← Chapters

ဖော်ထုတ်ချက်

Vol. 40 Ch. 555

ဖော်ထုတ်ချက်

Vol. 40 Ch. 555

ဟန်လိသည် ထိုအမျိုးသမီးနှစ်ယောက်၏ အမူအရာကို တစ်ချက်ကြည့်ပြီး စဉ်းစားဟန်ဖြင့် သူ့မေးစေ့ကို ပွတ်သပ်သည်။ ထို့နောက်တွင် သူသည် စကားမဆိုလေဘဲ ခေါင်းညိတ်ပြသည်။

အမျိုးသမီးနှစ်ယောက်ထဲမှ တစ်ယောက်သည် သူမ၏လက်ဖြင့် ကျောက်နံရံထံ လက်ဆန့်ပြီး မိုးပြာအလင်းတန်းတစ်ခုကို ဆင့်ခေါ်သည်။

“ကျုပ် စီနီယာကို တတ်နိုင်သလောက် ခေါ်လာပေးပြီးပါပြီ။ ကျုပ် ထွက်သွားပါတော့မယ်…”

ထိုအဘိုးအိုသည် သည်အခွင့်အရေးကို အသုံးချကာ ပြန်လှည့်သည်။

ဟန်လိသည် သူ့အပေါ် စိတ်ထဲထည့်မထားဘဲ အတွင်းဘက်သို့ လှမ်းဝင်လာသည်။ လျှောက်လမ်းကို ခဏ ဖြတ်သန်းလာပြီးနောက်မှာ သူသည် အခန်းကျယ်ကြီးတစ်ခုအတွင်းသို့ ရောက်လာသည်။

အစိမ်းရောင်ခပ်ဖျော့ဖျော့ ဝတ်စုံနှင့် အလှနည်းနည်းပါးပါး ပြင်ဆင်ထားသော အမျိုးသမီးဖန်သည် ဟန်လိကို တောက်ပစွာ ပြုံး၍ အခန်းအလယ်၌ တလေးတစား စောင့်နေသည်။

သူမက ဟန်လိကို ဦးညွှတ်ပြီး ပြောလိုက်သည်။

“ကျမကိုယ်တိုင် စီနီယာကို လာမကြိုမိတဲ့အတွက် အပြစ်တော့ မထင်စေချင်ပါဘူး…”

ထို့နောက် သူမသည် ထိုင်ခုံတစ်ခုကို ဆွဲယူကာ သူ့ကို ကြိုဆိုသည်။ သူက မျက်ခုံးပင့်ကာ ထိုင်ခုံကို တစ်ချက်ကြည့်ပြီး ဘာမျှ ဟန့်မနေဘဲ ဝင်ထိုင်သည်။ ယင်းနောက်တွင် သူ့အကြည့်သည် ထိုလှပသောအမျိုးသမီး၏မျက်နှာပေါ်သို့ ကျရောက်သွားပြီး သူက ပြောသည်။

“ကြည့်ရတာ အမျိုးသမီးဖန်က ခင်ဗျားရဲ့ ဂိုဏ်းအပေါ် ကျုပ် အန္တရာယ်ပေးမှာ မစိုးရိမ်ပုံ ရတယ်…”

အမျိုးသမီးဖန်သည် ဘေးသို့ ပေါ့ပေါ့ပါးပါး လျှောက်လာပြီး ဟန်လိ၏ဘေးရှိ ခုံတစ်ခုပေါ်မှာ ဝင်ထိုင်သည်။ သူမသည် လက်ဖြင့် ကာပြုံးပြီး ပြောလိုက်သည်။

“စီနီယာကတော့ နောက်ပြီ။ စီနီယာရဲ့ ကျင့်ကြံမှုအဆင့်နဲ့ အခြေခံတည်ဆောက်ခြင်း ဂျူနီယာအဆင့်ဖြစ်တဲ့ ကျမအပေါ် နှိမ့်ချပြီး ဘယ်လိုလုပ် ဒုက္ခပေးရမှာလဲ…”

