ကမ္ဘာတစ်ခုလုံးက မင်းအတွက် လမ်းလုပ်ပေးရမှာ လား
Vol. 54 Ch. 1066
“ပါးစပ်ပိတ်ထား” ထိုအချိန်တွင် ကျူလင်သည် မတည်ငြိမ်နိုင်တော့ပေ။ သူသည် သူမဆီမှ တစ်စုံတစ်ရာကိုမမြင်နိုင်သည့်အလား ပေထင်းဟွမ်၏ မျက်နှာကို စိုက်ကြည့်လေသည်။ သူမ ဤလှည့်ကွက်ကိုသုံးပြီးနောက် မလွယ် ကူသည်ကိုမြင်နိုင်သည်။ သို့သော် ကျူလင်သည် အထင်မသေးရဲပေ။ ပေထင်းဟွမ်၏လက်ထဲတွင် လှည့်ကွက်မည်မျှရှိသည်ကို သူ မသိပေ။ ထို့ကြောင့် အေးစက်စွာပြောလေသည် “မင်း အစည်းအဝေးမှာ အဂ္ဂိရတ်ပညာ လာပြိုင်သင့်တယ်၊ မင်းက ငါ့ထက်သန်မာရင်တောင် ငါတို့ရဲ့နောက်ဆုံး စစ် မြေပြင်က အဂ္ဂိရတ်အစည်းအဝေးပဲဖြစ်ရမယ်၊ နောက်နှစ်ရက် အစည်းအဝေး မှာ အခုလိုမျိုး မျှော်လင့်ချက်ရှိနေဖို့မျှော်လင့်ပါတယ်”
လက်ရှိအခြေအနေကို ကောင်းစွာ သိရှိလှသည်။
ပေထင်းဟွမ်၏နှုတ်ခမ်းထောင့်သည် တဖြည်းဖြည်းကွေးတက်သွားကာ သူမ၏ မျက်လုံးများထဲတွင် အလင်းတစ်ခု လက်သွားလေသည်။ သူမသည် ကျူထုံအား စိုက်ကြည့်ပြီးနောက် ကျူလင်၏စကားကို ပြန်ကောက်လိုက်သည် “သေချာပေါက်ပြပေါ့ နောက်နှစ်ရက် အဂ္ဂိရတ်အစည်းအဝေးမှာတွေ့ကြမယ်”
ထိုအချိန်တွင် စားပွဲထိုးတစ်ယောက်သည် အပေါ်ထက်မှ ပြေးဆင်းလာ ပြီး ပေထင်းဟွမ်ရှေ့တွင်ရပ်ကာ ဦးညွှတ်လေသည် “သခင်ကြီး အခန်းအသင့် ဖြစ်ပါပြီ ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ”
“ဘာ... ရှန့်မိသားစုက ဘာတွေလုပ်နေတာလဲ၊ သူက နတ်ဘုရားဖြစ်နေ လို့ ဒီလိုမျိုး ပျာယာခတ်နေတာလား၊ လုပ်ရိုးလုပ်စဉ်အတိုင်းမသွားဘဲ သူ့ကို အခန်းပေးလိုက်တာလား၊ သူက ငါတို့ထက်ပိုသာတယ်ဆိုတာကို တွေ့လို့ ဒီလို မြန်မြန်လုပ်ပေးလိုက်တာလား မျက်နှာလိုမျက်နှာရလုပ်တာပေါ့လေ” ကျူလင် သည် သူမဘက်မှ မရပ်တည်သည်ကိုမြင်သည်နှင့် ကျူထုံသည် မအောင့်နိုင် တော့ဘဲ မတ်တတ်ရပ်ကာ ရှန့်မိသားစုကို ကျိန်ဆဲလေတော့သည်။
ကျူထုံသည် ရင်ထဲတွင် အေးစက်စွာနှာမှုတ်မိသည်။ သူမသည် ပေထင်းဟွမ်အား မကိုင်တွယ်နိုင်ပေ။ ရှန့်မိသားစုအား ကိုင်တွယ်ရန်ဖြစ်နိုင် မည်လား။
သူမ ထိုသို့ပြောလိုက်ချိန်တွင် လူအများသည် သူမကို ကြည့်ကြလေ၏။ ခန်းမတစ်ခုလုံးတွင် အားလုံးနီးပါးသည် ကျူထုံအား စိုက်ကြည့်နေကြပြီး သူတို့ ၏ မျက်လုံးများသည် အထင်သေးမှုအပြည့်နှင့်ပင်။ ဤမိန်းကလေးသည် စိတ် လွတ်သွားချေပြီလား။ ရုပ်ရည်မှာလှပသော်လည်း မည်သူသိမည်နည်း။ ဦးနှောက် တစ်ခန်းလွတ်နေခြင်းဖြစ်မည်။
