အစားကြူးတမန်တော်များ
Vol. 97 Ch. 1351
အာသီသမြို့တော်အတွင်း အစားကြူးတမန်တော် ၂၀ကျော်မျှသာ ရှိလေသည်။ သူတို့အားလုံးက တတိယကမ္ဘာ၏ အမဲလိုက်ပွဲအတွင်း ရောက်ရှိနေကြပြီး တစ်ဝက်ကျော်က အသတ်ခံရပြီဖြစ်ကာ အံ့ဖွယ်မီးဖိုဆီ စုပ်ယူခံထားရပြီ ဖြစ်၏။ ဤနေရာ၏ ထူးခြားမှုကိုပါ ထည့်တွက်လိုက်လျှင် ချန်လင်းကျစ်အနေနှင့် အသက်ရှင်သန်နေသည့် လူ၆ယောက်ကိုသာ အာရုံခံမိခဲ့သည်။
ထို၆ယောက်က အားအကောင်းဆုံး မဟုတ်သော်လည်း အများစုက ဖုံးကွယ်ရေးနည်းစနစ်များကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သူတို့က မည်မျှပင် ပုန်းအောင်းစေကာမူ ချန်လင်းကျစ်၏ လျှို့ဝှက်နည်းစနစ်အောက်မှ မလွတ်မြောက်နိုင်ပေ။
ထိုလျှို့ဝှက်နည်းစနစ်က သူ့အဖေက ပေးထားခြင်း ဖြစ်၏။ ထိုအရာကို တခြားသော အစားကြူးတမန်တော်များကို လိုက်လံကြည့်ရှုပေးဖို့ အသုံးပြုနိုင်သည်။ ထိုအရာက ချန်လင်းကျစ်၏ ဝှက်ဖဲတစ်ခုလည်း ဖြစ်၏။ သူ့အဖေက သူ့အတွက် စီစဉ်ထားမှုအရ သူသည် ဤနေရာတွင် သူလျှို့ဝှက်နည်းစနစ်ကို မှီခိုကာ တစ်ယောက်ပြီးတစ်ယောက် လိုက်လံရှာဖွေပြီး ဝါးမျိုရလိမ့်မည်။ အဆုံးသတ်တွင် သူက အစားကြူးနတ်ဘုရား ဖြစ်မလာလျှင်ပင် ဤနေရာတွင် အကျိုးကျေးဇူးမြောက်များစွာ ရရှိလာလိမ့်မည်။
သို့သော်လည်း အရာအားလုံးက ထင်မှတ်မထားခဲ့ပေ။ ယခု ဤလျှို့ဝှက်နည်းစနစ်က ဝမ်ပေါင်လဲ့ကို ကူညီဖို့ရာအတွက် သူ့လက်နက် ဖြစ်လာခဲ့သည်။ သူကလည်း လုပ်ဖို့ရာ လိုလား၏။ လူတစ်ယောက်၏ စိတ်နှလုံးသားကို ခန့်မှန်းဖို့ရာ ခက်ခဲသည်ဟု ဆိုကြပေသည်။ တစ်ခါတစ်ရံတွင် သူကိုယ်တိုင်ပင် ဘယ်လိုဖြစ်လာမှန်း မသိတော့ပေ။
ချန်လင်းကျစ်၏ မျက်ဝန်းက ဒေါသဖြင့် နီရဲနေ၏။ သူက တတိယကမ္ဘာထဲ အရှိန်မြှင့်တင်ကာ သွားလိုက်သည်။ ထို့နောက် သူက ဗလာကျင်းနေသည့်နေရာထဲ ရပ်တန့်လိုက်၏။ ထို့နောက် ခေါင်းကိုငုံ့ကာ ရုတ်တရက် ပြောလိုက်သည်။
“မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်။ ထွက်လာပြီး ငါ့နောက် လိုက်ခဲ့။ ငါ့ရဲ့ ကျေးဇူးရှင်လူကြီးမင်းဆီ မင်းတို့ရဲ့ အာသီသစည်းမျဉ်းဥပဒေသ တစ်ဝက်ကိုပေးလိုက်။ မင်းတို့ရဲ့ အသက်ကို အာမခံပေးနိုင်တယ်”
