ဆရာ
Vol. 54 Ch. 1067
လေထုသည် အနည်းငယ်တင်းမာလာပြီး ခန်းမထဲမှလေထုသည် ထိုင်းမှိုင်းလာသည်။ ကျူထုံလှုပ်ရှားမှုလုပ်ချိန်တွင် အကြီးအကဲနှင့် ကျူလင် နှစ်ယောက်လုံးသည် နှုတ်ဆိတ်နေကြသည်။ သူတို့သည် ပေထင်းဟွမ်ကို ရင်ဆိုင်ပြီး ရှန့်မိသားစုအား ပညာပြချင်နေပုံပင်။
ဘုန်း ဘုန်း ဘုန်း
လှေကားပေါ်မှ ထွက်ပေါ်လာသော သစ်သားဖိနပ်သံသည် တရင်းတနှီးရှိ လှသည်။ ထိုအသံသည် ပေထင်းဟွမ်နားထဲဝင်လာချိန်တွင် လွန်ခဲ့သည့် နှစ် ဝက်က စစ်ပွဲဘုံတောတွင် ကြားခဲ့သည့် အသံတစ်သံကို သွားအမှတ်ရမိသည်။ နှင်းဖြူရောင်ဝတ်ဆင်ထားသည့် ချောမောသောအမျိုးသားတစ်ယောက်သည် သစ်သားဖိနပ်ကိုစီးထားပြီး သမာရိုးကျနိုင်လှသည်။ သို့သော် လှုပ်ရှားမှုတိုင်း တွင် အပြုအမူအားလုံးသည် အလွန်ပင် ကြော့မော့လှသည်။
ရှည်လျားသောဆံပင်သည် မှင်ကဲ့သို့နက်မှောင်နေပြီး ပိုးသားကဲ့သို့ နူးညံ့ ကာ ခန္ဓာကိုယ်တစ်ဝိုက် လွင့်ပျံနေသည်။ ထိုအချိန်တွင် နတ်နှင့်နတ်မိစ္ဆာဓား ခုတ်ချက်တစ်ထောင်ကို သင်ကြးပေးသည့် သူမ၏ဆရာဖြစ်နေသည်။
“ဆေးတောင်ကြားက ဧည့်သည်တို့ ကျုပ် ခင်ဗျားတို့ကို အထင်လွဲစေမိ ပြီ၊ ကျုပ်စားပွဲထိုးပြောသလိုပဲ အရင်လာတဲ့သူကို အရင်ဧည့်ခံတာက အခြေခံပါ ပဲ၊ ပြီးတော့ အဲဒါက ခင်ဗျားတို့ခွန်အားနဲ့မဆိုင်ပါဘူး” မြေကြီးကို ရိုက်မိသော သစ်သားဖိနပ်သံသည် တဖြည်းဖြည်း ချည်းကပ်လာသည်။ သန်မာသော လက်ဆစ်များနှင့် လက်တစ်ဖက်သည် ပေထင်းဟွမ်ရှေ့သို့ ဆန့်တန်းလာသည် “ပြီးတော့ ဒီလူငယ်က ကျုပ်ရဲ့ကျောင်းသားပါ၊ သူက ဒီကဧည့်သည်မဟုတ်ပါ ဘူး နားလည်ပေးကြပါ”
အားလုံး၏မျက်လုံးများသည် ပေထင်းဟွမ်နှင့် နှင်းဖြူရောင်ဝတ် အမျိုးသားဆီသို့ တလှည့်စီကြည့်နေကြရာ အံ့ဩနေကြသည်မှာ ထင်ရှားလွန်း သည်။ ဆေးတောင်ကြား၏အကြီးအကဲကြီးသည် ရုတ်တရက် မျက်လုံးပြူး ကျယ်သွားပြီး ပေထင်းဟွမ်အား မယုံနိုင်စွာကြည့်ကာ ထိုအမျိုးသားအား ထစ်ထစ်ငေါ့ငေါ့နှင့်ပြောလေသည် “သခင်ကြီးလန်ချန်းမို၊ ခင်ဗျားရဲ့ ကျောင်းသားလား၊ သူက ပေထင်းဟွမ်များလား”
