← Chapters

ဓာတ်ခွဲခန်းတည်ထောင်ခြင်း! လျှို့ဝှက်နည်းအသစ်: စိတ်ငြိမ်စေသော လက်ဖက်ရွက်! ၂

Vol. 23 Ch. 340

ဓာတ်ခွဲခန်းတည်ထောင်ခြင်း! လျှို့ဝှက်နည်းအသစ်: စိတ်ငြိမ်စေသော လက်ဖက်ရွက်! ၂

Vol. 23 Ch. 340

အဓိကအချက်မှာ သူတို့အဆက်အသွယ်ကကြာပြီဖြစ်ပြီး သူတို့နှစ်ဦးနှင့်အချိန်ကောင်းများရှိခဲ့သည်။ ယုံကြည်စိတ်ချရနိုင်သည်။

အရေးအကြီးဆုံးက သီးသန့်ဓာတ်ခွဲခန်း၊ စံအိမ်နှင့် အစားအသောက်ကုမ္ပဏီမှာ ကြက်ဥသုံးခြင်းခွဲထည့်ထားသည်နှင့်တူ၏။

ဂိမ်းထဲကထုတ်လာသမျှကို ဓာတ်ခွဲခန်းထဲမှာပဲ ထားမည်မဟုတ်။

ဥပမာဆိုရသော် ဘဲအလှနှင့်နောင်တိရစ္ဆာန်မျိုးစိတ်တွေကို သေချာပေါက်မွေးမြူရေးခြံထဲမှာထားမည်။

ဆော့လျှို့ဝှက်နည်းက အစားအသောက်ကုမ္ပဏီကိုသွားရမည်။

ဓာတ်ခွဲခန်းကို ပိုင်ဆိုင်ခွင့်ထိန်းသိမ်းထားဖို့အတွက်သာလိုသည်။ နောင်မှာ သူ့ရှယ်ယာတစ်စိတ်တပိုင်းကိုစွန့်လွှတ်ရမယ်ဆိုရင်တောင် ကွန်ယက်တစ်ခုတည်ဆောက်နိုင်သည်။ သည်လိုနှင့် စံအိမ်နှင့်အစားအသောက်ကုမ္ပဏီကိုကာကွယ်ဖို့ ဆက်လက်တိုးတက်စေဖို့ ပိုကောင်းလာမည်။

အခြေအနေတစ်ခုမှာ စံအိမ်နှင့်အစားအသောက်ကုမ္ပဏီက ကိုယ်ပိုင်ဓာတ်ခွဲခန်းမဆောက်နိုင်ဟု မဆိုလို။

''ချင်လင်... မင်းရဲ့တန်ဖိုးကိုလျှော့မတွက်နဲ့... လောင်ချန်နဲ့လောင်မာက မင်းဆီမှာရင်းနှီးမြှုပ်နှံချင်တယ်ဆိုတာ ယုံလား?'' လီရှင်းကပြောပြောဆိုဆို ချင်လင်ရှေ့တွင် ချန်ရှန်းဖေကိုဖုန်းဆက်လိုက်သည်။ ဖုန်းဝင်ဝင်ချင်း သူကစပီကာဖွင့်လိုက်၏။

ချန်ရှန်းဖေ၏အသံ ဖုန်းထဲမှထွက်လာသည်_

''လီရှင်း... မြန်မြန်ပြော... တခြားကိစ္စမရှိရင် ဖုန်းချလိုက်တော့မယ်... ငါဆေးရုံရောက်နေလို့''

လီရှင်းကချက်ချင်းမျက်မှောင်ကြုတ်ကာ မေးလိုက်၏_ ''မင်းကဘာလို့ အကြောင်းအရင်းမရှိဆေးရုံရောက်နေတာလဲ?''





