← Chapters

တကယ့်မဟုတ်တရုတ်! ပြဿနာက ဒီမှာ! ၃

Vol. 23 Ch. 333

တကယ့်မဟုတ်တရုတ်! ပြဿနာက ဒီမှာ! ၃

Vol. 23 Ch. 333

''မကြာသေးခင်က ခေတ်ပေါ်သိပ္ပံပညာရှင်တွေ ဒီအပိုင်းကိုလေ့လာခဲ့တယ်... သိပ္ပံပညာအရတော့ အရိပ်ရပင်သစ်ရွက်တွေရဲ့ ထူးခြားတဲ့ဖွဲ့စည်းပုံကြောင့်ပဲ... သက်တမ်းရင့်တာနဲ့ပေါင်းလိုက်တော့ အရွက်ကမာကျောလေလေ အရွက်ဖွဲ့စည်းပုံနက်နဲလေလေနဲ့... လေက အရမ်းကျယ်တဲ့အသံထွက်အောင်လုပ်နိုင်လိမ့်မယ်တဲ့... အပြုအပြင်သက်သက်ပေါ့''

''ဂင်ဂိုပင်က လေတိုက်ရင် ဒီလိုအသံထွက်မယ် မထင်မိဘူး... အဓိကက အသံအရမ်းကောင်းတယ်''

ဆရာလင်းက ထိုစကားကြားသည်နှင့် ချက်ချင်းပင်_ ''ဒီဂင်ဂိုပင်ရဲ့အရွက်ဖွဲ့စည်းပုံက အရိပ်ရပင်အရွက်နဲ့ အတူတူပဲလား?''

ဒီရှင်းပြချက်က ဖြစ်နိုင်တယ်လို့ခံစားရတယ် ဟုတ်တယ်မလား? နောင်မှာတခြားသူတွေမေးလာခဲ့ရင် သူဒီအတိုင်းပဲဖြေမည်။

သို့သော် လီခိုင်ကခေါင်းခါလိုက်ပြီး_ ''အဲလိုမထင်ဘူး... နှစ် ၁၀၀၀ ကျော်လောက်ရှိတဲ့အပင်တစ်ပင်ရှိတယ်... ဒါပေမဲ့ ဒီလိုမျိုးမဖြစ်ဖူးဘူး... နောက်ပြီး လေတိုက်ရင် ဒီလိုသာယာတဲ့အသံကထွက်နေတယ်''





“…” ဆရာလင်း။

လီရှင်းကမေးလိုက်သည်_ ''ဦးလေး... မြေအနေအထားနဲ့အတူတူဖြစ်လောက်တယ်... ပတ်ဝန်းကျင် စိုထိုင်းမှု လေ ဒါတွေကလည်း သက်ရောက်မှုရှိလိမ့်မယ် ဟုတ်တယ်မလား? ဘာပဲဖြစ်ဖြစ် တစ်ခါတလေ သဘာဝရဲ့ဆန်းကြယ်မှုတွေက သိပ္ပံပညာနဲ့ရှင်းပြလို့မရဘူး''

ဆရာလင်းက ချက်ချင်းခေါင်းညိမ့်လိုက်ပြီး_ ''ဟုတ်တယ်... သဘာဝရဲ့ဆန်းကြယ်မှုပဲ''

ဒါဆင်ခြေကောင်းဟု သူထင်သည်။ သဘာဝရဲ့ဆန်းကြယ်မှုပဲမဟုတ်လား? နောက်ဆုံးတော့ ရှင်းပြချက်တစ်ခုရလိုက်ပြီ။

လီခိုင်က လီရှင်းရဲ့ငြင်းခုံမှုကို အတိုက်အခံမလုပ်။ ဘာပဲဖြစ်ဖြစ် တခြားသူဘာမှမပြောနိုင်ဘဲလေ။

ချင်လင်က ဒီခေါင်းစဉ်အကြောင်း မဆွေးနွေးချင်တော့။ ဘာဖြစ်နေလဲဆိုတာ သူသာအသိဆုံးဖြစ်၍_ ''ဆရာလင်း... နေ့မွန်းတည့်တော့မယ်... အစ်ကိုလီနဲ့လောင်လီအတွက် စားကောင်းတာလေးတွေလုပ်ပေးပါဦး''

စားဖိုဆောင်ထဲတွင် ရေခဲရိုက်ပြင်ဆင်ထားသော အရည်အသွေး ၂ အစားအစာများရှိသည်။ သူလည်းဂိမ်းထဲမှထုတ်ပြီး အချိန်နှင့်အမျှပြင်ဆင်ထား၏။ ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကိုဧည့်ခံချင်တဲ့အချိန်ကျမှ အမြဲတမ်းဂိမ်းထဲသွားပြီးယူနေလို့မဖြစ်ဘူးမလား?

