ဓာတ်ခွဲခန်းမှတ်တမ်း! ဒီမှတ်တမ်းဝင်ရံပုံငွေနောက်မှာ သုညဘယ်နှစ်လုံးပါ? ၂
Vol. 23 Ch. 343
ဒီအထူးမြေကြီးမှာ နောက်ထပ်စပ်မျိုးသီးနှံပျိုးထောင်နိုင်ဦးမယ်ဆိုရင် ဒီ ၁၀% ရင်းနှီးမြှုပ်နှံမှုရဲ့တန်ပြန်ရလဒ်က ကြောက်စရာကောင်းလောက်အောင်ဖြစ်မှာသေချာသည်။
တခြားသူတွေသာ အသေးစိတ်သိရင် ရင်းနှီးမြှုပ်နှံဖို့အပြေးလာကြလိမ့်မည်။
သူတို့က သူတို့မိတ်ဆွေဖြစ်မှုကြောင့် အမြတ်ထွက်ခြင်းသာ။
အဓိကအကျဆုံးက ချင်လင်ဖြစ်နေသောကြောင့်ပင်။ လီရှင်း သူ့ကိုဒီလိုကူညီပုံအရ လီမိသားစုကပါထောက်ခံကြောင်းသိနိုင်သည်။ သူတို့နှစ်ဦးက လီရှင်းနှင့်မိတ်ဆွေကောင်းတွေဆိုရင်တောင် လီမိသားစုထဲမှာ ဒီလိုဆက်ဆံမှုမျိုးမရနိုင်ကြောင်းသိထား၏။
''လောင်ချန် လောင်မာ... အချင်းချင်းကျေးဇူးတင်မနေပါနဲ့'' ချင်လင်က သူ့လက်ထဲမှအိုးကိုချပြီးပြောလိုက်သည်_ ''တစ်ဖက်လှည့်နဲ့ ကျေးဇူးတင်ချင်တယ်ဆိုရင် ဓာတ်ခွဲခန်းကိုကူပြီးပြင်ဆင်ပေးပါလား... ယုံကြည်ရတဲ့ကျွမ်းကျင်မန်နေဂျာတစ်ယောက်ယောက်ကိုအကြံပြုပေးရင် အကောင်းဆုံးပါပဲ... အခုအရေးကြီးတာက လူဆွဲခန့်ဖို့မလား? ကျွန်တော်က ဒီအပိုင်းမှာ ဘာအဆက်အသွယ်မှမရှိဘူး''
ဘာပဲဖြစ်ဖြစ် ဓာတ်ခွဲခန်းက စံအိမ်နှင့် အစားအသောက်ကုမ္ပဏီနှင့်မတူ။
သူငယ်ငယ်ကတည်းက တန့်ကွမ်းမှာလည်း အစားအသောက်ကုမ္ပဏီနှင့်ဖြစ်ထွန်းလာပြီး ကောင်းကောင်းလုပ်ကိုင်နေသည်။ စံအိမ်ကလည်း သူငယ်စဉ်ကတည်းကဖွံ့ဖြိုးလာပြီး ကျောက်မိုချင်းကကိုင်တွယ်နိုင်ဆဲဖြစ်၏။
သို့သော် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က ရံပုံငွေထူထောင်ပြီးနောက် ဤဓာတ်ခွဲခန်းမှာ အစကတည်းက ရင်းနှီးငွေယွမ်သန်း ၄၀၀ ဖြစ်နေပြီ။ နောက်ပိုင်း ဖရဲမျိုးသစ်ကိုစိုက်ပျိုးတိုးမြှင့်တော့မည်။ ဒီအခင်းက အစကြီးဖြစ်၏။ စီမံရေးအလွန်ကောင်းဖို့လိုအပ်ရုံသာမက ဓာတ်ခွဲခန်းစီမံရေးတွင်အတွေ့အကြုံရှိထားဖို့လည်းလိုသည်။
ဒီလိုအရည်အချင်းမျိုးကို ရုံချန်းစီရင်စုလိုနေရာငယ်လေးမှာ ရှာလို့မရနိုင်။ နယ်ကျော်ပြီးလူဆွဲခေါ်ဖို့သာ အားထားရလေ့ရှိသည်။