သူ့ပါးစပ်မှ ထိုစကားများ ထွက်ပေါ်လာသည်နှင့် နေရာတစ်ခုလုံးက တိတ်ဆိတ်သွားလေသည်။ အသက်ရှိုက်စာ အနည်းငယ် စောင့်ဆိုင်းပြီးသည့်နောက်တွင် ချန်လင်းကျစ်က စိတ်မရှည်တော့ပေ။ သူ့ခန္ဓာကိုယ်က လျှပ်တစ်ပြက် ပျောက်ကွယ်သွားကာ သေချာသည့် ဦးတည်ရာတစ်ခုသို့ ပေါ်ထွက်လာ၏။ သူက ညာဖက်လက်ကို မြှောက်ကာ ဆွဲယူသည့် အမူအရာမျိုး ပြုလုပ်လိုက်သည့်အတွက် ပတ်ဝန်းကျင်က ပြိုလဲသွားပြီး ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ချန်လင်းကျစ်က အေးစက်စက် သရော်လိုက်ပြီး ထိုသူနောက် လိုက်ဖမ်းလေ၏။
ထိုဖြစ်စဉ်တစ်ခုလုံးက အသက်ဆယ်ရှိုက်စာမျှသာ ကြာမြင့်ခဲ့သည်။ ချန်လင်းကျစ်က နောက်တစ်ဖန် အဝေးတစ်နေရာဆီ ထပ်မံပျံသန်းသွားလိုက်ပြီး ကြိုးတစ်ခုကို ကိုင်ဆောင်ထား၏။ ထိုကြိုးနောက်တွင် ဖြူဖျော့ဖျော့ အစားကြူးတမန်တော်တစ်ယောက်ရှိနေသည်။
အင်အားချင်းကွာဟချက်ကြောင့် သူက အချိန်ကြာကြာ ပြန်လည်မတိုက်ခိုက်နိုင်ပေ။ ယခု သူက ဖမ်းဆီးခံရပြီဖြစ်သည့်အတွက် အကျဉ်းသားတစ်ယောက်လိုမျိုး အသက်ရှင်လျက် ဖမ်းဆီးခံရလေသည်။
ဤသို့ဖြင့် အချိန်ကုန်ဆုံးသွားလေ၏။ သိပ်မကြာခင် နှစ်ရက်တာ ကုန်ဆုံးသွားပြီး ချန်လင်းကျစ်၏ အမြန်နှုန်းနှင့် လုပ်ကိုင်နိုင်စွမ်းက အတော်လေး အံ့အားသင့်ဖို့ ကောင်း၏။ ထိုနှစ်ရက်အတွင်း သူက ပုန်းအောင်းနေသည့် အစားကြူးတမန်တော်နှစ်ယောက်ကို ရှာတွေ့ပြီဖြစ်ကာ အသက်ရှင်လျက် တားဆီးနိုင်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးတစ်ယောက်ကို ရှာဖွေမှုက သိပ်မလွယ်ကူပေ။
သူက ကောင်းကင်အထက် ရပ်နေရင်း အောက်မှမြေကြီးကို ငုံ့ကြည့်လိုက်သည်။ ဤနေရာက ထူးကဲသည့်အတွက် ရေကပင် အနီရောင် ဖြစ်နေသည်။ ထို့အပြင် ကြွယ်ဝသိပ်သည်းစွာ ပြန့်ကျဲနေသည့် စိတ်ဆန္ဒများရှိသည့်အတွက် သူ့လျှို့ဝှက်နည်းစနစ်အား အပြည့်အဝ သက်ရောက်မှုရှိဖို့ အခက်တွေ့စေသည်။
သူက အစားကြူးတမန်တော်တစ်ယောက်ကို ဤနေရာတွင် ခံစားမိခဲ့၏။ သို့သော်လည်း သူက နေရာတစ်ခုလုံးကို ပြောင်းပြန်မလှန်နိုင်သရွေ့ ထိုလူ၏ သဲလွန်စကို ရှာဖွေဖို့ ခက်ခဲလိမ့်မည်။ သို့သော်လည်း သူ့ကျင့်ကြံဆင့်ဖြင့် နေရာတစ်ခုလုံးကို ပြောင်းပြန်လှန်ဖို့ အချိန်အတော်ကြာမြင့်လိမ့်မည်။