ချန်ရှန်းဖေက ရယ်သံစွက်၍_ ''ငါ့မိန်းမ ကိုယ်ဝန်ထပ်ရလို့... သူဆေးစစ်ဖို့ ငါကအဖော်မလိုက်ပေးရဘူးလား? မင်းကဘာလို့ဖုန်းဆက်တာလဲ?''

လီရှင်းက လိုရင်းကိုတည့်တည့်ပြောလိုက်၏_ ''ချင်လင်ရဲ့ဖရဲသီးက ပျိုးထောင်လို့ရပြီ... သူဓာတ်ခွဲခန်းအသစ်တစ်ခုဆောက်မလို့... ယွမ်သန်း ၂၀၀ နဲ့ ၁၀% ရှယ်ယာ... မင်းယူချင်လား?''

မင်မြို့တော်၌_

တတိယသားဖွားမီးယပ်ဆေးရုံတစ်ခုတွင် ချန်ရှန်းဖေမှာ လီရှင်း၏စကားကိုကြားလျှင် လုံးဝအံ့ဩသွားသည်။

ဓာတ်ခွဲခန်းအသစ်မှာ ယွမ်သန်း ၂၀၀ ရှယ်ယာတဲ့။ ဘယ်သူမှ သဘောတူမှာမဟုတ်။ နောက်ပြီး ဒီလိုရင်းနှီးမြှုပ်နှံမှုမျိုးကိုအကြံပြုရဲတဲ့သူက ရူးနေတာဖြစ်ရမည်။

သို့သော် တစ်ဖက်လူကချင်လင်ဖြစ်နေတော့ တစ်မျိုးဖြစ်သွား၏။

အရှေ့လျန်ရှား၊ ပင်ဂွင်းမြင်း၊ ချန်းလျန်၊ မေထွမ်ဘုရင်စသည်တို့တွင် ရင်းနှီးမြှုပ်နှံထားသောသူဌေးကြီးကျန်းက လူကြားထဲပြောခဲ့သောစကားတစ်ခွန်းရှိသည်: ရင်းနှီးမြှုပ်နှံမှုအဆင့်တစ်ခုရောက်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံတာလူတွေပဲ၊ လုပ်ငန်းတွေမဟုတ်။ လုပ်ငန်းရဲ့နောက်ဆုံးအောင်မြင်မှုကလည်း လူတွေပဲတဲ့။

တခြားလူကသာ ဓာတ်ခွဲခန်းမှာ သန်း ၂၀၀ နဲ့ ရှယ်ယာ ၁၀% ရင်းနှီးမြှုပ်နှံမလားလို့လာမေးရင် 'ထွက်သွား'လို့ပြောမိမှာ။

သို့သော် ချင်လင်ကိုသေချာပေါက်လက်ခံဖြစ်မည်။ ဘာပဲဖြစ်ဖြစ် ဖရဲသီးအခြေအနေကိုသူသိသည်။ အဓိကအကျဆုံးအချက်မှာ ချင်လင်ရဲ့တန်ဖိုးကပိုအရေးကြီးသောကြောင့်ပင်။

ချန်ရှန်းဖေကချက်ချင်း ဖုန်းထဲပြောလိုက်၏_ ''ကောင်းပြီလေ... အရင်ဆုံး ငါ့မိန်းမကိုစစ်ဆေးဖို့ အဖော်လိုက်ပေးလိုက်ဦးမယ်... မနက်ဖြန်နေ့လယ် ချင်းလင်စံအိမ်သွားဖို့စီစဉ်လိုက်မယ်''

ချင်လင်ဆီမှာ ရင်းနှီးမြှုပ်နှံချင်တာကြာပြီ။ သို့သော် တစ်ဖက်လူကထုတ်မပြောဖူးသောကြောင့် သူကရုတ်ချည်းပြောလို့မဖြစ်။ လက်ရှိမှာ စံအိမ် ဒါမှမဟုတ် အစားအသောက်ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံမှုမရှိသော်လည်း ကိစ္စမရှိ။ သူကချင်လင်ကိုရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။

ချင်းလင်စံအိမ်၌_

လီရှင်းက ချင်လင်ကိုဝှေ့ယမ်းပြလိုက်ပြီး_ ''မြင်တယ်မလား?''