ဒီအတွက် သူ့မှာအဆက်အသွယ်မရှိ။
ချင်လင်၏စကားကိုကြားလျှင် ချန်ရှန်းဖေကပြုံးလိုက်ပြီး_ ''လူခေါ်တဲ့ကိစ္စက လွယ်ပါတယ်... 'သီလနဲ့စေတနာ'ရဲ့အထွေထွေမန်နေဂျာကျန်းချိုးသုံ့ကို ငါသိတယ်... သီလနဲ့စေတနာက လုပ်ငန်းထဲမှာ လူခေါ်အားအကောင်းဆုံးကုမ္ပဏီတွေထဲကတစ်ခုပဲ... သင့်တော်တဲ့သူရှာဖို့လွယ်တယ်''
မာလဲ့ဝမ်ကခေါင်းညိမ့်ကာ_ ''လူခေါ်တဲ့ကုမ္ပဏီ သီလနဲ့စေတနာက တကယ်ကောင်းတယ်... အဲဒီဥက္ကဌကျန်းကလည်း ကျော်ကြားသူမျက်နှာမျိုးရှိတယ်... နတ်မုတ်ဆိတ်ဓားနဲ့အတော်တူတာ... လုပ်ငန်းထဲမှာနာမည်အရမ်းကြီးတယ်''
ချင်လင်ခေါင်းညိမ့်လိုက်သည်။ သူတို့နှစ်ယောက်က ဒီဂျာမန်ဇာတ်လမ်းကိုမဆိုးဘူးဆိုမှတော့ ချန်ရှန်းဖေနှင့်ဆက်သွယ်ခိုင်းရမည်။
လီရှင်းကလျှောက်လာပြီး စူးစမ်းလိုက်သည်_ ''ချင်လင်... အိုးကြီးသုံးလုံးကို ဘာလုပ်ဖို့ယူလာတာလဲ?''
ချင်လင်ကရှင်းပြလိုက်၏_ ''လက်ဖက်ရွက်နှပ်ဖို့ပြင်နေတာ''
''ကိုယ့်အလုပ်ကိုယ်မလုပ်ဘူး'' လီရှင်းက လက်ဖက်ရည်ကိုစိတ်မဝင်စားသောကြောင့် ပစ်ပစ်နှစ်နှစ်ပြောလိုက်သည်_ ''ချင်လင်... မင်းကဝိုင်မှာဒီလောက်အောင်မြင်နေတာ... ဘာလို့ဝိုင်မလုပ်ဘဲ လက်ဖက်ရည်ဖျော်နေတာလဲ?''
ချင်လင်မှာ အိုးတိုးအမ်းတမ်းဖြစ်သွားသည်။ ဒီအခြေအနေတွင် သူဝိုင်အကြောင်းသိပ်နားလည်ဖို့မရှိဘဲ လက်ဖက်ရွက်လျှို့ဝှက်နည်းသာရပြီး လက်ဖက်ရည်နှပ်ကျွမ်းကျင်သူဖြစ်လာသည်။


သို့သော် အဓိကက သူထုတ်ယူလာသောဝိုင်မှာထိပ်တန်းဝိုင်ဖြစ်နေ၍ သူသာဝိုင်အကြောင်းသိပ်မသိဟုပြောလျှင် ဘယ်သူမှယုံမည့်ပုံလည်းမရှိပေ။
လက်ဖက်ရည်ကြိုက်သောမာလဲ့ဝမ်က စိတ်ဝင်စားသည်_ ''ငါလက်ဖက်ရည်ကြိုက်တယ်... ဒါပေမဲ့ အရင်ကလက်ဖက်ရည်နှပ်တာ တစ်ခါမှမမြင်ဖူးဘူး... ကြည့်ချင်တယ်''
ချင်လင်ကရှင်းပြလိုက်သည်_ ''ကျွန်တော်လက်ဖက်ရွက်ဝယ်ခိုင်းလိုက်တယ်... သူပြန်လာတာစောင့်ရဦးမယ်... အရင်ဆုံးဓာတ်ခွဲခန်းအကြောင်းပြောဖို့ရုံးခန်းထဲသွားရအောင်!''
