← Chapters

ခြိမ်းခြောက်! ချင်းလင်စံအိမ်မှာ ဖရဲသီးဘာလို့ဖြစ်?

Vol. 23 Ch. 334

ခြိမ်းခြောက်! ချင်းလင်စံအိမ်မှာ ဖရဲသီးဘာလို့ဖြစ်?

Vol. 23 Ch. 334

ချင်လင်က ကျင်းစန်ကိုမျက်မှောင်ကြုတ်ကြည့်ရင်း_ ''လူကြီးမင်းကျင်း... ကျွန်တော်တို့ဆီရောက်လာတာ စွန်းဟွေ့ရဲ့အမှုကိုရုတ်သိမ်းပေးဖို့ဆိုရင်တော့ တကယ်စိတ်မကောင်းပါဘူး... ခင်ဗျားလာတာ အချည်းနှီးဖြစ်သွားပြီ''

ကျင်းစန်က ထိုစကားကြားလျှင် မျက်မှောင်ကြုတ်၍_ ''လူကြီးမင်း... ဆိုရိုးရှိတဲ့အတိုင်းပဲ... ရန်သူတွေထက် ရန်ဘက်လုပ်တာပိုကောင်းတယ်တဲ့... အလွန်အကျွံဖြစ်ရင် ဘာမှအကျိုးမရှိဘူး ဟုတ်တယ်မလား?''

''လူကြီးမင်းကျင်း... သူခိုးတစ်ယောက်က ကျွန်တော့်အိမ်ထဲခိုးဝင်ပြီး ကျွန်တော့်ပစ္စည်းတွေခိုးချင်တာ... သူနဲ့တွေ့ဖို့ စိတ်ကူးမရှိသေးဘူး'' ချင်လင်၏သဘောထားက ခိုင်မာနေဆဲ။ စံအိမ်ကိုကြံစည်တဲ့သူရှိပြီး မှတ်လောက်သားလောက်မဖြစ်ရင် လူတွေပိုပြီးမျက်စိကျစရာဖြစ်လိမ့်မည်။

ဒါကြောင့် စွန်းဟွေ့က ဥပမာပြရမယ့် သူ့သားကောင်။ တစ်ဖက်လူကဘယ်သူဖြစ်ဖြစ် သူကျေအေးမပေးနိုင်။

လီခိုင်နှင့်လီရှင်းက တစ်ခုခုဖြစ်နေပြီမှန်း အသေအချာသိသည်။

လီရှင်းကမေးလိုက်၏_ ''ချင်လင်... ဘာဖြစ်နေတာလဲ?''

ချင်လင်ကဘာမှဖုံးကွယ်မထားဘဲ_ ''တစ်ယောက်ယောက်က ကျွန်တော့်စံအိမ်ကဘဲတွေကိုကြံစည်ပြီး စံအိမ်ထဲမှာအကွက်ရွှေ့ချင်နေတယ်... နောက်ဆုံး ခေါင်းဆောင်ဟုန်တို့က သူ့ကိုလက်ပူးလက်ကြပ်မိသွားတယ်... အခုတရားစွဲခံရပြီး ထောင်ကျတော့မယ်... သူက စွန်းဟွေ့အတွက်ရောက်လာတာ''

လီရှင်းက ထိုစကားကြားလျှင် မျက်မှောင်ကြုတ်သွားသည်။





သူကစံအိမ်မှာ အကြာကြီးနေခဲ့သဖြင့် ခေါင်းဆောင်ဟုန်မှာ ရုံချန်းစီရင်စုက စံအိမ်သို့လွှတ်ထားသော ခရီးသွားရဲအရာရှိတစ်ဦးဖြစ်ကြောင်းသိသည်။

ခေါင်းဆောင်ဟုန်ကဖမ်းပြီးစစ်ဆေးခံရတယ်ဆိုတာ ရာဇဝတ်မှုမြောက်သည်။

ဒီကိစ္စ ပေါ့သေးသေးမဟုတ်။

ရှန်းရွှေလက်ဆောင်ဆန်ထွက်လာရင် တခြားသူတွေကမြေကြီးရဲ့အသုံးကိုသိပြီး ပေါ်တင်တစ်မျိုးတိတ်တိတ်တစ်မျိုး ချင်လင်နှင့်လာပတ်သက်မှာ သူစိုးရိမ်နေဆဲပင်။ သို့ရာတွင် ရှန်းရွှေလက်ဆောင်ဆန်ထွက်မလာသေးခင် လှုပ်ရှားမည့်သူရှိလာမည်ဟု သူမထင်မိ။

အဓိကအချက်မှာ သူတို့လီမိသားစုက ချင်လင်အပေါ် ကျေးဇူးကြွေးအကြီးကြီးတင်နေသည်။ ချင်လင်သာအနိုင်ကျင့်ခံရရင် သူတို့လီမိသားစုရဲ့မျက်နှာကို ဘယ်သွားထားရမလဲ?

