← Chapters

ကျေးဇူးရှင် လူကြီးမင်း

Vol. 97 Ch. 1344

ကျေးဇူးရှင် လူကြီးမင်း

Vol. 97 Ch. 1344

“ဘယ်ခွေးကောင်က ဒီမှာ ငါးလာမျှားရဲတာလဲ” ငါးလေးက မျက်ရည်ဝဲလုမတတ်ဖြစ်နေသည်။ သူ့စိတ်ထဲလည်း ရူးသွပ်လုနီးပါးဖြစ်နေပြီး မလှုပ်ရှားရဲတော့ပေ။ သို့သော်လည်း နောက်အခိုက်အတန့်၌ ရေမျက်နှာပြင်အထက်မှ ညင်သာသည့် အသံတစ်သံ ထွက်ပေါ်လာလေ၏။

“ငါးစာကို မဟပ်တဲ့ ငါးက ငါးသေတွေပဲ”

ထိုအသံက ညင်သာလှသော်လည်း ငါးလေး၏ စိတ်ထဲ ဝင်ရောက်လာသည့်အခါ အေးစက်သည့် သတ်ဖြတ်ငွေ့အဖြစ် ပြောင်းလဲသွားခဲ့သည်။

ငါးလေးအသွင်ဖြစ်နေသည့် ချန်လင်းကျစ်က မနေနိုင်ဘဲ တုန်တုန်ယင်ယင်ဖြစ်သွားလေ၏။ သူက ထိုခွေးကောင် ပင်းလင်းကျစ်သည် သူ့ကို လာရှာမည်ကို မည်သို့မသိဘဲ နေမည်နည်း။

ထိုစကားများက ခြိမ်းခြောက်မှုမှန်း သိသာလှသည်။ သူက တစ်ဖက်လူနှင့် တိုက်ခိုက်ချင်သော်လည်း သူ့အလိုလိုအသက်ရှင်လိုစိတ်ကြောင့် ထိုတိုက်ခိုက်လိုစိတ်က အလျင်အမြန် ဖိနှိပ်ခံထားလိုက်ရသည်။

သူ့စိတ်ထဲ၌မူ ငါးစာကို မဟပ်သည့် ငါးလေးက ငါးသေတစ်ကောင်ဟူသော စကားအရ သူသာ နာနာခံခံ ငါးစာဟပ်သရွေ့ အသက်ရှင်နိုင်သည့် အခွင့်အရေးရှိတာလားဟု စဉ်းစားနေမိသည်။

ထိုအတွေးက ချန်လင်းကျစ်အား စိတ်ရှုပ်ထွေးသွားစေသည်။ သူ့ရှေ့တွင် ရှိနေသည့် ငါးမျှားချိတ်က စိတ်ရှည်တော့ဟန်မပေါ်ဘဲ အကြိမ်အနည်းငယ် ဝှေ့ယမ်းလာသည်။

သို့သော်လည်း ထိုပဋိပက္ခမျိုးက အချိန်တိုအတွင်း ဖြေရှင်းနိုင်သည့်အရာမျိုး မဟုတ်ပေ။ ထို့ကြောင့် အသက်ရှိုက်စာအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ငါးမျှားချိတ်ကို မကာ ရှေ့ကို ဆွဲယူလိုက်၏။ တစ်ချိန်တည်းဆိုသလို ညင်သာသည့် အသံက အေးစက်သွားလေ၏။

“ကြည့်ရတာ ငါးသေတစ်ကောင်ပဲ ထင်တယ်”

ထိုအသံများကို ပြောလိုက်သည့်အခါ သတ်ဖြတ်ငွေ့က ရေကန်တစ်ခုအနှံ့ ပြည့်နှက်သွားလေသည်။ ချန်လင်းကျစ်က ကြောက်ကြောက်လန့်လန့်ဖြင့် သူ့ထိတ်လန့်နေသည့် ခံစားချက်အားလုံးကို ဖိနှိပ်ကာ ငါးစာဟပ်လိုက်တော့သည်။

ထိုစဉ် အမည်မသိအကြောင်းအရင်းတချို့ကြောင့် သူ့မွေးရပ်မြေမှ စကားပုံတစ်ခုကို ပြန်လည်အမှတ်ရသွားလေ၏။

“ငါးတစ်ကောင်ရဲ့ မျက်ရည်ကို မမြင်နိုင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့က ရေထဲမှာ နေတာမလို့ပဲ”