ဤသည်က သူ့အစီအစဉ်တွင် မရှိပေ။ ထို့ကြောင့် သူက မျက်မှောင်ကြုတ်ကာ နောက်တွင်ရှိနေသည့် အစားကြူးတမန်တော် ၅ယောက်ကို ကြည့်လိုက်သည်။
“အစတုန်းကတော့ ကျေးဇူးရှင်လူကြီးမင်းရဲ့ တောင်းဆိုချက်အရ အစားကြူးတမန်တော် ၆ယောက် ရှိရင် မင်းတို့ရဲ့ အသက်ကို အာမခံပေးမလို့ပဲ။ အာသီသစည်းမျဉ်းဥပဒေသက လုံလောက်သွားပြီ။ သူတို့ကို အားဖြည့်ဖို့ မင်းတို့ရဲ့ အသက်ကို မလိုဘူး။ ဒါပေမဲ့ အခု တစ်ယောက်လိုနေတယ်ဆိုတော့ ဘာကတိစကားမှ မခံနိုင်တော့ဘူး။ အဲဒါကြောင့် မင်းတို့ကို အဲဒီလူကို ရှာဖို့ အမွေးတစ်တိုင်စာ အချိန်ပေးလိုက်မယ်။ မဟုတ်ရင်တော့ မင်းတို့တွေ အကျိုးဆက်ကို သိပါတယ်” ဤသို့ပြောပြီးသည့်နောက်တွင် ချန်လင်းကျစ်က လက်ဝှေ့လိုက်ပြီး ထိုသူငါးယောက်ထံ အတားအဆီးမန္တန်တချို့ ချပေးလိုက်သည်။ ထိုသူက ကြိုးမှ လွှတ်ကာ အေးစက်စက် ပြောလိုက်၏။
“ငါ ချန်လင်းကျစ်က ဘယ်တော့မှ စကားပြန်ရုတ်သိမ်းတဲ့သူ မဟုတ်ဘူး။ အခု မင်းတို့တွေ ငါ့ကို ယုံမှာ မဟုတ်ဘူး။ ပြီးတော့ ဒီအတားအဆီးမန္တန်က မင်းတို့တွေ ထွက်ပြေးမယ်ဆိုရင် မင်းတို့ရဲ့ အသက်ကို ယူဆောင်သွားလိမ့်မယ်။ အာသီသမြို့တော်ကို ပြန်မသွားနိုင်သရွေ့ ဒီလိုပဲ အဆုံးသတ်သွားဦးမှာပဲ”
ချန်လင်းကျစ်က မျက်လုံးမှိတ်ကာ တင်ပျဉ်ခွေထိုင်လိုက်သည်။
ထိုသူ ၅ယောက်၏ မျက်နှာက ဖြူဖျော့နေပြီး တစ်ယောက်နှင့်တစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြ၏။ သူတို့က ချန်လင်းကျစ်ကို ရန်မစရဲပေ။ သူတို့အနေဖြင့် အာသီသမြို့တော်ကို ပြန်သွားဖို့ရာ မဖြစ်နိုင်ပေ။ ထိုစဉ် သူတို့က ချန်လင်းကျစ်သည် စကားကို ပြန်မရုတ်သိမ်းဖို့သာ မျှော်လင့်ထားကြ၏။ ထို့အပြင် တစ်ဖက်သူ ပြောသည့်အရာက အဓိပ္ပာယ်ရှိပေသည်။ ၆ယောက်က ဝန်ထုပ်ဝန်ပိုးကို မျှဝေမှသာ သူတို့၏ အသက်ကို ထိန်းသိမ်းထားနိုင်လိမ့်မည်။
ထို့ကြောင့် သူတို့၅ယောက်က အံကြိတ်လျက် လိုက်လံရှာဖွေတော့သည်။
