← Chapters

ဓာတ်ခွဲခန်းတည်ထောင်ခြင်း! လျှို့ဝှက်နည်းအသစ်: စိတ်ငြိမ်စေသော လက်ဖက်ရွက်!

Vol. 23 Ch. 339

ဓာတ်ခွဲခန်းတည်ထောင်ခြင်း! လျှို့ဝှက်နည်းအသစ်: စိတ်ငြိမ်စေသော လက်ဖက်ရွက်!

Vol. 23 Ch. 339

ချင်လင်က သူ့ရုံးခန်းထဲပြန်လာပြီး ဗီရိုဖွင့်လိုက်သည်။ နှစ် ၄၀ သက်တမ်းရှိဝိုင်တစ်ပုလင်းထုတ်ယူပြီးလျှင် ပြန်ထွက်လာ၏။

မူလခန်းမထဲ၌_

လီခိုင်နှင့်လီရှင်းမှာ သူတို့ရှေ့တွင်စားကောင်းသောက်ဖွယ်တစ်ဝိုင်းကြီးရှိသော်လည်း စားချင်သောက်ချင်စိတ်မရှိ။ ချင်လင်၏ဝိုင်အကြောင်းသာ တွေးနေကြသည်။

ချင်လင်ပြန်လာသည်ကိုမြင်လျှင် လီခိုင်ကချက်ချင်းသူ့ဆီသွားကာ_ ''ညီလေးချင်... ဘာဝိုင်လဲ ပြကြည့်ပါဦး''

ချင်လင်က ဝိုင်ကိုလှမ်းပေးလိုက်ပြီး_ ''ကျွန်တော်ကဧည့်ခံတယ်ဆိုရင် ဝိုင်ကောင်းပဲဖြစ်မှာပေါ့''





လီခိုင်ကဝိုင်ကိုယူပြီး ပုလင်းပေါ်မှစာလုံးများကိုကြည့်လိုက်သောအခါ သူ့မျက်လုံးများဝင်းလက်သွား၏။ ထို့နောက် မြောက်ကြွကြွနှင့်စားပွဲတွင်ဝင်ထိုင်၍ လီရှင်းကြားအောင် တမင်ဖတ်ပြလိုက်သည်_ ''ချင်းလင်ဆေးဖက်ဝင်ဝိုင်... ၁၉၈၀... နှစ် ၄၀ ကျော်ပြီ ဟုတ်တယ်မလား? ဒါအရင်ကလုံးဝမသောက်ဖူးတဲ့ဝိုင်ကောင်းပဲ''

''နှစ် ၄၀?'' ထိုအခိုက်တွင် လီရှင်းမှာ သူ့ဦးလေးစောင်းချိတ်နေသည်ကိုဂရုစိုက်ချိန်မရှိ။ သူကလက်လှမ်းပြီး ဝိုင်ကိုလုယူလိုက်သည်။ ၁၉၈၀ ဟူသောစာလုံးများကိုမြင်သောအခါ မနေနိုင်ဘဲဝိုင်ပုလင်းဖောက်၍ တစ်ခွက်လောင်းထည့်လိုက်၏။

လီရှင်းကဝိုင်ခွက်ကိုကောက်ကိုင်၍ အနံံ့ရှူကြည့်လိုက်သည်။ ထို့နောက် သူ့ပါးစပ်ထဲထည့်ပြီး ဟန်နှင့်ပန်နှင့် အရသာခံလိုက်၏။ သို့ရာတွင် တစ်ငုံသောက်ပြီးနောက် သူ့မျက်လုံးများအရောင်တောက်သွားသည်_ ''တကယ် နှစ် ၄၀ ဝိုင်ပဲ... အတွေ့အထိက လုံးဝအံ့ဩစရာပဲ''

လီခိုင်က ဝိုင်ကိုချက်ချင်းလုယူပြီး တစ်ခွက်ငှဲ့လိုက်၏။ ပြီးလျှင် သူကချီးကျူးလိုက်သည်_ ''နှစ် ၄၀ ဝိုင်လို့မပြောရဘူး... အတွေ့အထိက တကယ်ကောင်းတယ်''

လီရှင်းကနောက်တစ်ငုံသောက်ပြီး မမေးဘဲမနေနိုင်တော့_ ''ချင်လင်... မင်းဝိုင်ကောင်းတွေ ဘယ်လောက်များဖွက်ထားလဲ?''

