← Chapters

စိတ်ငြိမ်လက်ဖက်ရည်ရဲ့အာနိသင်! ဒီထုတ်ကုန်က သေချာပေါက်နာမည်ကြီးမှာ!

Vol. 23 Ch. 344

စိတ်ငြိမ်လက်ဖက်ရည်ရဲ့အာနိသင်! ဒီထုတ်ကုန်က သေချာပေါက်နာမည်ကြီးမှာ!

Vol. 23 Ch. 344

နံပါတ်အောက်တွင် စာနှင့်ရေးထားသော်လည်း အကြီးအကဲကောမှာ ၄ နောက်ကသုညများကို မရေကြည့်ဘဲမနေနိုင်။

သူမသိ၍မဟုတ်သော်လည်း ဒီလောက်ငွေပမာကအများကြီးကိုမမြင်ဖူးသောကြောင့်ပင်။

ရုံချန်းစီရင်စုလိုနေရာငယ်လေးမှာ ဒီလောက်ငွေအရင်းအနှီးများသောမှတ်ပုံတင်ကုမ္ပဏီတစ်ခုကို အမှန်ပင်မတွေ့ဖူး။ စုစုပေါင်း ယွမ်သန်း ၄၀၀ တောင်။

''သူဌေးချင်... ဒီစာရင်းသွင်းထားတဲ့ရင်းနှီးငွေက အမှန်ပဲလား?'' အကြီးအကဲကောက လွှတ်ကနဲမေးလိုက်သည်။

စာရင်းသွင်းရံပုံငွေသန်း ၄၀၀ က ဘာကိုကိုယ်စားပြုလဲ?

ဒီကုမ္ပဏီက သေချာပေါက်အံ့ဩဖို့ကောင်းမယ့်သဘောပေါ့။

ရုံချန်းစီရင်စုမှာ ပိုင်ဆိုင်မှုတန်ဖိုးသန်း ၁၀၀ ကျော်တဲ့ကုမ္ပဏီ ဘယ်လောက်များများရှိပါသလဲ?

ချင်လင်ကခေါင်းညိမ့်အတည်ပြုကာ_ ''ကျွန်တော်တို့က ဓာတ်ခွဲခန်းတစ်ခုဆောက်ပြီး ထွက်ကုန်ကိုမြှင့်တင်မှာမလို့ နည်းနည်းများတဲ့စာရင်းသွင်းရံပုံငွေလေးနဲ့စထားပါတယ်''

အကြီးအကဲကောလည်း အသိပြန်ဝင်လာပြီး ချင်လင်၏လုပ်ငန်းစဉ်များကိုဆက်လုပ်ပေးလိုက်သည်။ တစ်ချိန်တည်းမှာ ချင်လင်၏ဓာတ်ခွဲခန်းအကောင့်ကတင်သွင်းသောရံပုံငွေကို စိစစ်အတည်ပြုပေးလိုက်၏။

အထဲတွင် အမှန်ပင် ယွမ်သန်း ၄၀၀ ရှိနေသည်။

သူဌေးချင်အပြင် ရှယ်ယာရှင်နှစ်ယောက်ပါသေးသည်။ တစ်ယောက်က ချန်ရှန်းဖေ၊ နောက်တစ်ယောက်က မာလဲ့ဝမ်။





ထိုနာမည်များကိုမြင်သောအခါ ရုတ်တရက်ကြောင်သွားသည်။ သူကတစ်ခုခုတွေးမိပြီး ချင်လင်ဘေးမှ ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကို အံ့ဩစွာကြည့်လိုက်သည်။

သူတို့က ဒီနှစ်ယောက်မလား?

