← Chapters

ဆေးတောင်ကြားက ရှန့်မိသားစု ပေါင်းစပ်တာ ဘယ်တုန်းကလဲ

Vol. 54 Ch. 1063

ဆေးတောင်ကြားက ရှန့်မိသားစု ပေါင်းစပ်တာ ဘယ်တုန်းကလဲ

Vol. 54 Ch. 1063

တည်းခိုဆောင်ဆီသို့လျှောက်သွားလိုက်သည်။ ခန်းမတစ်ခုလုံးမှာ ခမ်းနားလှသည်။ ခေါင်မိုးကို မှော်အမြုတေရောင်စုံဖြင့် တန်ဆာဆင်ထား၏။ လေတိုက်လိုက်သည်နှင့် အလင်းတန်းများသည် ရေလှိုင်းများသဖွယ် ရောင်ဝါ တောက်ပလျက်ရှိသည်။ ဤကဲ့သို့အရည်အချင်းကို ပြသရန် ရှန့်မိသားစုတစ်ခု တည်းသာ တတ်နိုင်မည်မဟုတ်ပါလား။ ၎င်းသည် ပြည်မကြီးတွင် အားအကောင်းဆုံး မိသားစုလုပ်ငန်းပီသသည်။

ညာဘက်တွင်ကောင်တာရှိပြီး အခန်းငှားနေသူများစွာရှိသည်။ ဘယ်ဘက်တွင် ကြီးမားသောဧည့်ခန်းရှိပြီး ပင်လယ်နက်ရှိုင်းပြနှင့် ပေါင်မုန့် ကင်တို့၏ရနံ့သည် လူအများကို ဆွဲဆောင်လျက်ရှိသည်။

ပေထင်းဟွမ်သည် လူတန်းတွင် တန်းစီလိုက်သည်။ သူမသည် နားနေ ဆောင်ကို လှမ်းကြည့်လိုက်ပြီး အခန်းငှားပြီးနောက် တစ်ခွက်တစ်ဖလား သွား သောက်ရန် ဆုံးဖြတ်လိုက်သည်။ ပင်လယ်နက်ရှိုင်းပြာချင်းတူလျှင်တောင် ညအရှင်အိမ်တော်မှ သေရည်သည် အရသာအရှိဆုံးဖြစ်သည်။ ဤနေရာမှ ကိစ္စပြီးသွားလျှင် သူမသည် ဖြစ်နိုင်သလောက်မြန်မြန် ညအရှင်အိမ်တော်သို့ သွားရမည်ဖြစ်သည်။

အပြင်တွင် ကြာမြင့်စွာလှည့်ပတ်သွားလာပြီးနောက် တစ်နေရာတည်း တွင် အခြေချရခြင်း၏ နွေးထွေးမှုကို လွမ်းဆွတ်လာသည်။

“မင်္ဂလာပါ သခင်ကြီး အခန်းဘယ်နခန်းယူမလဲ” ဝန်ဆောင်မှုစားပွဲ အနောက်မှ မိန်းမလှလေးသည် ဆွဲဆောင်မှုရှိရှိမေးလေသည် “ကျွန်မတို့မှာ အထူးအထူးဧည့်သည်အခန်း တစ်ခန်း၊ အထူးဧည့်သည်အခန်း နှစ်ခန်းနဲ့ သာမန် အခန်းသုံးခန်းတို့ကျန်ပါတယ်”

“ဒါဆို အထူးအထူးဧည့်သည်အခန်း...”

ပေထင်းဟွမ် စကားမဆုံးခင်မှာပင် အလွန်ကျယ်လောင်သောအသံသည် တံခါးဝမှထွက်လာသည် “ငါတို့ အထူးအထူးဧည့်သည်အခန်းယူချင်တယ်၊ သူတို့နှစ်ယောက်ကို အထူးဧည့်သည်ခန်းပေးလိုက်”

ထိုအသ့သည် အလွန်တရင်းတနှီးရှိလှကာ ဆက်နွယ်မှုရှိနေသလိုပင် “လမ်းကျဉ်းမှာ ရန်သူလာတွေ့တာပဲ” ပေထင်းဟွမ်သည် ဖြည်းဖြည်းလှည့်ပြီး လာနေသည့်ထိုလူကို စိုက်ကြည့်ပြီး အလွန်ဆိုးရွားသည့်အသံနှင့်ပြောလေ သည် “ရှန့်မိသားစုနဲ့ ဆေးတောင်ကြားကို ဘယ်တုန်းက ပေါင်းစည်းသွားတာ လဲမသိဘူးလား”

ရောက်လာသူမှ တန့်ကျိကုနှင့်အပေါင်းအပါများဖြစ်ကာ ပေထင်းဟွမ်ကို ရည်ရွယ်ချက်ချက်နှောင့်ယှက်ခဲ့သူဖြစ်သည်။ လူငယ်၏ ကတိကြောင့်လားပင် အကြီးအကဲကြီးသည် မိန်းကလေးအား တားမြစ်လေသည် “ကျူထုံ မရိုင်းနဲ့”

