← Chapters

အခန်း (၁၃၄၇)

Vol. 97 Ch. 1347

အခန်း (၁၃၄၇)

Vol. 97 Ch. 1347

နှစ်ခုလုံးက ဝဲကတော့ကြီးများအသွင်ဖြစ်ကာ တစ်ခုက အကြီးဖြစ်ပြီး တစ်ခုက အသေးဖြစ်ပြီး နှစ်ယောက်လုံးက တခြားသူကို ဝါးမျိုဖို့ ကြိုးစားနေကြသည်။ သို့သော်လည်း စွမ်းအားအရ ဝမ်ပေါင်လဲ့သည် ထိုလက်ချောင်းအတွက် ပြိုင်ဘက် မဟုတ်ပေ။ သူက ကိုယ်ပွားမျှသာ ဖြစ်၏။

သဘောတရားအရ ဝမ်ပေါင်လဲ့သည် ထိုအနက်ရောင်လက်တံနှင့် ထိတွေ့မိသည်နှင့် ဖုန်းတိကဲ့သို့ သူ့အသက်ဓာတ်အားလုံးကို အနက်ရောင်လက်တံမှ စုပ်ယူသွားလိမ့်မည်။

ထိုလက်ချောင်းနှင့် ယှဉ်လိုက်ပါက ဝမ်ပေါင်လဲ့၏ ဝဲကတော့သည် ပိုမိုသေးငယ်နေ၏။

သို့သော်လည်း သူ့အစစ်အမှန် ခန္ဓာကိုယ်၏ အဆင့်အတန်းက အားကောင်းလွန်းလှသည်။ ထိုအရာက လက်ချောင်းပိုင်ရှင်လောက် မြင့်မားခြင်း မရှိသော်လည်း တူညီသည့် အနေအထားလောက်တော့ ရှိသည်။ ထို့ကြောင့် လက်ချောင်းက ဝမ်ပေါင်လဲ့ကို ဘာမှမလုပ်နိုင်ပေ။ ထိုအရာက သူ့ကို မချိုးဖောက်နိုင်သည့်အတွက် မဝါးမျိုနိုင်ပေ။ ထို့ကြောင့် မျှခြေညီမှုတစ်ခု ဖြစ်ပေါ်လာရသည်။

နှစ်ဦးသား၏ အဆင့်အတန်းကြားမှ ကာကွယ်မှုက လက်ချောင်းအား ဝမ်ပေါင်လဲ့အား မဝါးမျိုနိုင်အောင် ကာဆီးထားလေ၏။ သို့သော် စုပ်ယူအားကောင်းမှုရှိနေဆဲ ဖြစ်သည်။ ဝမ်ပေါင်လဲ့က လက်မလျှော့လိုပေ။ ထိုကာကွယ်မှုက သူ့အား ထိုစုပ်ယူမှုအောက်တွင် အထိခိုက်မရှိ နေနိုင်အောင် ကူညီပေးထားသည်။ တစ်ချိန်တည်းဆိုသလို သူက တစ်ဖက်လူ ထုတ်လွှတ်ထားသည့် အရှိန်အဝါကို ဖြည်းဖြည်းချင်း စုပ်ယူဖို့ ထိုဆက်နွယ်မှုကို အသုံးချနိုင်၏။

သို့သော်လည်း သူ ပေးဆပ်ရမည့် တန်ကြေးကမူ သူ့ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်ပေ။

နတ်သက်ကြွေ နတ်ဘုရား၏ လက်ချောင်းကလည်း မလှုပ်ရှားပေ။ သူက မော့ကြည့်လိုက်သည့်အခါ ထူးထူးဆန်းဆန်းနှင့် တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။

လက်ချောင်းက တိမ်တိုက်အထက် ခပ်မှိန်မှိန် ဖြစ်နေ၏။ တိမ်တိုက်အောက်တွင် အနက်ရောင်လက်တံရာချီက လှုပ်ရှားကင်းမဲ့နေသည်။ ခြောက်သွေ့နေသည့် အလောင်းများကလည်း အတူတူသာ ဖြစ်၏။ အပြင်ဘက်တွင် ဝမ်ပေါင်လဲ့က လက်တံတစ်ခုကို လက်တစ်ဖြင့် ကိုင်စွဲထားပြီး သူ့ခန္ဓာကိုယ်က လေထဲမြောလွင့်နေသည်။ သူကလည်း လှုပ်ရှားနေခြင်း မရှိပေ။

