← Chapters

အလျင်မလိုပါနဲ့

Vol. 97 Ch. 1349

အလျင်မလိုပါနဲ့

Vol. 97 Ch. 1349

ချန်လင်းကျစ်၏ စကားက အံ့ဖွယ်မီးဖိုအား ပိုမိုစိတ်ဂယက်ရိုက်သွားစေသည်။ သူက အမုန်းတရားအပြည့်ဖြစ်သင့်နေသည့် ထိုသူနှစ်ဦးသည် အဘယ်ကြောင့် ဤအခြေအနေ ရောက်ရှိသွားကြောင်း နားမလည်နိုင်ပေ။ သူက တိတ်တဆိတ်ဖြင့် စစ်ဆေးကြည့်သော်လည်း ချန်လင်းကျစ်၏ ခန္ဓာကိုယ်တွင် ထိန်းချုပ်ခံထားရသည့် အရိပ်အယောင်ကိုလည်း မမြင်ခဲ့ရပေ။ တခြားနည်းဖြင့် ပြောရမည်ဆိုလျှင် ထိုအရာအားလုံးကို ချန်လင်းကျစ်က အသိစိတ်ရှိနေရင်း လိုလိုလားလား လုပ်နေခြင်းသာ ဖြစ်၏။

 ဤသည်က အံ့ဖွယ်မီးဖို နားမလည်နိုင်သည့်အရာသာ ဖြစ်၏။ တစ်ချိန်တည်းဆိုသလို သူက ဝမ်ပေါင်လဲ့ကို ပိုမိုကြောက်ရွံ့လာသည်။ သူက ထိုသူကို ဝါးမျိုဖို့ အတွေးကို လက်လျှော့လိုက်ပြီ ဖြစ်၏။ သူ ယခုတွေးနိုင်သည့်အရာက ဤနေရာမှ တတ်နိုင်သမျှ မြန်မြန်ထွက်သွားဖို့ရာသာ ဖြစ်သည်။ အကြောင်းအရင်းကမူ ဝမ်ပေါင်လဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် နတ်သက်ကြွေနတ်ဘုရား၏ လက်ချောင်းက မည်မျှကြောက်ဖို့ကောင်းကြောင်း ပြောနိုင်၍ ဖြစ်သည်။ ဝမ်ပေါင်လဲ့နှင့် ရင်ဆိုင်ရသည်က ခက်ခဲနေပြီ ဖြစ်သော်လည်း နတ်သက်ကြွေနတ်ဘုရား၏ လက်ချောင်းကိုပါ ထည့်ပေါင်းခဲ့မည်ဆိုလျှင် သူ ဖိနှိပ်နိုင်သည့်အရာမျိုး မဟုတ်တော့ပေ။

သို့သော် သူ ထွက်သွားလိုသော်လည်း အနက်ရောင်လက်တံများက မြန်ဆန်လွန်းလှ၏။ သူတို့က သူ့အား ချက်ချင်းဆိုသလို ရောက်ရှိလာကာ ရစ်ပတ်တော့မည် ဖြစ်၏။

ထိုအခိုက်အတန့်တွင် အံ့ဖွယ်မီးဖို၏ စွမ်းအားက အပြည့်အဝ ထွက်ပေါ်လာသည်။ ဖုန်းတိအနေနှင့် အနက်ရောင်လက်တံများကို ပြန်လည်မတိုက်ခိုက်နိုင်သည်မှာ ဝမ်ပေါင်လဲ့ကို တိုက်ခိုက်ခဲ့၍ တစိတ်တပိုင်း ပါဝင်သည်။ အဆုံးသတ်၌ သူက လုံလုံလောက်လောက် အားမကောင်းခဲ့ပေ။

သို့သော်လည်း အံ့ဖွယ်မီးဖိုကမူ ကွဲပြားပေသည်။ လွန်ခဲ့သည့်နှစ်များစွာခန့်ကတည်းက သူက အာသီသမြို့အတွင်း နံပါတ်တစ် အစားကြူးတမန်တော် ဖြစ်ခဲ့၏။ သူက အတော်လေး ပါရမီထူးကဲလှသည်။ ထိုအခိုက်အတန့်၌ သူသည် အနက်ရောင်လက်တံများဖြင့် ရစ်ပတ်ခံရတော့မည့်ဆဲဆဲတွင် သူ့အမူအရာက ခက်ထန်လျက် အော်ဟစ်ပြီး ခန္ဓာကိုယ်မှ အပူလှိုင်းလုံးတစ်ခု ထုတ်လွှတ်လိုက်သည်။

