သူမရင်ခွင်ထဲက ဒီမိန်းကလေးကို ဘယ်သူမှမလိုချင်ဘူး
Vol. 54 Ch. 1061
အားလုံး၏မျက်လုံးများသည် ပြုတ်ထွက်မတတ်ပင်။ ဒါ ဘယ်လို အခြေအနေလဲ။ မြို့ထဲကိုဝင်ဖို့ စကားများနေကြတာမလား။ ဘယ်လိုလုပ် မနာလိုတာနဲ့ အဆုံးသတ်သွားတာလဲ။
သို့သော် မုချင်းလင် ထိုသို့ပြောရသည့်အကြောင်းအရင်းကို ပေထင်းဟွမ် သိသည်။ သူမသည် လက်ဆန့်ထုတ်ကာ မုချင်းလင်အား နူးညံ့စွာ ရင်ခွင်ထဲ ထည့်ပြီး သူမ၏မျက်လုံးများသည်လည်း လနှင့်ကြယ်များကဲ့သို့ ကမ္ဘာပေါ်မှ နူးညံ့မှုအပေါင်းပါဝင်နေသည် “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ရွှေငါးမျက်လုံးနဲ့ အဲဒီ အကျည်းတန်သားရဲကြီးနဲ့လား သူတို့က ဘယ်လိုလုပ် ငါ့ရဲ့လင်အာနဲ့ယှဉ်နိုင်မှာ လဲ၊ သူမက မိန်းကလေးမို့လို့ သူမဆီမှာ အကြည့်ရောက်နေတယ်လို့ တွေးလိုက် တာနေမယ်”
ပေထင်းဟွမ်၏ထိုစကားများသည် လူအများကို နာကျင်စေသည်။ ၎င်း သည် ဝိညာဉ်ဆေးထက်ပင် ပို၍အဆိပ်ပြင်းသည်။ အမှန်တကယ်ပင် စိတ်တို စရာကောင်းလှသည်။
မြို့တံခါးအတွင်းနှင့်အပြင်တွင် မျက်လုံးများသည် ပြူးကျယ်လာပြီး ပေထင်းဟွမ်အား မည်သူမှ စိုးရိမ်သူမရှိတော့ပေ။ ဤလူငယ်သည် ဆေးတောင် ကြား၊ ပြည်မကြီးမှ သက်တမ်းအရင့်ဆုံးဆေးမိသားစုကို ပြစ်မှားလိုက်ခြင်းပင်။ ဤမိသားစု၏ခွန်အားမှအပြင် သူတို့သည် အုပ်စုကြီးဖြစ်ကာ ပေထင်းဟွမ် ဘက်တွင်တော့ အားနည်းသည့်မိန်းကလေးတစ်ဦးသာရှိလေသည်။ သူတို့ တိုက်ခိုက်လျှင် သေခြင်းတရားကို ဆင့်ခေါ်လိုက်သည်မဟုတ်ပါလား။
ထိုမိန်းကလေးသည် ဒေါသထွက်ပြီး တစ်ကိုယ်လုံးတုန်ယင်လာသည်။ သူမသည် လူငယ်၏လက်ကိုဆုပ်ကိုင်ပြီး မသိစိတ်မှ ဖျစ်ညှစ်ထားမိသည်။ လူငယ်၏ မျက်ခုံးများသည် တင်းတင်းကြုတ်သွားကာ အင်အားတစ်ခုသည် သူ့ ခန္ဓာကိုယ်မှထွက်လာရာ မိန်းကလေး၏လက်ကိုပါ လှုပ်ခါသွားစေသည်။ သူမ သည် နွေးထွေးသောအသံနှင့်ပြောလေသည် “ယားလိုက်တာ”
“ကြည့်လိုက် လင်အာ ဒီမိန်းကလေးရဲ့ ရင်ခွင်ထဲကို ဘယ်သူမှမဝင်ချင် ဘူး အဲတော့ လင်အာလေး ဒီလိုလူမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် မနှိုင်းယှဉ်နဲ့” ပေထင်းဟွမ်သည် ထိုမိန်းကလေးအား ဆွပေးသောမျက်လုံးနှင့်ကြည့်ကာ မျက်မှောင်ကြုတ်လေသည်။ ထိုမိန်းကလေး၏ စားမတတ်ဝါးမတတ်မျက်လုံး များကို လျစ်လျူရှုလိုက်သည် “မိန်းကလေး ပါးစပ်ကချိုသာတာကောင်းပါ တယ်၊ တခြားသူတွေမင်းကို ငေါက်ရင် ပိုအကျည်းတန်တဲ့စကားလုံးတွေသုံး လိမ့်မယ်”
