စိတ်ငြိမ်လက်ဖက်ရည်ရဲ့အာနိသင်! ဒီထုတ်ကုန်က သေချာပေါက်နာမည်ကြီးမှာ! ၂
Vol. 23 Ch. 345
''...'' စွန်းရှန်မှာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ဒီလိုဖြစ်သွားပြီမလား?
အလကားဖြစ်သွားပြီ။
တော်သေးလို့ ဒီလိုသတင်းကောင်းရှိတာ။ ဒါကိစ္စသေးသေးလေးပဲ။
သူကချက်ချင်း ချန်လီနှင့်ကောကျန်းကိုညွှန်ကြားလိုက်သည်_ ''ဒီကိစ္စကိုစောင့်ကြည့်ထား... သူဌေးချင်နဲ့အပြည့်အဝပူးပေါင်းဖို့ သက်ဆိုင်ဆိုင်ရာလုပ်ငန်းစဉ်တွေစီစဉ်ထားပါ''
ချန်လီနှင့်ကောကျန်းက နားလည်ပုံနှင့်ခေါင်းညိမ့်လိုက်သည်။
…
မကြာမီ_
ချင်းလင်စံအိမ်စားဖိုဆောင်၌_
ချင်လင်က အိုးသုံးအိုးဆင်ထားပြီး တစ်အိုးမှာစပွက်နေပြီ။
ချန်တပေက ဘေးမှာလက်ဖက်ရွက်များဆေးနေ၏။
သူနှင့်ချန်ရှန်းဖေတို့ စံအိမ်ပြန်ရောက်သောအခါ ချန်တပေက လက်ဖက်ရွက်နှပ်ရန်ပါဝင်ပစ္စည်းများအားလုံးဝယ်ထားသည်။
အရင်ဆုံးလက်ဖက်ရွက်တချို့စမ်းလုပ်ကြည့်ဖို့ဖြစ်လာ၏။
တန့်ကွမ်းက တခြားပါဝင်ပစ္စည်းများဆေးကူနေရင်း_ ''ဥက္ကဌချင်... ကျွန်တော့်ကိုသက်သက်လှမ်းခေါ်လိုက်တာ လက်ဖက်ရွက်နှပ်ဖို့တော့ မဟုတ်ဘူးမလား?''


ချင်လင်ကခေါင်းညိမ့်ပြီး_ ''အရင်ဆုံး လက်ဖက်ရွက်ပြီးအောင်နှပ်မယ်... နောက်မှအသေးစိတ်ပြောကြမယ်''
အရည်အသွေး ၁ လက်ဖက်ရွက်နှင့်နှပ်သောလက်ဖက်ရည်တွင် သက်လုံအားဖြည့်ပေးခြင်း +၁ နှင့် ခွန်အားရှိစေခြင်း +၁ အရည်အသွေးရှိသည်။ အရင်သူ့အတွေ့အကြုံအရ +၁ အရည်အသွေးကိုအလွယ်တကူခံစားမိသည်။ အာနိသင်ကသိသာ၏။
ထို့ကြောင့် ဒီလက်ဖက်ရည်ကို အားဖြည့်သောက်စရာအဖြစ်ဖန်တီးရန် စီစဉ်ထားသည်။ တိုက်ရိုက်ဖျော်သောက်စရာမဟုတ်ခြင်းမှာ ဒုက္ခများခြင်းကြောင့်ပင်။
အားဖြည့်ဖျော်ရည်များကို အဖုံးဖွင့်လိုက်ရုံနှင့်သောက်နိုင်သည်။ လက်ဖက်ရွက်က ကိုယ်တိုင်နှပ်နေရမည်ဆိုလျှင် အသုံးပြုဖို့ကန့်သတ်ချက်အလွန်များ၏။ အားဖြည့်ဖျော်ရည်များလို အချိန်မရွေးနေရာမရွေးမသောက်နိုင်။ လုံးဝနာမည်ရမည်မဟုတ်။
လက်ဖက်ရွက်ကိုလည်း လက်ဖက်ရည်ဖျော်ဖို့သုံးတယ်ဆိုမှတော့ တိုက်ရိုက်အားဖြည့်ဖျော်ရည်က စားသုံးသူများကိုတိုက်ရိုက်အထောက်အကူဖြစ်လိမ့်မည်။
နောက်ပြီး ကိုယ်ခံအားနှင့်စွမ်းအားဖြည့်တင်းပေးသောအရည်အသွေးအရ အလုပ်သမားတွေအကြိုက်ဖြစ်လိမ့်မည်။ အလုပ်ပင်ပန်းလာရင် မသောက်ချင်တဲ့သူရှိလား?