သူ့ခန္ဓာကိုယ်က မီးဖိုတစ်ခုကဲ့သို့ ပြောင်းလဲသွားသကဲ့သို့ ဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း ထိုအရာက မြင့်မားသည့် အပူချိန်ကို ထုတ်လွှတ်လာကာ အဖက်ဖက်သို့ ပေါက်ကွဲထွက်ကာ လောင်ကျွမ်းသွားစေသည်။

အနက်ရောင်လက်တံများက ထူးကဲသော်လည်း ဝမ်ပေါင်လဲ့နှင့် နတ်သက်ကြွေနတ်ဘုရားတို့၏ ထိပ်တိုက်ရင်ဆိုင်မှုအောက်တွင် သူတို့၏ ဖိနှိပ်စွမ်းအားတချို့ကို ဆုံးရှုံးခဲ့ရသည်။ သူတို့က ယခုအခါ အပူလှိုင်းမှ ဝန်းရံခံထားရ၏။ သူတို့က လောင်ကျွမ်းမခံရသော်လည်း အနည်းငယ် အားလျော့သွားခဲ့သည့်အတွက် အံ့ဖွယ်မီးဖိုက ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း သူက ဤရစ်ပတ်ထားမှုများမှ ချိုးဖောက်ထွက်လာခဲ့သည်။

သူက လွတ်မြောက်တော့မည့်ဆဲဆဲတွင်ဖြစ်သော်လည်း ဝမ်ပေါင်လဲ့က မည်သို့ခွင့်ပြုပေးနိုင်မည်နည်း။

ဝမ်ပေါင်လဲ့က မျက်လုံးကို ဖွင့်လိုက်သည့်အချိန် သူ့မျက်ဝန်းတွင် နက်ရှိုင်းသည့် အကြည့်တချို့ ရှိနေသည်။ သူက ချန်လင်းကျစ်၏ လုပ်ဆောင်ပုံနှင့် ပတ်သက်ပြီး အလွန်ကျေနပ်နေမိ၏။ လက်တွေ့တွင် အကယ်၍ အံ့ဖွယ်မီးဖို၏ ပထမတိုက်ခိုက်မှုကသာ ဖုန်းတိဆီ မဟုတ်ဘဲ သူ့အပေါ် ဖြစ်ခဲ့ပါက သူ့သေခြင်းရှင်ခြင်းအပေါ် သက်ရောက်မှုရှိမည် မဟုတ်သော်လည်း မျှခြေ ကျိုးပျက်သွားနိုင်သည်။ နတ်သက်ကြွေနတ်ဘုရား၏ စုပ်ယူအားက တိုးမြင့်လာမည်ဖြစ်ကာ သူက အထိအခိုက်တချို့ ခံစားရလိမ့်မည်။

ဤသည်က ဝမ်ပေါင်လဲ့အတွက် ပြဿနာများ၏။ ထို့အပြင် အံ့ဖွယ်မီးဖိုက သူ့ကို သားကောင်အလား မျက်စိကျနေသည်ဖြစ်ကာ ထိုအခါ ဝမ်ပေါင်လဲ့သည် ဆိုးဆိုးရွားရွားအခြေအနေသို့ ကျရောက်သွားလိမ့်မည်။

သို့သော်လည်း ချန်လင်းကျစ်၏ လှည့်ဖျားမှုက အံ့ဖွယ်မီးဖိုအား မှားယွင်းစွာ အကဲဖြတ်မှု ဖြစ်သွားစေသည်။ သူက ဖုန်းတိအား တိုက်ခိုက်ကာ အနက်ရောင်လက်တံတစ်ရာကျော်ကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ရလဒ်အနေဖြင့် မျှခြေက ကျိုးပျက်သွားကာ နတ်သက်ကြွေနတ်ဘုရားဖက် မျှခြေပျက်စီးသွားခဲ့သည်။ ဝမ်ပေါင်လဲ့အတွက် အင်မတန် အကျိုးရှိသည့် အရာတစ်ခုဖြစ်၏။

ထို့ကြောင့် အခွင့်အရေးကို အသုံးပြုပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ စုပ်ယူအားတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက နတ်သက်ကြွေနတ်ဘုရား၏ လက်ချောင်းကို ခြောက်ကပ်သွားအောင် အပြည့်အဝ မစုပ်ယူနိုင်သေးသော်လည်း ၂၀ရာခိုင်နှုန်းလောက် စုပ်ယူနိုင်လိုက်သည်။ ထိုအရာက အာသီသစည်းမျဉ်းဥပဒေသကို ယခင်ဗလာကျင်းမှုထဲ ပြန်လည်ဖြည့်စည်းပေးနိုင်လိုက်သည်။ ထို့နောက် အစားကြူးတမန်တော်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလေ၏။