ထိုအခိုက်တွင် အမျိုးသမီးဖန်သည် တစ်မီတာလောက် အကွာတွင် ရှိနေသည်။ သူမ၏ ကိုယ်သင်းမွှေးရနံ့ကိုပင် သူ ရနေသည်။ ဟန်လိမှာ မသိမသာ မျက်မှောင်ကြုတ်သွား၏။ သို့သော် သူ့အမူအရာကမူ ပုံမှန်ပင်။ သို့ရာတွင် အမျိုးသမီးဖန်ကမူ ဟန်လိဘေးနားရှိ ခုံပေါ်တွင် ဝင်ထိုင်ချိန်၌ အံ့အားသင့်ဟန် အရိပ်အယောင်တစ်ခု လှစ်ဟပေါ်၏။ ယင်းနောက် သူမက ဟန်လိကို ထူးခြားသည့်ဟန်ပန်ဖြင့် စူးစမ်းသလို ကြည့်သည်။

ဟန်လိ၏မျက်လုံးထဲပ အေးစက်မှု ဖြတ်ပြေးသွား၏။ သူသည် သူမ၏အပြုအမူများနှင့် ပတ်သက်ပြီး တွေးနေမိသည်။ ထိုစဉ် မိန်းမပျိုတစ်ယောက်က လှမ်းဝင်လာပြီး သူတို့နှစ်ယောက်ရှေ့မှာ ရနံ့သင်းသင်းနှင့် လဘ္ဘက်ရေကြမ်းအိုးတစ်အိုး လာချပြီး သူမက အမျိုးသမီးဖန် အနောက်မှာ ရပ်နေသည်။

သည့်အတွက် အမျိုးသမီးဖန်သည် ဘာမျှ မထူးခြားသွားသလိုပင်။ သို့သော် သူမ၏မျက်နှာထက်တွင်မူ သုန်သုန်မှုန်မှုန်ဖြစ်ဟန် ပေါ်သွား၏။

ဟန်လိက ထိုအမျိုးသမီးနှစ်ယောက်ထံ တစ်ချက်ကြည့်ပြီး သူ့စိတ်ထဲ အတွေးစများသည်။

အမျိုးသမီးဖန်က သူမရှေ့ရှိ လဘ္ဘက်ရည်ကြမ်းကို တစ်ငုံသောက်ပြီး နှုတ်ခမ်းသက်သည်။ ထို့နောက်တွင် သူမက တည်တည်ငြိမ်ငြိမ် မေးလာ၏။

“ကျမတို့ဂိုဏ်းကနေ စီနီယာ လိုအပ်တဲ့ တစ်ခုခုများ ရှိနေလို့လား။ ကျမတို့ တတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးပါမယ်…”

“အမျိုးသမီးဖန်က ဒီလိုပြောလာမှတော့ ကျုပ်လည်း ထိန်ချန်မနေတော့ဘူး။ အတွင်းကြယ်ပင်လယ်ပြင်များဆီ ပြန်ဖို့ ခင်ဗျားတို့ဂိုဏ်းရဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် တည်ဆောက်တာ ပြီးမြောက်ပြီလား။ ကျုပ် ဒါကို အသုံးပြုချင်တယ်…”

“တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်လား…” အမျိုးသမီးဖန်သည် ခဏ တုံ့ဆိုင်းသွားသည်။ သူမက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး အသိရခက်သည့် အပြုံးတစ်ခု ပေါ်လာသည်။

“ကျမက ရှင့်ကို စိတ်ပျက်စေမှာ စိုးရိမ်မိပါတယ်။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဟာ ခုထိ အပြီးမသပ်သေးပါဘူး။ ဒါပေမဲ့လို့ ဒါက မကြာခင် ပြီးတော့မယ်လို့ မျှော်လင့်နိုင်ပါတယ်။ ရှင်သာ အချိန်တစ်ခုလောက်ထပ် စောင့်ပေးနိုင်မယ်ဆိုရင်…”

ဟန်လိသည် သူမစကားအဆုံးသပ်သည့်အထိ စောင့်မနေဘဲ ကြားဖြတ်ကာ‌ ပြောလိုက်သည်။

“ဘယ်လောက်ကြာမှာလဲ…”