စောစောက သူသတိမထားမိ။

ဒီထိပ်တန်းသူဌေးနှစ်ဦးက မင်စီရင်စုတစ်ခုလုံးမှာ ထိပ်ဆုံးအယောက် ၅၀ ထဲဝင်မှန်း သူသိထားသည်။ သူတို့အဖွဲ့အစည်းရဲ့ကြွယ်ဝချမ်းသာမှုဆို မပြောနှင့်တော့။

စီရင်စုက ဒီနှစ်ယောက်ကို ရုံချန်းစီရင်စုမှာရင်းနှီးမြှုပ်နှံစေချင်တာကြာပြီဖြစ်သော်လည်း တချို့သိက္ခာစောင့်ထိန်းချက်များကြောင့် သူတို့ကိုမဆက်သွယ်ခဲ့ပေ။

သူဌေးချင်ရဲ့ဓာတ်ခွဲခန်းမှာ စာရင်းဝင်တဲ့ယွမ်သန်း ၄၀၀ က ဒီနှစ်ယောက်ထောက်ပံ့တာဖြစ်မည်ဟု သူချက်ချင်းသဘောပေါက်သွားသည်။

ရက်ရောလိုက်တာလည်း မပြောနှင့်။

ဒီနှစ်ယောက်က သူဌေးချင်နှင့်ဆက်ဆံရေးကောင်းမည့်ပုံရှိသည်။

အကြီးအကဲကောက ချင်လင်၏အချက်အလက်ကိုအချိန်ယူဖြည့်ပေးလိုက်ပြီး_ ''သူဌေးချင်... ကျုပ်ပြန်စိစစ်ပြီးတာနဲ့ စာဖိုင်ကိုအမြန်ဆုံးပို့ပေးလိုက်မယ်''

ပုံမှန်အတိုင်းဆို ကုမ္ပဏီတစ်ခုမှတ်ပုံတင်ပြီးပြန်လည်စိစစ်ဖို့ အချိန်အများကြီးပေးရသည်။ နာမည်တစ်ခုကိုခွင့်ပြုချက်ပေးဖို့ ၁ ရက်မှ ၃ ရက်ကြာပြီး တင်သွင်းထားသောအချက်အလက်များပြန်လည်စိစစ်ဖို့က ၅ ရက်မှ ၁၅ ရက်အထိကြာတတ်၏။ စာဖိုင်များအာမခံအတွက် တစ်ရက်ချိန်းဆိုပြီး နောက်တစ်ရက်နှစ်ရက်အကြာမှ တံဆိပ်တုံးရိုက်ပေးသည်။

ထို့ကြောင့်ပင် လုပ်ငန်းစဉ်များဖြတ်ကျော်ပြီးပါက ကံကောင်းသည်ဟုပြောကြခြင်းပင်။

သို့ရာတွင် ရုံချန်းစီရင်စုလိုနေရာ၌ ချင်လင်၏ဂုဏ်ပုဒ်မှာ ဒီလိုဒုက္ခတွေကိုလုံးဝဖြတ်ကျော်စရာမလို။

''ကျေးဇူးတင်ပါတယ် အကြီးအကဲကော'' ချင်လင်ကအပြုံးနှင့်ဆိုလိုက်သည်။

အကြီးအကဲကောက အလျင်စလိုပင်_ ''လုပ်ပေးရမှာပေါ့... ရုံချန်းစီရင်စုမှာ သူဌေးချင်ရဲ့ကုမ္ပဏီကြီးလာလေလေ ကျုပ်အတွက်ပိုကောင်းလေလေပဲ ဟုတ်တယ်မလား?''

ဒါအမှန်တရားပင်။ ဘာပဲဖြစ်ဖြစ် သူကစီးပွားရေးတာဝန်ခံလေ။

ချင်လင်ကိုလိုက်ပို့ပြီးနောက် အကြီးအကဲကောက သူ့ရုံးခန်းထဲမပြန်ဘဲ စီရင်စုဆီတန်းသွားလိုက်သည်။

စွန်းရှန်တို့က ချန်ရှန်းဖေနဲ့မာလဲ့ဝမ်ကို ရုံချန်းစီရင်စုမှာရင်းနှီးမြှုပ်နှံဖို့ စောင့်မျှော်နေကြသည်လေ။ အခုတော့ ဒီနှစ်ယောက်က တစ်ချီတည်းယွမ်သန်း ၄၀၀ ရင်းနှီးမြှုပ်နှံလိုက်ပြီဆိုတော့ကာ စွန်းရှန်းတို့အပျော်လွန်သွားလိမ့်မည်မဟုတ်လား?

