← Chapters

ပေါင်းစည်းခြင်း

Vol. 97 Ch. 1350

ပေါင်းစည်းခြင်း

Vol. 97 Ch. 1350

တတိယကမ္ဘာတွင် ပြန့်ကျဲနေသည့် စိတ်ဆန္ဒများစွာ ရှိ၏။ သူတို့က လူတစ်ယောက်၏ စိတ်အခြေအနေကိုသာ အနှောင့်အယှက်ပေးနိုင်သော်လည်း အင်မတန် အန္တရာယ်များလေသည်။ အံ့ဖွယ်မီးဖိုရှိရာ မြေကြီးအနက်ထဲလည်း ဤသို့ဖြစ်လာလေသည်။

ပြန့်ကျဲနေသည့် စိတ်ဆန္ဒများက ပေါ်ထွက်လာကာ တွင်းနက်ကြီးကို လူးလွန့်လာစေသည်။ ထိုအရာက နဂိုအခြေအနေသို့ ပြန်လည်ပြောင်းသွားသကဲ့သို့ ဖြစ်၏။

သို့သော်လည်း ထို ထူးထူးဆန်းဆန်း မြင်ကွင်းကို မည်သူကမှ ဂရုမစိုက်ပေ။ ဝမ်ပေါင်လဲ့ကလည်း ဂရုမစိုက်ပေ။ ထိုပြန့်ကျဲနေသည့်စိတ်ဆန္ဒအရေအတွက်က သူ့ကို မျက်မှောင်ကြုတ်စေဖို့ရာပင် မလုံလောက်ပေ။ အံ့ဖွယ်မီးဖိုကလည်း ဂရုမစိုက်ပေ။ အကြောင်းအရင်းကမူ သူက မြှုပ်နှံခံရသည်ဖြစ်စေ သို့မဟုတ် ဝမ်ပေါင်လဲ့ဆီမှ ဝါးမျိုခံရသည်ဖြစ်စေ တူညီစွာ အဆုံးသတ်သွားလိမ့်မည်။

အစားကြူးတမန်တော် တစ်ယောက်အနေဖြင့် အမဲလိုက်ပွဲအတွင်း တခြားသော အစားကြူးတမန်တော်များ၏ အမဲလိုက်ခံရမှုနှင့် တူညီသော ကံကြမ္မာကို ဆုံးဖြတ်ပေးပြီးသား ဖြစ်၏။ ယခုအခါ ဤသို့သော ရလဒ်မျိုး ထွက်ပေါ်နေပြီဖြစ်၍ သူက အံ့အားသင့်နေမိသော်လည်း ခါးသီးမှုသာ ကျန်ရှိတော့သည်။

“ငါတို့ကြားမှာ ရန်ကြွေး မရှိဘူးဆိုတော့ နောက်ဆုံးဘာပြောချင်သေးလဲ” ဝမ်ပေါင်လဲ့က တွင်းနက်ကြီးကို ကြည့်ကာ မေးလိုက်သည်။

“ဘာမှ ပြောစရာမရှိဘူး။ ဒါပေမဲ့ ငါ့ဆီမှာ နောက်ဆုံးဆန္ဒတစ်ခု ရှိတယ်။ ပင်းလင်းကျစ် မင်း ဒီလောက်ထိ လာပြီးသွားပြီဆိုတော့ မင်း နံပါတ်တစ် အစားကြူးနတ်ဘုရား ဖြစ်လာရမယ်။ ဒါက ငါ့ဆန္ဒပဲ။ အဲဒါကို ဖြည့်ဆည်းပေး” အံ့ဖွယ်မီးဖိုက ပြောရင်း စကားပြောဖို့ရာပင် ရုန်းကန်နေရသည်။

