့ဒီကိုထွက်ပြေးခဲ့တာတဲ့... သူတို့ကိုလိုက်နေတဲ့လူဆိုးတွေကို ဒီသစ်ပင်က ဒီလိုအသံမျိုးထုတ်ပြီး သူတို့မိသားစုကိုကယ်ခဲ့တာတဲ့... ဒီသစ်ပင်မှာ တကယ်ဝိဉာဉ်ရှိပုံပဲ''

ဆောက်လုပ်ရေးမန်နေဂျာက ပြောပြောဆိုဆို ကြည်ညိုသလိုလိုဖြစ်လာပြီး ဂင်ဂိုပင်နှစ်ပင်ကိုမော့ကြည့်လိုက်သည်။

''အာ!'' ချင်လင်က ဆရာလင်းကိုအံ့ဩတကြီးကြည့်လိုက်ကာ_ ''ဆရာလင်း... သူပြောတာအမှန်ပဲလား?''

''သူဌေး... ဒါ... ကျုပ်...'' ထိုစကားကြောင့် ဆရာလင်းစိတ်ထွေသွားသည်။ ခဏအကြာ သူကအထစ်ထစ်အငေါ့ငေါ့နှင့်_ ''သူဌေး... တကယ်တော့...''

ချင်လင်က ဆရာလင်းကိုဖြတ်ပြောလိုက်၏_ ''ဆရာလင်း... ဘာလို့ဒီအကြောင်းကို စောစောစီးစီးကမပြောတာလဲ?''

သည်လိုနှင့် သူကဆောက်လုပ်ရေးတာဝန်ခံအား_ ''နောက်ထပ်ကျောက်တိုင်ကြီးတစ်တိုင်နဲ့ ဆရာလင်းရဲ့ဇာတ်လမ်းကိုကမ္ဗည်းထိုးပေးပါဦး... ဒီအကြောင်း အားလုံးသိစေရမယ်''

ချင်လင်က အူလှိုက်သည်းလှိုက်ရယ်ချင်နေသည်။ ဆရာလင်းက တကယ်သူပဲခံယူသွားတယ်လေ။

''...'' ဆရာလင်းမှာ ချွေးစေးပြန်နေပြီ။ သူလျှောက်လျှောက်မပြောသင့်ကြောင်း နက်နက်နဲနဲသဘောပေါက်သွား၏။ မဟုတ်ရင် ဘဝက သူ့ကိုအံ့ဩစရာအကြီးကြီးပေးတတ်သည်။

ဆောက်လုပ်ရေးတာဝန်ခံပုဂ္ဂိုလ်က ချင်လင်၏စကားကိုကြားလျှင် ခေါင်းညိမ့်လိုက်ကာ_ ''သူဌေးချင် မပူပါနဲ့... ဆရာလင်းရဲ့ဇာတ်လမ်းကိုကမ္ဗည်းထိုးပြီး အရင်ကျောက်စာရဲ့ဘေးမှာစိုက်ထားဖို့ စီစဉ်ခိုင်းလိုက်ပါမယ်... ဒီလိုဇာတ်လမ်းမျိုးကို လူတွေပိုသိသင့်တယ်''

All Chapters