အမျိုးသမီးဖန်က ရှင်းပြလာ၏။

“ပြောဖို့တော့ ခက်ပါတယ်။ ဒီမန္တာန်အစီအရင်အတွက် တစ္ဆေကျောက်တုံးတွေ လိုအပ်မှန်း စီနီယာလည်း သိထားပြီးသားပဲ။ အကြီးအကဲယွမ်နဲ့ အခြားစီနီယာတွေဟာ ကျောက်တုံးတွေ နောက်ထပ် ထပ်ရအောင် လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ သူတို့က ဒီဒေသမှာ ရှိတဲ့ သားရဲတွေကို တပ်လှန်သလို ဖြစ်သွားစေခဲ့တယ်။ တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့ပြီး သူတို့ဟာ အများကြီး ပေးစပ်ပြီးမှ တစ္ဆေကျောက် ပမာဏအနည်းအပါးသာ ရယူနိုင်ခဲ့တယ်။ ဒါ့ကြောင့် အကြီးအကဲယွမ်လည်း ဘာမှ မတတ်နိုင်ဘဲ အနာဂတ်မှာ လှုပ်ရှားဖို့အတွက်ပဲ အစီအစဉ်တစ်ခု ရေးဆွဲဖို့ စီစဉ်နိုင်တော့တယ်။ တကယ်တော့…”

အမျိုးသမီးဖန်၏ နောက်တွင် ရပ်နေသော အမျိုးသမီးက ချောင်းဟန့်လိုက်သည်။

အမျိုးသမီးဖန်သည် မျက်နှာပျက်သွားလေသည်။

ဟန်လိ၏မျက်နှာထက်တွင် အံ့အားသင့်ဟန် အရိပ်အမြွက်တစ်ခု ပေါ်လာသည်။ သို့သော် အမျိုးသမီးဖန်၏ နောက်တွင် ရပ်နေသော အမျိုးသမီးထံ အေးစက်စက် တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုအမျိုးသမီးမှာ ထိတ်လန့်ကြောက်ရွှံ့စွာ ခေါင်းငုံ့သွားလေ၏။

ခဏစဉ်းစားပြီးနောက်မှာ သူက ထရပ်ပြီး ပြောလိုက်သည်။

“သိပ်မဝေးတော့တဲ့ အချိန်မှာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က အသုံးမပြုနိုင်သေးဘူးဆိုမှတော့ ဘာမှ ပြောစရာ မရှိတော့ဘူး။ ကျုပ် သွားတော့မယ်…”

အမျိုးသမီးဖန်က ထိုသည်ကို မြင်သည့်အခါ သူမ၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးဟန် အမူအရာတစ်ခု ပေါ်လာသည်။ သူမက ချီတုံချတုံဖြင့် ပြောလာ၏။

“ကျမတို့က တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နဲ့ ပတ်သက်ပြီး ရှင့်ကို မကူညီပေးနိုင်ပေမဲ့ ကျမတို့ဂိုဏ်းဟာ အမြုတေဖွဲ့စည်းခြင်းအဆင့် စီနီယာတွေကို အမှန်တကယ် တန်ဖိုးထားပါတယ်။ စီနီယာအနေနဲ့ ဒီမှာ တညလောက်နေပြီး မနက်ဖြန်မှ ခရီးထပ်ဆက်ရင်ကော အဆင်ပြေနိုင်မလားရှင့်…”

“ဒီမှာ ညအိပ်ရမှာလား…” ဟန်လိသည် သူမကို ငြင်းရန် တွေးလိုက်သေးသည်။ သို့သော် သူမ၏မျက်လုံးထဲသို့ တစ်ချက်ကြည့်ပြီး သူမမှာ စိတ်ပြောင်းသွားသည်။

“ကောင်းပါပြီ။ ဒါဖြင့်လည်း မနက်ဖြန်ကျမှပဲ ကျုပ် သွားတော့မယ်…”