ဒီသတင်းကောင်းကို သူတင်ပြရမည်။

စီရင်စု၌_

စွန်းရှန်လည်း အစည်းအဝေးခန်းထဲမှ ချန်လီနှင့်အတူထွက်လာသည်။





ချင်းလင်စံအိမ်ရဲ့ဖရဲမျိုးစိတ်အသစ်အတွက်အစည်းအဝေးက နောက်ဆုံးတော့ထောက်ခံချက်ရပြီ။

ဖရဲမျိုးစိတ်အသစ်၏အကျိုးရလဒ်ကို အားလုံးကသိကြသည်။ အားလုံးကအမြင်စူးရှပြီး စီရင်စုအတွက် ဖရဲမျိုးအသစ်၏အကျိုးအမြတ်များကိုပြောနိုင်ကြ၏။

ပြီးရင် သူဌေးချင်နှင့်ဘယ်လိုပူးပေါင်းရမလဲ ဆွေးနွေးရဦးမည်။

ဒီကိစ္စ အချိန်ဆွဲလို့မဖြစ်။

သူဌေးချင်ရဲ့ရံပုံငွေမရှိတဲ့အခြေအနေမှာ သဲမြို့တော်နှင့်နင်းမြို့တော်က ဒီဖရဲမျိုးစိတ်အသစ်အကြောင်းသိသွားခဲ့ရင် သူဌေးချင်ကိုမူဝါဒဦးစားပေးသဘောထားနှင့်ထောက်ပံ့ငွေပေးဖို့ အပြိုင်လိုက်နေရလိမ့်မည်။

စွန်းရှန်က ချင်လင်ကိုသူ့ရုံးခန်းထဲခေါ်သွားသည်။ သူကထိုင်လိုက်ပြီး အသေးစိတ်ဆွေးနွေးမည်ရှိသေး၊ အကြီးအကဲကောက သူ့ကိုလာရှာ၏။

ရုံးခန်းထဲရောက်ရောက်ချင်း အကြီးအကဲကောက_ ''စွန်းရှန်... ကောင်းတာတွေဖြစ်လာပြီ!''

စွန်းရှန်ကမျက်မှောင်ကြုတ်ပြီးမေးလိုက်သည်_ ''ကောကျန်း... ဘယ်လိုကောင်းတာမလို့ ဒီလောက်လောနေတာလဲ?''

ကောကျန်းက ချက်ချင်းအစီရင်ခံလိုက်၏_ ''စွန်းရှန်... သူဌေးချင်လေ... ဒီနေ့ဌာနကိုလာပြီး ဓာတ်ခွဲခန်းကုမ္ပဏီအတွက်မှတ်ပုံလာတင်တယ်''

''ဓာတ်ခွဲခန်းကုမ္ပဏီ? ဘာလို့သူဌေးချင်က ဒီလိုကုမ္ပဏီမျိုးမှတ်ပုံတင်ရတာလဲ?'' ဓာတ်ခွဲခန်းကုမ္ပဏီကဘာလဲ စွန်းရှန်သိသည်။ ဓာတ်ခွဲခန်းထုတ်ကုန်တွေ သီးသန့်လည်ပတ်တဲ့ကုမ္ပဏီမျိုးပေါ့။ သိပ္ပံနည်းကျသုတေသနကုမ္ပဏီဟု ယူဆနိုင်၏။

ချန်လီက_ ''သူဌေးချင်မှာ ပါမောက္ခလီဆိုတဲ့စိုက်ပျိူးရေးသုတေသီရှိတယ်... အရင်ခြံဝင်းထဲသွားတုန်းက သူကဖရဲသီးတွေလေ့လာနေတာ... ဖရဲမျိုးစိတ်အသစ်ကလည်း သူနဲ့ဆက်စပ်နေမယ်လို့ထင်တယ်... သူဌေးချင်က ဓာတ်ခွဲခန်းမှတ်ပုံတင်ဖို့စိတ်ကူးရှိတာကြာလောက်ပြီ''