တိမ်တိုက်များကသာ သူ့အလိုလိုရွေ့လာပြီး ဖြည်းဖြည်းချင်း နီးကပ်လာလေသည်။

လူငယ်လေး ချန်လင်းကျစ်က ပါးစပ်အဟောင်းသားဖြင့် အရာအားလုံးကို စောင့်ကြည့်နေ၏။ သူ့စိတ်ထဲ၌ စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။ သူက တိမ်တိုက်များ ရွေ့လျားလာပြီး လက်ချောင်းများ မြေပြင်မှ တဖြည်းဖြည်း ကြွလာသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် ဝမ်ပေါင်လဲ့က လက်ချောင်းတစ်ခုကို လက်လွှတ်ခြင်းမရှိဘဲ ဆုပ်ကိုင်ထားသည်ကို မြင်သည့်အခါ တုန်လှုပ်သွားမိ၏။

“တကယ်ကို မကောင်းဆိုးဝါးလိုပဲ”

သူက ထွက်သွားလိုသော်လည်း စိတ်ရှုပ်ထွေးနေမိသည်။ သူက သူ့ကိုယ်သူ အားတင်းလျက် အဝေးမှ ကောင်းကင်ယံရှိ အနက်ရောင်လက်တံနောက် လိုက်လိုက်သည်။ သူက သိပ်မကြာခင် ပင်လင်းကျစ်က အနက်ရောင်လက်တံကို လွှတ်လိမ့်မည်ဟု ထင်ထားခဲ့သည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားပြီး သုံးရက်တာပင် ကုန်ဆုံးသွားလေ၏။

 ထိုနေ့ရက်အတွင်း တတိယကမ္ဘာရှိ အမဲလိုက်ပွဲက ဆက်လက် ဖြစ်တည်နေသည်။ ဖုန်းတိ၏ သေဆုံးမှု၊ ဝမ်ပေါင်လဲ့၏ မလှုပ်ရှားနိုင်စွမ်းနှင့် မသန်မစွမ်းဖြစ်နေသည့် ချန်လင်းကျစ်တို့ကြောင့် ဤအမဲလိုက်ပွဲတစ်ခုလုံးတွင် အံ့ဖွယ်မီးဖိုက တစ်ဦးတည်းသော အမဲလိုက်သူ ဖြစ်လာခဲ့သည်။

သူက အတော် ကံကောင်းလှ၏။ သူက လမ်းတွင်ရှိသမျှ အရာအားလုံးကို ဝါးမျိုပစ်ခဲ့ပြီး သူ့အတွက် ခြိမ်းခြောက်မှုဟူ၍ မတွေ့ခဲ့ရပေ။ အနှစ်ချုပ်အားဖြင့် သူသည် အစားကြူးတမန်တော်တချို့ကို ရင်ဆိုင်တွေ့ခဲ့ရပြီး တွေ့သမျှလူ အားလုံးကလည်း မလွတ်မြောက်နိုင်ပေ။ အဆုံးသတ်တွင် သူတို့က ပြာမှုန့်အဖြစ် ပြောင်းလဲသွားကာ အံ့ဖွယ်မီးဖို၏ ဝါးမျိုခြင်းကို ခံခဲ့ရသည်။

ဤသို့ဖြင့် သူ့ခန္ဓာကိုယ်ထဲရှိ အာသီသစည်းမျဉ်းဥပဒေသက ပိုမိုအားကောင်းလာလေ၏။ တစ်ချိန်တည်းဆိုသလို သူက အကျိုးကျေးဇူးများစွာ ရရှိလိုက်သည်။ နမူနာအနေဖြင့် သူသည် ယခင်ရက်ပိုင်းအတွင်း ပါဝင်ပစ္စည်းတချို့ကို တွေ့ခဲ့ရသည်။

ထိုအရာက ထိပ်တန်းအဆင့်ဟု မသတ်မှတ်နိုင်သော်လည်း အတော်လေး ကောင်းမွန်ဆဲသာ ဖြစ်၏။ အကယ်၍ သူသာ အာသီသမြို့တော်ဆီ ယူသွားပြီး အစားကြူးနတ်ဘုရားဖြစ်လာဖို့ အသုံးပြုပါက အတော်လေး ရွေးချယ်မှုကောင်း ဖြစ်ပေသည်။