“ဒါပေါ့” ဝမ်ပေါင်လဲ့က ခေါင်းညိတ်လိုက်သည်။

အံ့ဖွယ်မီးဖိုက ထိုအရာကို မြင်သည့်အခါ ပြုံးလိုက်မိ၏။

“ပင်းလင်းကျစ် မင်း စုပ်ယူနေဖို့ မလိုဘူး။ မင်း အစားကြူးနတ်ဘုရား ဖြစ်လာဖို့ ငါ ဖြည့်ဆည်းပေးမယ်” အံ့ဖွယ်မီးဖိုက ပြောရင်းဖြင့် မျက်လုံးအပြူးသားဖြစ်လာကာ သူ့ခန္ဓာကိုယ်ထဲရှိ အာသီသစည်းမျဉ်းဥပဒေသတို့က ပေါက်ထွက်လာသည်။ ထိုအရာက သူ့ခန္ဓာကိုယ်မှ စိမ့်ထွက်လာပြီး အလိုလို ဝမ်ပေါင်လဲ့ဆီ ဦးတည်သွား၏။

အဝေးတစ်နေရာတွင် အံ့ဖွယ်မီးဖို၏ ခန္ဓာကိုယ်ထဲမှ အာသီသစည်းမျဉ်းသည် မယုံနိုင်လောက်ဖွယ် သိပ်သည်းသည့် အနက်ရောင်မြူခိုးအဖြစ် ပြောင်းလဲသွားလေ၏။ ထိုမြူခိုးထဲတွင် သိပ်သည်းသည့် အလိုဆန္ဒတစ်ခု ပါဝင်နေပြီး တစ်ကမ္ဘာလုံးကိုပင် သက်ရောက်မှုရှိစေပြီး ဘေးပတ်ဝန်းကျင်ရှိ အလိုဆန္ဒများအား ပိုမိုအားကောင်းလာစေ၏။

ဝမ်ပေါင်လဲ့က မရှောင်ရှားဘဲ ထိုမြူခိုး သူ့ကို လွှမ်းခြုံသွားခွင့် ပြုထားလိုက်သည်။ ထိုအရာက သူ့ဒွာရ၇ပေါက်၊ အရေပြားမှ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်။ ထိုအရာက သူ့ခန္ဓာကိုယ်ထဲရှိ အာသီသစည်းမျဉ်းဥပဒေသနှင့် ပေါင်းစည်းသွား၏။

ထိုအရာ ပေါင်းစည်းသွားသည့်အခါ ဝမ်ပေါင်လဲ့၏ စွမ်းအင်ဗဟိုချက်ထဲရှိ အာသီသသလင်းကျောက်ကလည်း တောက်ပလာသည်။ ထိုအရာက မသိသာသေးသော်လည်း ထိုအရာထဲတွင် ကြီးထွားနေသည့် အနက်ရောင်မျဉ်းတစ်ခု ရှိဟန်ပေါ်သည်။

သူ့ခန္ဓာကိုယ်က ပြောင်းလဲတော့မည်ကို ခံစားမိပြီး ဝမ်ပေါင်လဲ့က လေထဲ တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူ့အာသီသအိပ်မက်ဆိုးတို့က ထွက်ပေါ်လာကာ သူ့ကို ဘေးပတ်လည်ကာရံထားပြီး ကာကွယ်ပေးနေသည်။

သူတို့က ဝမ်ပေါင်လဲ့ ဝန်းကျင်တွင် အင်မတန် မြန်ဆန်သည့်နှုန်းဖြင့် ဆက်တိုက် ဆင့်ကဲပြောင်းလဲနေ၏။ ထိုအရာ ဝမ်ပေါင်လဲ့အား အပြင်လူများမှ မမြင်နိုင်အောင် တားဆီးပေးထားသည်။ သူတို့မြင်တွေ့နိုင်သည့်အရာက သူ့ကို ဗဟိုပြုလျက် ဧရာမဝဲကတော့ကြီးတစ်ခုသာ ဖြစ်၏။ ထိုအရာက ဆက်လက်မြင့်တက်လာကာ အရှိန်အဝါက ပိုမိုကြောက်ဖို့ကောင်းလာသည်။ အံ့ဖွယ်မီးဖိုရှိရာ မြေကြီးထဲမှ တွင်းနက်ကြီးကလည်း ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်သွားသည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း တွင်းနက်ကြီးက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