အကြီးအကဲရောက်လာပြီး ပေထင်းဟွမ်အား လေးစားမှုတစ်ဝက်နှင့် အရိုအသေပြုလေသည် “သခင်ကြီး ဒီတည်းခိုဆောင်က တန့်ကာမြို့မှာ အကောင်းဆုံးတည်းခိုဆောင်ဖြစ်ပြီးတော့ အထူးအထူးဧည့်သည်အခန်းက တစ်ခန်းပဲရှိပါတယ် ကျုပ်တို့ကိုပေးမှာလား”

“ပေးရမယ်ဟုတ်လား” ပေထင်းဟွမ် နှာမှုတ်လေသည် “ဒီတည်းခိုဆောင် က တန့်ကာမြို့မှာ အကောင်းဆုံးဆိုတာလည်းသိတယ်၊ အထူးအထူးဧည့်သည် အခန်းကလည်း တစ်ခန်းပဲရှိတာ အဲဒါကို ဘယ်လိုလုပ် လက်လွှတ်ရမှာလဲ၊ နှစ်ခန်းဆိုရင်တောင် တစ်ခန်းပေးနိုင်တယ် အခု တစ်ခန်းပေးလိုက်ရင် ကျွန်တော်က ဘယ်မှာသွားနေနေရမှာလဲ”

“မင်းတို့နှစ်ယောက် လင်မယားတွေမလား၊ လင်မယားမဟုတ်ရင် ဘယ်လိုလုပ် တစ်ခန်းထဲမှာနေမှာလဲ၊ အထူးအထူးဧည့်သည်အခန်းကို လက်လွှတ်ပြီး မင်းတို့နှစ်ယောက်က အထူးဧည့်သည်အခန်းမှာ ဘာလို့မနေ တာလဲ၊ အဲဒါပိုမကောင်းဘူးလား” မိန်းကလေးထုံထုံသည် ပေထင်းဟွမ်အား တစ်စုံတစ်ရာမလုပ်ရဲဘဲ အထင်သေးသည့်မျက်လုံးနှင့် ပေထင်းဟွမ်၏ တစ်ကိုယ်လုံးအား ဓားတစ်ချောင်းသဖွယ်ကြည့်လေသည်။

ရန်ပွဲသည် ခန်းမထဲမှလူများအားလုံး၏ အာရုံကို ဆွဲဆောင်ပြီးဖြစ်ရာ အကြည့်များအားလုံးသည် မုချင်းလင်အား ကြည့်ပြီး ချက်ချင်းပင် တီးတိုးပြော ကြလေသည်။

ပေထင်းဟွမ်သည် မိန်းကလေးဖြစ်ကြောင်းကို မုချင်းလင်သိလျှင်တောင် များစွာသောလူများသည် သူမအား ထူးဆန်းသောမျက်လုံးများနှင့်စိုက်ကြည့် နေပြီး သူမအကြောင်းပြောနေသည်ကို မခံနိုင်ပေ။ သူမသည် အလွန်ဖြူစင် သောမိန်းကလေးဖြစ်ကာ သူမ၏ ၁၈ နှစ်ဘဝအတွင်းတွင် ပေထင်းဟွမ်ကို ကာကွယ်ရန်သာသိခဲ့သည်။ သူမ ခံစားခဲ့ရသော အကြီးမားဆုံး နာကျင်မှုသည် လော့ပေမြို့မှလူများ၏ ကန်ထုတ်ခံရခြင်းနှင့်၊ နန်ကုန်းမိန်းကလေး၏ အနိုင် ကျင့်ခံရခြင်းပင်ဖြစ်သည်။ ဤကမ္ဘာတွင် ကန်ကျောက်ခြင်း၊ အဆိပ်သင့်ခြင်း၊ ထိုးနှက်ခံရခြင်းထက် ပိုရက်စက်သော နာကျင်မှုရှိလိမ့်မည်ဟု သူမ ထင်မထား ပေ။

၎င်းသည် ကမ္ဘာကြီးက အတင်းအဖျင်းပင်ဖြစ်သည်။

“လင်အာ မကြောက်နဲ့” မုချင်းလင် မျက်ရည်များကျတော့မတတ်ဖြစ်နေ သည်ကို ကြည့်ပြီး ပေထင်းဟွမ်သည် သူမ၏ပခုံးပေါ်လက်တင်ကာ ကျူထုံအား လူသတ်မည့်အကြည့်နှင့်ကြည့်လေသည် “မင်းက အသက် ၂၀ လောက်နေလာတာကို စားချင်တာကို တွေ့တိုင်းမစားဖို့ ပေါက်တတ်ကရတွေ မပြောဖို့ကို ဘယ်သူမှမသင်ပေးထားဘူးလား”

All Chapters