← Chapters

ခြိမ်းခြောက်! ချင်းလင်စံအိမ်မှာ ဖရဲသီးဘာလို့ဖြစ်? ၂

Vol. 23 Ch. 335

ခြိမ်းခြောက်! ချင်းလင်စံအိမ်မှာ ဖရဲသီးဘာလို့ဖြစ်? ၂

Vol. 23 Ch. 335

ဘာပဲဖြစ်ဖြစ် အရင်က ချူမိသားစုရဲ့တတိယသားလို့ပြောလိုက်ရင် အတော်များများကအဆင်ချောသွားတယ်လေ။

ဖြစ်ချင်တော့ တစ်ဖက်လူက သူ့ကိုလုံးဝဂရုမစိုက်။

ချူမိသားစုကိုငြိစွန်းသွားမယ်ဆိုရင် သူတော့အသားတုံးဖြစ်ပြီ။

သူတွေးတောနေစဉ် ရုတ်တရက်ကြီး သူ့ဖုန်းမြည်လာသည်။

နံပါတ်ကိုကြည့်လိုက်သောအခါ သူ့မျက်နှာထားပြောင်းသွား၏။

ဒီဖုန်းလာတာ မမြန်လွန်းဘူးလား?

နံပါတ်က သူ့ယောက်ဖ။

သူဖုန်းကိုင်ကိုင်ချင်း သူ့ယောက်ဖ၏ဒေါသသံထွက်လာသည်_ ''ကျင်းစန်... သောက်.. သေချင်နေတာလား? ဒီခေတ်ကြီးထဲမှာ ငါတို့ချူမိသားစုရဲ့နာမည်နဲ့ ပြဿနာလိုက်ရှာနေတုန်းပဲ... သေချင်ရင်လည်း ပြောပါလား... ပြဿနာရှင်းပြီး ဒီပြန်လာခဲ့... မဟုတ်ရင် မင်းအသေပဲ''

''ယောက်ဖ... ငါပြောတာ နားထောင်...'' ကျင်းစန်က အလောတကြီးပြောလိုက်သော်လည်း သူပြောမပြီးခင် ဖုန်းချသွား၏။ သူကလီရှင်းအား ခါးခါးသီးသီးကြည့်ရင်း_ ''ဒါ.... တကယ်အထင်လွဲတာ... ကျွန်တော်ပြန်သွားပြီး စွန်းမိသားစုကိုပြောလိုက်မယ်... စွန်းဟွေ့က လုံးဝထောင်ကျမှာလို့... ဆက်ပြီး သေလမ်းမရှာနဲ့လို့''

သူ့စိတ်ထဲတွင် စွန်းဟွေ့ကိုကျိန်ဆဲနေသည်။

ချင်းလင်စံအိမ်က ဖုန်းတစ်ချက်ဆက်ရုံနဲ့ ချူမိသားစုရဲ့တတိယသားကို ဒီလောက်ပူပန်အောင်လုပ်နိုင်တဲ့အာဏာရှိသူမျိုးနဲ့အဆက်အသွယ်ရှိတာ။ စွန်းဟွေ့က ငတုံးလား? တကယ် ချင်းလင်စံအိမ်ကိုကြံစည်ခဲ့သေးတယ်။





''သွားတော့!'' လီရှင်းက ဒီလိုလူမျိုးအတွက်နှင့် စိတ်ရှုပ်မခံချင်။

ကျင်းစန်ကဆက်မနေရဲတော့။ သူ့နောက်လိုက်နှစ်ယောက်နှင့်ထွက်သွားသည်။ ဘယ်လိုလုပ်ပြီး စောစောကလိုအရှိန်အဝါမျိုးရှိတော့မှာလဲ?

ရမ်းရမ်းကားကားဝင်လာခဲ့သလောက် လေးဘက်ထောက်ပြန်ထွက်လာရ၏။

တစ်ဖက်လူက ဘယ်မိသားစုကမှန်းတောင်မသိ။ မေးကြည့်ဖို့ဆိုမပြောနှင့်တော့။

''အလုပ်သွားလုပ်တော့!'' ချင်လင်က ကောင်းယောင်ယောင်ကိုပြောလိုက်သည်။

''ကောင်းပါပြီ သူဌေး!'' ကောင်းယောင်ယောင်ကခေါင်းညိမ့်ပြီး ချန်တပေနှင့် ခန်းမအပြင်ထွက်သွား၏။ သူတို့အပြင်ရောက်သောအခါ သူမက မနေနိုင်ဘဲမေးလိုက်သည်_ ''မန်နေဂျာချန်... ဒီလူကြီးမင်းလီနှစ်ယောက်က အရမ်းအာဏာရှိပုံပဲ... အစကကျင်းစန် အရမ်းထောင်လွှားနေတာ... ဒါပေမဲ့ ချက်ချင်းသွေးကြောင်ပြီး ထွက်သွားရတယ်... လူကြီးမင်းလီက ဘယ်သူပါလိမ့်?''