ဤသို့ဖြင့် ငါးလေးက ငါးစာဟပ်ကာ ကိုက်ချလိုက်တော့သည်။ ထိုစဉ် ငါးလေးက ရေကန်ထဲမှ ဆွဲယူခံလိုက်ရ၏။ ရေကန်အပြင်ဘက်ရောက်လာသည်နှင့် သူ့မျက်ဝန်းထောင့်မှ မျက်ရည်နှင့် ရေများ စီးကျလာသည်။ သူ့မျက်ဝန်းမှ မြူခိုးမှ ရှင်းသွားသည့်အခါ ရေကန်ဘေးတွင် ထိုင်နေသည့်လူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ထိုသူက ငါးမျှားတံကို ကိုင်ထားပြီး အပြုံးမမည်သော အပြုံးဖြင့် ကြည့်နေသည့် ပင်းလင်းကျစ် ဖြစ်ပေသည်။

သူ့ကို ပြောဖို့ရာ စောင့်ဆိုင်းမနေဘဲ ငါးမျှားချိတ်ကို ရွေ့လျားလိုက်သည့်အခါ ငါးလေးက ချက်ချင်းဆိုသလို ဆွဲယူခံလိုက်ရသည်။ ဝမ်ပေါင်လဲ့က ဘယ်ဖက်လက်ကို မြှောက်ပြီး ဆွဲယူလိုက်၏။ ငါးလေးက ပူဖောင်းမမှုတ်နိုင်ခင် အားကောင်းသည့် စုပ်ယူမှုတစ်ခုက ဝမ်ပေါင်လဲ့၏ ဘယ်ဖက်လက်မှ ထွက်လာပြီး ငါးလေးကို လွှမ်းခြုံသွားလေ၏။

နောက်အခိုက်အတန့်လေး၌ ချန်လင်းကျစ်၏ အာသီသစည်းမျဉ်းက ချက်ချင်းဆိုသလို အသက်ဝင်လာကာ ဝမ်ပေါင်လဲ့၏ ဘယ်ဖက်လက်အတွင်း မထိန်းချုပ်နိုင်လောက်အောင် စီးဝင်သွားလေသည်။ ထိုအရာက သူ့ခန္ဓာကိုယ်အတွင်း စုပ်ယူခံလိုက်ရပြီး အာသီသစည်းမျဉ်းဥပဒေသကို ပြန်လည်အားဖြည့်ပေးနေ၏။ တစ်ချိန်တည်းဆိုသလို သူ့အာသီသစည်းမျဉ်းဥပဒေသကို ပြီးပြည့်စုံသွားစေသည်။

ငါးလေးအတွက်မူ မြင်နိုင်သည့် အနေအထားဖြင့် ရှုံ့လာလေ၏။ အသက်တစ်ရှိုက်စာ ကြာမြင့်ပြီးသည့်နောက်တွင် ထိုအရာက ငါးခြောက် ဖြစ်တော့မည့်အလား ဖြစ်သည်။ သူ့မျက်ဝန်းအထက် အကြောက်တရားနှင့် ဝမ်းနည်းမှုတို့က ရောထွေးသွားကာ သနားစဖွယ်ရုပ်ရည်လေး ဖြစ်နေ၏။

သူ့အသက်ဓာတ်က အားနည်းလာတော့မည့်ဆဲဆဲတွင် အားနည်းလာပြီး သူ့အသက်ဓာတ်ကို ကိုယ်စားပြုသည့် မီးတောက်က ငြိမ်းသက်တော့မည့် ဆဲဆဲတွင် စုပ်ယူအားက ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။ ထို့နောက် သူက စိတ်ရှုပ်ထွေးနေစဉ် အသံတစ်သံကြားလိုက်ရ၏။

“မင်းဆီမှာ တခြားအစားကြူးတမန်တော်တွေကို ရှာဖို့ နည်းလမ်းရှိလား”

ထိုအသံက သဘာဝ၏ အသံနှင့် တူလေသည်။ ထိုစဉ် ငါးလေးက မျှော်လင့်ချက် အရိပ်အယောင်ကို တွေ့လိုက်ရသည့်အလား မျက်လုံးအပြူးသားဖြင့် အသက်ရှူနှုန်း မြန်ဆန်လာလေ၏။ သူ့ငါးကိုယ်ထည်လေးက မျှော်လင့်ချက်ရောက်ရှိမှုကြောင့် တုန်ယင်လာပြီး အလျင်အမြန် ပြောလိုက်သည်။

“သိတယ် သိတယ်”

