← Chapters

ချင်ရန်ကျစ်လား

Vol. 97 Ch. 1340

ချင်ရန်ကျစ်လား

Vol. 97 Ch. 1340

ဝမ်ပေါင်လဲ့၏ စကားများက ရေခဲတမျှ အေးစက်လှသည်။ သူ ပြောလိုက်သည်နှင့် လူငယ်လေးက အံ့အားသင့်သွားရုံသာမကဘဲ တစ်ကမ္ဘာလုံးကလည်း အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။ တိုက်ခိုက်လာသည့် ထို့လင်းကျစ်ပင် ပထမဦးဆုံးအကြိမ်အနေဖြင့် အမူအရာ ပြောင်းလဲသွားခဲ့၏။

ကျိုးဟော်သည်လည်း  အတူတူသာ ဖြစ်ပြီး တခြားသောအစားကြူးနတ်ဘုရားများ၏ အကြည့်ကလည်း စူးရှလာသည်။

သို့သော်လည်း ကစားပွဲက အလျင်အမြန် ပြောင်းလဲသွားခဲ့ကာ ထို့လင်းကျစ်ပင် ပြန်လည်တုံ့ပြန်ဖို့ အချိန်မရလိုက်ပေ။ နောက်အခိုက်အတန့်လေး၌ ဝမ်ပေါင်လဲ့၏ စကားက လေထဲ ပဲ့တင်ထွက်လာပြီး သူက ချန်လင်းကျစ်၏ ညာဖက်လက်ကို ဆွဲကိုင်ကာ အားပြင်းပြင်းဖြင့် ဆောင့်ဆွဲလိုက်သည်။ ချက်ချင်းဆိုသလို ချန်လင်းကျစ်၏ ခန္ဓာကိုယ်ကို ဝှေ့ယမ်းကာ သူ့အနောက်ဘက် ထို့လင်းကျစ်၏ ဧရာမလက်ကြီးရှိရာဆီ ပစ်လွှတ်လိုက်သည်။

ထိုဖြစ်စဉ်တစ်ခုလုံးက အင်မတန် မြန်ဆန်လှ၏။ ထို့လင်းကျစ်၏ မျက်ဝန်းက အနီရောင် ပြောင်းလဲသွားခဲ့သည်။ သူက ဧရာမလက်ကြီးကို ပြန်ရုတ်သိမ်းလိုက်သော်လည်း ချစ်ရသော သူ့သားကို ထိသွားဆဲသာ ဖြစ်သည်။ ထိုအရာက ချန်လင်းကျစ်၏ ခန္ဓာကိုယ်ကို အသံကျယ်ကြီးနှင့်အတူ ပြိုလဲသွားစေသည်။ သူက သွေးများဖြင့် ရွှဲနစ်နေပြီး သူ့အော်သံများပင် မကြားနိုင်ပေ။ သူတို့က ဝမ်ပေါင်လဲ့၏ ညာဖက်လက်ကြောင့် လည်ပင်းဝတွင် တစ်ဆို့သွားကြပြီး မည်မျှပင် နာကျင်ခံစားနေရကြောင်းသာ အမူအရာဖြင့် ဖော်ပြနိုင်သည်။

ဝမ်ပေါင်လဲ့က အမူအရာပျက်ယွင်းနေသည့် ထို့လင်းကျစ်ကို လျစ်လျူရှုထား၏။ သူက တည်တည်ငြိမ်ငြိမ်ပြောလိုက်ပြီးသည့်နောက်တွင် ညာဖက်လက်ကို အားစိုက်လိုက်သည်။ ထို့နောက် အသံကျယ်ကြီးနှင့်အတူ ချန်လင်းကျစ်ကို သူ့လက်ထဲ ချေမွပစ်လိုက်သည်။