အမျိုးသမီးဖန်က ပြုံး၏။

“ဟား…ကျမတို့ဂိုဏ်းက ရှင့်ကို ကျိန်းသေပေါက် ဖျော်ဖြေပေးမှာပါ။ အစေခံတွေ စီနီယာလီကို အကောင်းဆုံးအခန်းဆီ ခေါ်သွားပေးလိုက်…”

မိန်းမပျိုတစ်ယောက်က အခန်းထဲ ဝင်လာသည်။ နောက်ထပ် မလိုအပ်သည့် အပိုစကားများ တစ်ခွန်းမှ ဆိုမနေတော့ဘဲ ဟန်လိသည် ထိုမိန်းမပျို၏နောက်ကနေ အပြင်သို့ လိုက်လာသည်။ သို့ရာတွင် သူက အခန်းထဲမှ ထွက်လာခါနီးအချိန်၌ သူ့ထံ စိုက်ကြည့်နေသော အကြည့်တစ်ခုကို ခံစားမိလိုက်ပြီးနောက် သူသည် တည်တည်ငြိမ်ငြိမ် ဆက်ထွက်လာသည်။

ဟန်လိသည် အခန်းထဲကနေ ထွက်လာပြီးနောက်မှာ အမျိုးသမီးဖန်နောက်တွင် ရပ်နေသော မိန်းမပျိုက ပြောလာသည်။

“ဂိုဏ်းခေါင်းဆောင်၊ ရှင်က သူ့ကို ဒီမှာ ဘာကြောင့်များ နေစေချင်ရတာလဲ။ ဒါက အလျင်စလို မဟုတ်ဘူးလား။ ဒီစီနီယာလီဟာ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျမတို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ် မဟုတ်လား…”

သူမ၏အသံသည် သာယာလှ၏။ သို့သော် ထိုအသံ၌ သူမ၏ ရှိရင်းစွဲ ရုပ်ရည်အလှထက် ပိုလွန်သည့် ဖော်ပြ၍မစွမ်းသာသော စွဲညှို့နိုင်စွမ်း ပါဝင်နေသည်။ သူမ၏လေသံ၌ လေးစားသည့်သဘော ပါနေသော်ငြား သံသယဝင်ဟန်က ပို၍ များနေသည်။

“ယွမ်ချင်း….နင် အတော်လေး ရဲတင်းလာတာပဲ။ ငါက အံ့မခန်းခွန်အား ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ချင်ရုံပဲ။ ဘယ်အချိန်တုန်းကများ နင်က ပြင်းပြတေးသံဂိုဏ်းအတွက် တာဝန်ရှိသွားတာလဲ…”

Lady Fan grew sullen.

အမျိုးသမီးဖန်သည် ပို၍ မျက်နှာပျက်သွားသည်။

“ကျမ မဝံ့ရဲပါဘူး။ ဒီတပည့်က အကြီးအကဲယွမ် ထွက်သွားတဲ့အချိန် သူ့ရဲ့ အမိန့်ကို နာခံရုံပါ။ ဂိုဏ်းခေါင်းဆောင်က ကျမကို မခက်ခဲအောင် လုပ်ဖို့ မျှော်လင့်ပါတယ်…”

ထိုအမျိုးသမီးငယ်သည် နှိမ့်ချသော လေသံဖြင့် ပြောလိုက်သည်။ သို့သော် သူမသည် အလျော့ပေးမည့်ပုံ မပေါ်ပေ။

“ဟွန့်…သူ ပြန်ရောက်လာရင် ဒီကိစ္စကို ထျန်ယွမ်ရှောင်ဆီ ငါ သတင်းပို့လိုက်မယ်။ အခု ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်တွေ ရှိသေးတယ်…”

အမျိုးသမီးဖန်၏ မျက်နှာသည် ရေခဲတမျှ အေးစက်သွားပြီး သူမ၏အင်္ကျီလက်အိုးကို ဝေ့ရမ်းကာ နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားလေသည်။

အခန်းထဲ၌ မိန်းမပျိုတစ်ယောက်သာ ကျန်ခဲ့၏။ သူမ၏ဟန်ပန်မှာလည်း စိတ်ရှုပ်ထွေးဟန် ပေါ်နေသည်။

