အနည်းဆုံး ဓား ၃ လက်နတ်ဘုရားအဆင့်လား
Vol. 54 Ch. 1065
ကြီးမားသောအင်အားတစ်ခု လာနေသည်ကိုသာ ခံစားမိပြီး ရင်အတွင်း ထဲမှ ကြောက်လန့်မှုကြီး အလိုလိုမြင့်တက်လာသည်။ ပင်မတိုက်ကြီးသည် သူ့ကို ဤကဲ့သို့ ခံစားရအောင်လုပ်နိုင်သည်။ တစ်ဖက်မှ လူငယ်သည် အမှန် တကယ်ပင် ကြောက်စရာကောင်းလှသည်။
“ထွက်သွား”
လူငယ် သတိမပေးရသေးခင်မှာပင် ဆေးတောင်ကြားမှ အကြီးအကဲကြီး နှင့်အတူလာသည့်လူများသည် အားကောင်းသောလေ၏ ရိုက်ခတ်မှုကြောင့် နောက်ပြန်လဲကျပြီး တံခါးနှင့် အကြမ်းပတမ်းရိုက်မိလေသည်။
ကျူထုံသည် အမြင်စူးရှပြီး လက်သွက်သည်။ သူမ လူငယ်ဆီမှ လွင့်ပျံ သွားချိန်တွင် လူငယ်၏အင်္ကျီလက်ကိုဆွဲပြီး အော်လေသည် “အစ်ကိုကြီးလင်”
အဆိပ်ပြင်းသည့်မြွေကဲ့သို့ အကြောက်တရားသည် သူမ၏ရင်ထဲတွင် အမြစ်တွယ်နေပြီး လူငယ်၏အင်္ကျီလက်ကို နောက်ဆုံးမျှော်လင့်ချက်အလား ဆုပ်ကိုင်လေသည်။ သူမသည် အသံတစ်ခုကြားလိုက်ရုံသာဖြစ်ကာ လူငယ်၏ ခန္ဓာကိုယ်ပေါ်မှ ဝတ်ရုံသည် ပြဲသွားပြီး အင်္ကျီလက်သည် ပြတ်သွားလေသည်။
လူငယ်သည် အရှက်ရစရာကောင်းလောက်အောင် မြေပေါ်သို့ ကြမ်းတမ်းစွာလဲကျသွားလေသည်။
ထိုလူငယ်သည် အနောက်သို့ အထိန်းအချုပ်မဲ့ကျသွားကာ တံခါးဘောင် ကို မကိုင်နိုင်လိုက်ပေ။ ကြောက်စရာကောင်းသော မျက်လုံးတစ်စုံသည် ပေထင်းဟွမ်အား မယုံနိုင်စွာကြည့်နေလေသည်။ ဤလူငယ်၏ခွန်အားသည် သူ့ထက် ပိုအားကောင်းနေလိမ့်မည်ဟုထင်မထားပေ။
ကောင်းကင်နှင့်မြေကြီးစွမ်းအားကို ရွှေ့ပြောင်းတိုက်ခိုက်ခြင်းသည် နတ်ဘုရားအဆင့်၏ သင်္ကေတဖြစ်သည်။ နတ်ဘုရားအဆင့်သည် စွမ်းအင် လည်ပတ်ခြင်းကိုသာ လိုအပ်သည်မဟုတ်ဘဲ စွမ်းအင်လုံးနှင့် အကြောထဲမှ ရွှေရောင်ဆေး စုခဲသည်ကိုပင် ပြုလုပ်နိုင်သည်။ စစ်မှန်သော နတ်ဘုရားအဆင့် သည် ထိုသို့ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး စွမ်းအားကို ထိန်းချုပ်နိုင်သည်။
သူသည် ဓား ၂ လက်အဆင့်သို့ရောက်နေပြီဖြစ်သည်။ သူ၏ ဖခင်၊ ဆေးတောင်ကြား၏ အဆင့်အမြင့်ဆုံးသည် သူ့ကို ကောင်းကင်နှင့်မြေကြီး စွမ်းအင်ကို ကျွမ်းကျင်သည့် ရှားပါးသောပါရမီရှင်ဟု ချီးကျူးခဲ့သည်။ သူသည် ထိုအရာကို အမြဲတမ်းဂုဏ်ယူနေကာ ပင်မတိုက်ကြီးသို့ရောက်ချိန်တွင် သူ့ထက် ပိုတော်နေသောလူကို တွေ့ရလိမ့်မည်ဟု ထင်မထားပေ။
