← Chapters

အခန်းဘယ်လောက်ကောင်းကောင်း ဒီမှာပဲနေရမယ်

Vol. 54 Ch. 1064

အခန်းဘယ်လောက်ကောင်းကောင်း ဒီမှာပဲနေရမယ်

Vol. 54 Ch. 1064

ခန္ဓာကိုယ်မှ မာန်ပါသည့်ရောင်ဝါထွက်နေသော အသက် ၁၅ နှစ် မပြည့်သေးသည့်ကောင်လေးသည် ကျူထုံအား အညှာတာမဲ့စွာတုံ့ပြန်လေ၏။ သာမန်ဖြစ်လွန်းသည်။ ကမ္ဘာကို ဖျက်ဆီးနိုင်လောက်သည့် မိုင်ထောင်ချီပျံ့လွင့် နိုင်သော လူသတ်ရောင်ဝါကဲ့သို့ လှိုင်းမျိုးသည် ကောင်းကင်အဆင့်ပင်မရောက် သေးသည့် ကျူထုံအတွက် တောင့်ခံနိုင်သည့်ရိုးရှင်းသောအရာမျိုးမဟုတ်ပေ။

ဖိနှိပ်မှုသည် စီးကြောင်းသဖွယ်ရောက်လာပြီး ဘေးရှိဆေးတောင်ကြားမှ လူများသည် တညီတညွှတ်တည်း နောက်ဆုတ်ကြလေသည်။ ထိုအချိန်တွင် အကြီးအကဲကြီး၏မျက်လုံးတွင်ပင် ကြောက်လန့်မှု အရိပ်အယောင်ရှိနေသည်။ မူလက ဓား ၉ လက်ဝိညာဉ်ဂိုဏ်းသည် ပေထင်းဟွမ်၏ခွန်အားကို မြို့တံခါးဝ တွင်တွေ့ခဲ့ပြီးဖြစ်သည်။ ငယ်ရွယ်ပုံပေါက်သော်လည်း သူ၏ခွန်အားထက်ပင် ပို၍မြင့်သည်။

အသက် ၂၅၊ ၂၆ နှစ်အရွယ် နတ်ဘုရားအဆင့်လူငယ်သည် သတိလက် လွတ်ဖြစ်ကာ နောက်သို့ခြေတစ်လှမ်းဆုတ်လေသည်။ သူကဲ့သို့ ဓား ၃ လက် အဆင့်နတ်ဘုရားတစ်ယောက်ကို နောက်ပြန်ဆုတ်အောင်တွန်းနိုင်ခြင်းမှာ ဤလူငယ်တွင် သူနှင့်ယှဉ်နိုင်သော ခွန်အားရှိခြင်းပင်။

သို့သော် ထိုသို့ဆိုသော ဤလူငယ်သည် ရူးသွပ်လွန်းသည်။ မြို့တံခါး အဝင်တွင် သူမ၏အဆင့်အတန်းကို စဉ်းစားပြီး တစ်ခါလွှတ်ထားပေးပြီးဖြစ် သည်။ သည်တစ်ခေါက်တွင် သူမသည် ရန်လိုနေသည်မှာ လှည့်စားခြင်းတစ်မျိုး ပင်။

လူငယ်၏ရောင်ဝါသည် ရုတ်တရက်မြင့်တက်လာပြီး အဝါဖျော့ စွမ်းအင်လုံးသည် သူ့အနားတွင် ရစ်ဝဲနေသည်။ သူ့တစ်ကိုယ်လုံးသည် ပွင့်လာ သောနေရောင်ကဲ့သို့ နတ်အင်အားတစ်ခုသည် ခန်းမတစ်ခုလုံးဆီသို့ ရောက်လာပြီး အားနည်းသူများသည် မြေပေါ်သို့လဲကျကြသည်။

ခွမ်း..

ရုတ်တရက်ပင် ခန်းမတစ်ခုလုံးသည် ပျာယာခတ်သွားသည်။ ခေါင်မိုး ပေါ်တွင်ရှိနေသည့် မှော်အမြုတေများပင် စတင်ပြီးကွဲလေသည်။ ‌ဝန်ဆောင်မှု စားပွဲအနောက်မှ မိန်းမလှလေးသည် ကြောက်လန့်မှုကြောင့် ဖြူဖျော့လာပြီး ကောင်တာအနောက်တွင် ခေါင်းမဖော်ရဲဘဲ ပုန်းလေသည်။

“နတ်ဘုရားအဆင့်လား” ခန်းမထဲတွင် သန်မာသောလူများစွာရှိသည်။ ထိုအချိန်တွင် သူတို့သည် လူငယ်အား ကြောက်လန့်တကြားကြည့်ကြလေ၏။ သူတို့မျက်လုံးထဲမှ ကိုးကွယ်သည့်အကြည့်သည် နတ်ဘုရားတစ်ပါးကို ကိုးကွယ်သည့်အလားပင်။ နတ်ဘုရားအဆင့်သည် ပင်မတိုက်ကြီးတွင် အဆင့် မြင့်သည်ကို ကိုယ်စားပြုသည်။

