← Chapters

ဓာတ်ခွဲခန်းတည်ထောင်ခြင်း! လျှို့ဝှက်နည်းအသစ်: စိတ်ငြိမ်စေသော လက်ဖက်ရွက်! ၃

Vol. 23 Ch. 341

ဓာတ်ခွဲခန်းတည်ထောင်ခြင်း! လျှို့ဝှက်နည်းအသစ်: စိတ်ငြိမ်စေသော လက်ဖက်ရွက်! ၃

Vol. 23 Ch. 341

ရှန်မြို့တော်_

ချူဖုန်းမှာ တရားရုံးအပြင်ထွက်လာစဉ် ဖုန်းမြည်သံကြားလိုက်ရသည်။ ချင်လင်၏နံပါတ်ကိုတွေ့သောအခါ ဖုန်းကိုင်လိုက်ပြီး_ ''အခုပဲ တရားရုံးကထွက်လာတာ... မကြာခင် ရုံချန်းစီရင်စုကိုပြေးလာရမှာတော့ မဟုတ်ပါဘူးနော်''

ချင်လင်ကပြုံးလိုက်ပြီး_ ''မလိုပါဘူး... စီနီယာအစ်ကိုချူကို ဘဏ္ဍာရေးစာချုပ်နှစ်ခုဆွဲခိုင်းချင်လို့ပါ... ကျွန်တော် ယွမ်သန်း ၂၀၀ စီ ရံပုံငွေနှစ်ခုနဲ့ ဓာတ်ခွဲခန်းအသစ်တစ်ခုဆောက်ဖို့စီစဉ်နေတာ... မနက်ဖြန်သုံးနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ''

''ချင်လင်... မင်းလုပ်ငန်းမှာပါတဲ့ငွေပမာဏက တဖြည်းဖြည်းများလာတယ်... တိတိကျကျအခြေအနေနဲ့လိုအပ်ချက်တွေပြောပါဦး'' ချူဖုန်း၏မျက်နှာမှာ စိတ်လှုပ်ရှားမှုအပြည့်။ ဒီဂျူနီယာလေးရဲ့စံအိမ်နဲ့အစားအသောက်ကုမ္ပဏီအလားအလာက အတော်ကြီးမားလာပြီ။ အခုဆို ဓာတ်ခွဲခန်းတောင်ဆောက်တော့မည်။

ဒီဓာတ်ခွဲခန်းမှာဘာတွေဖြစ်မလဲသူမသိသော်လည်း ဘဏ္ဍာငွေကယွမ်သန်း ၂၀၀ ဆိုမှတော့ သာမန်မဟုတ်တာသိသာသည်။

ချင်လင်လည်း ချူဖုန်းကိုအခြေအနေအတိအကျပြောပြလိုက်၏။





သို့ရာတွင် ချူဖုန်းမှာ ဘဏ္ဍာငွေ ယွမ်သန်း ၂၀၀ နှင့် ၁၀% ရှယ်ယာနှစ်စုအကြောင်းကြားပြီး လန့်သွားသည်မဟုတ်ပါလော? ချင်လင်ပြောတဲ့အသစ်ဆောက်မယ့်ဓာတ်ခွဲခန်းက ဘာမှမလုပ်ရသေးဘဲ ယွမ်ဘီလီယံနဲ့ချီပြီးတန်ဖိုးရှိနေတဲ့သဘောဖြစ်နေတယ်မလား?

ဒါ…

နောက်နှစ်လုပ်ငန်းအသုံးစရိတ်က ပိုများလာနိုင်ဖွယ်ရှိသည်။

''ချင်လင်... ငါညတွင်းချင်း ဘဏ္ဍာရေးစာချုပ်လုပ်ပေးမယ်'' ချူဖုန်းက ချင်လင်ကိုမြန်မြန်ဆန်ဆန်ကတိပေးလိုက်သည်။ သူတန်ဖိုးလိုချင်ရင် ကိစ္စကိုကောင်းကောင်းဖြေရှင်းပေးရမည်။

ဖုန်းချပြီးနောက် သူကဖုန်းထပ်ဆက်လိုက်၏။ အချိန်ကနည်းနည်းကြပ်နေသည်။ သူအကူအညီယူရမည်။

စံအိမ်ထဲ၌_

ချင်လင်လည်း ဖုန်းချလိုက်သည်။ စီနီယာအစ်ကိုချူကို သူယုံသည်။

ချူဖုန်းကလည်း အလွန်လုပ်နိုင်စွမ်းရှိသည်။

နောက်တစ်နေ့ နေ့လယ်စာစားပြီးချိန်တွင် ချင်လင်ထံသို့ ချူဖုန်းဆီမှဖုန်းဝင်လာ၏_ ''ချင်လင်... ဘဏ္ဍာရေးစာချုပ်ပြီးပြီ... အခုချက်ချင်းပို့ပေးလိုက်မယ်... လက်ခံလိုက်''

''ကျေးဇူးပါ... စီနီယာအစ်ကိုချူ'' ချင်လင်ကဖုန်းချပြီးပြီးချင်း ချူဖုန်းဆီမှစာချုပ်ဖိုင်ကိုချက်ချင်းလက်ခံလိုက်သည်။ စာချုပ်ကိုဆွဲယူပြီး မိတ္တူထုတ်ပြီးနောက် ရုတ်တရက်သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။