ပေထင်းဟွမ်သည် မပြေပြစ်စွာခေါင်းလှည့်ကာ လန်ချန်းမိုအား ကြည့် လိုက်သည်။ ဓားနှစ်ချောင်းကဲ့သို့ မျက်ခုံးများသည် တောင်များကဲ့သို့ နတ်အလင်းများ တွဲလွဲခိုလျက်ရှိသည်။ နက်မှောင်သောမျက်လုံးများသည် ပင်လယ်ကဲ့သို့ နက်ရှိုင်းသည်။ သူသည် နူးညံ့ပြီး တောင်တစ်လုံးကဲ့သို့ ထူထဲ သည်။ သူသည် ပေထင်းဟွမ်အား ပြုံးပြီးကြည့်လေသည်။ ပေထင်းဟွမ်၏ မျက်လုံးထဲတွင် မြူခိုးများပေါ်လာသည်ကိုမြင်သည်နှင့် ခေါင်းကို မတတ်သာ စွာယမ်းလိုက်ပြီ လက်မြှောက်ကာ ပေထင်းဟွမ်၏ဦးခေါင်းကို ပွတ်သပ်လေ သည် “မင်းထွက်လာတာကို ဆရာက မမှတ်မိရင်ဘယ်လိုလုပ်မလဲ မင်းရဲ့ သရုပ်မှန်ကို မထုတ်ဖော်တော့ဘူးလား”
“ဆရာ” ပေထင်းဟွမ်သည် ရေရွတ်လိုက်သည်။ ထိုအချိန်တွင် သူမ၏ ရင်ထဲမှ ခံစားချက်များကို မဖော်ပြနိုင်ပေ။ အတန်ကြာခွဲခွာရပြီးမှ ရုတ်တရက် ပြန်ဆုံခြင်းဖြစ်ရာ တာဝန်ပျက်ကွက်ပြီးနောက် အကြီးတစ်ယောက်ကို တွေ့ လိုက်ရသကဲ့သို့ သူမသည် အနည်းငယ် စိတ်လှုပ်ရှားပြီး အပြစ်မကင်းဖြစ်လာ သည်။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး တဖြည်းဖြည်းခေါင်းငုံ့သွားလေ သည်။
တကယ် ဆရာပဲ။
“အဘိုးကြီး မှတ်မိတာ မှန်ရင် သခင်ကြီးလန်ချန်းမိုရဲ့ကျောင်းသားက ဇာမဏီမြို့ရဲ့ သခင်မလား” အကြီးအကဲကြီးသည် သာမန်အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်ကို လက်ညှိုးထိုးကာ နှာမှုတ်ပြီးပြောလေသည် “ဒီမှာ အဘိုးကြီး ဟွမ်ချန်းမြို့သခင်က အရမ်းကိုလှပတာလေ ဒီလူငယ်က နည်းနည်းခွန်အားကောင်းတာကလွဲရင် သခင်ပေထင်းဟွမ်နဲ့တူတယ်လို့ကို မမြင်မိဘူး၊ သခင်လန်ချန်းမိုက တခြားတပည့်ကို ဘယ်တုန်းက လက်ခံလိုက် တာလဲမသိဘူး”
“ဟုတ်တယ် သခင်ပေထင်းဟွမ်က ချောတယ်လို့ကြားဖူးတယ်၊ ဒီလို ရုပ်ဆိုးတဲ့မကောင်းဆိုးဝါးက ဘယ်လိုလုပ် သူနဲ့ယှဉ်နိုင်မှာလဲ၊ သခင်လန်ချန်းမို လူမှားနေတာဖြစ်မယ်” ကျူထုံသည် ဤကောင်လေးကို သခင်ပေထင်းဟွမ်ဟု တစ်ခါမှမတွေးမိပေ။ သူမသည် အေးစက်စွာနှာမှုတ်ပြီး ပေထင်းဟွမ်အား အထင်သေးစွာကြည့်လေသည် “သခင်ပေထင်းဟွမ်က ယန်ချန်းကဆိုတာကို မသိတဲ့သူဘယ်မှာရှိလို့လဲ၊ သူဝတ်တာတွေအကုန်လုံးကို အကောင်းဆုံးပစ္စည်း တွေနဲ့လုပ်ထားတာ၊ အင်္ကျီပေါ်က ပန်းထိုးတွေလည်း ယန်ချန်းမြို့ဝန်နဲ့အတူတူ ပဲလေ၊ တချို့လူတွေက လိမ်လည်လှည့်ဖျားပြီး ပေထင်းဟွမ်ပါလို့ပြောရဲသေး တယ်၊ အဲဒီနည်းလမ်းကလည်း အတုအယောင်ပဲ”
ပေထင်းဟွမ်သည် နှာခေါင်းထိကာ ခေါင်းမော့ပြီး လန်ချန်းမိုအား ကြည့်လေသည်။ သူမ၏မျက်လုံးများသည် မကျေနပ်ချက်များနှင့်ပြည့်နေ၏။ သူမက ပေထင်းဟွမ်ပါလို့ ဘယ်တုန်းက ပြောလိုက်တာလဲ။ သူမက သူမပဲလေ ဟုတ်ပြီလား။