ထို့နောက် မာလဲ့ဝမ်ကိုဖုန်းခေါ်လိုက်သည်။ ခဏအကြာ မာလဲ့ဝမ်ဆီဖုန်းဝင်သွား၏_ ''လီရှင်း... ဘာကိစ္စ? ငါဆေးရုံရောက်နေတာ... အထွေအထူးမရှိရင် ဖုန်းချလိုက်တော့မယ်''

''မင်းလည်း ဆေးရုံမှာ?'' လီရှင်းက အံ့ဩသံနှင့်မေးလိုက်သည်။

မာလဲ့ဝမ်က ဇဝေဇဝါဖြစ်သွားပြီး_ ''ဘာလဲ? ဘယ်သူဆေးရုံရောက်သေးလို့လဲ? ငါ့မိန်းမကိုယ်ဝန်ရှိတာ အခုမှသိလို့... သူ့ကိုစစ်ဆေးကြည့်ဖို့ အဖော်လိုက်ပေးတာ''

''မင်းလောင်ချန်နဲ့ ညှိထားတာလား?'' လီရှင်းက ထိုသတင်းကြားလျှင် အံ့အားသင့်သွားသည်။

ဒါတိုက်ဆိုင်တာမလား?

လီခိုင်ကအမှတ်တမဲ့ လီရှင်းကိုကြည့်လိုက်သည်။





တိုက်ဆိုင်လိုက်တာ။

သူ့တူရဲ့မိန်းမကလည်း နှစ်သစ်ရောက်ခါမှ ကိုယ်ဝန်ရှိမှန်းသိခဲ့တာမဟုတ်လား?

ချင်လင်လည်း နည်းနည်းအံ့ဩသွားသည်။

သူတို့ရဲ့မိန်းမတွေက တပြိုင်တည်းကိုယ်ဝန်ဆောင်ကြသတဲ့။ ကျောက်ကပ်အားဖြည့်ပေးတဲ့ဆေးဖက်ဝင်ဝိုင်သောက်ကြလို့လား? မဟုတ်ရင် ဘယ်လိုလုပ်ပြီးဒီလောက်တိုက်ဆိုင်မလဲ?

တော်သေးလို့ သူနဲ့ကျောက်မိုချင်းက မင်္ဂလာမဆောင်ရသေးခင် ကလေးယူဖို့စိတ်ကူးမရှိ။ မဟုတ်ရင် ကျောက်မိုချင်းပါ ကိုယ်ဝန်ဆောင်ဆေးစစ်ချက်လုပ်နေရဦးမည်။

ချင်းလင်ဆေးဖက်ဝိုင်ရဲ့အရည်အသွေးသစ်ကို သူရှာဖွေတွေ့ရှိလိုက်ပြီထင်သည်။

ဒီအရည်အသွေးက ကွမ်ရင်ကျောင်းမှာ သားဆုတောင်းတာထက် ပိုအသုံးတည့်လိမ့်မယ် ဟုတ်တယ်မလား?

''လောင်ချန်လည်း ဆေးရုံမှာ?'' မာလဲ့ဝမ်လုံးဝအံ့ဩသွားသည်။

''အင်း... သူ့မိန်းမကလည်း ကိုယ်ဝန်ဆောင်ဆေးစစ်ချက်လုပ်နေတာ'' လီရှင်းကပြောပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်_ ''အလုပ်အကြောင်းပြောရအောင်... ချင်လင်ရဲ့ဖရဲသီးက ပျိုးထောင်ပြီးပြီ... အခုသူက သီးသန့်သီးနှံမျိုးစိတ်ဓာတ်ခွဲခန်းတစ်ခုဆောက်မှာ... ယွမ်သန်း ၂၀၀ နဲ့ ၁၀% ရှယ်ယာ''