လီခိုင်ကစလိုက်သည်_ ''လီရှင်း... အခုယုံပြီလား? ငါပြောပါတယ်... အရင်ကမသောက်ဖူးတဲ့ဝိုင်ပါလို့... ညီလေးချင်က ငါ့ကိုသီးသန့်ဧည့်ခံတာ''

''...'' လီရှင်းက သူ့ဦးလေးချေမိုးနေပုံကိုကြည့်ရင်း တကယ်ဒေါသထွက်သည်။ သူနှင့်ပြိုင်မငြင်းချင်သောကြောင့် စကားလမ်းကြောင်းပြောင်းလိုက်၏_ ''ချင်လင်... မင်းရဲ့ဖရဲမျိုးအသစ်က အသုတ်လိုက်စိုက်နေပြီ.. နောက်ကျ မြေကြီးအားကိုးနဲ့ မျိုးစိတ်အသစ်ပျိုးထောင်မယ်ဆိုရင် သေချာပေါက်အာရုံအများကြီးအစိုက်ခံရလိမ့်မယ်''

''ဓာတ်ခွဲခန်းတစ်ခုဆောက်ဖို့ စိတ်ကူးရှိလား? တစ်ချက်က အထူးမြေကြီးအကြောင်းဖုံးကွယ်ထားနိုင်မယ်... နောက်တစ်ချက်က ဒီအကြောင်းတွေကို နက်နက်နဲနဲလေ့လာနိုင်မယ်... ဒီပေါ်မှာအခြေခံပြီး နောက်ထပ်စပ်မျိုးတောင် ထိုးဖောက်ချင်ထိုးဖောက်နိုင်တယ်''

ကျင်းစန်ကိစ္စဖြစ်ပြီးနောက် ဘိုးတော်ပေးတဲ့အကြံဉာဏ်ကို ချင်လင်အားပြောပြဖို့လိုလာပြီဟု သူခံစားရသည်။ မဟုတ်ရင် နောင်မှာ ချင်လင်သေချာပေါက်ဒုက္ခရောက်လိမ့်မည်။

လောကတွင် အထက်စီးဆန်ပြီး အားလုံးကိုကိုင်တွယ်နိုင်မှန်း ကိုယ့်ကိုယ့်ကိုယ်သိသောလူတချို့ရှိတတ်စမြဲ။

ချင်လင်မှာ လီရှင်းစကားကိုကြားလျှင် မျက်လုံးများဝင်းလက်သွားသည်။ သူကသူ့အစီအစဉ်နှင့်သူ ဦးလေးဖြစ်သူကိုအကွက်ရွှေ့ဖို့တွေးတောနေစဉ် လီရှင်းအမေးကိုကြားသည်နှင့်_ ''တကယ်တော့... ကျွန်တော်လည်း စံအိမ်နဲ့အစားအသောက်ကုမ္ပဏီအပြင်မှာ သီးသန့်ဓာတ်ခွဲခန်းတစ်ခုဆောက်ချင်နေတာ... ဒါပေမဲ့ ယုံကြည်စိတ်ချရတဲ့သုတေသနသမားတစ်ယောက်ရှာဖို့က အရမ်းခက်နေတယ်''

လီရှင်းက ချင်လင်မှာဒီလိုအစီအစဉ်ရှိမှန်းသိသိချင်း အခွင့်အရေးကြုံတုန်းပြောလိုက်သည်_ ''ငါ့ဦးလေး မင်းဓာတ်ခွဲခန်းကိုလာလို့ရတယ်''