သူတို့၏ သက်ဆိုင်ရာနည်းလမ်းများဖြင့် နေရာအကျယ်တစ်ဝိုက်ကို စတင်ရှာဖွေကြ၏။ ပုန်းအောင်းရာ၌ ကျွမ်းကျင်သည့်သူများအတွက် တူညီသည့်အရာတစ်ခု ရှိလေသည်။ ထို့ကြောင့် ချန်လင်းကျစ်၏ အမြင်တွင် သူ လုပ်နိုင်သည့်အရာ မရှိပေ။ ထိုသူ ၅ယောက်၏ အားစိုက်ထုတ်မှုအောက်တွင် အမွေးတိုင်တစ်တိုင်စာ ကြာမြင့်ပြီးသည့်နောက် အော်သံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ချန်လင်းကျစ်က မျက်လုံးဖွင့်လာသည်။
“သူ့ကိုတွေ့ပြီ” သူက ရုတ်တရက် ပျောက်ကွယ်သွား၏။ အသက်ဆယ်ရှိုက်စာ ကြာမြင့်ပြီးသည့်နောက်တွင် ချန်လင်းကျစ်က ပေါ်ထွက်လာသည်။ သူ့နောက်တွင် ၅ယောက်က ၆ယောက် ဖြစ်သွားခဲ့၏။
ဤသို့ဖြင့် လူ၆ယောက်က စိတ်အတက်အကျ ခံစားနေရစဉ် ချန်လင်းကျစ်က သူတို့ကို ဦးဆောင်လာ၏။ ထို့နောက် ဝမ်ပေါင်လဲ့ သီးသန့်ကျင့်ကြံရာနေရာဆီ ရောက်ရှိလာသည်။ သူတို့က ဝေးနေသေးသည့်အတွက် လူ၆ယောက်က အဖက်ဖက်မှ အသံမြည်နေသည့် ဧရာမဝဲကတော့ကြီးတစ်ခုကိုသာ မြင်လိုက်ရ၏။ သူတို့က ဝဲကတော့ထဲရှိလူကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ဝဲကတော့ထဲမှ ထွက်ပေါ်နေသည့် အာသီသစည်းမျဉ်းဥပဒေသက အားကောင်းလွန်းသည့်အတွက် မျက်နှာပင် ဖြူဖျော့သွားစေသည်။
ချန်လင်းကျစ်က သူတို့၆ယောက်သည် ရပ်တန့်သွားသည်ကို မြင်လိုက်ရသည့်အခါ ခက်ထန်သည့် အကြည့်တစ်ချက် ထွက်ပေါ်လာ၏။ ထို့နောက် တစ်ချက်ဆောင့်ဆွဲကာ ထိုလူ၆ယောက်အား ခေါ်ဆောင်လျက် ဝဲကတော့ဆီ ပျံသန်းသွားလိုက်သည်။
သူတို့က အနီးကပ်လာသည့်အခါ ဝဲကတော့ရှေ့ ဒူးထောက်ကာ ပြောလိုက်သည်။
“ကျေးဇူးရှင်လူကြီးမင်း ဒီမှာက ကျန်ရှိနေတဲ့ အစားကြူးတမန်တော်တွေပါ။ သူတို့အားလုံးကို ခေါ်ခဲ့ပါပြီ”
“ကောင်းပြီ” မိုးခြိမ်းသံနှင့်တူသည့် အသံကျယ်ကြီးက ဝဲကတော့အတွင်းမှ ထွက်ပေါ်လာသည်။ ထိုအရာက ပတ်ဝန်းကျင်ကိုပင် လှုပ်ခတ်သွားစေ၏။ တစ်ချိန်တည်းဆိုသလို အနက်ရောင်မြူခိုးမှ သံကြိုး၆ကြိုးပေါ်ထွက်လာကာ အစားကြူးတမန်တော်၆ယောက်ဆီ ရစ်ပတ်သွားလေသည်။ သူတို့၏ ခန္ဓာကိုယ်ထဲရှိ အာသီသစည်းမျဉ်းဥပဒေသက စုပ်ယူခံလိုက်ရ၏။
ချန်လင်းကျစ်အတွက်မူ သူက ဝမ်ပေါင်လဲ့၏ ညွှန်ကြားချက်ကို မလိုအပ်ပေ။ သူကလည်း သူ့ခန္ဓာကိုယ်ထဲမှ အာသီသစည်းမျဉ်းဥပဒေသကို ထုတ်ကာ ဝဲကတော့ဖြင့် ပေါင်းစည်းစေလိုက်သည်။ ဝမ်ပေါင်လဲ့က သူနှင့်ပတ်သက်ပြီး အတော်လေး ကျေနပ်နေမိ၏။