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က ကန့်ကွက်ခြင်းမရှိပေါ့။
သူတို့က ဒီကိစ္စရှင်းဖို့မစောင့်နိုင်တော့။
ရုံးချန်းထဲဝင်ပြီးနောက် မာလဲ့ဝမ်ကလက်ဖက်ရည်စားပွဲတွင်အသားကျကျဝင်ထိုင်ပြီး အရင်သူထားခဲ့သောအူလုံလက်ဖက်ရည်နှင့် လက်ဖက်ရည်ဖျော်ကိရိယာများကိုကိုင်လိုက်သည်။
လက်ဖက်ရည်စားပွဲဆိုတာ သူ့အတွက်အိမ်ကွင်း။
သူကရေနွေးတည်ပြီး လက်ဖက်ရွက်များထည့်ကာ အနယ်အနှစ်စစ်၍ လက်ဖက်ရည်ဖျော်လိုက်သည်။ လက်ဖက်ရည်တစ်အိုးမြန်မြန်ဆန်ဆန်နှပ်ပြီးသွားသည်။
မာလဲ့ဝမ်က အားလုံးအတွက် တစ်ခွက်စီငှဲ့ပေးလိုက်၏။
ချင်လင်လည်း စောစောကသူမိတ္တူဆွဲထားသောစာဖိုင်များကို ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ဆီကမ်းပေးလိုက်သည်။ ထိုစာချုပ်က ယွမ်သန်း ၂၀၀ ရင်းနှီးမြှုပ်နှံပြီး ရှယ်ယာ၏ ၁၀% ကိုပိုင်ဆိုင်သည်ဟူသောစာချုပ်ပင်။
တစ်ဖက်မှာ ချင်လင်က ဖရဲမျိုးအသစ်နှင့်မြေကြီး ၈၀% ကို ရင်းနှီးမြှုပ်နှံထားသည်။
စာချုပ်လက်မှတ်ထိုးပြီးလျှင် စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဌာနတွင် မှတ်ပုံတင်နိုင်ပြီ။ ထိုအချိန်တွင် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လည်း ရှယ်ယာရှင်များအနေနှင့် စာရင်းသွင်းအချက်အလက်တွင်ပါလာလိမ့်မည်။
ချင်လင်က လက်ဖက်ရည်စားပွဲတွင်ဝင်ထိုင်လိုက်ပြီး ချန်ရှန်းဖေနှင့်မာလဲ့ဝမ်အား_ ''လောင်မာ လောင်ချန်... အရင်ဆုံးစာချုပ်ကို ရှေ့နေနဲ့ကြည့်ခိုင်းလိုက်ပါဦး''
သူတို့နှစ်ဦးကခေါင်းညိမ့်ပြီး စာချုပ်ကိုချင်လင်ရှေ့တွင်ဓာတ်ပုံရိုက်ယူကာ သူတို့ရှေ့နေဆီပို့လိုက်သည်။
သူလည်း ကုမ္ပဏီမှတ်ပုံတင်ရန်သီးသန့်အကောင့်တစ်ခုလိုသည်။ အချိန်ကျရင် ငွေကိုထိုအကောင့်ထဲထည့်ရမည်။
သူတို့ရှေ့နေက စာချုပ်ကိုအမြန်ရဦးမည်မဟုတ်ဟုဆိုသောကြောင့် ချင်လင်က သူတို့နှင့်ဓာတ်ခွဲခန်းကိစ္စတချို့ဆွေးနွေးပြီးနောက် ဘုံအကောင့်တစ်ခုလျှောက်ရန် စံအိမ်မှထွက်ခဲ့သည်။
ဘုံအကောင့်မှာ အဖွဲ့သုံးအကောင့်ဖြစ်၏။ အချိန်ကျရင် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်၏ရင်းနှီးမြှုပ်နှံငွေအပါအဝင် ဓာတ်ခွဲခန်းရံပုံငွေကို ဒီကတ်နှင့်သုံးမည်။
ချင်လင်က တခြားဘဏ်အကောင့်စာရင်းသွင်းပြီး စံအိမ်ပြန်လာရာ ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လည်း သူတို့ရှေ့နေအသီးသီးဆီမှအတည်ပြုချက်ရထားပြီးဖြစ်သည်။ စာချုပ်ကပြဿနာမရှိ။
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လည်း စာချုပ်ပေါ်တွင် သူတို့နာမည်လက်မှတ်ကိုပြတ်ပြတ်သားသားထိုးလိုက်ကြ၏။
ဒီရင်းနှီးမြှုပ်နှံမှုကို သူတို့နာမည်နှင့်ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်သည်။ သူတို့အဖွဲ့အစည်းနာမည်နှင့်မဟုတ်ပေ။
ဒီရင်းနှီးမြှုပ်နှံမှုက လုံးဝအဆင့်အတန်းမြင့်သည်ဟုသိထားသောကြောင့်ပင်။ ပြန်ရမှာက စိတ်ကူးနိုင်သည်ထက်အများကြီးပိုသည်။
အဖွဲ့မှာ သူတို့အပိုင်သက်သက်မဟုတ်။ တခြားရှယ်ယာရှင်တွေရှိသေးသည်။