ချန်လင်းကျစ်၏ ကြေမွသွားသော ခန္ဓာကိုယ်ထဲမှ အာသီသစည်းမျဉ်းအမြောက်အများက ဝမ်ပေါင်လဲ့၏ ပါးစပ်ထဲ ရောက်ရှိသွား၏။ သို့သော်လည်း ချန်လင်းကျစ်ကလည်း အစားကြူးတမန်တော်တစ်ယောက်ဖြစ်ပြီး ဝှက်ဖဲများစွာ ရှိလေသည်။ ထိုအခိုက်အတန့်လေး၌ သူ့ခန္ဓာကိုယ်ကို ချက်ချင်းဆိုသလို လောင်ကျွမ်းကာ ပြာအဖြစ် ပြောင်းလဲသွားလေသည်။

နောက်အခိုက်အတန့်လေး၌ အဝေးတစ်နေရာရှိ ဝဲကတော့အနီး လေဟာနယ် ပျက်ယွင်းသွားကာ သူ့ပုံရိပ်က ထွက်ပေါ်လာသည်။ သို့သော်လည်း သူက ယခင်ကကဲ့သို့ လူငယ်လေး မဟုတ်တော့ဘဲ အရွယ်ရောက်ပြီးသားလူ ဖြစ်နေပြီး သူ့ခန္ဓာကိုယ်က ပိုမိုပင် ပိန်သွားလေသည်။

သူ့မျက်နှာက ဖြူဖျော့နေပြီး အသက်ရှူနှုန်းက ပိုမိုအားဖျော့သွားသည်။ သူက ဝမ်ပေါင်လဲ့ကို အကြောက်တရားဖြင့် ကြည့်လိုက်၏။

“ဟမ်” ဝမ်ပေါင်လဲ့က အနည်းငယ် အံ့အားသင့်သွားမိသည်။ သူက ခေါင်းမော့ကာ ချန်လင်းကျစ်ကို လှမ်းကြည့်လိုက်သည်။ သူ ခေါင်းမော့လိုက်သည့် အခိုက်အတန့် သူ့ခန္ဓာကိုယ်က အစအနမရှိ ပျောက်ကွယ်သွားလေ၏။ သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ သူက ချန်လင်းကျစ် နဂိုက ရပ်ခဲ့သည့်နေရာသို့ ရောက်ရှိနေလေသည်။

သို့သော်လည်း ချန်လင်းကျစ်ကမူ သေခြင်းရှင်ခြင်းအခြေအနေကြား ကျရောက်ခဲ့သူဖြစ်သည့်အတွက် ထိတ်လန့်နေသည့် ယုန်တစ်ကောင်သဖွယ် သတိကြီးကြီး ထားခဲ့သည်။ ဝမ်ပေါင်လဲ့ ရောက်ရှိလာသည့်အခါ ချန်လင်းကျစ်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားလေသည်။ သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ ဝဲကတော့အတွင်း ရောက်ရှိနေပြီ ဖြစ်၏။

သူက သူ့အဖေကိုပင် လှည့်မကြည့်ရဲတော့ပေ။ အကယ်၍ အချိန်မလုံလောက်ပါက တစ်ဖက်လူသည် သေချာပေါက် လှုပ်ရှားလိမ့်မည်။ သူ့အဖေ မလှုပ်ရှားနိုင်ခင် သူက သေချာပေါက် သေဆုံးသွားနိုင်ကြောင်း နိမိတ်မျိုး ရရှိနေ၏။

သူက ယခင်က သုံးခဲ့သည့် အသက်ကယ်နည်းစနစ်ကို သုံးဖို့ရာပင် အခွင့်အရေးရမည် မဟုတ်ကြောင်း ယုံကြည်ထားသည်။ ထို့ကြောင့် တစ်ခုတည်းသော အသက်ရှင်နိုင်ချေက ဝဲကတော့အတွင်းဝင်ကာ အထဲတွင် ပုန်းအောင်းနေဖို့ ဖြစ်၏။