ကောင်းကင်အဆင့်အောက် အဆင့်သည် တစ်ယောက်နှင့်တစ်ယောက် ၏ ခွန်အားကို ခွဲလိုက်ရန် ကြိုးစားမှုကို မှီခိုရမည်ဖြစ်ပြီး နတ်အဆင့်တွင် ယှဉ်ပြိုင်ခြင်းသည် နားလည်လောက်စရာပင်။ နတ်ဘုရားများသည် မည်မျှပင် အဆင့်ရှိစေကာမူ တိုက်ခိုက်ရန် သူတို့၏ ရွှေရောင်အမြုတေတွင်ပါဝင်သော စွမ်းအားကို မှီခိုနိုင်သေးသည်။ သူတို့သည် တိုက်ခိုက်ရန် ကောင်းကင်နှင့် မြေကြီးစွမ်းအားကို ထိန်းချုပ်နိုင်သဖြင့် သူတို့သည် နတ်ဘုရားများထဲတွင် အကောင်းဆုံးဖြစ်သည်။
သို့သော် ပေထင်းဟွမ်၏ ခန္ဓာကိုယ်သည် စွမ်းအင်လုံးသားဖြစ်နေဆဲဖြစ် သည်ကို ထိုလူသိလျှင် တိုက်ခိုက်ရန် နတ်စွမ်းအားပင်ရှိတော့မည်မဟုတ်ပေ။ အားကုန်သုံး တန်ပြန်တိုက်ခိုက်မှုသည် ဆေးတောင်ကြားကို ဤကဲ့သို့ ဒေါသ ထွက်အောင်လုပ်မိခြင်းမှန်းမသိကြပေ။
အလွန်ပင် ထိတ်လန့်စရာကောင်းလှသည်မဟုတ်ပါလား။
“သခင်ကျူလင် သူ့ကိုရှင်းဖို့ နည်းလမ်းတောင်မရှိဘူးလား” အကြီးအကဲ ကြီးသည် ဆွေးနေသောအရိုးများနှင့် မြေကြီးမှထလိုက်သည်။ ထိုအချိန်တွင် သူသည် ပေထင်းဟွမ်အား တစ်လုတ်တည်းနှင့်မျိုချချင်မိသည်။ သူသည် စကားပြောရာတွင် စောင့်ထိန်းနေရန်မလိုပေ။
ကျူလင်ဟုခေါ်သောလူငယ်သည် ဆေးတောင်ကြား၏ အမြင့်ဆုံးသခင် ကြီး၏ အငယ်ဆုံးသားဖြစ်သည်။ သူသည် ပေထင်းဟွမ်ကို ထိတ်လန့်နေပြီဖြစ် သည်။ အကြီးအကဲကြီး၏စကားများကိုကြားပြီးနောက် စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်သည် “သူ့ရဲ့ဓားအဆင့်က ကျုပ်ထက်မြင့်နေတာ၊ အကြီးအကဲကြီး လုပ်ချင်သွားစမ်းကြည့်လေ”
ကျူလင်ထက် အဆင့်မြင့်တယ်ဟုတ်လား။ ကျူလင်သည် အဆင့် ၂ ဓား သမားနတ်ဘုရားအဆင့်ဖြစ်သည်။ အဲတော့ ဒီလူငယ်ကရော ဘာလဲ။ အနည်း ဆုံး ဓား ၃ လက် နတ်ဘုရားအဆင့်လား။
ခန်းမတစ်ခုလုံးသည် တိတ်ဆိတ်သွားလေသည်။ ပေထင်းဟွမ်ပင်လျှင် ထိုအချိန်တွင် ခံစား၍မကောင်းတော့ပေ။ သူမသည် ကျူလင်သုံးသည့် ပုံစံအတိုင်း လိုက်လုပ်ရုံတင်ဖြစ်သည်။ တန်ပြန်တိုက်ခိုက်မှုသည် နတ်ဘုရား များသာလုပ်နိုင်ကာ သူမသည် အနည်းငယ် ပင်ပန်းလာလေသည်။ သို့သော် မည်သူမှ သူမကို အထင်မသေးရဲပေ။ ထိုတင်သာမကဘဲ သူမအားကြည့်သည့် ထူးဆန်းသည့်မျက်လုံးများထဲတွင် ရိုသေမှုများပါဝင်နေသည်။
“မဟုတ်ဘူး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူက ဘယ်လိုလုပ် နတ်ဘုရား ဖြစ်နိုင်မှာလဲ ငါ မယုံဘူး” ပေထင်းဟွမ်၏လက်ထဲတွင် ရှုံးသွားသဖြင့် ကျူထုံ သည် မြေပေါ်မှထလိုက်သည်။ “အစ်ကိုကြီးလင် သူက နတ်ဘုရားမှမဟုတ်တာ ကျွန်မကိုပြောပါဦး သူက မဟုတ်ဘူးမလား၊ သူက ပေထင်းဟွမ်ဆိုရင်တော့ ကျွန်မယုံဦးမယ် ဒါပေမဲ့ သူက ဒီလောက်ရုပ်ဆိုးတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”