သီးသန့်ရင်းနှီးမြှုပ်နှံမှသာ ကိုယ်ပိုင်ဟုယူဆရမည်။
ဒီလိုအဆင့်အတန်းမြင့်သီးသန့်ရင်းနှီးမြှုပ်နှံမှုရဲ့အကျိုးအမြတ်ကို သူ့အဖွဲ့အစည်းကတခြားရှယ်ယာရှင်တွေယူစရာအကြောင်းမရှိ။
စာချုပ်ချုပ်ပြီးနောက် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လည်း သူတို့ဖုန်းထုတ်ပြီးဖုန်းဆက်ကြသည်။ ယွမ်သန်း ၂၀၀ လွှဲပြောင်းဖို့က နည်းနည်းနောနောမဟုတ်။ ဘဏ်မှာ ပြန်လည်ဆန်းစစ်ရေးလုပ်ငန်းစဉ်အတွက် နည်းနည်းဒုက္ခများလိမ့်မည်။


ဘဏ်ကိစ္စများကိုအမြန်ဆုံးဆောင်ရွက်ပေးရန် ဘဏ်ဥက္ကဌဆီကိုယ်တိုင်ဖုန်းဆက်ထားရသည်။
ချင်လင်လည်း လုပ်စရာရှိသည်များကိုအမြန်ဆုံးစီစဉ်ပြီး သီလနှင့်စေတနာ၏လူခေါ်ပေးသူကိုဆက်သွယ်၍ သင့်တော်သောမန်နေဂျာတစ်ယောက်ရှာပေးရန် ချန်ရှန်းဖေကိုကူညီခိုင်းလိုက်သည်။
သီးသန့်နေရာတစ်နေရာငှားရန် စီရင်စုကိုလည်းသွားလိုက်သည်။ အကြောင်းမှာကုမ္ပဏီစာရင်းသွင်းရန် ရုံးခန်းတစ်ခုလိုအပ်သောကြောင့်ပင်။ သတ်မှတ်ထားသောလုပ်ငန်းစဉ်အရ အရင်ဆုံးနေရာငှားဖို့သာရှိသည်။
ထို့နောက် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တို့၏အကောင့်များရောက်လာသည်။
ဒီလောက်ငွေပမာဏအများကြီးလက်ခံဖူးတာ ချင်လင်အတွက်ပထမဆုံးပင်။ သန်း ၄၀၀ နောက်က သုညအရေအတွက်က နည်းနည်းမျက်စိပြာစရာ။
ဖြစ်ချင်တော့ သူ့ပိုက်ဆံမဟုတ်။ ချင်းလင်ဓာတ်ခွဲခန်းရဲ့ပိုက်ဆံတဲ့။ သူကဓာတ်ခွဲခန်းရှယ်ယာ ၈၀% ကိုပိုင်သည်ဆိုသော်လည်း ကွာခြားချက်ကကြီးမားဆဲ။
နောက်ပြီး ဒီပိုက်ဆံအတွက်စာချုပ်မှာလည်း ဓာတ်ခွဲခန်းတစ်ခုဆောက်ဖို့၊ ဖရဲမျိုးစိတ်အသစ်တိုးမြှင့်ဖို့ဟုလမ်းကြောင်းဖော်ပြထားသည်။
ငွေလွှဲပြီးလျှင် ချင်လင်လည်း ချန်ရှန်းဖေ၊ မာလဲ့ဝမ်နှင့်လီရှင်းတို့ကို စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဌာနသို့ခေါ်သွား၏။ တစ်ချိန်တည်းမှာ အကြီးအကဲကောကိုဖုန်းဆက်လိုက်သည်။
အရင်က ချန်လီနှင့်အတူ အကြီးအကဲကောနှင့်လေးငါးကြိမ်ဆုံပြီး သူ့ဖုန်းနံပါတ်ပေးခဲ့၏။
ရုံချန်းစီရင်စုတွင် ဒီလိုလုပ်ငန်းမျိုးအတွက် သာမန်လူတွေလိုစောင့်ဆိုင်းနေဖို့မလိုသလို ကရိကထများသောလုပ်ငန်းစဉ်များကိုဖြတ်ကျော်ဖို့လည်းမလိုပါချေ။ အကြီးအကဲကောကို ဖုန်းတစ်ချက်ဆက်လိုက်ရုံပင်။
ဒီစာရင်းသွင်းကုမ္ပဏီဥပဒေမှာ တရားဝင်ကိုယ်စားလှယ်နှင့် လုံးဝပြီးနိုင်သည်။ ရှယ်ယာရှင်များလာစရာမလို။
သို့သော် ချန်ရှန်းဖေမှာစံအိမ်တွင်လုပ်စရာမရှိသဖြင့် အတူတူလာခဲ့ကြသည်။
ချင်လင်က စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဌာနရောက်သောအခါ ဝတ်စုံပြည့်နှင့်သက်လတ်ပိုင်းအရွယ်လူတစ်ယောက်စောင့်နေသည်။ အကြီးအကဲကောပင်။
''ဥက္ကဌချင်... ဒီနေ့ဘာလုပ်ငန်းရှိလဲ?'' အကြီးအကဲကောက ချင်လင်ကားထဲမှထွက်လာသည်ကိုမြင်မြင်ချင်း အပြုံးနှင့်လှိုကိလှိုက်လှဲလှဲရှေ့တိုးလာသည်။
ဒီလိုပဲဖြစ်ရမည်လေ။ စီရင်စုခေါင်းဆောင်တွေက သူဌေးချင်ကိုဘယ်လောက်တန်ဖိုးထားလဲ အားလုံးအသိ။ ဘယ်ဌာနက လျစ်လျူရှုရဲမှာလဲ?
