သူက ဓား ၂ လက် နတ်ဘုရားပဲ
Vol. 54 Ch. 1062
ပေထင်းဟွမ်သည် အေးစက်သောမျက်လုံးတစ်စုံနှင့် စိုက်ကြည့်နေသည်။ အသိစိတ်ပင်လယ်ထဲတွင် အဂူး၏အသံ ထွက်ပေါ်လာသည် “သခင် သူက ကျိမင်လိုမျိုး နတ်ဘုရားတစ်ပိုင်းတော့မဟုတ်ဘူး ဓား ၂ လက်နတ်ဘုရားပဲ ဂရုစိုက်ရမယ်”
အဆင့် ၂ ဓားသမားလား။ ပေထင်းဟွမ်သည် အသက်ကို ပြင်းပြင်းရှူ လိုက်သည်။ သူမသည် လက်ရှိ ဓား ၉ လက်ဝိညာဉ်ဂိုဏ်းဖြစ်သည်။ သူမတွင် နတ်ဘုရားအဆင့်လူကို ကိုယ်တွယ်ဖူးသည့် အတွေ့အကြုံမရှိပေ။ သို့သော် မည်သို့ဖြစ်သနည်း။ သူမ ကြည့်ချင်သည်။ နတ်ဘုရားအဆင့်၏ ခွန်အားမှာ မည်သို့ရှိသနည်။
သို့သော် ဤလူသည် ပေထင်းဟွမ်၏ ပြန်တိုက်ခိုက်မှုဖိအားမှ ပေထင်းဟွမ်၏ခွန်အားကို ခုခံနိုင်သည်မှာ သူ၏အမြင်သည်မဆိုးလှပေ။
“နတ်ဘုရားအဆင့် နတ်ဘုရားအဆင့်၊ နတ်ဘုရားဘုရင်၊ နတ်ဘုရား ဧကရာဇ် အဆင့်တစ်ဆင့်ချင်းစီမှာ ဓား ၉ လက်စီရှိတယ်၊ ဓား ၇ လက်က အပြောင်းအလဲကာလပဲ၊ နတ်အဆင့်ပြီးရင် ဝိညာဉ်စွမ်းအင်လုံးက စပြီးတော့ အသွင်ပြောင်းပြီး အစိုင်အခဲစုပြီးတော့ နောက်ဆုံးဆေးဖြစ်တာ၊ အဲထဲမှာပါတဲ့ ဝိညာဉ်စွမ်းအင်က ကောင်းကင်ရဲ့ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သွားပြီ ဝိညာဉ်စွမ်းအားက ကောင်းကင်နဲ့မြေကြီးကြားက လေဟာနယ်ပယ်မှာ စပြီး ရောပြီးတော့ ကောင်းကင်နဲ့မြေကြီးစွမ်းအားကို ရွေ့ပြီးတိုက်ခိုက်နိုင်တယ်၊ စစ်မှန်တဲ့နတ်ဘုရား ဓားနတ်ဘုရားတစ်ယောက်က ဓား ၉ လက်ဝိညာဉ်ဂိုဏ်း တစ်ထောင်လောက် ပေါင်းပြီးတိုက်ခိုက်လို့တောင်ရတယ်” ပေထင်းဟွမ် ပေါ့ပေါ့တန်တန်တွေးမည်ကို စိုးသဖြင့် အဂူးသည် ပေထင်းဟွမ်၏အသိစိတ် ပင်လယ်ထဲမှ သတိပေးလေသည်။
ပေထင်းဟွမ်သည် မျက်နှာချင်းဆိုင်တွင်ရှိနေသော သစ်ကျုတ်မျက်လုံး နှင့် လူငယ်အား စိုက်ကြည့်လိုက်သည်။ သူမ၏ မည်းနက်သောမျက်လုံးများထဲ တွင် စူးရှသောရွှေရောင်အလင်းလက်သွားလေသည်။ လူငယ်သည် ထိုအလင်း တန်းကြောင့် ထိတ်လန့်သွားလေသည်။ ဒီလူငယ်သည်လည်း ဆင်းသက်သူ ဖြစ်နေသည်လား။
သူမသည် ဝိညာဉ်ဂိုဏ်းတင်မဟုတ်ဘဲ နတ်ဘုရားအဆင့်သာဖြစ်သည်။ နတ်ဘုရားအဆင့်.. သူ မမှားလျှင် ဤတိုက်ကြီးတွင် နတ်ဘုရားအဆင့်ဖြစ်ခြင်း သည် ၃၃ ကောင်းကင်ဘုံတွင် အနည်းဆုံးသခင်အဆင့်ဖြစ်သည်။ ၃၃ ကောင်းကင်ဘုံတွင် လူမည်မျှ ဆင်းသက်လာသည်ကိုမသိပေ။ သို့သော် ပြစ်မှား ၍မရသူ တစ်ယောက်ရှိသည်။ ထိုလသည် ကွေ့ရှိုရှိမိုယွိမှ မင်းသမီးလေးဖြစ် သည်။
ထိုလူသည် ၃၃ ကောင်းကင်ဘုံတွင် နှောင့်ယှက်လေ့ရှိသော်လည်း ကွေ့ရှို ဧကရာဇ်မိုသည် မင်းသမီးလေးကို အသက်နှင့်ရင်းပြီး ကာကွယ်ပေးထားသည်။