ဤသည်က အမှန်ပင် ဖြစ်၏။ တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့နှင့် အာသီသမြို့တော်ရှိ စင်မြင့်ကြားမှ လေထုထဲ အာသီသပမာဏအမြောက်အများ ထွက်ပေါ်လာကာ အတားအဆီးတစ်ခု ဖြစ်ပေါ်သွား၏။

အကယ်၍ ချန်လင်းကျစ်သာ ဒီနေရာဆီ ပြေးလာပါက သေချာပေါက် ကြားဖြတ်ခံလိုက်ရလိမ့်မည်။

“စိတ်ဝင်စားစရာပဲ။ ငါလည်း တူတူပုန်းတမ်းကို သဘောကျတယ်။ မင်း သေချာပုန်းနော်” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ လက်တွေ့တွင် သူသာ ပြင်ပလောက၏ စွမ်းအားကို အသုံးပြုပါက ချန်လင်းကျစ်ကို လက်တစ်ဖက်တည်းဖြင့်ပင် အနိုင်ယူနိုင်သည်။ ထိုသူကို ထွက်ပြေးဖို့ရာ အခွင့်အရေးပေးမည် မဟုတ်ပေ။

ထိုအခိုက်အတန့်၌ သူက အာရုံများများ မစိုက်နိုင်ပေ။ ဝဲကတော့ဆီ လျှောက်လှမ်းသွားနေသည့် ဝမ်ပေါင်လဲ့က ထို့လင်းကျစ်ဆီ အာရုံစိုက်ထားလေ၏။ သူ့မျက်ဝန်းများက သတ်ဖြတ်ငွေ့များဖြင့် တောက်လောင်နေသည်။

ပထမတိုက်ခိုက်မှုအပြီးတွင် ထို့လင်းကျစ်က တိုက်ခိုက်မှုကို ရပ်တန့်လိုက်၏။ သူက မလုပ်ချင်၍ မဟုတ်ဘဲ အာသီသမြို့သခင်၏ ဖိအားကြောင့်သာ ဖြစ်၏။

ထိုဖိအားက ထို့လင်းကျစ်ကို မလှုပ်နိုင်အောင် တားဆီးထားသည်။ ထို့ကြောင့် သူ့သတ်ဖြတ်ငွေ့တို့က ထွက်ပေါ်လာသော်လည်း မထုတ်လွှတ်နိုင်ခြင်း ဖြစ်၏။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ပြီး စင်မြင့်ထက်ရှိ ဧရာမအသားတောင်ကြီးကို ကြည့်လိုက်သည်။

“အစားကြူးနတ်ဘုရား ဖြစ်လာ … အတိတ်ကို အတိတ်မှာပဲ ထားခဲ့။ တကယ်လို့ မင်း ကျရှုံးမယ်ဆိုရင် မင်းဆီက အာသီသစည်းမျဉ်းကို ယူမယ်” မြို့သခင်က ဝမ်ပေါင်လဲ့ကို ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။ သူ့မျက်ဝန်းအထက် ထူးဆန်းသည့် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားလေ၏။

သူ့အသံက ကောင်းကင်ကိုပင် အရောင်ပြောင်းလဲသွားစေသည်။

သူက စည်းမျဉ်းတစ်ခုကို ပြောလိုက်သည့်အလား တစ်ကမ္ဘာလုံးက လှုပ်ခတ်လာလေ၏။

ဝမ်ပေါင်လဲ့က အာသီသမြို့သခင်ကို တစ်ချက်ကြည့်လိုက်ပြီး သူနှင့် ထိုက်တန်သည့် လေးစားသမှုမျိုးကို ပြသခဲ့သည်။ ထို့နောက် သူက တိတ်ဆိတ်စွာဖြင့် ထွက်ခွာသွားလေ၏။ သူက ဝဲကတော့ဆီ ဦးတည်လိုက်သည်။ နောက်အခိုက်အတန့်တွင် သူ့ပုံရိပ်လေးက ဝဲကတော့တွင်း ပျောက်ကွယ်သွားခဲ့သည်။