သိပ်မကြာခင် အဝေးတစ်နေရာတွင် နောက်ကောက်ကျန်နေခဲ့သည့် ချန်လင်းကျစ်ကလည်း ရောက်ရှိလာသည်။ သူက ဝဲကတော့ကို ကြည့်ကာ စိတ်လှုပ်ရှားလာမိ၏။ သူက သူ့ကျေးဇူးရှင်လူကြီးမင်း မြင့်တက်လာသည့် အရှိန်အဝါကိုပါ ခံစားမိလိုက်သည်။

ထိုမြင့်တက်လာမှုက ကြီးကျယ်လွန်းသည့်အတွက် အစားကြူးနတ်ဘုရား အဆင့်ရောက်ဖို့ သိပ်ကြာမည်မဟုတ်ပေ။

“၉ယောက်မြောက် အစားကြူးနတ်ဘုရားက အာသီသမြို့တော်ထဲမှာ ပေါ်ထွက်လာတော့မှာ” ချန်လင်းကျစ်က ပြောလိုက်သည်။ သူက ဘေးပတ်လည်ကို ကြည့်ရင်းဖြင့် တင်ပျဉ်ခွေထိုင်ကာ ဓမ္မကာကွယ်သူတစ်ယောက်အနေဖြင့် လုပ်ဆောင်လိုက်သည်။

သူက သေသေချာချာ လုပ်ဆောင်ရမည်ဟု ခံစားနေမိ၏။ ထိုအခါမှသာ စောစောလေးက အကျိုးပြုထားသည့်အရာများကို ပိုမိုသိလာစေလိမ့်မည်။ ဤနည်းဖြင့် သူ ပြန်သွားသည့်အခါ သူ အာသီသမြို့တော်အတွင်း ပြန်သွားသည့်အခါ သူ့အနေဖြင့် နောက်ခံနှစ်ယောက် ရှိလာလိမ့်မည်။ တစ်ယောက်က သူ့အဖေဖြစ်ကာ တစ်ယောက်က သူ့ကျေးဇူးရှင်လူကြီးမင်း ဖြစ်၏။

အစားကြူးနတ်ဘုရား နှစ်ယောက်ကို နောက်ခံအနေဖြင့် ထားလျှင် သူ့အနေဖြင့် အာသီသမြို့တော်အတွင်း အံ့မခန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်သည်။

ထိုအတွေးဖြင့် ချန်လင်းကျစ်က သူသည် အင်မတန် ကံကောင်းလွန်းကြောင်း ခံစားမိလိုက်၏။

သူက ပျော်ရွှင်မှုအပြည့်ဖြင့် ဝမ်ပေါင်လဲ့ကို ဆက်တိုက် စောင့်ကြပ်ပေးနေသည်။ အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားပြီးသည့်နောက် သုံးရက်တာ ကုန်ဆုံးသွားလေ၏။

ထိုသုံးရက်အတွင်း ချန်လင်းကျစ်၏ ပထမနေ့က စိတ်လှုပ်ရှားမှုက ဂယက်ရိုက်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ တတိယအနေဖြင့် သူ့စိတ်ထဲ ဂယက်ရိုက်နေပြီး မျက်လုံးများက ပြုတ်ကျလုမတတ် ဖြစ်နေသည်။ သူက အင်မတန် စိတ်တုန်ယင်နေမိသည်။

အကြောင်းအရင်းကမူ ဒုတိယနေ့၌ ဝမ်ပေါင်လဲ့၏ အရှိန်အဝါက သူ့အဖေအဆင့်လောက် ရောက်ရှိသွား၍ ဖြစ်သည်။ ဆိုလိုသည်မှာ ဤတစ်ကြိမ် တစ်ဖက်လူက အစားကြူးနတ်ဘုရားဖြစ်လာခြင်းနှင့် သိပ်ကွာခြားမည် မဟုတ်ပေ။ သို့သော်လည်း သူ့အရှိန်အဝါက ဤနေအထားထိ ရောက်ရှိနေသော်လည်း အစားကြူးနတ်ဘုရား ပိုင်ဆိုင်သည့် စည်းမျဉ်းဥပဒေသ ဖိနှိပ်လာမှုက ပေါ်ထွက်မလာသေးပေ။

