← Chapters

ဓာတ်ခွဲခန်းမှတ်တမ်း! ဒီမှတ်တမ်းဝင်ရံပုံငွေနောက်မှာ သုညဘယ်နှစ်လုံးပါ?

Vol. 23 Ch. 342

ဓာတ်ခွဲခန်းမှတ်တမ်း! ဒီမှတ်တမ်းဝင်ရံပုံငွေနောက်မှာ သုညဘယ်နှစ်လုံးပါ?

Vol. 23 Ch. 342

ချင်လင်က လက်ဖက်ရွက်လျှို့ဝှက်ချက်ရပြီးနောက် ချက်ချင်းထပြီးရုံးခန်းလော့ချကာ ဂိမ်းထဲဝင်လိုက်သည်။

ဂိမ်းထဲတွင် ကစားသူများမှာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမရှိခြင်း သို့မဟုတ် အင်အားမရှိခြင်းကြောင့် မောပန်းမှုကိုမခံစားရသော်လည်း လက်တွေ့ဘဝ၌ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမရှိခြင်း၊ အင်အားမရှိခြင်းမှာ အလွန်နာကျင်ရသည်။ ယနေ့ခေတ်ဖိအားမှာ အလွန်ကြီးမား၏။ ဒီနာကျင်မှုကို လူတွေဘယ်လောက်များများက ခံနိုင်ရည်ရှိပါမည်လဲ?

သို့သော် လူတွေဘယ်လောက်များများကအံကြိတ်ပြီး သူတို့အသက်၊ သူတို့ဇနီး၊ သူတို့မိန်းကလေး၊ သူတို့အိမ်၊ သူတို့ကားတွေကို ထိန်းသိမ်းထားပါသလဲ?

ဒီအချိန်မှာ အတော်များများက လက်ဖက်ရွက်နှင့်နှပ်ထားသော လက်ဖက်ရည်လေးတစ်ခွက်ကို သောက်ချင်စိတ်ရှိကြလိမ့်မည်။

လက်တွေ့ဘဝထဲကို စိတ်တည်ငြိမ်စေသောလက်ဖက်ရွက်ယူလာတဲ့အကျိုးအမြတ်က ဆော့ထက်တောင်ပိုကောင်းဦးမည်။

ချင်လင်ကဂိမ်းထဲဝင်ဝင်ချင်း 'စိတ်တည်ငြိမ်စေသောလက်ဖက်ရွက်လုပ်နည်း ၀၄'ဆိုသောမှတ်ချက်ကိုမြင်ရသည်။

(စိတ်တည်ငြိမ်စေသောလက်ဖက်ရွက်လျှို့ဝှက်လုပ်နည်း: အရည်အသွေး ၁)

(စိတ်တည်ငြိမ်စေသောလက်ဖက်ရွက်လျှို့ဝှက်လုပ်နည်းများထဲမှတစ်ခုဖြစ်သည်။ လက်ဖက်ရွက်လုပ်နည်းကိုမှတ်တမ်းတင်ထားသည်။ အသုံးပြုပြီးလျှင် ပါဝင်မှုတိတိကျကျနှင့်အာနိသင်ရှိသောနည်းကိုရမည်။ အသုံးပြုလိုပါသလား?)





အရည်အသွေး ၁ နောက်တစ်နည်းပင်။

နောက်ပြီး ဆော့လျှို့ဝှက်လုပ်နည်းနှင့်မတူ။ လက်ဖက်ရွက်နောက်တွင် 'လုပ်နည်း ၀၄'ဟူ၍ပါသည်။ မှတ်ချက်မှာလည်း တစ်ခုအပါအဝင်တဲ့။

သဘောက ဒီလိုလုပ်နည်းတွေ တစ်ခုထက်မကရှိသည်ပေါ့။ အများကြီးဖြစ်နိုင်သည်။

အခုရလိုက်တာက စတုတ္ထမြောက်နည်းဖြစ်ရမည်။

လုပ်နည်းဆိုမှတော့ ကြော်ငြာလို့ရမှာအသေအချာ။

သူက အသုံးပြုမည်ကိုပြတ်ပြတ်သားသားရွေးလိုက်သည်။

တခဏချင်း အရင်ဆော့လုပ်နည်းလိုပင် သူ့စိတ်ထဲတွင်အချက်အလက်များ ဘယ်ကမှန်းမသိရောက်လာ၏။ သူ့စိတ်ထဲစွဲထင်နေသော လက်ဖက်ရွက်လုပ်နည်းများဖြစ်သည်။

လက်ဖက်ရွက်ကိုခဏခဏနှပ်ဖူးသလို ကြွက်သားမှတ်ဉာဏ်ကဲ့သို့ ထူးဆန်းသောခံစားချက်မျိုးရှိနေသည်။

တစ်ချိန်တည်းမှာ ထိုလက်ဖက်ရွက်၏အာနိသင်ကိုလည်း သိလိုက်ရ၏: အရည်အသွေး ၁ လက်ဖက်ရွက်တွင် ခန္ဓာကိုယ်ပြန်လည်ကြံ့ခိုင်စေခြင်း +၁ နှင့် အင်အားပြန်လည်ဖြည့်တင်းပေးခြင်း +၁ အရည်အသွေးရှိသည်။

ချင်လင်ကလက်ခံရရှိပြီးနောက် ရုံးခန်းဖွင့်ပြီး ချန်တပေကိုဖုန်းဆက်လိုက်၏။

ချန်တပေကချက်ချင်းအပြေးရောက်လာပြီးမေးသည်_ ''သူဌေး... ဘာလုပ်ပေးရမလဲ?''