တခြားသော အစားကြူးတမန်တော်များကလည်း တစ်ယောက်ပြီးတစ်ယောက် ခါးသီးစွာဖြင့် ဝင်ရောက်သွားကြသည်။ နောက်ဆုံးသောလူ ဝင်ရောက်သွားသည့်အခါ အာသီသမြို့သခင်က လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ကောင်းကင်ယံရှိ ဝဲကတော့ကြီးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။

မူလက အစားကြူးနတ်ဘုရားများက ထိုဝဲကတော့တွင်း ဝင်ရောင်ဆင်နွှဲသင့်သော်လည်း မြို့သခင်က သူ့စိတ်ကို ပြောင်းလဲခဲ့သည်။ သူက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည့် ဝဲကတော့ကို ကြည့်ရင်း ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။

“အဲဒါ သူလား”

ကမ္ဘာ၏ ဒုတိယအလွှာအောက်တွင် အဆုံးမဲ့မြူခိုး ရှိလေသည်။ အနီရောင်မြူခိုး၏ အောက်ခြေတွင် သင်္ချိုင်းမြေဟု လူသိများသည့် တတိယကမ္ဘာ ရှိ၏။

ထိုအရာက မူလစကြဝဠာတာအိုနေရာ ရှိခဲ့ဖူးသည့် စကြဝဠာအများစုသည် ဤနေရာတွင် မြှုပ်နှံထားသည့်အတွက် ဖြစ်သည်။ ခေတ်ကာလများစွာတိုင် သူတို့က ဤနေရာတွင် ရှိနေကြသည်။

သူတို့၏ အသိစိတ်က အိပ်စက်နေပြီး ဘယ်သောအခါမှ နိုးထမလာကြပေ။ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို ထောက်ပံ့ပေးထားသည့်အရာက ကွဲပြားသည့် လိုအင်ဆန္ဒများသာ ဖြစ်၏။

“အာသီသမြို့သခင်က ငါ့ရဲ့ဇစ်မြစ်ကို ထိုးဖောက်မြင်တဲ့ပုံပဲ” ထိုစဉ် သင်္ချိုင်းမြေဖြင့် ပြည့်နှက်နေသည့် ကမ္ဘာအတွင်း ဝမ်ပေါင်လဲ့က လေထုထဲ ရပ်ကာ အောက်မှ မြေကြီးကို ငုံ့ကြည့်လိုက်သည်။

သူ မြင်လိုက်ရသည်က ကမ္ဘာကြီးက မဲမှောင်နေပြီး အဆုံးအစကင်းမဲ့သည်။ မရဏအငွေ့အသက်က အင်မတန်ပြင်းထန်ပြီး အရာအားလုံးကိုပင် အေးခဲသွားနိုင်စွမ်းရှိသည့် အအေးဓာတ်အဖြစ် ပြောင်းလဲပစ်နေသည်။

သို့သော်လည်း သူက ထိုမြေကြီးအောက်ထဲတွင် အသက်ရှူလှိုင်းများစွာကို ခံစားမိ၏။

ဤသည်က အားကောင်းသူရော အားနည်းသူရောပါ ရှိနေသည်။

အားနည်းသူများက သေမျိုးများဖြစ်စဉ် အားကြီးသူများကမူ …

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူ့နဂိုခန္ဓာကိုယ်၏ အသိအမြင်ဖြင့် မြေကြီးထဲမှ အာရုံကို ခံစားမိလိုက်သည်။ ထိုနေရာတွင် အယောက် ၉၀ ကျော်ရှိပြီး သူ့ကို လိုက်ဖမ်းခဲ့သည့် အစောင့်အရှောက်နှင့် အရှိန်အဝါ တူကြသည်။

ထိုအရာအားလုံးက ဝမ်ပေါင်လဲ့အား နတ်ဧကရာဇ်ကို ဝန်းရံထားသည့် ပုံရိပ် ၁၀၈ ခုကို ပြန်လည်အမှတ်ရသွားစေ၏။