ချန်တပေက ချက်ချင်းပင်_ ''ဘာတွေမေးနေတာလဲ? သူတို့က စံအိမ်ထဲမှာ... ကိုယ့်သူဌေးရဲ့မိတ်ဆွေတွေလို့သာ သဘောထားလိုက်... ကျန်တာ ငါတို့ဝန်ထမ်းတွေနဲ့ဘာဆိုင်လို့လဲ?''

ခန်းမထဲ၌_

လီရှင်းက ကျင်းစန်အကြောင်းထပ်မပြောတော့_ ''လုပ်... ဆက်စားမယ်''

လီခိုင်ကဖြည့်ပြောလိုက်သည်_ ''ဟုတ်တယ်... ဒီအစားကောင်းတွေ အလကားမဖြစ်စေနဲ့''

ချင်လင်ကခေါင်းညိမ့်ပြီး ကျေးဇူးတင်စကားဘာမှမပြော။ တချို့အရာတွေကိုစိတ်ထဲမှာပဲထားရမည်။ မဟုတ်ရင် မိတ်ဆွေအချင်းချင်း ကျေးဇူးတင်လွန်းပါက ဆက်ဆံရေးပြောင်းသွားလိမ့်မည်။

လီရှင်းက စားနေရင်း ချင်လင်အား_ ''ဒါနဲ့ ဒီတစ်ခေါက်ရှန်းရွှေလက်ဆောင်ဆန်ဝိုင်စိမ်တာနဲ့ပတ်သက်ပြီး မင်းကိုကူပေးရဦးမယ်... ကစော်ဖောက်ထားတဲ့အချိန်ပြည့်တော့မယ်... အချိန်ကျရင် ရောမွှေပြီးတော့ ဝိုင်ရဲ့အာနိသင်ကိုကြည့်လို့ရပြီ... အဲဒါပြီးရင် ဝိုင်သိုလှောင်ခန်းထဲပဲထားထား ဒါမှမဟုတ် ရောင်းပဲရောင်းရောင်း... ဒါပေမဲ့ မင်းငါ့ကိုဝိုင်ပေးမယ်လို့ကတိပေးထားတာ မမေ့နဲ့''

''အင်း!'' ချင်လင်ကခေါင်းညိမ့်ပြီး_ ''မမေ့ပါဘူး''

လီခိုင်ကလည်း_ ''ညီလေးချင်... မင်းဖရဲမျိုးစေ့တွေလုပ်ထားပြီးပြီ... စိုက်ဖို့နေရာရော ရွေးပြီးပြီလား? ဒီတစ်ခေါက် ဒီမျိုးစေ့အပင်ပေါက်တဲ့ဖြစ်စဉ်ကနေရလဒ်တွေ သေချာစောင့်ကြည့်ချင်လို့''

ချင်လင်ကခေါင်းထပ်ညိမ့်လိုက်ကာ_ ''ရွေးပြီးသွားပြီ... စံအိမ်ပတ်လည် နောက်ထပ်ဧက ၅၀၀၀ စာချုပ်ချုပ်ထားတယ်... ဒီဖရဲသီးတစ်သုတ်အတွက် ဧက ၁၀၀ စိုက်ပြီး အရည်အသွေးကြည့်ဖို့ စီစဉ်ထားတယ်''

သူတို့သုံးယောက်သား စားရင်းသောက်ရင်း စကားဆက်ပြောကြသည်။

…

နောက်တစ်နေ့_

ချင်လင်မှာ မနက်အစောပိုင်း ဂိမ်းထဲမှပစ္စည်းများစံအိမ်ပို့ပြီးချိန် ယွီရွှေ့က လူ ၂၀ ကျော်ခေါ်ပြီး သူ့ဆီရောက်လာသည်_ ''သူဌေး... ဒီလူတွေက မြေပြုပြင်ဖို့ အသစ်ခန့်ထားတဲ့သူတွေပါ... သူဌေးကတော်က လူသစ်အတွက် ကျွန်တော့်ကိုတာဝန်ခံခိုင်းထားလို့ ဒီလူတွေကိုအိုးစိုက်ဥယျာဉ်ထဲခေါ်ထားပါတယ်... သူတို့အားလုံး အရင်ကအပင်စိုက်ဖူးပါတယ်''





အခုတော့ ယွီရွှေ့လည်း အားအင်အပြည့်။

သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်မှာ ချင်းလင်စံအိမ်၏အထူးခရီးသွားလက်ဆောင်ဖြစ်လာပြီ။ နေ့တိုင်း အလွန်ရောင်းကောင်းသည်။

ဒါက စံအိမ်အတွင်း အိုးစိုက်ဥယျာဉ်၏ဂုဏ်ကိုလည်းပြဋ္ဌာန်းပေးသည်။

ကြီးကြပ်သူအနေနှင့်သူ့နေရာတည်မြဲပြီး လစာကောင်းသည်။

အခုအပြင်သွားရင် သူ့ဆွေမျိုးမိတ်ဆွေတွေက ချင်းလင်စံအိမ်ရဲ့ဌာနတစ်ခုမှာ ညွှန်ကြားသူမှန်းသိလိမ့်မည်။ ဘယ်သူက အထင်မကြီးဘဲနေမှာလဲ?