…

သက်သောင့်သက်သာ ဖြစ်သော အခန်းတစ်ခုအတွင်း၌ ဟန်လိသည် သစ်သားကုတင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာကြက်ကို စိုက်ကြည့်လျက် စဉ်းစားနေသည်။

သူသည် သည်ဈေးမြို့၌ ညအချိန်ကုန်ဆုံးစေမည့်အပေါ် ဘာပူပန်မှုမျှ ရှိမနေပေ။ သူက သည်မြို့တစ်ခွင် စိတ်ဝိညာဉ်အာရုံဖြင့် ကြည့်ရှုပြီး ဖြစ်ကာ မြို့ထဲ၌ အဆင့်မြင့်ဆုံး ကျင့်ကြံသူဟူ၍ အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့်သာ ရှိသည်။ စဦးစိတ်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်များမဆိုနှင့် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများပင် သည်နေရာတွင် ရှိမနေပေ။ သည့်အတွက် မင်သက်အံ့အားသင့်သွားရုံကလွဲပြီး ပူပန်မှု လုံးဝ ရှိမနေပေ။ သို့ရာတွင် ခုလက်ရှိ သူ စဉ်းစားနေတာက သူသည် အတွင်းကြယ်နယ်မြေသို့ နှစ်ပေါင်းများစွာ အချိန်ပေးပြီး ပျံသန်းသင့်၊ မသင့်ကိုပင်။

Suddenly, he heard a few knocks on his door.

ထိုစဉ် ရုတ်တရက် သူက တံခါးခေါက်သံ ကြားရ၏။

“ဝင်လာခဲ့…” အိပ်ရာပေါ်တွင် လှဲနေလျက်ဖြင့်ပင် ဟန်လိက ထိုသို့ ပြော၏။ မည်သူ ရောက်လာသလဲ သူ သိနှင့်ပြီး ဖြစ်ပုံပေါ်၏။

တံခါး၏အခြားဘက်မှ ချိုသာသောရယ်မောသံတစ်သံ ထွက်ပေါ်လာပြီး အခန်းတံခါးကို တွန်းဖွင့်လျက် အမျိုးသမီးဖန် ဝင်လာသည်။ သူမက အခန်းထဲသို့ ဆင်မယဉ်သာ လျှောက်လာပြီး သူမ၏ နက်မှောင်သောဆံနွယ်များကို ဖြန့်ချထားလျက် အင်မတန်မှ လှနေတော့၏။ သူမထံမှ မွှေးပျံ့သော ကိုယ်သင်းရနံ့တစ်ခု ကပ်ပါလာလျက် သူမက ဟန်လိ၏ အိပ်ရာဘေးမှာ မသက်မသက်လုံးဝ မဖြစ်လေဘဲ ဝင်ထိုင်ပြီး ပြုံး၍ ပြော၏။

“နောက်ကျနေပြီကို စီနီယာက မအိပ်သေးဘူးလား။ ကြည့်ရတာ ရှင်က ကျမလာမှာကို သိနေတဲ့ပုံပဲ…”

မျက်လုံးမှိတ်ထားလျက် သူက တည်ငြိမ်စွာ ပြောသည်။

“ကျမတို့ တွေ့ဆုံတဲ့အချိန်အတွင်း ဂိုဏ်းချုပ်ဖန်အနေနဲ့ လုံလုံလောက်လောက် ပြောခဲ့ပြီးပြီး ထင်တယ်။ ဒါ့ကြောင့် ခင်ဗျားက အခု ကျုပ်နဲ့ လျှို့ဝှက်ပြီး ဘာများပြောဖို့ လိုသေးတာလဲ။ ကျုပ် ကြိုပြောထားမယ်။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ကိစ္စကလွဲပြီး တခြားဘာကိုမျှ ကျုပ် စိတ်မဝင်စားဘူး…”