ချင်လင်အပျော်လွန်သွား၏။

သူအိပ်ချင်နေတုန်း ခေါင်းအုံးထိုးပေးတဲ့သူပေါ်လာပြီလေ။





လီရှင်းရဲ့သူ့ဦးလေးကိုရောင်းစားပုံက အလေးပြုချင်စရာ။

သူကချက်ချင်းအခွင့်အရေးယူပြီး လီခိုင်ကိုမေးလိုက်သည်_ ''အစ်ကိုလီ... ကျွန်တော်ဓာတ်ခွဲခန်းဆောက်ရင် ခင်ဗျားလာပေးနိုင်မလား?''

လီခိုင်ကပြုံးလိုက်ပြီး_ ''ငါ့ရဲ့အပူချိန်နိမ့်မျိုးစိတ်သုတေသနက အချိန်တိုအတွင်းပြီးမှာမဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် အားလုံးကညီလေးချင်နဲ့ပဲ... မင်းရဲ့ဓာတ်ခွဲခန်းကိုလာဖို့က မဖြစ်နိုင်တာမဟုတ်ပါဘူး''

''ဒါပေမဲ့ ပြဿနာတစ်ခုရှိတယ်... ညီလေးချင်... မင်းမှာက ဖရဲမျိုးစိတ်အသစ်မြှင့်တင်ဖို့တောင် ရံပုံငွေမရှိတာ... သီးနှံမျိုးစိတ်သိပ္ပံဓာတ်ခွဲခန်းတစ်ခုဆောက်ဖို့က အများကြီးကုန်လိမ့်မယ်... နောက်ပြီး အထူးမြေကြီးကိုဖုံးကွယ်ဖို့ဓာတ်ခွဲခန်းဆောက်မယ်ဆိုရင် အရမ်းသေးလို့မဖြစ်ဘူး... ယွမ် ၁၀ သန်းလောက်လိုတယ်''

''နောက်ပြီး ငါသုတေသနတက္ကသိုလ်ကထွက်ပြီး မင်းဓာတ်ခွဲခန်းကိုလာပြီဆိုတာနဲ့ ငါယူထားတဲ့ဒီစမ်းသပ်ကိရိယာတွေကို ပြန်ပေးရမယ်... ဓာတ်ခွဲခန်းမှာ ဒါတွေထပ်ဝယ်ရမယ်... ဒါကလည်း အများကြီးကုန်ဦးမယ်''

လီခိုင်၏စကားကိုကြားလျှင် ဒါပြဿနာတစ်ခုမှန်း ချင်လင်နားလည်သည်။ နောက်ပြီး စံအိမ်ရဲ့လောလောလတ်လတ်ရံပုံငွေအားလုံးရင်းနှီးမြှုပ်နှံလိုက်ရင်တောင် မလောက်သေး။

နောက်ဆုံးတော့ အကြောင်းက ဖွံ့ဖြိုးချိန်တိုတောင်းလွန်းခြင်းကြောင့်ပင်။

ချင်လင်ကတွေးကြည့်ပြီး_ ''အစ်ကိုလီ... ဓာတ်ခွဲခန်းဆောက်မယ့်ရံပုံငွေပြဿနာကိုဖြေရှင်းဖို့က မခက်လောက်ပါဘူး... ကျွန်တော် စီရင်စုနဲ့ဆွေးနွေးပြီး ငွေပမာဏတစ်ခုချေးလိုက်မယ်''

လီရှင်းက_ ''ချင်လင်... တရားဝင်လုပ်ငန်းစဉ်တွေနဲ့စည်းမျဉ်းတွေအရဆိုရင် ရုံချန်းစီရင်စုဆီက အများကြီးချေးလို့မရနိုင်ဘူး... နောက်ပြီး တရားဝင်ကြီးကြပ်မှုစည်းမျဉ်းတွေက နည်းနည်းဒုက္ခများတယ်''