ဒီမေးခွန်းပင်_

မာလဲ့ဝမ်ကလည်း အဆင်သင့်ပြောလိုက်သည်_ ''ငါလက်ခံတယ်... ငါချင်လင်ရဲ့တန်ဖိုးနဲ့ မင်းဆိုတဲ့လီရှင်းကိုယုံတယ်... အရင်ဆုံး ငါ့မိန်းမဆေးစစ်ချက်အတွက်ပေးချေပြီးမှ မနက်ဖြန်နေ့လယ်ချင်းလင်စံအိမ်ကိုသွားဖို့စီစဉ်လိုက်မယ်''

''ကောင်းပြီလေ... မနက်ဖြန်တွေ့မယ်'' လီရှင်းကသူ့ကိုနှုတ်ဆက်ပြီး ဖုန်းချလိုက်သည်။

ဒါကလည်း သူထင်ထားတဲ့အတိုင်း။ ဒီနှစ်ယောက်က ဓာတ်ခွဲခန်းအခြေအနေကိုမသိဘူးဆိုရင်တောင် ချင်လင်ရဲ့တန်ဖိုးကိုလုံးဝသိတယ်လေ။

သူတို့လီမိသားစုအပြင် ချင်လင်ရဲ့တန်ဖိုးကို ဒီနှစ်ယောက်ထက်ပိုသိသူမရှိနိုင်။

''ပြီးသွားပြီမလား?'' လီရှင်းက အပြုံးနှင့်ပြောလိုက်သည်။

ချင်လင်က လီခိုင်ကိုမေးလိုက်၏_ ''အစ်ကိုလီ... ဒီလိုဆိုရင် ကျွန်တော့်ဓာတ်ခွဲခန်းကိုလာလို့ရပြီမလား?''

''ငါငြင်းလို့မရဘူး ဟုတ်တယ်မလား?'' လီခိုင်ပြုံးလိုက်သည်။ အစကတည်းက ညီလေးချင် သူ့အပေါ်အစီအစဉ်ဆွဲနေကြောင်း သူသိသည်။

ဒီဖြစ်စဉ်ကဘာလို့ ဦးတည်ချက်နှစ်ဖက်လုံးကိုသွားနေသလို နည်းနည်းထူးဆန်းနေတာလဲ?

လီခိုင်သဘောတူသည်ကိုမြင်လျှင် ချင်လင်၏မျက်နှာမှာပြုံးရွှင်သွားသည်။ သူ့ပရိယာယ်နှင့် တစ်ဖက်သူ၏ကိုယ်ပိုင်စိတ်ကူးအရ ဒါမြေဆီလွှာပြဿနာဟုယုံကြည်ထားသည်။ ရှေ့လျှောက်သူအလုပ်လုပ်ဖို့ ပိုလွယ်ကူသွားလိမ့်မည်။

နေ့လယ်စာစားပြီးလျှင် ချင်လင်ကကျောက်မိုချင်းရုံးခန်းသွား၍ ဓာတ်ခွဲခန်းရံပုံငွေတည်ထောင်ထားသည့်အကြောင်းပြောပြလိုက်သည်။

ကျောက်မိုချင်းမှာ စံအိမ်နှင့်အစားအသောက်ကုမ္ပဏီကိုတာဝန်ခံလာတာကြာပြီဖြစ်၍ အမြင်ရှိနေသည်။ အကျိုးအမြတ်ကိုမြင်သောကြောင့် မငြင်းပယ်။

ထို့နောက် ချင်လင်ကသူ့ရုံးခန်းထဲပြန်လာပြီး ချူဖုန်းကိုဖုန်းဆက်လိုက်သည်။ စာချုပ်ထပ်ဆွဲဖို့လိုပြန်ပြီလေ။

All Chapters