“နောက်တစ်ခုက ငါနဲ့ ဆင်တူတဲ့ အစားကြူးတမန်တော်ကို ရှာဖို့ပဲ။ တကယ်လို့ သူတို့ကို ဝါးမျိုနိုင်တယ်ဆိုရင် အစားကြူးနတ်ဘုရား ဖြစ်လာနိုင်တယ်”

အံ့ဖွယ်မီးဖိုက ပြောလိုက်၏။ သူက လေထဲတွင် ရပ်ရင်း တတိယကမ္ဘာကို အေးစက်စက် ကြည့်လိုက်သည်။ လက်ရှိ အသက်ရှင်လျက်ရှိနေသည့် အစားကြူးတမန်တော်တစ်ဒါဇင်ကျော်သာ ရှိတော့သည်။ သို့သော် အများစုက ပုန်းအောင်းနေကြ၏။ သူ့အနေဖြင့် တစ်ယောက်ချင်းစီ လိုက်လံရှာဖွေဖို့က အချိန်ဖြုန်းရာကျပေသည်။

ထို့အပြင် သူက သူတို့အားလုံးကို ဝါးမျိုလျှင်ပင် သူ့အနေဖြင့် အဆင့်တက်လှမ်းဖို့ ခက်ခဲနေဆဲ ဖြစ်၏။ အကယ်၍ သူသာ အဆင့်တက်လှမ်းလိုပါက အာသီသစည်းမျဉ်းဥပဒေသ အမြောက်အများ လိုအပ်သည်။ ထို့ကြောင့် ထိုသို့သော ပမာဏအမြောက်အများဖြင့် သူနှင့် ဆင်တူသည့်သူကို ဝါးမျိုရုံမှအပ ပိုမိုသင့်တော်သည့် ရွေးချယ်စရာ မရှိပေ။

“နည်းနည်းတော့ ထူးဆန်းတယ်။ ဖုန်းတိနဲ့ ပင်းလင်းကျစ်က ဘာလို့ မရှိပါလိမ့်” အံ့ဖွယ်မီးဖိုက မျက်မှောင်ကြုတ်လိုက်သည်။ သူ့ပစ်မှတ်က ထိုသူနှစ်ဦး ဖြစ်၏။ ချန်လင်းကျစ်အတွက်မူ သူ့ကို ထိတွေ့ဖို့ရာ မကြံစည်ထားပေ။ သူ့အဖေက အစားကြူးနတ်ဘုရား ဖြစ်၏။ သူက အစားကြူးနတ်ဘုရား ဖြစ်လာပြီးသည့်နောက်တွင် သူ့အဆင့်အတန်းက ချန်လင်းကျစ်နှင့် အတူတူဖြစ်မည်မှန်း သိလေသည်။ အကယ်၍ ရန်သူဖြစ်ခြင်းကို ရှောင်ရှားလိုပါက သူ့ကို မထိသည်က ပို၍ကောင်း၏။

ထို့ကြောင့် အံ့ဖွယ်မီးဖိုက တတိယကမ္ဘာထဲ လိုက်လံရှာဖွေလိုက်သည်။ နှစ်ရက်တာ ကုန်ဆုံးသွားပြီးနောက်တွင် ဖြည်းဖြည်းချင်း လိုက်လံရှာဖွေနေသည့် အံ့ဖွယ်မီးဖိုက စိတ်မရှည်ဖြစ်လာသည်။ သူ့စိတ်ထဲ မေးခွန်းများစွာ ထွက်ပေါ်လာလေ၏။ သူက ပစ်မှတ်ကို လိုက်လံရှာဖွေနေစဉ် ရုတ်ချည်း ရပ်တန့်လိုက်သည်။ သူက ရုတ်တရက် ခေါင်းမော့ကြည့်လိုက်၏။

သူ မော့ကြည့်လိုက်သည့် ကောင်းကင်ယံ၏ မြူခိုးအတွင်း ဖိအားပြင်းပြင်းကို ခံစားမိနိုင်သည်။ သိပ်မကြာခင် သူက အနက်ရောင်လက်တံရာချီသည် သူ့မြင်ကွင်းအဆုံး၌ ပေါ်ထွက်လာကြောင်း မြင်တွေ့လိုက်ရ၏။