ထိုအကြောင်းအားတွေးမိပြီး လူငယ်သည် အသက်ကိုပြင်းပြင်းရှူကာ မပျော်မရွှင်နှင့် ပြောလိုက်သည် “မင်းကလည်း နတ်ဘုရားတစ်ပါးဆိုမှတော့ ဘာလို့ ဝိညာဉ်ဂိုဏ်းဟန်ဆောင်နေတာလဲ”
“ဟင်” ပေထင်းဟွမ်သည် အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။ သူမ နတ်ဘုရားအဆင့်သို့ မည်သည့်အချိန်က တက်သွားသည်ကို မသိလိုက် ပေ။ သူမသည် မျက်မှောင်ကြုတ်လိုက်သည် “တိုက်ခိုက်ချင်ရင်လည်း တိုက်ခိုက်လို့ရတယ်၊ မတိုက်ခိုက်ချင်ရင် အရှုံးကိုဝန်ခံလိုက်၊ ဘာမဟုတ်တာ တွေလာပြောနေတာလဲ”
ထိုစကားလုံး ထိုအသံနေအသံထားသည် မဆိုးလှပေ။ သို့သော် လူငယ်သည် မကြားဖူးသည့်ပုံပင်။ သူသည် ခေါင်းလှည့်ပြီးနောက် ဒေါသထွက် လုနီးပါးဖြစ်သည့် အကြီးအကဲအားပြောလိုက်သည် “သူ့ကို ဝင်ခိုင်းလိုက်ပါ”
ဒီမှာဘာတွေဖြစ်နေကြတာလဲ။ မတိုက်ခိုက်ဘဲ အလိုလိုအရှုံးကိုဝန်ခံနေ တာလား။ ဒီလူက ဓား ၂ လက်နတ်ဘုရားပါလို့ အဂူးပြောတာမဟုတ်ဘူးလား။ ဘာလို့ ဒီလောက်ကြောက်နေတာလဲ။ ပေထင်းဟွမ်သည် ငေးကြောင်နေစဉ် တွင် မုချင်းလင်သည် သူမအား တန့်ကာမြို့ထဲသို့ ဆွဲခေါ်သွားပြီဖြစ်သည်။
“ရှောင်ကျို့ မင်းမလုပ်နိုင်ရင် လုပ်ဖို့ကြိုးစားမနေနဲ့” မုချင်းလင်သည် လမ်းပေါ်မှ လူအုပ်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည် “ဒီမှာ ငါတို့တွေ နေဖို့ဘယ်မှာသွားရှာမှာလဲ”
လူနှစ်ယောက်သည် လမ်းပေါ်တွင် ရည်ရွယ်ချက်မရှိ လျှောက်နေကြ၏။ သူတို့သည် ဤနေရာတွင် အသိအကျွမ်းမရှိ၊ မရင်းနှီးသောကြောင့် သူတို့ကိုယ် တိုင်ကိုသာ မှီခိုရမည်။ မြို့ထဲတွင်လမ်းလျှောက်ရင်း ဤနေရာသည် ရှန်းယန် မြို့နှင့် သူမသွားလာခဲ့သည့်မြို့များနှင့် ကွာခြားသည်ကို ခံစားမိလိုက်သည်။ အိမ်တိုင်း၏တံခါးပေါက်တွင် ဆေးပင်များကို အခြောက်ခံပြီးချိတ်ဆွဲထား၏။ ဆန်ဆိုင်ထက်ပင် ဆေးပင်ဆိုင်ပိုများသည်။
ပေထင်းဟွမ်သည် ဆေးပစ္စည်းများကို မြင်သောအခါ ခြေလှမ်းမကြွနိုင် တော့ပေ။ လမ်းပေါ်မှဆိုင်များကိုကြည့်ပြီးနောက် အလွန်ရှားပါးသော ဆေးပစ္စည်းများကို ရှာတွေ့ခဲ့လေသည်။ ထို့နောက် သူတို့နှစ်ယောက်သည် နေထိုင်ရန် တည်းခိုဆောင်ကိုရှာရသည်။ နေရာသည် အနည်းငယ် လူသူ ပြတ်လပ်သော်လည်း တစ်လမ်းလုံးမှ တည်းခိုဆောင်များသည် တန့်ကာမြို့သို့ ခရီးသွားလာသူများအတွက် စီစဉ်ပေးထားခြင်းဖြစ်သည်။
“အဲဒီကိုသွားရအောင် နှစ်ညလောက်တော့ အဆင်ပြေမှာပါ” ပေထင်းဟွမ်သည် ၁၆ ထပ်ပါသော တည်းခိုဆောင်ကို ရွေးချယ်လိုက်သည်။ ၎င်းသည် တန့်ကာမြို့တွင် အဆင့်အမြင့်ဆုံးတည်းခိုဆောင် ဖြစ်ဟန်တူသည်။ ထိုနေရာတွင် လူမများလှပေ။ “အဲဒါကို ရှန့်မိသားစုကပိုင်တာ၊ နည်းနည်းပို ဈေးကြီးရင်တောင် နေလို့ရရင်ရပြီ”