တကယ့်မဟုတ်တရုတ်! ပြဿနာက ဒီမှာ! ၂
Vol. 23 Ch. 332
“…” ဆရာလင်း။
ချင်လင်ကပြုံးပြီး_ ''အမှန်ပဲ... ဒီခြံဝင်းဆောက်ပြီးသွားလို့ဖွင့်ရင် ခရီးသည်တွေအများကြီးက ဒီသစ်ပင်ရဲ့ဇာတ်လမ်းကိုသိသွားလိမ့်မယ်''
“…” ဆရာလင်း။
ဆောက်လုပ်ရေးတာဝန်ခံပုဂ္ဂိုလ်ကလည်း အပြုံးနှင့်_ ''ဒါဆိုရင် သေချာပေါက် ဆရာလင်းနာမည်ကြီးပြီပေါ့''
“…” ဆရာလင်း။
ဆရာလင်း၏အပြစ်ကင်းသောပုံစံကို ချင်လင်သတိထားမိသည်။ ဘာဖြစ်နေမှန်း သူအကြမ်းဖျင်းနားလည်သည်။ ဒါလုံးဝကိစ္စမရှိ။ ဆရာလင်းက ဒီလိုပဲပြောလိုက်တာဖြစ်မည်။ ကိစ္စတွေက ဒီလောက်တိုက်ဆိုင်မယ်လို့ ဘယ်ထင်မှာလဲ?
ဒါပေမဲ့ သူထုတ်ပြောမှာတော့မဟုတ်ဘူးပေါ့။ သူကကျောက်စာတိုင်ကြီးဆီလျှောက်သွားပြီး ကြည့်လိုက်သည်။ ထိုအပေါ်တွင် ဆရာလင်းနှင့်ဒီဂင်ဂိုပင်ဆက်စပ်မှုအကြောင်း၊ ဆရာလင်းက သစ်ပင်ကိုဘယ်လိုကယ်ခဲ့ကြောင်း စာထွင်းထား၏။
သို့သော် ကျောက်စာတိုင်ကိုကြည့်ရင်း တစ်ခုခုမှားနေမှန်း ချင်လင်ချက်ချင်းသိသည်။
ကျောက်စာပေါ်ရေးထားတဲ့သစ်ပင်ကယ်နည်းက နွားချေး၊ မြေဩဇာနဲ့ စံအိမ်အနောက်ဘက်ခြံဝင်းထဲကမြေကြီးတဲ့။
''???'' ချင်လင်က ဆရာလင်းကိုအံ့အံ့ဩဩကြည့်လိုက်ပြီး_ ''ဆရာလင်း... ကျွန်တော့်ကိုပြတုန်းက အနောက်ဘက်ခြံဝင်းထဲကမြေကြီးလို့မရေးထားဘူးမလား?''
ဘာတွေဖြစ်နေတာလဲ? ဆရာလင်းက ရုတ်တရက်ကြီး ခံယူထားတယ်။ ဘာလို့ဒီအထူးမြေကြီးက လျှပ်တပြတ်အတွင်းပါလာရတာလဲ?


ဆရာလင်းက ကိုးယိုးကားယားနှင့်_ ''သူဌေး မှားနေပြီ... ဒီမြေကြီးကိုသုံးတယ်လို့ ကျုပ်သေချာရေးထားပါတယ်... လူကြီးမင်းလီရဲ့စမ်းသပ်ချက်မှာ ဒီမြေကြီးထဲအထူးဓာတ်ပစ္စည်းတွေပါတယ်မလား? ဒါကြောင့်ဖြစ်မယ်''
ဒါနောက်မှ သူထပ်ထည့်ထားတာပဲပေါ့။
''...'' ချင်လင်ကရုတ်တရက် စိတ်ထဲမှအသံတိတ်ဆဲလိုက်သည်။
ဆရာလင်းမဟုတ်တရုတ်တွေပြောနေမှန်း သူသိသည်။ အဲဒီတုန်းက လယ်ကွက်ထဲကို အထူးမြေကြီးမထည့်ရသေး။
သို့သော် ဆရာလင်းကို သူဖော်ကောင်မလုပ်နိုင်။
သောက်@#~…
စကားရှာမရတော့။
ချင်လင်တွေးနေစဉ် သူ့ဖုန်းမြည်လာပြန်သည်။ လီရှင်းပင်။
လီရှင်းနှင့်သူ့ဦးလေးလီခိုင်က စံအိမ်မူလခန်းမထဲလျှောက်ဝင်လာပြီး ချင်လင်ကိုချက်ချင်းဖုန်းဆက်လိုက်သည်။ သူနှင့်သူ့ဦးလေးက ချင်လင်ကိုကျေးဇူးတင်ဖို့ရောက်လာခြင်းဖြစ်၏။