အနက်ရောင်လက်တံများက မြူခိုးမှ တွဲလောင်းကျနေပြီး သူ့ဦးတည်ရာဆီ ဖြည်းဖြည်းချင်း ရွေ့လျားလာနေသည်။ သူက မြန်ဆန်နေခြင်း မရှိသော်လည်း ဖိအားထုတ်လွှတ်လာသည့်အခါ အံ့ဖွယ်မီးဖို၏ စိတ်နှလုံးသားက စတင်တုန်ယင်လာမိ၏။

“နတ်သက်ကြွေ နတ်ဘုရား”

အံ့ဖွယ်မီးဖို၏ မျက်ဝန်းအထက် လောဘအရိပ်အယောင် ထွက်ပေါ်လာသည်။ သူက ထိုထိပ်တန်းအဆင့် ပါဝင်ပစ္စည်းအကြောင်း သိထားလေ၏။ သို့သော် သူ့အကျိုးအကြောင်းဆင်ခြင်စိတ်က သူ့လက်ဝါးကို ဖိနှိပ်ထားလေသည်။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး ချက်ချင်း ထွက်သွားလို၏။ သို့သော် ချဉ်းကပ်လာသည့် အနက်ရောင်လက်တံများကို ကြည့်ရင်း ပုံရိပ်တစ်ခုက သူ့အာရုံကို ဖမ်းစားသွားခဲ့၏။ သူက အနီးကပ်ကြည့်လိုက်သည့်အခါ အံ့ဖွယ်မီးဖို၏ အကြည့်များက တောက်ပလာခဲ့သည်။

သူက အနက်ရောင်လက်တံကို ကိုင်ဆွဲထားသည့် ဝမ်ပေါင်လဲ့ကို မြင်တွေ့လိုက်ရသည်။

“သူပဲ” အံ့ဖွယ်မီးဖို၏ မျက်နှာအထက် တုန်လှုပ်မှုတစ်ခု ဖြတ်ပြေးသွားသည်။ သူက တစ်ဖက်လူ၏ ခန္ဓာကိုယ်သည် စုပ်ယူသည့် အရိပ်အမြွက် မရှိဘဲ အဘယ်ကြောင့် ဤအတိုင်း ကျန်ရှိနေမှန်း နားမလည်နိုင်ပေ။ အထူးသဖြင့် အနက်ရောင်လက်တံပေါ်ရှိ တခြားသော ခြောက်ကပ်ကပ်အလောင်းများနှင့် ယှဉ်လိုက်သည့်အခါတွင် ဝမ်ပေါင်လဲ့၏ လက်ရှိအခြေအနေက အတော်လေး အာရုံဖမ်းစားနိုင်ဖွယ် ဖြစ်နေသည်။

ထိုအရာက အံ့ဖွယ်မီးဖို၏ စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်လာစေ၏။ သူက နတ်ဘုရားအသိစိတ်ဖြင့် အလောင်းများကို စစ်ဆေးကြည့်လိုက်သည့်အခါ ဖုန်းတိကို မြင်တွေ့လိုက်ရသည်။ သူက ထိုသူကို မြင်သည့်အခါ ထူးထူးဆန်းဆန်း အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။

“ဖုန်းတိက ဒီမှာ သေသွားပြီပဲ”

ထိုအရာအားလုံးက အံ့ဖွယ်မီးဖိုအား သတိကြီးကြီးထားရုံမှအပ ရွေးချယ်စရာမရှိပေ။ သို့သော်လည်း သူက လက်မလျှော့လိုပေ။ အထူးသဖြင့် ဖုန်းတိ သေဆုံးသွားပြီးသည့်နောက်တွင် ဖြစ်၏။ သူ့အနေဖြင့် အဆင့်တက်လှမ်းဖို့ရာ တစ်ဦးတည်းသော အသုံးပြုနိုင်သည့်သူက ဝမ်ပေါင်လဲ့သာ ဖြစ်သည်။

ထိုအတွေးဖြင့် အံ့ဖွယ်မီးဖိုက ချဉ်းကပ်လာသည့် အနက်ရောင်လက်တံများကို ကြည့်လိုက်သည်။ ရုတ်ချည်းဆိုသလို သူက ခေါင်းကို ငုံ့ထားပြီး မြေကြီးကို ကြည့်လိုက်၏။ လျှပ်တစ်ပြက်အတွင်း သူက အနက်ရောင်လက်တံများ နောက်လိုက်လာသည့် ချန်လင်းကျစ်ရှေ့တွင် ပေါ်ထွက်လာသည်။