ကျင်းစန်က ချင်လင်သူ့ကိုလျစ်လျူရှုပြီး လီရှင်းနှင့်စကားပြောနေသည်ကိုမြင်၍ ဒေါသထွက်သွား၏_ ''သူဌေးချင်... ခင်ဗျားသေချာစဉ်းစားသင့်တယ်... တစ်ခါတလေ စိတ်လိုက်မာန်ပါလုပ်တာက ဒုက္ခရောက်မယ့်လမ်းပဲ''

''ကျုပ်စုံစမ်းခဲ့ပြီးပြီ... ခင်ဗျားက ချန်ရှန်းဖေနဲ့မာလဲ့ဝမ်လို လူချမ်းသာတွေနဲ့ အဆက်အသွယ်ရှိမှန်းသိတယ်... ဒါပေမဲ့ တချို့အာဏာနည်းတွေနဲ့ရင်ဆိုင်ရရင် စီးပွားရေးလောကကလူတွေ အသုံးမဝင်လောက်ဘူး''

ဒီစကားရဲ့အဓိပ္ပါယ်က ခြိမ်းခြောက်တာပေါ့။

ချင်လင်၏မျက်နှာထားမှာ မဲမှောင်သွားသည်။

တစ်ဖက်လူပြောတဲ့ 'အာဏာနည်း'ဆိုတာ သူသဘောပေါက်သည်။

သို့သော် စွန်းဟွေ့က ဘဲတွေအတွက်နဲ့ဒီလိုလုပ်ရပ်မျိုးလုပ်၊ ဒီလောက်အောက်တန်းကျပြီး ကျင်းစန်က စွန်းဟွေ့ကိုထုတ်ဖို့ တသီးတသန့်လာရတယ်ဆိုမှတော့ သူ့ရဲ့'အာဏာနည်း'ဆိုတာ သိပ်ကောင်းမည်မထင်။

နောက်ပြီး ဒီနေ့ခေတ်မှာ ဒီလိုအာဏာနည်းမျိုးက မရိုးမဖြောင့်မဖြစ်နိုင်။

ထိုအတွေးနှင့် သူကဖုန်းမှန်သားပြင်ကိုထိပြီး ဗီဒီယိုမှတ်တမ်းတင်ထားရန်ဖွင့်လိုက်သည်။

သူပြောတဲ့'အာဏာနည်း'ဆိုတာက အွန်လိုင်းပေါ်မှာ ရေပန်းစားပြီးရှာဖွေခံရတာ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့လူသိရှင်ကြားအထင်အမြင်ခံရတာကိုခံနိုင်ရည်ရှိမလား သူကြည့်ချင်သေးသည်။

လီရှင်းက သည်းမခံနိုင်တော့။ သူကကျင်းစန်ရှေ့ရပ်လိုက်ပြီး မှောင်မဲနေသောမျက်နှာထားနှင့်_ ''အာဏာပွဲစားလား? မင်းက ဘယ်မိသားစုကလဲ?''

သူ့စကားလုံးများက တည်ငြိမ်နေသော်လည်း ကျင်းစန်လန့်သွားသည်။

ဒီလိုအချိန်မှာ ဒါမျိုးတွေပြောတာ သာမန်မဖြစ်နိုင်။ သူနှင့်ဆက်စပ်နေရမည်။





ကျင်းစန်က ငတုံးမဟုတ်။ ဒီလိုအခြေအနေကိုရင်ဆိုင်ရတော့ သတိရှိရှိပြောလိုက်သေးသည်_ ''မင်စီရင်စုက ချူမိသားစုရဲ့တတိယမြောက်သားက ကျုပ်ယောက်ဖပဲ... မင်းကဘယ်မိသားစုအားကိုးနဲ့လဲ?''

''ငါတို့မိသားစုမှာ ပွဲစားမရှိဘူး... ဒီလူ့အဖွဲ့အစည်းထဲမှာ ချူမိသားစုက အာဏာသေနေတာမလား?'' လီရှင်းကငေါ့လိုက်ပြီး သူ့ဖုန်းထုတ်ကာ သူ့ဘိုးတော်ကိုဖုန်းဆက်လိုက်သည်။

ထိုစကားများကြောင့် ကျင်းစန်လန့်သွားပြန်၏။

'ငါတို့မိသားစုမှာ ပွဲစားမရှိဘူး'ဆိုသောအဓိပ္ပါယ်ကို သူချက်ချင်းသဘောပေါက်သည်။ နောက်ပြီး လီရှင်းက ချူမိသားစုကိုအရေးတယူမရှိမှန်း သူပြောနိုင်သည်။