ဒီတစ်ကြိမ် ချင်လင်၏သက်လုံအားဖြည့်ဝိုင်ကြောင့်သာမဟုတ်ရင် အဘိုးကြီးက သေရေးရှင်ရေးကို အန္တရာယ်ကင်းကင်းကျော်ဖြတ်နိုင်မှာမဟုတ်ပေ။
ဖုန်းကိုင်ကိုင်ချင်း သူက_ ''ချင်လင်... စံအိမ်ဘယ်နားမှာလဲ? မင်းဆီလာခဲ့မယ်''
ချင်လင်က ဘာမှဖုံးကွယ်မထားဘဲ လီရှင်းကိုနေရာပြောလိုက်သည်_ ''ခြံဝင်းထဲကနေလာလိုက်... ဒီဘက်မှာအသစ်ဆောက်ထားတဲ့ခြံဝင်းတစ်ခုရှိတယ်... ကျွန်တော် အဲဒီမှာ''
လီရှင်းကဖုန်းချပြီး လီခိုင်အား_ ''ချင်လင်ကပြောတယ်... ခြံဝင်းထဲမှာ အသစ်ဆောက်ထားတဲ့ခြံဝင်းလေးရှိတယ်တဲ့... သူအဲဒီမှာ''
''သွားကြည့်ရအောင်'' လီခိုင်စိတ်ဝင်စားသွားသည်။ အရင်ကအဲဒီနေရာမှာ ဆောက်လုပ်ရေးအဖွဲ့အလုပ်လုပ်နေသည်ကို သူသတိရသည်။ ညီလေးချင်က လုပ်ငန်းအသစ်စဆောက်နေပြီမှန်း သူသိသည်။
သူတို့နှစ်ဦးက ခြံဝင်းထဲဝင်ပြီး သိပ်မလျှောက်လိုက်ရ။ အသစ်ဆောက်ထားသောခြံဝင်းကိုတွေ့လိုက်ရသည်။
ခြံဝင်းကသေးသေးမဟုတ်။ အလွန်ကြီးသည်။ ခပ်လှမ်းလှမ်းမှကြည့်လျှင် နည်းနည်းလေးထောင့်စပ်စပ်ရှိ၏။
သို့ရာတွင် ခြံဝင်းထဲမှစိမ်းစိမ်းစိုစိုနှင့်ခမ်းနားသောဂင်ဂိုပင်ကြီးနှစ်ပင်ကိုတွေ့လိုက်ရသောအခါ လီရှင်းနှင့်လီခိုင်မှင်သက်သွားသည်။
''ဦးလေး... အရင်က ဒီအပင်နှစ်ပင်ရှိလား?'' လီရှင်းက အံ့ဩပြီးမေးလိုက်၏။
သူဒီစံအိမ်ကိုလာတာ အခေါက်ပေါင်းမနည်းတော့။ အရင်တစ်ခေါက်က ရှန်းရွှေလက်ဆောင်ဆန်နှင့်ဝိုင်လုပ်ရန်အကြာကြီးနေခဲ့သော်လည်း ဒီလောက်မြင့်တဲ့အပင်နှစ်ပင်ကို သတိထားမိပုံမပေါ်။


လီခိုင်လည်း နည်းနည်းအံ့ဩသွားပြီး_ ''ဒီနှစ်ပင်ရှိတယ်... ဒါပေမဲ့ အရင်ကညှိုးခြောက်ပြီးသေတော့မလိုပဲ''
သူစမ်းသပ်ချက်တွေလုပ်တုန်းက ခြံဝင်းထဲမှာအမြဲတမ်းရှိခဲ့သည်။ ဓာတ်သတ္တုတွေ၊ ဖွဲ့စည်းပုံတွေပတ်သက်ပြီးအဖြေရှာရခက်တိုင်း သူလည်းစိတ်ပြေလက်ပျောက်လျှောက်သွားချိန်များရှိခဲ့သည်။
ထို့ကြောင့် ဒီသစ်ပင်ကြီးနှစ်ပင်ရှိမှန်းသိသော်လည်း ဒီသေမလိုဖြစ်နေတဲ့အပင်ကြီးနှစ်ပင်က မျက်စိတစ်မှိတ်အတွင်းမှာ ဘယ်လိုဖြစ်ပြီးဒီလောက်ခမ်းနားလာလဲ သူနားမလည်နိုင်။
သူတို့နှစ်ဦးက ခြံဝင်းထဲလျှောက်ဝင်လာသည်။ ဂင်ဂိုပင်နှစ်ပင်ဆီရောက်သောအခါ တူဝရီးနှစ်ယောက်သား နှစ် ၅၀၀ သက်တမ်းရှိအပင်ကြီးများ၏ခမ်းနားမှုကို ပိုတောင်ခံစားလာမိသည်။