ထိုသူပေါ်ထွက်လာမှုက ချန်လင်းကျစ်၏ အမူအရာကို ပြောင်းလဲသွားစေသည်။

သူက မနေနိုင်ဘဲ ခေါင်းမော့ကာ ကြည့်လိုက်သည်။

“ချန်လင်းကျစ် မင်းက တကယ်ကို အားနည်းတာပဲ” အံ့ဖွယ်မီးဖိုက လူငယ်လေးကို ကြည့်ရင်း ပြောလိုက်သည်။ သူက တခြားသော အစားကြူးတမန်တော်များကို ရန်မစလိုသော်လည်း ယခု ချန်လင်းကျစ်ကမူ အတော်လေး အားနည်းနေပြီဖြစ်ကာ သူ့အတွက် တန်ဖိုးမရှိပေ။ ထို့ကြောင့် သူက သူ့ကို ဝါးမျိုဖို့ ရည်ရွယ်ချက်ပင် မရှိတော့ပေ။

“မင်းကို မထိဘူး။ ဒါပေမဲ့ ဒီနေရာမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါ့ကို ပြောပြရမယ်။” အံ့ဖွယ်မီးဖိုက အနက်ရောင်လက်တံကို ညွှန်ပြရင်း ပြောလိုက်သည်။

ချန်လင်းကျစ်က တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် ပြောလိုက်၏။

“ဖုန်းတိနဲ့ ပင်းလင်းကျစ်တို့က တိုက်ခိုက်ကြတယ်လေ။ ဒါပေမဲ့ ဖုန်းတိက ပိုပြီးအားကောင်းနေခဲ့တာ။ သူက နတ်သက်ကြွေ နတ်ဘုရားရဲ့ လက်ချောင်းကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ မသိဘဲနဲ့ ပင်းလင်းကျစ်ကို ဒီလိုဖြစ်သွားစေတာပဲ။ သူတို့က အခု အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်နေပြီ။

ဒါပေမဲ့ ငါ ဒီထိ လိုက်လာတာ။ ပင်လင်းကျစ်က သေချာပေါက် ရှုံးမယ်ဆိုတာ သေချာတယ်။ ဖုန်းတိက သေချာပေါက် နိုင်လိမ့်မယ်။ ပြီးတော့ သူက နတ်သက်ကြွေ နတ်ဘုရားရဲ့ လက်ချောင်းကို ထိန်းချုပ်မှု အောက်မှာရှိတယ်။ သူက ဒီကမ္ဘာတစ်ခုလုံးကိုတောင် ရှင်းထုတ်ပစ်နိုင်လောက်တယ်” ချန်လင်းကျစ်က ခါးသီးစွာ ပြောလိုက်သည်။

သူ့စကားများက အံ့ဖွယ်မီးဖိုအား မျက်မှောင်ကြုတ်သွားစေသည်။ သူက ဝမ်ပေါင်လဲ့ကို ကြည့်ပြီးသည့်နောက်တွင် အလောင်းကောင်ဖြစ်နေသည့် ဖုန်းတိကို ကြည့်လိုက်၏။ သူ့မျက်ဝန်းအထက် စိတ်ရှုပ်ထွေးမှုများ ထွက်ပေါ်လာသည်။

“ဖုန်းတိက နတ်သက်ကြွေ နတ်ဘုရားရဲ့ ထိန်းချုပ်မှုကို ခံနေရတာလား။ ဒါပေမဲ့ သူက အသက်ရှူနေတဲ့ ပုံတော့ မပေါ်ပါဘူး”

“ငါက ဘယ်လိုလုပ်သိမှာလဲ။ ဘာပဲဖြစ်ဖြစ် သူက နတ်သက်ကြွေနတ်ဘုရား ကိုယ်တိုင် ရွေးချယ်ထားတာပဲလေ။ သူ့နည်းလမ်းနဲ့သူ ရှိမှာပေါ့ ကျစ်။ နတ်သက်ကြွေ နတ်ဘုရားက ဒီတစ်ခါ မျက်နှာလိုက်လွန်းအားကြီးသွားပြီ” ချန်လင်းကျစ်က အံကြိတ်လျက် မုန်းတီးစွာ ပြောလိုက်သည်။

All Chapters