ထိုအရာကို ကြားကာ ဝမ်ပေါင်လဲ့က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ ထိုအခါမှ ငါးလေးကို မြေကြီးအပေါ် လွှတ်ပေးလိုက်၏။ ငါးလေးက အမြီးကို ဆက်တိုက်ရိုက်ကာ လူငယ်လေး အသွင်ပြောင်းလဲသွားသည်။ ထိုသူက အင်မတန် အားပျော့နေသည့်အတွက် လမ်းလျှောက်ဖို့ပင် အားမကျန်ပေ။ ထိုလူက ဝမ်ပေါင်လဲ့ကို အကြောက်တရားအပြည့်ဖြင့် ကြည့်လိုက်၏။

ဝမ်ပေါင်လဲ့က ကြောက်လန့်နေသည့် ချန်လင်းကျစ်ဆီ သွားလိုက်သည့်အခါ ချန်လင်းကျစ်၏ ခန္ဓာကိုယ်က သိသိသာသာ တုန်ယင်သွားလေ၏။ နဂိုဖြူဖျော့နေပြီးသား သူ့မျက်နှာက ယခုအခါ ပိုမိုဖျော့တော့သွားသည်။ သူ့စိတ်ထဲမှ အကြောက်တရားကလည်း ပေါ်ထွက်လာနေသည်။

“ကျုပ်…”

သူ့စကားမပြောနိုင်ခင် ဝမ်ပေါင်လဲ့က သူ့ရှေ့တွင် ရောက်လာကာ ထိုအမျိုးသား၏ ဦးခေါင်းအပေါ်  လက်တင်လိုက်သည်။

ထိုလူငယ်လေးက ကြောက်လန့်လွန်းသည့်တွက် မြေကြီးအပေါ် လဲကျလုနီးပါးဖြစ်သွားလေသည်။ သို့သော်လည်း နောက်အခိုက်အတန့်လေး၌ မျက်လုံးအပြူးသားဖြစ်သွားကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ အာသီသစည်းမျဉ်းဥပဒေသတချို့ ရောက်ရှိလာသည်ကို ခံစားမိလိုက်သည်။ ထိုအရာက သူ့ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းသွားပြီး သူ့အားနည်းနေသည့် ခန္ဓာကိုယ်ကို ရုတ်ချည်းဆိုသလို အားပြည့်သွားစေသည်။

သူ့စွမ်းအားက အနည်းငယ်မျှ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်၏။ အနည်းဆုံးတော့ ယခုအခါ လေထဲ ပျံသန်းနိုင်လေပြီ။ ထိုအရာက ဝမ်ပေါင်လဲ့သည် သူ့အား တခြားသော အစားကြူးတမန်တော်များကို ရှာဖွေဖို့ လွယ်ကူအောင် လုပ်ပေးလိုက်ခြင်း ဖြစ်၏။ သို့သော်လည်း သူက ဝမ်ပေါင်လဲ့သည် သူ့ကို မသတ်ဘဲ ဤမျှကူညီပေးသည့်အတွက် ကျေးဇူးတင်နေမိ၏။

မဖော်ပြနိုင်ဖွယ် စိတ်ခံစားချက်တို့ ထွက်ပေါ်လာလေသည်။ ဝမ်ပေါင်လဲ့က သူ့ကို အာသီသစည်းမျဉ်းဥပဒေသကို ပေးလိုက်သည့်အချိန်က သူသည် ဝမ်ပေါင်လဲ့အပေါ် အနည်းငယ်မျှ အမုန်းတရားပင် မရှိတော့ပေ။ ထိုအစား ဝမ်ပေါင်လဲ့ကို ကူညီပေးဖို့အတွက် အရာအားလုံး ပေးဖို့ ခံစားချက်သာ ကျန်ရှိတော့သည်။

ထိုလူငယ်လေး၏ အမူအရာကို သတိထားမိကာ ဝမ်ပေါင်လဲ့က အကြိမ်ရေအနည်းငယ် မျက်တောင်ခတ်လိုက်၏။ ရုတ်ချည်းဆိုသလို သူ့အသံက ပိုမိုညင်သာလာကာ လူငယ်လေး၏ ဦးခေါင်းကို ပုတ်ပေးလိုက်သည်။

“ကောင်လေး တခြားအစားကြူးတမန်တော်ဆီ ငါ့ကို ခေါ်သွားပေး”