အစားကြူးနတ်ဘုရား၏ စွမ်းအားက သူတို့၏ ကိုယ်ပိုင်စည်းမျဉ်း၏ ကြောက်မက်ဖို့ကောင်းသည့် စွမ်းအားကြောင့်သာမကဘဲ ပို၍အရေးကြီးသည်က ဇစ်မြစ်ကြောင့် ဖြစ်သည်။ သူက စည်းမျဉ်းဥပဒေသစနစ်အတွင်းရှိ ကျင့်ကြံသူအားလုံးကို ဖိနှိပ်ထားနိုင်သည့် စွမ်းအားမျိုး ရှိ၏။

ထိုအရာက အစားကြူးနတ်ဘုရား၏ လက္ခဏာ ဖြစ်ပေသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့ဘက်တွင် သူ့အရှိန်အဝါက သေချာသည့် အနေအထားတစ်ခု ရောက်ရှိလာသော်လည်း ဖိနှိပ်စွမ်းအားက ပေါ်ထွက်မလာသေးပေ။ ဆိုလိုသည်မှာ သူက အောင်အောင်မြင်မြင် မတက်လှမ်းရသေးပေ။

မဟုတ်သေးပါဘူး…

ချန်လင်းကျစ်က တုန်လှုပ်စွာဖြင့် မယုံကြည်နိုင်စွာ ဖြစ်နေမိသည်။ သူက သူ့ကိုယ်တိုင် အစားကြူးနတ်ဘုရားဖြစ်လာဖို့ အဆင့်တက်လှမ်းသည်ကို မမြင်တွေ့ခဲ့ဖူးပေ။ သို့သော် သူ့ဖခင်က အစားကြူးနတ်ဘုရား တစ်ယောက်ဖြစ်သည့်အတွက် သူက သူ့ဖခင်၏ စကားများမှ လွှမ်းမိုးမှုခံရပြီး ထိုအဆင့် တက်လှမ်းသည့်ဖြစ်စဉ်ကို ကောင်းကောင်းနားလည်ထားသည်။ ပုံမှန်သဘောတရားအရ ယခုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့က အဆင့်တက်လှမ်းသင့်ပြီ ဖြစ်၏။

သူ့ပါရမီက အားကောင်းလွန်းနေတော့ တခြားသူအတွက် ကန့်သတ်ချက်က သူ့အတွက် ကန့်သတ်ချက် မဟုတ်တာ ဖြစ်နိုင်တယ်…

ဒါပေမဲ့ ဒီလိုဆိုရင် အံ့ဖွယ်မီးဖိုရဲ့ စည်းမျဉ်းဥပဒေသက သူ့တက်လှမ်းမှုကို ထောက်ပံ့ပေးဖို့ မလုံလောက်သေးဘူးပေါ့…

ချန်လင်းကျစ်၏ အမူအရာက ပြောင်းလဲသွားလေ၏။ ထို့နောက် ရုတ်ချည်းဆိုသလို ဝဲကတော့အတွင်းမှ အနက်ရောင်မြူခိုးတစ်ခုထွက်ပေါ်လာကာ ချန်လင်းကျစ်ကို ရစ်ပတ်သွားသည်။