သို့သော် စံအိမ်ကချဲ့ထွင်နေဆဲဆိုတာလည်း သူသိသည်။ ဌာနနေရာပြည့်စုံသွားရင် ကြီးကြပ်သူသာမက မန်နေဂျာရာထူးလည်းရှိလာမည်။

အခုသူ့ကိုတာဝန်ပိုယူခိုင်းတာ သူကောင်းကောင်းဆောင်ရွက်ရမည်ပေါ့။

ချင်လင်က ထိုလူများကိုကြည့်ပြီး မေးလိုက်သည်_ ''ဒီထဲမှာ အရင်ကဖရဲသီးစိုက်ဖူးတဲ့သူရှိလား? ဖရဲစိုက်ခင်းကို မြေလှန်ဖူးလား?''

ရုံချန်းစီရင်စုတွင် ချင်းလင်စံအိမ်အတွက်လူခေါ်ရအရမ်းလွယ်သည်။

ချင်းလင်စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီမှာ လစာမြင့်တဲ့အကြောင်း သတင်းကပြန့်နေပြီ။

ယခုအခါ ရုံချန်းစီရင်စုစက်ရုံဝန်ထမ်းအတော်များများက ချင်းလင်အစားအသောက်ကုမ္ပဏီတချို့၏ဝင်ပေါက်ရှေ့ကို တမင်သက်သက်ဖြတ်ပြီး လူသစ်ခေါ်မခေါ်ကြည့်ကြသည်။

ရုံချန်းစီရင်စုရှိ အမျိုးမျိုးသောဝန်ဆောင်မှုလုပ်ငန်းများမှလူတွေလည်း ချင်းလင်စံအိမ်တွင် ဝန်ထမ်းအသစ်ခေါ်မခေါ်စောင့်ကြည့်နေကြ၏။

ချင်းလင်စံအိမ်က စားပွဲထိုးတစ်ယောက်ခန့်ချင်သည်ဆိုပါလျှင် ချက်ချင်းအလုပ်ကိုအပြိုင်အဆိုင်လာလျှောက်မည့်စားပွဲထိုးတစ်ဖွဲ့ရှိတာ သေချာသည်။

ထို့ကြောင့် ချင်းလင်စံအိမ်ဖရဲခင်းအတွက် ဝန်ထမ်းတချို့ခေါ်ဖို့က အလွန်လွယ်ကူသည်။ ကျောက်မိုချင်းက မနေ့ကမှသတင်းဖြန့်ရုံရှိသေး ဒီနေ့လူ ၂၀ ကျော်ရလိုက်ပြီ။

ထိုလူ ၂၀ ကျော်က ချင်လင်၏အမေးကိုကြားလျှင် ချက်ချင်းလူသုံးယောက်ကအပြင်ထွက်ပြီး ရိုရိုသေသေပြောလာသည်။

''သူဌေး... ကျွန်တော့်အိမ်ကအခင်းမှာ ဖရဲသီးစိုက်ဖူးပါတယ်''

''ကျွန်တော်အရင်ကစိုက်ဖူးပါတယ်''

''အရင်ကကျွန်တော့်အလုပ်မှာ ဖရဲသီးစိုက်ပါတယ်''

ချင်လင်က ယွီရွှေ့အားညွှန်ကြားလိုက်သည်_ ''သူတို့ကိုအဖွဲ့သုံးဖွဲ့ခွဲပြီး ဒီသုံးယောက်ကိုအဖွဲ့ခေါင်းဆောင်ခန့်မယ်... အိုးစိုက်ဥယျာဉ်ဘေးက ဧက ၁၀၀ ကိုမြေပြင်မယ်... ကျွန်တော် ဖရဲမျိုးစိတ်အသစ်စိုက်ချင်တယ်''

''ကောင်းပါပြီ သူဌေး'' ယွီရွှေ့ကချက်ချင်းခေါင်းညိမ့်ပြီး လူများကိုခေါ်သွားလိုက်သည်_ ''အားလုံးပဲ... ငါ့နောက်လိုက်ခဲ့''

လူ ၂၀ လောက်ကချက်ချင်း ယွီရွှေ့နောက်လိုက်၍ အိုးစိုက်ဥယျာဉ်ဆီသွားကြ၏။

မကြာမီ လယ်ယာသုံးစက်များစံအိမ်ထဲမောင်းဝင်လာသည်။

All Chapters