လူငယ်အား လေးစားနေချိန်တွင် အကျိုးအကြောင်းမသင့် ကပ်ဘေးကို ခံစားနေကြသူများသည် အမည်မသိလူငယ်ကို မနှစ်ခြိုက်ကြတော့ပေ။ အားလုံးသည် အထူးအထူးအခန်းကြောင့် ဒေါသထွက်နေသော ပေထင်းဟွမ် အား စောဒကတက်နေကြသည်။

“သာမန်အခန်းမှာနေလိုက်တော့ ဘာဖြစ်မှာကျလို့၊ ခွန်အားမရှိဘဲနဲ့ အထူးအထူးအခန်းမှာနေချင်သေးတယ်၊ ငါက ပြည်မကြီးမှာ နှစ်ပေါင်းမျာစွာ ခရီးသွားလာတာ၊ ရှန့်မိသားစုရဲ့ အထူးအထူးအခန်းက သာမန်လူတွေ ပိုက်ဆံနဲ့ တောင်နေလို့မရဘူးလို့ ကြားဖူးတာပဲ”

“ဟုတ်တယ် နတ်ဘုရားအဆင့်နဲ့တောင် ပြိုင်ရဲသေးတယ်၊ အခန်း ဘယ်လောက်ကောင်းကောင်း နေမယ်ဆိုတဲ့သဘောပေါ့”

“ငါတကယ် သိမ်းသွင်းခံလိုက်ရပြီ၊ ဒီကောင်လေးက ဘယ်မိသားစုက လာတာလဲ၊ သူ ထွက်လာတုန်းက မိသားစုက သူ့ကိုမသင်ပေးလိုက်ဘူးလား မသိဘူး”

ပေထင်းဟွမ်အား တိုက်ခိုက်သော ရက်စက်သည့် စကားလုံးများကို ကြားပြီးနောက် မုချင်းလင်သည် ဓားတစ်ချောင်းနှင့်မွှန်းလိုက်သကဲ့သို့ ပိုပိုပြီး မသက်မသာခံစားရလေသည်။ ပြိုင်ဘက်မှ တန်ပြန်တိုက်ခိုက်ချိန်တွင် သူမ သည် ပေထင်းဟွမ်အား အနောက်သို့ဆွဲပို့လိုက်သည်။ ထိုအချိန်တွင် သူမသည် ပေထင်းဟွမ်၏ အင်္ကျီကို နူးညံ့စွာဆွဲပြီး တိုးညင်းသောအသံနှင့်ပြောလေသည် “ရှောင်ကျို့ လဲရအောင်”

ပေထင်းဟွမ်သည် ဖိနှိပ်မှုကို ဂရုတစိုက်ခံစားမိသည်။ ထိုအချိန်တွင် ခန်းမတစ်ခုလုံးတွင် တံခါး၌ပင် တလိပ်လိပ်တက်နေသောရောင်ဝါသည် လူငယ်ဆီသို့ စုဝေးလေသည်။ သူ့ခန္ဓာကိုယ်မှရောင်ဝါသည် ရုတ်တရက် ထွက် လာပြီး ရောင်ဝါအားလုံးသည် အားကောင်းသော အင်အားအဖြစ်ပြောင်းပြီး လေအလား ခန်းမတစ်ခုလုံးကို ဖြတ်တိုက်သွားသည်။

ဤကဲ့သို့စွမ်းအားသည် ကောင်းကင်ဝိညာဉ်သခင်တစ်ယောက် ပိုင်ဆိုင် နိုင်သည့်အရာမဟုတ်ပေ။

ကြီးမားသော စိတ်စွမ်းအား ပြန့်ထွက်လာသည်။ ထိုအချိန်တွင် ပေထင်းဟွမ်အထဲသို့ကြည့်လျှင် သူမ၏ခန္ဓာကိုယ်တွင် သွေးကြောများဖြတ် သွားသည့်နေရာတွင် အစိမ်းရောင်အစက်သုံးစက်ရှိနေသည်ကိုမြင်ရသည်။ တစ်စက်ချင်းစီသည် ဖုန်စုပ်စက်ကဲ့သို့ ရောင်ဝါစုဝေးပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ပေထင်းဟွမ်ဆီသို့ တိုးဝင်ပျောက်ကွယ်လေသည်။

လျှို့ဝှက်ဆန်းကြယ်စွာပင် စိတ်စွမ်းအားသည် ထိုရောင်ဝါများတွင် ပိတ် နေပြီး ပေထင်းဟွမ်သည် ထိုရောင်ဝါများကို ရွှေ့ပြောင်းလိုက်ပြီး ကြီးမားသော ရေစီးကဲ့သို့ တစ်ဖက်အဖွဲ့အား ပြင်းထန်စွာတိုက်မိလေသည်။

All Chapters