“ဟုတ်ကဲ့” လူငယ်လေး၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး စတင်မောပန်းလာသည်။ သူက အားနည်းနေသော်လည်း စိတ်ဓာတ်တက်ကြွနေဟန်ပေါ်၏။ ရုတ်ချည်းဆိုသလို သူက ခေါင်းမော့ကာ လက်နှစ်ဖက်ကို ဦးခေါင်းအထက် ရိုက်ချလိုက်သည်။ သူ့မျက်ဝန်းက ဝေဝါးသွားပြီး ချီနှင့် သွေးတို့လို  အာသီသစည်းမျဉ်းများက ထွက်ပေါ်လာသည်။

ခေတ္တမျှ ကြာမြင့်ပြီးသည့်နောက်တွင်  သူ့မျက်ဝန်းရှိ သွေးကြောများက သွေးဆာလုနီးပါးဖြစ်လာပြီး အနောက်မြောက်ဆီ ခေါင်းလှည့်လိုက်သည်။

“ကျေးဇူးရှင် လူကြီးမင်း … ကျုပ်အဖေရဲ့ အစားကြူးတမန်တော်တစ်ယောက်က  အဲဒီဖက်မှာရှိတယ်”

ဝမ်ပေါင်လဲ့က ပြုံးပြီး လူငယ်လေးအား ပုခုံးမှ မကာ လူငယ်လေး ပြောသည့်နေရာသို့ ထွက်ခွာသွားလိုက်သည်။ အမွှေးတိုင်တစ်တိုင်စာ ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က လူငယ်လေးနှင့်အတူ ပြန်လည်ပေါ်ထွက်လာ၏။ မနီးမဝေးတစ်နေရာတွင် ထို့လင်းကျစ်၏ အစားကြူးတမန်တော်တစ်ယောက်က အမြန်ဆုံးနှုန်းဖြင့် ပျံသန်းနေသည်ကို မြင်တွေ့နိုင်သည်။ သူ့နောက်တွင် ခပ်ထွားထွားအမျိုးသားတစ်ဦးက လိုက်ဖမ်းနေလေ၏။ သူ့မျက်နှာအထက် အေးစက်သည့် အမူအရာမျိုး ရှိနေသည်။

ထိုလူက အသားတောင်ကြီးနှင့်တူပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ကြီးကျယ်သည့် အငွေ့အသက်မျိုး ရှိလေသည်။ တစ်ချိန်တည်းဆိုသလို သူ့ဆီမှ အားကောင်းကာ လွှမ်းမိုးတတ်သည့် ခံစားချက်မျိုး ထုတ်လွှတ်နေလေ၏။ သူ့အနောက်ဘက်တွင် ရှုပ်ထွေးသည့် သင်္ကေတများပါဝင်သည့် ရောင်ဝါတစ်ခု ရှိလေသည်။

သူ့ကြောက်ဖို့ကောင်းသည့် ချီနှင့်သွေးတို့က ကောင်းကင်ကိုပင် နေရာပြောင်းလဲသွားစေ၏။ ထိုသူက ဖုန်းတိက လွဲ၍ တခြားသူ မဟုတ်ပေ။

ဝမ်ပေါင်လဲ့နှင့် ချန်လင်းကျစ်တို့ ရောက်ရှိလာသည့်အခါ အစားကြူးတမန်တော်ကို လိုက်ဖမ်းနေသည့် ဖုန်းတိက ရုတ်ချည်းဆိုသလို ရပ်တန့်သွား၏။ သူက ခေါင်းမော့ကာ ဝမ်ပေါင်လဲ့ ပေါ်ထွက်လာသည့်နေရာကို ကြည့်လိုက်သည်။ သူ့နဂိုတည်တည်ငြိမ်ငြိမ် အမူအရာက အလေးအနက်အဖြစ် ပြောင်းလဲသွားခဲ့၏။ သူ့အနောက်ဖက်တွင်ရှိနေသည့် ရောင်ဝါက ပိုမိုတောက်ပလာကာ သူ့ရှေ့တွင် ရှိနေသည့် အစားကြူးတမန်တော်က ရုတ်ချည်းဆိုသလို တုန်ယင်သွားပြီး မထိန်းချုပ်နိုင်လောက်အောင် နောက်ဆုတ်လိုက်မိတော့သည်။ ဖုန်းတိက သူ့ကို ခေါင်းမှ ကိုင်ဆွဲလိုက်၏။ သူက ထိုအရာကို စုပ်ယူရင်းဖြင့် ဝမ်ပေါင်လဲ့ကို မျက်မှောင်ကြုတ်ရင်း ကြည့်နေသည်။

All Chapters