ဝမ်ပေါင်လဲ့က ထွက်ပြေးနေသည့် အံ့ဖွယ်မီးဖိုကို ကြည့်ကာ အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။ သူက နတ်သက်ကြွေနတ်ဘုရား၏ အကြွင်းအကျန်ထက် အစားကြူးတမန်တော်ကို စုပ်ယူရသည်ကို ပိုမိုသဘောကျ၏။

ထိုသူက ဖိနှိပ်ဖို့ လွယ်ကူရုံသာမက စုပ်ယူဖို့လည်း လွယ်ကူပေသည်။ သူသာ အံ့ဖွယ်မီးဖို၏ အာသီသစည်းမျဉ်းဥပဒေသကို စုပ်ယူနိုင်သရွေ့ တည်ရှိနေသည့် စည်းမျဉ်းဥပဒေသ၏ ကန့်သတ်ချက်ကို ချိုးဖောက်ကာ အစားကြူးနတ်ဘုရားအဆင့်သို့ ရောက်ရှိလာနိုင်သည်။

အစားကြူးနတ်ဘုရားအဆင့်သည် မြို့သခင် အောက် အမြင့်မားဆုံးစည်းမျဉ်းကို ထိန်းချုပ်သူတစ်ဦး ဖြစ်သည်။ သူ့အာသီသစည်းမျဉ်းဥပဒေသက  သေချာသည့်အနေအထားအရ မူလဇစ်မြစ် တစ်ခု ဖြစ်လာမည်။ ဝမ်ပေါင်လဲ့၏ အကဲခတ်ထားမှုအရ အစားကြူးနတ်ဘုရားဖြစ်လာပြီးသည့်နောက်တွင် သူသည် အာသီသစည်းမျဉ်းဥပဒေသနှင့် ခွဲခြားရနိုင်တော့မည် မဟုတ်ပေ။ အကယ်၍ သူ သေဆုံးသွားလျှင် အချိန်အတိုင်းအတားတစ်ခုအထိ သူ့အနေနှင့် အာသီသစည်းမျဉ်းဥပဒေသကို အားနည်းအောင် လုပ်နိုင်ပေဦးမည်။

ထို့နောက် သူသည် အစားကြူးနတ်ဘုရားဖြစ်လာပြီးသည့်နောက်တွင် အာသီသမြို့၏ အစစ်အမှန် အဖွဲ့ဝင်တစ်ယောက်အဖြစ် မှတ်ယူနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အာသီသမြို့သခင်က သူ ထွက်မလာခင် ထိုစကားများကို ပြောခဲ့ခြင်း ဖြစ်သည်။

ဒီလိုဆိုရင်…

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ခေါင်းကိုမော့ကာ မြူခိုးအထက်ရှိ နတ်သက်ကြွေနတ်ဘုရား၏ လက်ချောင်းကို မော့ကြည့်လိုက်သည်။ ထို့နောက် သူက သူတို့ကြားမှ အကွာအဝေးကို ချဲနေသည့် အံ့ဖွယ်မီးဖိုကိုပါ ကြည့်လိုက်၏။

သူ လက်ချောင်းအပေါ် လက်ရှိထိန်းချုပ်မှုဖြင့် ထိုသူ့နောက်ကို လိုက်မဖမ်းနိုင်ကြောင်း သိထားလေသည်။ အကယ်၍ လက်ချောင်းကို လက်လွှတ်လိုက်ပါက လက်ချောင်းသည် ထပ်မံ ပုန်းအောင်းသွားမည့် အခြေအနေရှိ၏။

သို့သော်လည်း ယခုအခါ သူက လုပ်ပိုင်ခွင့်တစ်စိတ်တစ်ပိုင်း ရှိနေပြီဖြစ်ကာ အာရုံခံပြီး လက်ချောင်းကို ထပ်မံရှာဖွေနိုင်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့အနေဖြင့် အဖြေရဖို့ အသက်ရှိုက်စာအနည်းငယ်ပင် ကြာမြင့်မည် မဟုတ်ပေ။