အပြင်ထွက်လည်ပတ်သူတွေတောင် လိုအပ်လိမ့်မည်။ ဘတ်စကတ်ဘောကစားရင်း မောပန်းလာသည့်အခါ အားပြန်ဖြည့်ဖို့သောက်ချင်ကြသည်မဟုတ်ပါလား? စျေးဝယ်ထွက်ရင်း မောပန်းလျှင်လည်း တစ်ငုံနှစ်ငုံသောက်ချင်ကြမည် ဟုတ်တယ်ဟုတ်?
ပိုပြီးအတွင်းကျကျပြောရရင် သင့်နှင့်သင့်ဇနီးမောပန်းကြသောအခါ နည်းနည်းသောက်လိုက်ကြမည်။ ဒါဆိုရင် အချိန်ကောင်းတွေပိုင်ဆိုင်နိုင်လိမ့်မည်။
ထို့ကြောင့် ဒီအားဖြည့်ဖျော်ရည်က ဆော့လိုနာမည်ကြီးလာလိမ့်မည်။ ဒီစျေးကွက်က ဆော့စျေးကွက်ထက်ပိုကြီးပေမည်။
ဘာပဲဖြစ်ဖြစ် ဆော့ကိုလူတွေဘယ်လောက်ကြိုက်ကြိုက် တစ်နေ့တည်းနှင့်အများကြီးမစားနိုင်။
သောက်စရာတွေကမတူ။ လူတိုင်း တစ်နေ့နှစ်ဘူးသုံးဘူးသောက်နိုင်ကြသည်။
စျေးကွက်ထဲတွင် အားဖြည့်ဖျော်ရည်များစွာရှိပြီး အတော်များများကို ချင်လင်သောက်ဖူးသည်။ တကယ်တော့ အားဖြည့်ဖျော်ရည်အများစုကထိရောက်မှုမရှိဘဲ ကြော်ငြာကိုအားထားနေရ၏။
အမှန်တကယ်ထိရောက်တဲ့ သူ့ရဲ့အားဖြည့်ဖျော်ရည်ကိုကြေညာလိုက်ရင် ကြော်ငြာအားကောင်းသရွေ့ စျေးကွက်ကိုလုံးဝမြန်မြန်ဆန်ဆန်ထိုးဖောက်နိုင်လိမ့်မည်။ ဘာပဲဖြစ်ဖြစ် စားသုံးသူတွေက အချဉ်မဟုတ်။ ဘယ်ဟာကတကယ်ထိရောက်သလဲသိရင် ကြော်ငြာပေါက်တာထက် ထိရောက်တာကိုရွေးချယ်လိမ့်မည်မဟုတ်လား?
ချင်းလင်စံအိမ်က အကောင်းဆုံးကြော်ငြာချန်နယ်ပင်။
ဒီအားဖြည့်ဖျော်ရည်ကို အစားအသောက်ကုမ္ပဏီမှတဆင့် မြှင့်တင်ရမည်။
အဲဒီနောက် တန့်ကွမ်းအလုပ်များဦးမည်။
ထိုအချိန်တွင် မာလဲ့ဝမ်ကအပြင်မှစားဖိုဆောင်ထဲလျှောက်ဝင်လာပြီး မေးလိုက်သည်_ ''ချင်လင်... ဒီလက်ဖက်ရွက်တွေစနှပ်လို့ရပြီလား?''