သူဌေးချင်သာ သူ့အခြေခံစည်းမျဉ်းတွေကိုမဖောက်ဖျက်ဘူးဆိုရင် ဘာတောင်းဆိုချက်မှမလိုဘဲ အပြည့်အဝထောက်ပံ့ပေးမည်။ ဒါကအမာခံရပ်တည်ချက်တစ်ခု။
ချင်လင်ကပြုံးပြီး ရှင်းပြလိုက်၏_ ''အကြီးအကဲကော... နောက်ဓာတ်ခွဲခန်းကုမ္ပဏီစာရင်းသွင်းချင်လို့... ခင်ဗျားကိုပဲဒုက္ခပေးရတော့မယ်''
''သူဌေးချင်... ဒါကိစ္စသေးသေးလေးပဲ... ကျုပ်ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းပေးမယ်'' အကြီးအကဲကောကချက်ချင်း ချင်လင်ကိုသူ့ရုံးခန်းထဲဖိတ်လိုက်သည်။ ခန်းမထဲဖြတ်လာသောအခါ ဝန်ထမ်းများနှင့်လုပ်ငန်းလုပ်နေသူများက ဝိုင်းကြည့်ကြ၏။
ဘာပဲဖြစ်ဖြစ် ညွှန်မှူးကိုယ်တိုင်ထွက်ကြိုထားသူဖြစ်၍ ဒီပုဂ္ဂိုလ်ကသေချာပေါက် ရုံချန်းစီရင်စုမှာအရေးပါအရာရောက်သူဖြစ်ရမည်လေ။
အကြီးအကဲကောက သူ့ရုံးခန်းထဲပြန်ရောက်သောအခါထိုင်လိုက်သည်။ သူ့ကွန်ပျူတာကိုဖွင့်၍ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဌာနနောက်ခံအချက်အလက်ထဲဝင်လိုက်၏_ ''သူဌေးချင်... စာရင်းသွင်းမယ့်အချက်အလက်ပေးပါ''
ချင်လင်လည်း အချက်အလက်ကိုပေးလိုက်သည်။
အကြီးအကဲကောက အချက်အလက်အတိုင်းအသေးစိတ်တဖြည့်လိုက်၏။ ကုမ္ပဏီနာမည်က 'ချင်းလင်ဓာတ်ခွဲခန်း'ဟူသောနာမည်ပင်။ နေရာကကျပန်းဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် အကြီးအကဲကောသိသည်။
စာရင်းသွင်းငွေအရင်းအနှီး...?
အကြီးအကဲကော မှင်တက်သွားသည်။
သူတို့စီရင်စုထဲမှာ မှတ်ပုံတင်ကုမ္ပဏီအများစုက ယွမ်သောင်းဂဏန်းမျှသာရှိ၏။ တချို့က ယွမ်တစ်သိန်းကျော်ပြီး ယွမ်သန်းချီတာရှားသည်။
သူဌေးချင်ရဲ့စာရင်းသွင်းရံပုံငွေနောက်မှာ သုညတွေတသီတတန်းကြီး ရုတ်တရက်တွေ့လိုက်ရတော့ တစ်ခဏမျှကျောက်ရုပ်ဖြစ်သွား၏။
၄၀၀ ၀၀၀ ၀၀၀.၀၀။
သုညတွေဘယ်နှစ်လုံးလဲ?