သူအဆင့်တက်လှမ်းမှုက အတော်လေး အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်ရှိနေပြီဖြစ်၏။ သူ့အရှိန်အဝါက သာမန်အစားကြူးနတ်ဘုရားကို ဖိနှိပ်ထားနိုင်မည်ဖြစ်သော်လည်း သူ့အဆင့်ကမူ အနည်းငယ် လိုအပ်နေသေးသည်။ သူ့ခန္ဓာကိုယ်ထဲ အာသီသစည်းမျဉ်းဥပဒေသ အမြောက်အများ ဝင်ထွက်လာပြီးသည့်နောက်တွင် သူက ပြီးပြည့်စုံသည့် အနေအထားသို့ ရောက်ရှိသွားခဲ့၏။
အမွေးတိုင်တစ်တိုင်စာ ကြာမြင့်ပြီးသည့်နောက်တွင် ထိုလူ၆ယောက်မှ အာသီသစည်းမျဉ်းဥပဒေသ ၇၀ ရာခိုင်နှုန်းကို စုပ်ယူပြီးသည့်နောက်တွင် ဝဲကတော့အတွင်း အသံတစ်သံထွက်ပေါ်လာလေ၏။ ထိုအသံအလယ်တွင် ဝဲကတော့ကြီးက ချက်ချင်းဆိုသလို ကျုံ့သွားပြီး မိုးမြေကို လှုပ်ခတ်သွားနိုင်သည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာစေသည်။
ထို့နောက် ထိုခန္ဓာကိုယ်က မီတာ ၁၃၀၀ ရှည်လျားလာ၏။ ဝဲကတော့က ဆက်လက်ကျုံ့သွားပြီး ခန္ဓာကိုယ်နှင့် ပေါင်းစည်းနေသည်။ ထို့နောက် အရွယ်အစားက ဆက်လက်ကြီးထွားလာကာ ၁၃၀၀၊ ၁၇၀၀၊ ၂၁၀၀နှင့် မီတာ ၂၉၀၀အထိ ရောက်ရှိလာသည်။ ထိုဝဲကတော့ကြီးက ပျောက်ကွယ်သွားပြီး အစားကြူးနတ်ဘုရား၏ ဖိအားက ကျရောက်လာသည်။ မြူခိုးများက လှိမ့်တက်လာပြီး ကုန်းမြေပင် လှုပ်ခတ်သွားစေ၏။ မိုးမြေအတွင်း လွှမ်းခြုံထားသည့်အရာက ပေ ၃၀၀၀မြင့်မားသည့် ခန္ဓာကိုယ်ကြီး ဖြစ်သည်။ ထိုမျက်နှာက အနည်းငယ် ဝေဝါးနေသော်လည်း ကမ္ဘာမြေတုန်လုမတတ် ပုဂ္ဂိုလ်တစ်ယောက်သာဖြစ်၏။
“အစားကြူးနတ်ဘုရားကို ဂါရဝပြုပါတယ်” ချန်လင်းကျစ်က အရင်ဦးစွာ ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။
တခြားသော အစားကြူးတမန်တော် ၆ယောက်ကလည်း ဒူးထောက်ကာ ပြောလိုက်ကြ၏။
သူတို့က နှုတ်ဆက်လိုက်ရင်း ပေ ၃၀၀၀ကျော် မြင့်မားသည့် ပုံရိပ်ကြီးက ဖြည်းဖြည်းချင်း ခေါင်းငုံ့လာသည်။ ထိုမျက်နှာက ဝေဝါးနေသော်လည်း ဖြည်းဖြည်းချင်း ရှင်းလာပြီး ဝမ်ပေါင်လဲ့၏ မျက်နှာထုတ်ဖော်ပြသလာသည်။
သူက ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။
၉ယောက်မြောက် အစားကြူးနတ်ဘုရား…