ဆရာလင်းကို တချို့တလေယူခိုင်းလိုက်ရုံပင်။

''ကောင်းပါပြီ သူဌေး'' ဆရာလင်းကပြန်ဖြေပြီး လောလောလောလောနှင့်ထွက်သွားသည်။ သူ့ခြေလှမ်းများ နည်းနည်းသွက်နေ၏။ နောက်ဆုံးတော့ သူဌေးကိုအရူးလုပ်နိုင်ခဲ့ပြီ။ သူထပ်မမေးတော့။

သစ်ပင်နှစ်ပင်ကြောင့် အံ့ဩမှုအဆုံးတွင် လီခိုင်ကအသိပြန်ဝင်လာပြီး ချင်လင်ကိုအားရပါးရဖက်လိုက်ကာ_ ''ညီလေးချင်... ဒီတစ်ခါမင်းပေးလိုက်တဲ့သက်လုံအားဖြည့်ဝိုင်ကြောင့် ငါ့ဘိုးတော်ရဲ့အသက်ကိုကယ်လိုက်နိုင်တာကွ''

လီရှင်းကလည်း စိတ်ရင်းနှင့်ကျေးဇူးတင်စကားဆိုလိုက်သည်_ ''ချင်လင်... ငါတို့မိသားစုက မင်းအပေါ်ကျေးဇူးကြွေးအကြီးကြီးတင်သွားပြီ''

ချင်လင်က စလိုက်သည်_ ''အမ်.. အစ်ကိုလီ... အရင်ဆုံးလွှတ်ပေးလို့ရမလား? ကျွန်တော့်ကိုဒီလိုဖက်ထားရင် အထင်လွဲခံရလိမ့်မယ်''

နေ့လယ်ပိုင်း၌_

ချင်လင်က လီခိုင်နှင့်လီရှင်းကိုစားပွဲဝိုင်းဆီခေါ်ပြီး ထိုင်လိုက်သည်။

ဆရာလင်းက အရည်အသွေး ၂ သဘာဝငါး၊ ရုံးပတီသီး၊ ငါးရှဉ့်နှင့် သာမန်ဟင်းပွဲတချို့ပြင်ထားသည်။

လီခိုင်ကငါးစားရင်း လေးလေးပင်ပင်သက်ပြင်းချလိုက်ကာ_ ''ညီလေးချင်... ငါးချက်တာနဲ့ပတ်သက်ရင် မင်းလက်ရာကအကောင်းဆုံးပဲ''

လီရှင်းက အပြည့်အဝထောက်ခံလိုက်သည်_ ''အမှန်ပဲ... ချင်လင်က မင်စီရင်စုမှာနံပါတ်တစ်စားဖိုမှူးဖြစ်သင့်တယ်လို့ထင်တယ်''

သူတို့စကားပြောနေစဉ် ကောင်းယောင်ယောင်ကမျက်မှောင်ကြုတ်ပြီးပြေးလာသည်။ သူမကချင်လင်နားသွားပြီး အမောတကောနှင့်_ ''သူဌေး... လူတစ်ယောက်ကတွေ့ချင်နေပါတယ်... သူ့ပုံစံကအရမ်းရိုင်းပြီး အကျိုးသင့်အကြောင်းသင့်မရှိပါဘူး... သူနဲ့အတူ လူတွေတောင်ခေါ်လာပါတယ်... ကျွန်မ မန်နေဂျာချန်ကိုအသိပေးပြီးပြီ''

ကောင်းယောင်ယောင်ပြောပြီးပြီးချင်း ရွှေကိုင်းမျက်မှန်နှင့်လူတစ်ယောက် လမ်းလျှောက်ဝင်လာသည်။

မျက်မှန်နှင့်လူအနောက်တွင် အနက်ရောင်ဝတ်စုံနှင့်နောက်လိုက်နှစ်ယောက်ပါလာသည်။

သူတို့သုံးယောက်ဝင်လာသောအခါ ချန်တပေက လုံခြုံရေးအစောင့်တချို့နှင့် ခပ်တည်တည်ဝင်လာ၏။

ချင်လင်က မျက်မှန်နှင့်လူကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

လီခိုင်နှင့်လီရှင်းလည်း ဇဝေဇဝါနှင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။

သူတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိတာသိသိသာသာ။

မျက်မှန်နှင့်လူက သူတို့သုံးယောက်ဆီလျှောက်လာပြီး အပြုံးနှင့်မေးလိုက်သည်_ ''ဘယ်တစ်ယောက်က စံအိမ်ရဲ့သူဌေးလဲ?''

''ကျွန်တော်ပဲ'' ချင်လင်က သူ့ကိုမျက်မှောင်ကြုတ်ကြည့်လိုက်၏။

မျက်မှန်နှင့်လူက ချင်လင်ကိုကြည့်ပြီး ပြုံးပြုံးနှင့်_ ''လူကြီးမင်း... အရင်ဆုံး ကိုယ့်ကိုယ့်ကိုယ်မိတ်ဆက်ပေးပါရစေ... ကျုပ်နာမည် ကျင်းစန်... လူတစ်ယောက်အတွက် ဒီရောက်လာတာ... သူ့နာမည်က စွန်းဟွေ့... သူ့ကိုမှတ်မိမယ်ထင်ပါတယ်''

စွန်းဟွေ့ဟူသော နာမည်ကြားလျှင် ချင်လင်ကမျက်မှောင်ကြုတ်လိုက်သည်။

အရင်ကစီနီယာအစ်ကိုချူပြောဖူးသည်။

စွန်းဟွေ့ကိုတရားစွဲတော့ စွန်းဟွေ့ရဲ့နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့သူရှိတယ်ဆိုတာ သိလိုက်ရတယ်တဲ့။ တစ်ဖက်လူက သူ့ကိုလာရှာပြီး ဖြေရှင်းဖို့လာညှိမှာတောင် စိုးရိမ်ခဲ့သေးသည်။

အခုတွေးကြည့်လိုက်တော့ ကျင်းစန်ကနောက်ကွယ်ကလူပေါ့။

သို့သော် သူ့ကိုလာရှာသောသူက အလွန်ယုံကြည်ချက်ရှိပုံပေါက်နေလေသည်။

All Chapters