''ညီလေးချင်... ဒီအပင်ကရှင်နေတယ်?'' လီခိုင်က အံ့ဩသံနှင့်မေးလိုက်သည်။ တကယ်တော့ သူမေးချင်တာက ဘာလို့ဒီလောက်မြန်မြန်အပင်ဖြစ်နေတာလဲ? သို့သော် သူမြိုချလိုက်၏။ သူကတွဲဖက်ပါမောက္ခတစ်ယောက်။ ဗဟုသုတနည်းလွန်းရာကျပြီး ဖွလို့မဖြစ်။
ချင်လင်က ပုံချလိုက်သည်_ ''ဟုတ်တယ်... ရှင်နေတယ်... အားလုံး ဒီအပင်ကိုကယ်ခဲ့တဲ့ဆရာလင်းရဲ့ကျေးဇူးကြောင့်ပဲ''
ဆရာလင်းက ချက်ချင်းပင်_ ''လူကြီးမင်းလီ... ကျုပ်အထင် လယ်ကွက်ထဲကမြေကြီးနဲ့ဆက်စပ်နေမလားလို့... ကျုပ်ကမြေကြီးကိုအားဖြည့်ဖို့ နွားချေးနဲ့မြေဩဇာသုံးပြီး သစ်ပင်ပတ်လည်မှာဖို့ခဲ့တာ''
လီရှင်းနှင့်လီခိုင်က အချင်းချင်းကြည့်လိုက်ကြသည်။
သူတို့ဆေးရုံမှာတုန်းက မြေကြီးပြဿနာအကြောင်းဆွေးနွေးခဲ့၏။ မြေကြီး၏အာနိသင်ကိုအရမ်းထက်သွားမှာစိုးမိသည်။ ရှန်းရွှေလက်ဆောင်ဆန်ပြန့်သွားရင် တစ်ယောက်ယောက်က ချင်လင်နှင့်အပေးအယူလာလုပ်ပြီး သူမကိုင်တွယ်နိုင်မှာစိုးရိမ်သည်။
ထိုအချိန်တွင် နောက်ထပ်လေဖြတ်တိုက်သွား၏။
သံသာပင်၏သာယာသောအသံကို ကြားရပြန်သည်။
လေကနည်းနည်းပြင်း၍ အသံမြှင့်လိုက်သလို ပိုကျယ်သွား၏။ နည်းနည်းလည်းပိုကြာသည်။
“???” လီရှင်း။
“???” လီခိုင်။
တူဝရီးနှစ်ယောက်က ထိုအသံကြားသောအခါ မယုံနိုင်ပုံနှင့် ဂင်ဂိုပင်နှစ်ပင်ကိုမော့ကြည့်လိုက်သည်။
ထိုနားဝင်ချိုသောအသံက ပဲ့တင်ထပ်နေ၏။ အလွန်သာယာပြီး စိတ်ရောကိုယ်ပါသက်သောင့်သက်သာဖြစ်စေသည်။
အံ့ဩဖို့ကောင်းသော ခံစားချက်ပင်။
လီရှင်းက မယုံနိုင်စွာနှင့်_ ''ချင်လင်... အသံကဘယ်လိုဖြစ်တာလဲ?''
ချင်လင်က ဆရာလင်းကိုထပ်ပုံချလိုက်သည်_ ''ကျွန်တော်လည်းမသိဘူး... ဒါပေမဲ့ စောစောက ဆရာလင်းပြောတာတော့ နှစ် ၅၀၀ သက်တမ်းရှိတဲ့အပင်က ဝိဉာဉ်ရှိလို့ ဒီလိုအသံထွက်နိုင်တယ်တဲ့... ဆရာလင်းနဲ့သူ့အဘိုးငယ်ငယ်က လူဆိုးတွေလိုက်လို့ ဒီနေရာကိုထွက်ပြေးခဲ့တာ... ဒီသစ်ပင်က ဒီလိုအသံပေးပြီး လူဆိုးတွေကိုခြောက်လှန့်ခဲ့တာတဲ့''
''...'' ဆရာလင်းသက်ပြင်းချလိုက်သည်။ ရှင်းပြလို့မရတော့။ တစ်ယောက်ပြီးတစ်ယောက်သိကုန်ကြပြီ။
သူကအမှတ်တမဲ့ ပုံပြင်ပြောလိုက်တာ။
လီခိုင်က ခဏတွေးကြည့်လိုက်ပြီး_ ''ဝိဉာဉ်ရှိမရှိတော့မသိဘူး... ဒါပေမဲ့ တို့နိုင်ငံမှာဒဏ္ဍာရီရှိတယ်... ဖီးနစ်ငှက်က အရိပ်ရပင်ရဲ့တေးသံကြောင့် နိုးထခဲ့တယ်တဲ့... ရှေးကဗျာတွေအတော်များများကလည်း အရိပ်ရပင်နဲ့ပတ်သက်နေတယ်''