''တကယ်လို့ ရှယ်ယာတချို့ခွဲဖို့ဆန္ဒရှိတယ်ဆိုရင် ရံပုံငွေအတွက် လောင်ချန်နဲ့လောင်မာကိုရှာလို့ရတယ်... ဖရဲမျိုးအသစ်နဲ့ဒီအထူးမြေကြီးအပေါ်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သူတို့ရဲ့ရှယ်ယာ ၁၀% အတွက် ယွမ်သန်း ၂၀၀ က အသာလေးပဲ... သူတို့နှစ်ယောက်ပေါင်း ယွမ်သန်း ၄၀၀ ရလာလိမ့်မယ်... နောက်ပြီး လောင်ချန်နဲ့လောင်မာကြောင့် စီးပွားရေးလောကမှာ မင်းကိုသတိထားမိလာပြီး ပြဿနာတွေကနေ ကာကွယ်ပေးလိမ့်မယ်''

ချင်လင်က ထိုစကားကြောင့် ခဏတွေးကြည့်လိုက်ပြီး ခေါင်းညိမ့်ကာ_ ''လောင်ချန်နဲ့လောင်မာသာသဘောတူရင် ကိစ္စမရှိဘူးပေါ့''

တကယ်တော့ ဖရဲမျိုးစိတ်အသစ်တင် နောင်မှာအကျိုးအမြတ်အများကြီးဖန်တီးနိုင်လိမ့်မည်။ စနစ်နှင့်ပေါင်းလိုက်လျှင် ၁၀% က သေချာပေါက်ယွမ်သန်း ၂၀၀ ကျော်လိမ့်မည်။

သို့သော် တစ်ခါတလေ စာရင်းကဒီလိုတွက်ရတာမဟုတ်။ ဘာပဲဖြစ်ဖြစ် အရင်ဆုံးယွမ်သန်း ၄၀၀ ရဲ့ဖွံ့ဖြိုးမှုနှင့်ဆို တိုးတက်မှုပိုမြန်ဆန်လာလိမ့်မည်။ အလားတူပင် သုံးနှစ်အတွင်းဖန်တီးနိုင်သောအကျိုးအမြတ်တန်ဖိုးက ပိုမြင့်လာမည်။

နောက်ပြီး ဓာတ်ခွဲခန်းရှယ်ယာရဲ့ ၂၀% ကို သူဂရုမစိုက်။ စံအိမ်၊ အစားအသောက်ကုမ္ပဏီနှင့်သီးခြားခွဲထားပြီး ဓာတ်ခွဲခန်းသက်သက်တည်ထောင်ရခြင်း၏အကြောင်းရင်းက ဖုံးကွယ်ဖို့တင်မဟုတ်ဘဲ နောင်အတွက်အစီအစဉ်လည်းရှိသေးသည်။

စီရင်စုထဲတွင် ကုမ္ပဏီတစ်ခုက အတိုင်းအတာတစ်ခုရောက်သောအခါ ရှယ်ယာတန်ဖိုး ၁၀၀% ကိုထိန်းသိမ်းထားဖို့မဖြစ်နိုင်။ ဘယ်ကုမ္ပဏီမှ ဘာမှမလုပ်နိုင်။

ဒီမြေမှာကြီးလျှင် ဒီမြေရဲ့စည်းကမ်းတွေကိုလေးစားရမည်။

နောင်မှာ အတိုင်းအတာတစ်ခုအထိကြီးမားလာပြီး ဒီဒုက္ခတွေကိုရင်ဆိုင်မယ့်အစား ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကိုအရင်ဝင်ခွင့်ပေးပြီး ဒိုင်းကာအဖြစ်ထားတာ ပိုကောင်းသည်။ ဒါသေချာပေါက် ဒုက္ခအများကြီးကိုရှောင်လွှဲနိုင်လိမ့်မည်။

All Chapters