ထိုလူငယ်သည် မိန်းကလေး၏ ရိုင်းစိုင်းသောစကားလုံးများကို ပြန်တုန့်ပြန်လိုက်လေသလား။ အငြိုးကြီးလိုက်သည့်ကောင်လေးပင်။
“ရပ်လိုက်”
ခမ်းနားသောအသံသည် ပေထင်းဟွမ်ဆီသို့ ဆွဲဆောင်မှုရှိသော ရောင်ဝါ နှင့်ရောက်လာသည်။ ထိုအချိန်တွင် ခြိမ်းခြောက်မှုသည် အရင်ကထက်ပို၍ ခက်ထန်နေကာ ပေထင်းဟွမ်ကို အသက်ရှင်ရန် လမ်းပင်မပေးသလိုပင်။ ဓား ၉ လက်ဝိညာဉ်ဂိုဏ်းပိုင်ဆိုင်သည့်ခွန်အား၊ ပြည်မကြီးပေါ်မှ တခြား ၁၅ နှစ် အောက်ကလေးဆိုလျှင် ထိုဖိနှိပ်မှုသည် သေစေလောက်သည်။
သို့သော် ပေထင်းဟွမ်အတွက် ၎င်းသည် ဓား ၉ လက်ဝိညာဉ်ဂိုဏ်းကို သတ်ဖြတ်နိုင်လောက်သည့် ဖိနှိပ်မှုသည် မလုံလောက်ပေ။ သူမသည် သဲ့သဲ့ ပြုံးလိုက်သည်။ သူမခန္ဓာကိုယ်ထဲမှ ရောင်ဝါ စိမ့်ဝင်သွားကာ ကျယ်ပြန့်သော စွမ်းအင်သည် တစ်ဖက်လူ၏ ခြိမ်းခြောက်မှုဆီသို့ သွားလေသည်။
မည်သို့ဖြစ်သွားသည်ကို မည်သူမှမသိကြပေ။ ဆေးတောင်ကြား၏ အကြီးအကဲသည် အနည်းငယ်တုန်ယင်သွားပြီး မျက်နှာသည် ဖြူဖျော့သွားကာ နှုတ်ခမ်းများလှုပ်ခါတုန်ယင်သွားပြီး ပေထင်းဟွမ်အား မယုံနိုင်သောမျက်လုံး များဖြင့် စိုက်ကြည့်နေကြသည်ကိုသာ အားလုံးမြင်နေရသည်။ အသံမှာလည်း မြွေလျှာမှထွက်လာသလိုပင် “မင်းဘယ်သူလဲဆိုတာမသိဘူး၊ ဘာလို့ ပြဿနာ လာရှာနေတာလဲ”
ဒီလူငယ်က ကောင်းကင်အဆင့်ဖြစ်နေတာလား။ သူက ကောင်းကင် အဆင့်ဆိုရင်တောင် ဆေးတောင်ကြားအကြီးအကဲကို ဖိနှိပ်နိုင်မှာမဟုတ်ဘူး လေ။ ဒီကောင်လေးက မကောင်းဆိုးဝါးအိုကြီးလား။
ထိုအခိုက်အတန့်တွင် ဆေးတောင်ကြားဘက်၌ မိန်းကလေးမှ အစ်ကိုလင်းဟုခေါ်သည့်လူငယ်သည် မျက်လုံးများ မည်းမိုက်လာကာ သူ၏ မှိုင်တွေသောမျက်လုံးများထဲမှ အလင်းရောင်လက်လာသည်။ သူသည် အပြစ် ပြုမည့်အသံနှင့်ပြောလေသည် “အဲဒါကြောင့် မင်းက သောင်းကျန်းနေတာကိုး အဲတော့ ဝိညာဉ်ဂိုဏ်းပေါ့၊ ဒါပေမဲ့ မင်းမှာ ခွန်အားမရှိရင် အပြင်မှာ မသောင်းကျန်းရဘူးလို့ မင်းကို ဘယ်သူမှမပြောဘူးလား”
ဘာအဓိပ္ပာယ်လဲ။ အားလုံးသည် ထိုအရာကို အတန်ကြာသည်အထိ မမှတ်မိပေ။ သူတို့ လူငယ်၏ စကားလုံးများထဲမှ အဓိပ္ပာယ်ကိုနားလည်သော အခါ အားလုံးနီးပါး နောက်ဆုတ်ကြလေသည်။ ဝိညာဉ်ဂိုဏ်းသည် ဤလူငယ် ၏ မျက်လုံးထဲတွင် မလုံလောက်ပါက သူတို့တိုက်ခိုက်လျှင် ကြားထဲမှလူများ သည် အမြောက်စာဖြစ်သွားနိုင်သည်။