လက်ဖက်ရည်ကြိုက်သူတစ်ဦးအနေနှင့် ဒီကိစ္စကိုအရမ်းစိတ်ဝင်စားနေသည်။
ချန်ရှန်းဖေနှင့်လီရှင်းက သူ့နောက်လိုက်လာ၏။ သူတို့နှစ်ယောက်ကအပျော်ဝင်ပါခြင်းဖြစ်ပြီး ချင်လင်လက်ဖက်ရည်ဘယ်လိုနှပ်မလဲစိတ်ဝင်စားနေကြသည်။
မကြာမီ_
ပထမအကြမ်းအိုး၏အပူချိန်လိုအပ်ချက်ပြည့်မီသွားသည်။
အကြမ်းအိုး၏အဓိပ္ပါယ်မှာ ပထမအကြိမ်အကြိမ်လက်ဖက်အကြမ်းရွက်များ အိုးထဲထည့်သည့်သဘောပင်။


''လက်ဖက်ရွက်တွေဆေးပြီးပြီလား?'' ချင်လင်က ချန်တပေကိုမေးလိုက်သည်။
''ပြီးပါပြီ'' ချန်တပေက ဝါးခြင်းတောင်းကို ချင်လင်ဆီကမ်းပေးလိုက်၏။ ဝါးခြင်းတောင်းတွင် ဆေးကြောရန်ထည့်ထားသော ဆေးပြီးသားလက်ဖက်ရွက်များအပြည့်။
ချင်လင်က ဝါးခြင်းတောင်းကိုယူလိုက်သည်။ ထိုအချိန်တွင် လက်ဖက်ရွက်နှပ်နည်းမှာ လုပ်နေကျမှတ်ဉာဏ်တစ်ခုလို အမှတ်တမဲ့ထွက်လာ၏။ သူ့လက်ထဲမှဝါးခြင်းတောင်းတုန်ခါသွားပြီး လက်ဖက်ရွက်တချို့ဝါးခြင်းတောင်းထဲမှလျှောကျပြီး အိုးထဲရောက်သွားသည်။
လေးငါးကြိမ်လှုပ်ခါပြီးနောက် ဝါးခြင်းတောင်းထဲမှလက်ဖက်ရွက်များမှာ အိုးထဲရေလိုလျှောကျသွားပြီး အညီအမျှပြန့်သွား၏။
ထိုမြင်ကွင်းက မာလဲ့ဝမ်တို့၏အာရုံကိုဆွဲဆောင်လိုက်သလိုပင်။
ကြည့်ရတာ အလွန်အထင်ကြီးဖို့ကောင်းသည်။
ထိုအချိန်တွင် ချင်လင်က ဝါးခြင်းတောင်းချပြီး သူ့လက်ဖဝါးနှင့်အိုးကိုသပ်လိုက်၏။ ခါတိုင်း အိုးကိုသူ့လက်နှင့်လှည့်ပြီးမွှေလေ့ရှိသည်။ သူ့လှုပ်ရှားမှုတွေက ပေါ့ပါးနေသော်လည်း လက်ဖက်ရွက်တွေမှာ ချာချာလည်နေ၏။
သူ့လှုပ်ရှားမှုက ရေလိုချောမွေ့နေသည်။
ချင်လင်ဒီလိုလုပ်ဖူးတာ ပထမဆုံးအကြိမ်ပင်။ စနစ်ကပေးသောကြွက်သားလှုပ်ရှားမှုမှတ်ဉာဏ်နှင့် ဆယ်စုနှစ်ချီလုပ်လာသောဆရာသမားလိုအခြေခံရှိနေသည်။
စနစ်က အံ့ဩဖို့ကောင်းသည်ဟုသာပြောနိုင်တော့သည်။
သို့ရာတွင် သူ့လုပ်နည်းကြောင့် မာလဲ့ဝမ်တို့လုံးဝမှင်တက်သွား၏။
''ချင်လင်က ဒါမျိုးလုပ်တတ်တာလား?''