ဝမ်ပေါင်လဲ့က ခေါင်းမော့ကာ အနီရောင်မြူခိုးများကို ကြည့်လိုက်သည်။

အောက်ဖက်တွင် မြှုပ်နှံထားသည့် အရှိန်အဝါက ပုံရိပ် ၁၀၈ ခုနှင့် မကိုက်ညီပေ။

အဲ့လိုဆိုရင် စိတ်ခံစားချက် ၇မျိုးနဲ့ လိုအင်ဆန္ဒ၆ပါးရဲ့ သခင်တွေကို ထည့်ပေါင်းလိုက်ရင်ရော…

ဝမ်ပေါင်လဲ့က တိတ်ဆိတ်သွားလေ၏။ ခဏအကြာတွင် သူက အသက်ပြင်းပြင်းရှူလိုက်သည်။

ငါ့ဇစ်မြစ်ကို သိသွားတဲ့ အာသီသမြို့သခင်က စစ်သူကြီး ၁၀၈ယောက်ထဲက တစ်ယောက်ဖြစ်လောက်တယ်…

ထိုအရာက ဝမ်ပေါင်လဲ့၏ အစပိုင်းခန့်မှန်းချက်နှင့် မကိုက်ညီပေ။ သူက အာသီသမြို့သခင်၏ အဆင့်တူ ကျင့်ကြံသူများက ဧကရာဇ်၏ စိတ်ဆန္ဒ(၇)မျိုးနှင့် လိုအင်ဆန္ဒ(၆)ပါးတို့၏ နဂိုစည်းမျဉ်းမှ ဖွဲ့စည်းလာခြင်းဖြစ်ကြောင်း တွေးခဲ့သည်။

ပြောရမည်ဆိုလျှင် ထိုအရာက အမှီအခိုကင်းမဲ့သည့် ကိုယ်ပွားနှင့် တူ၏။

မူလစကြဝဠာတာအိုနေရာ၏ အကြောင်းအရာက နက်ရှိုင်းလွန်းလှသည်။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်ပြီး ညာဖက်လက်ကို မြှောက်ကာ လေဟာနယ်ကို ဆွဲယူလိုက်သည်။ ချက်ချင်းဆိုသလို  လေဟာနယ်ထဲမှ အနက်ရောင်ဆံပင်မွှေး တစ်မျှင် ရောက်ရှိလာ၏။

ထိုအရာက ဝမ်ပေါင်လဲ့ကို ရစ်ပတ်လိုသည့်အလား ဖြစ်၏။ သို့သော်လည်း ဝမ်ပေါင်လဲ့၏ လက်ဖြင့် ဆွဲကိုင်ခံရပြီးသည့်နောက်တွင် ထိုအရာက အပြင်းအထန် ဆောင့်ဆွဲခံလိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလို လေဟာနယ်ထဲမှ ဆူဆူညံညံအသံများနှင့်အတူ အနက်ရောင်ဆံပင်ပမာဏက ဒီနေရလှိုင်းအလား ထွက်ပေါ်လာလေ၏။

ထိုအရာ ပျံ့နှံ့သွားသည့်အခါ ဇစ်မြစ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက ဦးခေါင်းတစ်လုံး ဖြစ်ကာ အမျိုးသမီး၏ ဦးခေါင်း ဖြစ်ပေသည်။ ထိုအရာက လေထုထဲ ပေါ်ထွက်လာပြီး ဝမ်ပေါင်လဲ့ကို စိုက်ကြည့်နေ၏။ သူ့မျက်ဝန်းထဲတွင် မဖော်ပြနိုင်ဖွယ် အမုန်းတရားတို့ ကိန်းအောင်းနေသည်။

“ချင်ရန်ကျစ် …  နင်က ချင်ရန်ကျစ်ပဲ”

All Chapters