ထိုစဉ် အနက်ရောင်မြူခိုးများက ချန်လင်းကျစ်၏ မျက်ခုံးအတွင်း ဝင်ရောက်သွား၍ သူ့ခန္ဓာကိုယ်အား တုန်တုန်ယင်ယင်ဖြစ်သွားစေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ စည်းမျဉ်းဥပဒေသက ပြန်လည်ကောင်းမွန်သွားပြီး ပိုမိုပင် တိုးတက်လာစေသည်။ သို့သော်လည်း ကွဲပြားချက်တစ်ခု ရှိ၏။ ယခု သူ့ခန္ဓာကိုယ်ထဲ ပေါင်းစည်းသွားသည့် အာသီသစည်းမျဉ်းဥပဒေသက အမှတ်အသားတစ်ခု ရှိနေသည်။ ထိုအမှတ်အသားက ဝမ်ပေါင်လဲ့အပိုင် ဖြစ်၏။ တခြားနည်းဖြင့်ပြောရမည်ဆိုလျှင် ထိုအရာက ဝမ်ပေါင်လဲ့ဆီမှ လက်ဆောင်ဖြစ်သည့်အတွက် ထိုသူက အချိန်မရွေး ပြန်လည်ယူဆောင်သွားနိုင်သည်။

“အစားကြူးတမန်တော်တွေကို စုဝေးလိုက်။ ငါ သူတို့ကို မသတ်ဘူး။ သူတို့ရဲ့ အာသီသဥပဒေစည်းမျဉ်း တစ်ဝက်ကိုပဲ လိုတာ” ဝမ်ပေါင်လဲ့၏ အသံက ချန်လင်းကျစ်၏ စိတ်ထဲ ပေါ်ထွက်လာသည်။

ချန်လင်းကျစ်၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်သွားလေ၏။ သူက သူ့အကဲဖြတ်ထားမှုသည် မှန်ကန်ကြောင်း သိလိုက်သည်။ ကျေးဇူးရှင်လူကြီးမင်း၏ အဆင့်တက်လှမ်းမှုက သူ့အဖေနှင့် ကွဲပြားနေ၏။ သူက အာသီသစည်းမျဉ်းဥပဒေသ ပိုမိုလိုအပ်နေသည်။

ဆိုလိုသည်မှာ ကျေးဇူးရှင်လူကြီးမင်း အောင်မြင်သွားသည်နှင့် သူ့နဂိုစွမ်းအားသည် သူ့အဖေနှင့် အစားကြူးနတ်ဘုရား တစ်ဝက်ကျော်ကို ကျော်လွန်သွားလိမ့်မည်။

ထို့ကြောင့် ချန်လင်းကျစ်က ချက်ချင်းဆိုသလို မတ်တတ်ရပ်ကာ အော်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ”

သူက လှည့်ကာ စွမ်းအားကုန် သုံးလိုက်သည်။ သူက စွမ်းအားအပြည့် ထုတ်သုံးလျက် ကျန်ရှိနေသည့် အစားကြူးတမန်တော်ကို လိုက်လံရှာဖွေလိုက်၏။ ဝမ်ပေါင်လဲ့အနေဖြင့် သူ့ကို သတိပေးဖို့ရာပင် မလိုအပ်ပေ။ ချန်လင်းကျစ်က သူ့ကိုယ်သူ ဤတာဝန်ပြီးမြောက်ဖို့ရာ အပြည့်အဝ အာရုံစိုက်ထားလေ၏။

“အခု ငါ့ရဲ့ ကျေးဇူးရှင်လူကြီးမင်းနဲ့ ငါက တူညီတဲ့ ဂုဏ်ကျက်သရေကို မျှဝေနေတာလို့ ပြောလို့ရတယ်” ချန်လင်းကျစ်၏ မျက်ဝန်းများက ရူးသွပ်မှုဖြင့် ပြည့်နှက်နေသည်။ သူ့မျက်ဝန်းများက နီရဲနေပြီး တခြားသော အစားကြူးတမန်တော်များကို ရှာဖွေဖို့ အရှိန်မြှင့်လိုက်၏။

သူက သူ့အဖေ သူ့အတွက် ချန်ထားပေးသည့် လျှို့ဝှက် နည်းစနစ်တစ်ခု ရှိလေသည်။ ထိုနည်းစနစ်ကို တုံ့ဆိုင်းမနေဘဲ အသက်သွင်းလိုက်တော့သည်။

All Chapters