သူ့အတွက်တော့ လက်တိုလက်တောင်းလုပ်ရတာ အကျင့်တစ်ခုဖြစ်လာပြီး ဒီလိုလုပ်ရတာကို သူကပျော်ရွှင်နေသည်။ သူ့သူဌေး၏နံပါတ်တစ်လူယုံအဖြစ်နှင့်သက်သက်နေ၏။ စံအိမ်ထဲမှာ ဝန်ထမ်းကောင်းတွေအများကြီး။ သို့သော် သူ့သူဌေးနှင့်အနီးကပ်နေရတာက သူတစ်ယောက်တည်းလေ။

ချင်လင်ကလည်း ချန်တပေကိုခိုင်းရတာ လုံးဝအဆင်ပြေသည်။ သူဝင်လာသည်ကိုမြင်သည်နှင့် တန်းညွှန်ကြားလိုက်၏_ ''ပစ္စည်းတချို့ဝယ်ပေးပါဦး''

''သူဌေး... ခဏလေး... လိုက်မှတ်ဦးမယ်'' ချန်တပေကရုပ်တည်နှင့်ပြောပြီး သူ့အိတ်ထဲမှမှတ်စုစာအုပ်လေးနှင့်ဘောပင်ထုတ်လိုက်သည်။

သူ့ကိုကြည့်ရင်း ချင်လင်က_ ''လက်ဖက်ရွက်နည်းနည်းဝယ်ပေးပါ... ပြီးတော့ တခြား...''

သူကချန်တပေအား လျှို့ဝှက်နည်းအတွက်လိုအပ်သောပါဝင်ပစ္စည်းများကို ဆက်တိုက်ပြောလိုက်ပြီးမှ_ ''လက်ဖက်ရွက်က လတ်လတ်ဆတ်ဆတ်ခူးထားတာဖြစ်ရမယ်''

''ကောင်းပါပြီ သူဌေး'' ချန်တပေက သူ့ဘောပင်နှင့်စာရွက်ကိုသိမ်းပြီး ချက်ချင်းထွက်လာသည်။ ကားပါကင်ဆီရောက်သောအခါ အသစ်စက်စက် Focus ကားထဲဝင်လိုက်၏။





သူ့ကားအသစ်ပင်။

အရင်က သူ့လိုလုံခြုံရေးအစောင့်လေးတစ်ဦးမှာ ကားမဝယ်နိုင်ခဲ့။ လစာယွမ် ၃၀၀၀ နှင့်ကားဝယ်စီးလျှင် သူ့မိန်းမကဒလိမ့်တုံးနှင့်သေအောင်ထုတာ သေချာပေါက်ခံရလိမ့်မည်။

ကံကောင်းလို့ သူ့သူဌေးအသစ်နှင့် သက်သောင့်သက်သာနေရမည့်အခွင့်အရေးကိုအရယူနိုင်ခဲ့သည်။ သူကချင်းလင်စံအိမ်ရဲ့လုံခြုံရေးခေါင်းဆောင်။ သူ့လစာက ရုံချန်းစီရင်စုလိုနေရာငယ်လေးအဖို့ လုံးဝမြင့်သည်။

သူ့မိန်းမကချေးငွေယူပြီး သူ့အတွက်ဒီကားဝယ်ပေးထားခြင်းပင်။ သူ့မိန်းမပြောသလိုပြောရရင် ချင်းလင်စံအိမ်ရဲ့လုံခြုံရေးခေါင်းဆောင်က မော်တော်ဆိုင်ကယ်စီးပြီး အလုပ်မဆင်းနိုင်တဲ့အခါ ရှက်စရာကောင်းလိမ့်မည်တဲ့။

ချန်တပေက စံအိမ်အပြင်မောင်းထွက်ပြီး မြောက်ဘက်တောင်ဆီတည့်တည့်မောင်းသွားလိုက်သည်။ အဲဒီမှာလက်ဖက်ရွက်တွေကပိုကောင်းမှန်းသိ၍ သူကိုယ်တိုင်တောင်ပေါ်တက်ဖို့ပြင်လိုက်၏။

သူ့သူဌေးလုပ်ဖို့ညွှန်ကြားသည်ကို သူကအကောင်းဆုံးလုပ်သည်။

စံအိမ်ထဲ၌_

ချင်လင်လည်း စားဖိုဆောင်သွားပြီး ဆရာလင်းကိုရှာလိုက်သည်။ စားဖိုဆောင်မှ လက်ဖက်ရွက်နှပ်သောအိုးကြီးသုံးအိုးယူပြီး အလုပ်သင်နှစ်ယောက်ကိုမူလခန်းမထဲကူသယ်ခိုင်းလိုက်၏။