ဒီတော့ သူခပ်မိုက်မိုက်နဲ့တွေ့နေပြီ။ ဒီအပိုင်းမှာ အရမ်းမိုက်တဲ့သူပေါ့။

သို့သော် လီရှင်းဖုန်းကဝင်သွားလေပြီ။ သူကချက်ချင်း_ ''အဘ... မင်စီရင်စုက ချူမိသားစုရဲ့တတိယမြောက်သားရဲ့ယောက်ဖတဲ့... သူက ချင်းလင်စံအိမ်က ချင်လင်ကို အခက်တွေ့အောင်လုပ်နေတယ်''

မင်မြို့တော်_

လီကျန်းက သူ့ရုံးခန်းထဲတွင် ထိုဖုန်းဝင်လာသောအခါ မရယ်ဘဲမနေနိုင်တော့။

သူ့သားက သူဌေးချင်ဆီကဝိုင်တွေအများကြီးယူထားပြီး သက်လုံအားဖြည့်ဝိုင်အတွက်အကြွေးတင်နေသည်။ ဒီအကြွေးကိုဘယ်လိုဆပ်ရမလဲမသိ။ ဒါပေမဲ့ တစ်ယောက်ယောက်က လီမိသားစုကိုအခွင့်အရေးပေးလိုက်ပြီမလား?

ကျေးဇူးဆိုတာ ပြန်ဆပ်ရတယ် ဟုတ်တယ်မလား?

မင်စီရင်စုက ချူမိသားစုအကြောင်းသူသိသည်။ ဂရုမစိုက်။ ဖုန်းချပြီးနောက် သူကဖုန်းခေါ်လိုက်သည်။

ချင်းလင်စံအိမ်၌_

ကျင်းစန်က လီရှင်းဖုန်းချသည်ကိုမြင်လျှင် တစ်ခုခုသဘောပေါက်ပြီး တုန်လှုပ်သွားသည်_ ''လူကြီးမင်း... အထင်လွဲတာပါ... အားလုံးအထင်လွဲတာပါ... ဒီကိစ္စက ချူမိသားစုနဲ့မဆိုင်ပါဘူး... ကျွန်တော်က စွန်းဟွေ့ရဲ့အဖေကိုကျေးဇူးကြွေးတင်နေလို့ မလာမဖြစ်လာရတာပါ''

''ဟဲ ဟဲ... အခုမှ အထင်လွဲတယ်ပြောဖို့ အရမ်းနောက်ကျသွားပြီ'' လီရှင်းကရယ်သွမ်းသွေးလိုက်ပြီး ချင်လင်အား_ ''ချင်လင်... အရင်ထိုင်လိုက်... ဘိုးတော်က မကြာခင်ဖြေရှင်းပေးမှာပါ''

ချင်လင်က သူ့ဖုန်းကိုကိုင်ထားပြီး အံ့ဩပုံနှင့်_ ''ဒါဆိုရင် ဒီဗီဒီယိုမှတ်တမ်းတင်ထားတာ အလကားဖြစ်သွားပြီလား? ဒါကိုလိုင်းပေါ်တင်ပြီး ချူမိသားစုခံနိုင်ရည်ရှိမရှိ ကြည့်ချင်သေးတာ... ဘာပဲဖြစ်ဖြစ် တို့ချင်းလင်စံအိမ်က အတော်လေးနာမည်ရနေတာ... ရေပန်းစားရှာဖွေမှုထဲဝင်ဖို့ အသာလေးပဲ''

''မင်းဗီဒီယိုမှတ်တမ်းတင်ထားတယ်?'' လီရှင်းက အံ့ဩသံနှင့်_ ''စောစောက ဒီလိုပြောရင် ငါဖုန်းဆက်စရာမလိုတော့ဘူးပေါ့... ချူမိသားစုကို ငါသိတယ်... သူတို့သာ ရေပန်းစားခေါင်းစဉ်ဖြစ်သွားရင် သူတို့အဆင့်နဲ့ ဒုက္ခအကြီးကြီးရောက်မှာသေချာတယ်... သူတို့ဟာသာတကယ်ညစ်ပတ်နေရင် ကျားသေတောင်ဖြစ်သွားနိုင်တယ်''

ကျင်းစန်က ထိုစကားကြားလျှင် သူ့ခြေထောက်များညွတ်ကျသွား၏_ ''အာ... တကယ် အထင်လွဲတာပါ...''

သူ့ယောက်ဖက ချူမိသားစုရဲ့တတိယသားတော့ဟုတ်ပါရဲ့။ ဒါပေမဲ့ သူ့ယောက်ဖက ချူမိသားစုရဲ့လမ်းကြောင်းအတိုင်းမလျှောက်ခဲ့။

ချူမိသားစုက ဒီအကြောင်းတကယ်မသိပေ။

အစက ချူမိသားစုရဲ့ဂုဏ်ကြောင့် စွန်းဟွေ့ရဲ့ကိစ္စကို ချင်းလင်စံအိမ်နှင့်အပေးအယူလုပ်နိုင်မည်ဟုထင်ခဲ့မိလေသည်။

All Chapters