ဂိမ်းထဲတွင် မြို့တော်ဝန်သောမတ်က စိုက်ခင်းထဲထပ်ရောက်နေ၏။

ချင်လင်မျက်စိကျယ်သွားသည်။ မြို့တော်ဝန်လာလျှင် ဇာတ်ကွက်မစ်ရှင်ပါမည်။

သူကချက်ချင်း ဂိမ်းဇာတ်ကောင်ကိုသွားပြီးစကားပြောစေ၏။

(မင်းရဲ့မွေးမြူရေးခြံဆောက်ပြီးပြီလို့ ထင်မထားဘူး... တကယ်မဆိုးဘူး... ဒီနေ့က မြို့တော်ရဲ့နွေဦးပွဲတော်နေ့... ပွဲမှာပါဝင်ဆောင်ရွက်မလား? ပွဲအတွက်မြင်ကွင်းကိုအလှဆင်ပေးရင် နွေဦးပွဲတော်လက်ဆောင်ဘူးရမယ်... ဘူးကိုဖွင့်လိုက်ရင် ကျပန်းလက်ဆောင်ရနိုင်တယ်!)





သေချာတာပေါ့။ နောက်ထပ်ဇာတ်ကွက်ပဲ။ ပြီးတော့ နောက်ထပ်စွန့်လွှတ်မှု။

နောက်ပြီး တေးဂီတပွဲတော်နှင့်မတူပေ။

တေးဂီတပွဲတော်က အစားအသောက်ပို့ပေးဖို့လိုပြီး နွေဦးပွဲတော်က မြင်ကွင်းကိုအလှဆင်ဖို့သာလိုသည်။

ဒါပေါ့။

ချင်လင်လက်ခံလိုက်သည်။ နောက်တစ်ခဏအကြာ ဂိမ်းမြင်ကွင်းပြောင်းသွား၏။ လမ်းပေါ်တွင် သူ့မစ်ရှင်၏ပန်းတိုင်ကိုညွှန်ပြသောမျှားတစ်ချောင်းပေါ်လာသည်။

သူကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်ကိုသွားစေလိုက်ရာ နောက်ဆုံး ပန်းခြံရင်ပြင်တစ်ခုဆီရောက်သွားသည်။ နွေဦးပွဲတော်ကို ဒီမှာကျင်းပမည်ပေါ့။

ထို့နောက် နွေဦးပွဲတော်အခင်းအကျင်းကို သောမတ်၏ညွှန်ကြားချက်အတိုင်း ပြင်ဆင်လိုက်သည်။

အလှဆင်ရင်း ငြီးငွေ့စရာဖြစ်နေပုံရပြန်သည်။ သောမတ်က နိုထရီဒိန်းတောင်သွားပြီး အပင်အမျိုးမျိုး၊ ပန်းအမျိုးမျိုးယူကာ အလှဆင်ရန်လိုအပ်ကြောင်း သူ့ကိုတောင်းဆို၏။

နောက်ဆုံး သော့ခတ်ထားသောမစ်ရှင်တသီတတန်းကြီးဆောင်ရွက်ပြီးသောအခါ သောမတ်နှင့်စကားပြောသောဇာတ်ကွက်ထဲရောက်သွားပြန်သည်:

(နောက်ဆုံးတော့ နွေဦးပွဲတော်အခမ်းအနားအပြင်အဆင်ပြီးသွားပြီ... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... သင့်ကို ဒီနွေဦးပွဲတော်လက်ဆောင်ဘူးပေးမယ်!)

(နွေဦးပွဲတော်လက်ဆောင်ဘူးရသည့်အတွက် ဂုဏ်ယူပါတယ်... ဖွင့်ချင်ပါသလား?)

ချင်လင်ကချက်ချင်း ဖွင့်မည်ကိုရွေးပြီး ဒီတစ်ခေါက်ပေါ်လာမှာ ဂီတပွဲအခမ်းအနားစာလိပ်လိုဒုက္ခများမယ့်ဟာလား မျှော်လင့်ရင်းကြည့်လိုက်သည်။

(အထူးဖော်စပ်ပုံရသည့်အတွက် ဂုဏ်ယူပါတယ်: လက်ဖက်ရွက်လုပ်ရန် လျှို့ဝှက်နည်း!)

နောက်ထပ်လျှို့ဝှက်နည်း?

နောက်ပြီး ဒီလက်ဖက်ရွက်တွေက ပစ္စည်းကောင်းမှန်း ချင်လင်သိသည်။

လက်ဖက်ရည်ဖျော်ဖို့ သုံးနိုင်လိမ့်မည်။ ဂိမ်းထဲတွင်နှပ်သောလက်ဖက်ရည်က အားအင်ကိုဖြည့်တင်းပေးပြီး အားရှိစေနိုင်သည်။ သတ္တုတွင်းတူးခြင်း၊ အလုပ်လုပ်ခြင်းတို့အတွက် အလွန်အသုံးတည့်မည်။

စွမ်းအားပင်၏အသီးကြောင့် ကစားသူများက အသီးတချို့စားပြီးသောအခါ သက်လုံကုန်ခမ်းခြင်းမရှိပေ။ ဒီပစ္စည်းက ဂိမ်းထဲမှာသိပ်အာရုံစိုက်မခံရ။

ဒါပေမဲ့ လက်တွေ့ဘဝမှာ ဖျော်သောက်ဖို့လက်ဖက်ရွက်တွေရှိလာရင် ဘယ်လိုဖြစ်မလဲ? သေချာပေါက်နာမည်ကြီးမှာပေါ့။

All Chapters