''သူလုပ်တတ်တာတွေဘယ်လောက်များရှိလဲ ဘယ်သူသိမလဲ? ဒီလုပ်နည်းက တကယ်အံ့ဩဖို့ကောင်းတယ်''
''ဝိုင်လုပ်တာ ဟင်းချက်တာ... ဟော အခုတော့ လက်ဖက်ရည်လုပ်တာတဲ့... အမြဲတမ်းအံ့ဩရတယ်''
တန့်ကွမ်းလည်း အံ့ဩသွားသည်။ သူ့သူဌေးမှာ ဒီလိုလှုပ်ရှားမှုမျိုးရှိမည်မထင်မိ။
သို့ရာတွင် ချင်လင်မှာ အိုးထဲကလက်ဖက်ရွက်များကို မြန်မြန်ဆန်ဆန်မွှေနှောက်နေလေပြီ။ ဤအဆင့်တွင် လက်ဖက်ရွက်များကိုအညီအမျှအပူပေးပြီး ဖန့်သွားအောင်လုပ်ရမည်။ နှံ့အောင်မြန်မြန်သွက်သွက်မွှေပြီး လက်ဖက်ရွက်များကိုဖွပေးရမည်။
တစ်ချိန်တည်းမှာ ချင်လင်က တခြားပါဝင်ပစ္စည်းနှစ်မျိုးကိုစထည့်လိုက်သည်။
ထိုဖြစ်စဉ်က နှစ်မိနစ်လောက်ကြာ၏။
ဒီမတိုင်ခင်က ဒုတိယအိုးကိုအပူပေးပြီး မြန်မြန်အရှိန်တက်အောင်လုပ်ထားသည်။
လက်ဖက်သားပျော့ပြီး အစိမ်းပုပ်ရောင်ပြောင်းလာသောအခါ ချင်လင်ကအချိန်ကျပြီမှန်းသိသည်။ ချက်ချင်းအိုးထဲမှလက်ဖက်ရွက်များကိုခပ်ယူပြီး ဒုတိယအိုးထဲထည့်လိုက်၏။
သူ့လှုပ်ရှားမှုများက အဆင်ချောနေဆဲ။
ဒုတိယအစိမ်းအိုးမှာ အဓိကအားဖြင့် အရွက်ပိုကျအောင်အကြိုနှပ်ရန်ဖြစ်သည်။ ထို့နောက် ပါဝင်ပစ္စည်းသုံးမျိုးကိုထပ်ထည့်ပြီး လက်ဖက်ရွက်များနှင့်နှပ်လိုက်၏။
ထိုအချိန်တွင် လက်ဖက်ရွက်များမှာဖန့်ပြီး နည်းနည်းလိပ်နေပြီ။ သူတို့လက်များအပူနှင့်တိုက်ရိုက်ထိမည်စိုးသောကြောင့် အသင့်ပြင်ထားသော လက်ဖက်ရည်နှပ်စုတ်တံကိုလည်းအသုံးပြုရသည်။ လက်နှင့်တိုက်ရိုက်ထိလျှင် အရည်ကြည်ဖုထမှာအသေအချာ။
မကြာမီ တတိယအဆင့်ရောက်လာသည်။ ထိုအဆင့်တွင် မီးအေးအေးနှင့်နှပ်ပြီး နောက်ဆုံးပါဝင်ပစ္စည်းများကိုအစဉ်အတိုင်းထည့်ရသည်။
စနစ်ကပေးသော သူ့စိတ်ထဲစွဲထင်နေသည့်အချက်အလက်များက အဆင့်တိုင်းနှင့်အသားကျအောင်လုပ်ပေး၏။ ပါဝင်ပစ္စည်းအချိုးအစားကိုတောင် လက်ထဲတွင်တိတိကျကျခံစားမိလေသည်။