လက်ဖက်ရွက်ကိုအိုးသုံးအိုးနှင့်နှပ်ဖို့မလိုဟုထင်ရသော်လည်း လျှို့ဝှက်နည်းမှာ အိုးသုံးအိုးနှင့်သီးသန့်ခွဲနှပ်ရန်လိုသည်။ အကြမ်းအိုး၊ အစိမ်းအိုးနှစ်အိုးနှင့် နှပ်အိုးဟူ၍ခွဲခြားထားသည်။ အိုးသုံးအိုးကိုဆက်သွယ်ထားပြီး အစဉ်လိုက်လုပ်ဆောင်ရမည်။

အိုးသုံးအိုးခွဲရသည့်အကြောင်းရင်းမှာလည်း လက်ဖက်ရည်နှပ်သောအဆင့်သုံးဆင့်တွင် စွဲမက်စရာလက်ဖက်ရွက်ကိုအပြည့်အဝရပြီးထိန်းသိမ်းထားနိုင်ရန် အပူချိန်အမျိုးမျိုးလိုအပ်သောကြောင့်ပင်။

ယနေ့ခေတ်တွင် အတော်များများက လက်ဖက်ရွက်နှင့်နှပ်ကြ၏။ အထူးသဖြင့် တောင်သူများပင်။ ဒါကလည်း လက်ဖက်ရွက်ကိုတောင်သူများကစိုက်ပြီး စျေးကောင်းနှင့်မရောင်းရသောကြောင့်ဖြစ်လေသည်။

နောက်ပြီး အိုးသုံးအိုး၏အပူချိန်ကို တိတိကျကျသတ်မှတ်ထားသည်။ လူအမျိုးမျိုးမှာ လက်ဖက်ရည်နှပ်နည်းအမျိုးမျိုးဖြစ်သောကြောင့် အပူချိန်ကိုထိန်းရ၏။

ချင်လင်က အစီအစဉ်တစ်ခု၏အပိုင်းတစ်ပိုင်းကြည့်ဖူးသည်။ တဟုန်ပေါင်းမိခင်သစ်ပင်မှအထူးလက်ဖက်ရွက်မှာ အိုး ၁၀ အိုးနှင့် အဆင့် ၁၀ ဆင့်ခွဲထား၏။ တစ်အိုးချင်းစီ၏အပူချိန်ကမတူ။ လက်ဖက်ရည်နှပ်နည်းအထူးပညာတော့ မဖော်ပြပေ။

သူရသောလျှို့ဝှက်နည်းက လက်ဖက်ရည်နှပ်ဖို့အတွက်အထူးနည်းမဟုတ်သော်လည်း လက်ဖက်ရည်အအေးခံနည်းဖြစ်သည်။ အဓိကပါဝင်ပစ္စည်းများကြောင့် အိုးသုံးအိုးသာခွဲရခြင်းဖြစ်၏။ သို့သော် တစ်အိုးစီကို အပူချိန်အမျိုးမျိုးတွင် အသားမကျသေးသောပါဝင်ပစ္စည်းများနှင့်အလေးချိန်အချိုးအစားများဖြည့်ထားသည်။

နောက်ပြီး ပထမအကြမ်းအိုးအပူချိန်က ၁၈၀ မှ ၂၀၀°C ရှိရမည်။ ဒုတိယအစိမ်းအိုးအပူချိန်ကို ၁၃၀ မှ ၁၅၀°C ထိထားရမည်။ နောက်ဆုံးအိုးကို ၈၀°C မှာနှပ်ရမည်။

ချင်လင်က မူလခန်းမထဲသို့ အလုပ်သင်နှစ်ယောက်နှင့်အိုးသယ်လာသောအခါ ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ရောက်နေသည်ကိုတွေ့လိုက်ရသည်။

သူတို့နှစ်ဦးက ချင်လင်ကိုမြင်သည်နှင့် ဝမ်းသာအားရရှေ့တိုးလာကြ၏။

ချန်ရှန်းဖေကအပြုံးနှင့်_ ''ချင်လင်... လီရှင်းက အခြေအနေအတိအကျပြောပြထားပြီ... ငါတို့ကို ဒီအခွင့်အရေးပေးတဲ့အတွက် အရမ်းကျေးဇူးတင်တယ်လို့ပဲပြောတော့မယ်''

မာလဲ့ဝမ်က သဘောတူခေါင်းညိမ့်လိုက်ကာ_ ''အမှန်ပဲ... ဖရဲမျိုးစိတ်အသစ်ဆိုတာနဲ့တင် တန်နေပြီလို့ထင်တယ်... ဒီမြေကိုမမျှော်လင့်ထားဘူး''

သူတို့နှစ်ဦးက ငတုံးမဟုတ်။ ဒီတန်ဖိုးကို သူတို့သိသည်လေ။

All Chapters