''အင်း!'' စွန်းရှန်ခေါင်းညိမ့်လိုက်သည်။

''စွန်းရှန်... အဲဒါကအရေးမကြီးဘူး'' ကောကျန်းကချက်ချင်းပင်_ ''သူဌေးချင်ရဲ့စမ်းသပ်မှုမှာ စာရင်းသွင်းရံပုံငွေ သန်း ၄၀၀ အတည်ပြုပြီးသွားပြီ... နောက်ပြီး အဲဒီရံပုံငွေကို ချန်ရှန်းဖေနဲ့မာလဲ့ဝမ်ကရင်းနှီးမြှုပ်နှံထားတာ... သူတို့နာမည်တွေက ရှယ်ယာရှင်စာရင်းမှာ''

''ဘယ်လို?'' စွန်းရှန်မှာကြားကြားချင်း ဆက်မထိုင်နိုင်တော့။

ဒီသူဌေးနှစ်ယောက်ရဲ့အင်အားကိုအထူးပြောစရာမလို။ စီရင်စုက သူတို့ရင်းနှီးမြှုပ်နှံလာမှာကို မျှော်လင့်စောင့်စားနေခဲ့သည်လေ။

တကယ်တော့ သူလည်း ဒီလူနှစ်ယောက်ကိုစပြီးဆက်သွယ်ဖို့ အခက်တွေ့နေခဲ့သည်။ စီရင်စုထဲမှာ သူတို့ကိုစပြီးဆက်သွယ်သင့်ကြောင်း တခြားသူများကဖော်ပြကြ၏။

တစ်ဖက်လူက ရုံချန်းစီရင်စုကိုမကြာခဏလာပြီး အပန်းဖြေထွက်တယ်ဆိုမှတော့ အခွင့်အရေးကိုလက်လွှတ်မခံသင့်တဲ့။

သို့ရာတွင် ဒီနှစ်ယောက် ဒီရောက်လာတာ ချင်းလင်စံအိမ်ကြောင့်၊ ရုံချန်းစီရင်စုကြောင့်မဟုတ်မှန်း သူကောင်းကောင်းသိသည်။

ဒီနှစ်ယောက်ကအရင်စပြီး ရင်းနှီးမြှုပ်နှံဖို့တံခါးလာခေါက်တာစောင့်ရင် ပိုကောင်းလိမ့်မည်။

နောက်ဆုံးတော့ ဒီနှစ်ယောက်က ရင်းနှီးမြှုပ်နှံဖို့ရောက်လာပြီတဲ့။ နောက်ပြီး ယွမ်သန်း ၄၀၀ တောင်။

ဒါကိုရင်းနှီးမြှုပ်နှံသူတွေဆွဲဆောင်ဖို့အသုံးချရင် သေချာပေါက်ရင်းနှီးမြှုပ်နှံသူတွေအများကြီးက စိတ်ဝင်စားလာလိမ့်မည်။

ရုံချန်းစီရင်စုရဲ့ပတ်ဝန်းကျင်က ကောင်းတယ်လို့မြင်ပါသလား? ဥက္ကဌချန်နဲ့ဥက္ကဌမာရဲ့ကုမ္ပဏီဘယ်လောက်ကြီးလဲကြည့်ပါ။ ဒါဆိုရင် ရုံချန်းစီရင်စုကကောင်းတယ်လို့မြင်ပြီး တစ်ခါတည်းယွမ်သန်း ၄၀၀ ရင်းနှီးမြှုပ်နှံကြလိမ့်မည်။

ချန်လီက ရုတ်တရက်တစ်ခုခုတွေးမိပြီး_ ''စွန်းရှန်... သူဌေးချင်က အခုချမ်းသာသွားပြီထင်တယ်... ကျုပ်တို့အစည်းအဝေးလုပ်တာ အလကားဖြစ်သွားပြီပေါ့?''

All Chapters