“ဒါပေါ့…ပြင်ပကြယ်ပင်လယ်ပြင်မှာ စဦးစိတ်ဝိညာဉ်အဆင့်ပုဂ္ဂိုလ်အများအပြားက လိုက်လံနေတဲ့အတွက် အကြီးအကဲဟန်အနေနဲ့ ပြန်ချင်တာ သဘာဝပါပဲလေ…”

ဟန်လိ၏ခန္ဓာကိုယ်သည် ဆက်ခနဲ တင်းမာသွားပြီး သူက မျက်လုံးဖွင့်ကြည့်လာသည်။ သူသည် သူ့ရှေ့ရှိ အမျိုးသမီးကို ကြည့်၍ အေးစက်စက် မေးလိုက်သည်။

“ဘာလဲ…ဘယ်သူက အကြီးအကဲဟန်လဲ…”

အမျိုးသမီးဖန်သည် ဟန်လိကို တည်ငြိမ်သည့်ဟန်ပန်ဖြင့် ပြန်စိုက်ကြည့်လျက် ပြောလာသည်။

“ကျမက ဂိုဏ်းရဲ့ အကြီးအကဲဟန်ကို ပြောတာပါ…”

ခဏ တိတ်ဆိတ်သွားပြီးနောက်မှာ ဟန်လိသည် ထထိုင်ကာ တည်ငြိမ်မှု ပြန်ရသည်။ ယင်းနောက်မှာ သူက ဖြည်းဖြည်းချင်း မေးလိုက်၏။

“နင်က ကျုပ်ကို ဘယ်လိုလုပ် မှတ်မိတာလဲ။ နင့်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆို ကျုပ်ရဲ့ ပုံစံအမှန်ကို မြင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး…”

သူမ၏ဖြူသွယ်လှသော လက်လေးဖြင့် ဆံနွယ်စတို့ကို နောက်သို့ ပင့်သက်တင်ပြီး ပြန်တုန့်ပြန်သည်။

“ကျမက ရှင့်ကို ဖြတ်မမြင်နိုင်ပါဘူး။ ကျမက အနံပဲ ရတာ…”

“အနံ ရတယ်ဟုတ်လား…”

ဟန်လိသည် ခဏကြောင်အမ်းအမ်း ဖြစ်သွားသည်။ သည့်နောက်မှာ သူက စိတ်ရှုပ်ထွေးသွားဟန် ပေါ်၏။

အမျိုးသမီးဖန်က နှုတ်ခမ်းသပ်ပြီး ရှင်းပြလာသည်။

“ကျမက ငယ်ငယ်တည်းကစလို့ ပုံမှန်ထက် ကွဲပြားခဲ့တယ်။ ကျမဟာ အနံတွေနဲ့တင် လူတွေကို ရှင်းရှင်းလင်းလင်း ပြောနိုင်စွမ်း ရှိတယ်။ ဒါ့အပြင် ကျမက အနံတစ်ခုကို မှတ်မိသွားရင် ဘယ်တော့မှ မမေ့တော့ဘူး။ ကျမက အကြီးအကဲဟန်နဲ့ ပတ်သက်ပြီး စိတ်ဝင်တစား ရှိခဲ့တော့ ရှင့်ရဲ့ ကိုယ်သင်းရနံ့ကိုလည်း မှတ်မိနေခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ပုန်းကွယ်မြို့ ဖွင့်လှစ်ခဲ့တုန်းက အကြီးအကဲဟန်ဟာ ဝမ်စစ်ယွဲ့နဲ့ နီးနီးကပ်ကပ် ရှိနေခဲ့သလို အခန်းထဲမှာလည်း လူအများအပြား ရှိနေခဲ့တော့ ရှင့်ကို မမှတ်မိခဲ့တာပဲ။ ဒါပေမဲ့ ဒီကနေ့လို နီးနီးကပ်ကပ် အခန်းထဲမှာ ရှိခဲ့တော့ ကျမအနေနဲ့ ရှင်မှန်း သိခဲ့တာပဲ…”

ဤအခိုက်အတန့်တွင် အမျိုးသမီးဖန်သည် ဟန်လိကို ရစ်သိုင်းသောအကြည့်ဖြင့် ပြုံး၍ ကြည့်နေလေသည်။

All Chapters