နောက်အခိုက်အတန့်လေး၌ ဝမ်ပေါင်လဲ့က အနက်ရောင်လက်တံကို လွှတ်လိုက်ကာ နတ်သက်ကြွေနတ်ဘုရား၏ လက်ချောင်းစုပ်ယူမှုကို ဖြတ်တောက်လိုက်သည်။ ထိုအရာကို လက်လွှတ်လိုက်သည်နှင့် ဝမ်ပေါင်လဲ့က ရှေ့တစ်လှမ်းတိုးလာ၏။

သူက ကောင်းကင်အထက် ပုံရိပ်များသာ ချန်ထားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း အံ့ဖွယ်မီးဖို၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့၏။ သူက တုံ့ဆိုင်းမနေဘဲ ခန္ဓာကိုယ်ထဲမှ အပူလှိုင်းကို ဘေးပတ်ဝန်းကျင်ဆီ ထုတ်လွှတ်လိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးက အပြီးတိုင် လောင်ကျွမ်းခံရတော့မည့်အလား ဖြစ်၏။

သို့သော်လည်း ဤသို့ မဟုတ်ခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်း လေထုထဲမှ လက်တစ်ဖက်ပေါ်ထွက်လာကာ အံ့ဖွယ်မီးဖို၏ နဖူးကို ရိုက်ချလိုက်သည်။

ဘန်း

ကောင်းကင်က ပြိုလဲတော့မည့်ဆဲဆဲဖြစ်ကာ မိုးခြိမ်းလုမတတ် အသံကျယ်ကြီး ထွက်ပေါ်လာသည်။ အံ့ဖွယ်မီးဖိုက စူးစူးဝါးဝါးအော်ဟစ်လိုက်ရပြီး သူ့ခန္ဓာကိုယ်က ထိန်းချုပ်မရနိုင်လောက်အောင် ဖြစ်နေကာ သူ့ခန္ဓာကိုယ်က ပြင်းထန်သည့် စွမ်းအားကြောင့် ပစ်လွှတ်ခံလိုက်ရသည်။ ထိုအရှိန်က ယခင်ထွက်ပြေးသည့်အခါထက်ပင် မြန်ဆန်နေပြီး မြေကြီးပေါ် ကျသွားလေ၏။

သူ့ခန္ဓာကိုယ်က ဥက္ကာပျံတစ်စင်းသဖွယ် မြေကြီးအပေါ် ကျရောက်လာကာ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။

ဝမ်ပေါင်လဲ့က လေထဲတွင် ရပ်ရင်း သူ့အကြည့်တို့က မဟူရာအလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ သူ့ ခေါင်းငုံ့ကာ ကြည့်လိုက်၏။ ထို့နောက် သူက လက်ကို မြှောက်ကာ ဧရာမလက်ကြီးရှိရာဆီ လက်ညှိုးထိုးလိုက်သည်။

ထိုနေရာက ဗလာကျင်းနေ၏။

ဝမ်ပေါင်လဲ့က လက်လွှတ်လိုက်သည်နှင့် နတ်သက်ကြွေနတ်ဘုရား၏ လက်ချောင်းက ရွေ့လျားသွားပြီ ဖြစ်သည်။ ထိုအရာက အမြန်ဆန်ဆုံးအလျင်ဖြင့် ထွက်ပြေးသွားသည်ကို ဝမ်ပေါင်လဲ့က အာရုံခံမိလိုက်၏။

“တစ်ကြိမ်မှာ တစ်ခုပဲ။ အလျင်လိုနေဖို့ မလိုဘူး” ဝမ်ပေါင်လဲ့က နှုတ်ခမ်းသပ်ကာ ကောင်းကင်မှ အကြည့်လွှဲရင်း ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်က လေထဲ ပျောက်ကွယ်သွားကာ မြေကြီးအထက် ရောက်ရှိလာသည်။ သူက ခေါင်းငုံ့ပြီး အံ့ဖွယ်မီးဖိုကို ကြည့်လိုက်၏။

ဤတစ်ကြိမ် အံ့ဖွယ်မီးဖိုက ပြိုကွဲလုနီးပါး ဖြစ်နေသည်။ ပါးစပ်မှ သွေးများ စီးကျနေလေ၏။ ထိုအရာက ဝမ်ပေါင်လဲ့ကို အကြောက်တရားများ၊  မယုံကြည်နိုင်မှုများဖြင့် ကြည့်လိုက်သည်။ သူက ရုန်းကန်ချင်လိုသော်လည်း ဝမ်ပေါင်လဲ့၏ အာသီသအိပ်မက်ဆိုးတို့က ထွက်ပေါ်လာကာ သူ့ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်သွားလေသည်။

All Chapters