တခြားသူများထက် ခွန်အားနိမ့်သည်ကို ဂုဏ်ယူနေသည်လား။ ဤလူငယ်သည် သန်မာသည်။ ရှန့်မိသားစုပင် မျက်နှာသာပေးရသည်မှာ လွဲမှားနေခြင်းမဟုတ်ပေ။ သန်မာသူများသည် လေးစားခံထိုက်သည်။ သန်မာ သောလူကို မျက်နှာသာပေးသည်မှာ မှားနေသည်လား။
စားပွဲထိုးသည် ချောမောသာ အမျိုးသားဖြစ်သည်။ သူသည် ကျူထုံ၏ စွပ်စွဲချက်ကိုကြားသောအခါ ဒေါသမထွက်ပေ။ ရည်ရွယ်ချက်မှာ ပိုက်ဆံရှာရန် သာဖြစ်သည်။ “ကျွန်တော်တို့ဆီကို လာတဲ့သူတိုင်းက ညီတူညီမျှပါပဲ အရင်လာ တဲ့သူက အရင်ရမှာပါ”
“နားထောင်လို့တော့ကောင်းတယ်” ကျူထုံသည် စားပွဲထိုးအား စိုက်ကြည့်ပြီး တစ်ပြိုင်နက်ပင် ပေထင်းဟွမ်အား လက်ညှိုးထိုးလေသည် “သူ့ အပေါ် သဘောထားက ငါတို့နဲ့အတူတူပဲပေါ့၊ မင်းကလည်း ဧည့်သည်ပဲ ဘာလို့ ခေါင်းစဉ်တွေခွဲနေတာလဲ၊ ကြီးကြီးမားမားမဟုတ်ပေမဲ့ သာမန်ကျင့်ကြံသူ တောင်မှ ငါတို့ကိုသိကြတယ်၊ ငါတို့က ဆေးတောင်ကြားကနေလာတာပဲ”
“ဖူး”
ပေထင်းဟွမ်သည် ရယ်ကွဲလေတော့သည်။ ထိုလူများသည် အဆင့်များ ခွဲထားသည်ဟု မြို့တံခါးဝတွင် မည်သူပြောခဲ့သနည်း။ ယခုအခါ သူမ အလှည့် ဖြစ်လာပန်သည်။ သူမသည် လက်ပိုက်ပြီး ကျူထုံအား စောင်းကြည့်ကာ လှောင်သည့်လေသံနှင့်ပြောလေသည် “မင်းကိုယ်မင်း ဘဘ်သူထင်လို့လဲ၊ အလှတရားလား၊ ကမ္ဘာတစ်ခုလုံးက မင်းအတွက် လမ်းလုပ်ပေးရမှာလား၊ ပစ္စည်းကောင်းတွေအကုန်လုံးက မင်းအတွက်ပဲလို့ထင်နေတာလား”
အကြောင်းအရင်းကိုမသိသော်လည်း ကျွမ်းကျင်လှသော စားပွဲထိုးသည် ပါးစပ်ကာပြီး ပြုံးနေသည်။ အနည်းဆုံးတော့ သူသည် ပေထင်းဟွမ်၏ သဘော ထားကို ထောက်ခံနေသည်။
ကျူထုံသည် ဒေါသထွက်လွန်းသဖြင့် မျက်နှာကြီး စိမ်းလာသည်။ သူမသည် ရုတ်တရက် ကြာပွတ်ထုတ်လိုက်သည်။ ကြာပွတ်ပေါ်တွင် ဆူးထစ် သည် အစိမ်းရောင်ဖျော့ဖျော့ တောက်နေသည်။ ကြာပွတ်ကို အဆိပ်ရည်စိမ် ထားသည်မှာ ရှင်းနေသည်။ ထိုကြာပါတ်သည် လူသတ်နိုင်သည်မှာ ပြောရန်ပင် မလိုတော့ပေ။ သို့သော် ထိုကြာပွတ်နှင့် အနည်းငယ်ရိုက်မိလျှင်တောင် ထိုလူ သည် အဆိပ်မိပြီးသေသွားနိုင်သည်။
အလွန်ပင် ရက်စက်သည့်နည်းလမ်းပင်။
ပေထင်းဟွမ်သည် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းလိုက်သည်။ သူမ၏မျက်နှာထားသည်အလွန်ပင် အန္တရာယ်များလှသည်။ သူမသည် တည်ငြိမ်စွာဖြင့် ရှေ့ထွက်ပြီး စားပွဲထိုး၏ရှေ့တွင်ရပ်လေသည်။ သူမသည် လှုပ်ရှားရန် အနည်းငယ်တွန့်ဆုတ်နေသည်။ သို့သော် အနည်းဆုံးတော့ ယွိဝေ ရှိနေသဖြင့် ကျူထုံသည် အလွယ်တကူ သူမကို မတိုက်ခိုက်ရဲပေ။