ငါ မင်းဆီက သင်ခဲ့ရုံတင်ပါ
Vol. 54 Ch. 1068
“ရူးများနေသလား” မုချင်းလင်သည် ဒေါသထွက်လွန်းသဖြင့် ရှေ့ထွက် ကာ ကျူထုံအား လက်သီးဆုပ်မြှောက်ပြလေသည် “ရှောင်ကျို့က ပေထင်းဟွမ် ပဲ၊ မင်းကိုယ်မင်း မသိတာနဲ့ပဲ တခြားသူကို လူမှားတယ်လို့မပြောနဲ့”
ခန်းမထဲတွင် တိတ်ဆိတ်သွားကာ ကျူလင်တစ်ယောက်သာ မှင်တက်နေ ပြီး မျက်မှောင်အနည်းငယ်ကြုတ်ကာ ခေါင်းလှည့်ပြီး အကြီးအကဲအားမေးလေ သည် “ဇာမဏီမြို့သခင်က မဟာမိတ်အင်ပါယာရဲ့ခေါင်းဆောင်မလား၊ သူက ဝိညာဉ်ဂိုဏ်းလား”
“ဟုတ်တယ်” အကြီးအကဲသည် ပေထင်းဟွမ်အား အထင်သေးစွာကြည့် ပြီး လန်ချန်းမိုအားပြောလိုက်သည် “သခင်လန်ချန်းမို ဒီကောင်လေးလိမ်တာ မခံနဲ့၊ သူက ပေထင်းဟွမ်လည်းမဟုတ်ဘူး သူ့ခွန်အားက ဝိညာဉ်ဂိုဏ်းလည်း မဟုတ်ဘူး”
ပေထင်းဟွမ်သည် အဆင့်တစ်ခုရောက်နေပြီဟု မပြောချင်သော်လည်း ပြောရသေးသည်။
“တကယ်လား ရှောင်ကျို့ မင်းက ဆရာ့ထက်တောင် သန်မာနေပြီလား” လန်ချန်းမိုသည် လက်မြှောက်ကာ ပေထင်းဟွမ်၏ ဦးခေါင်းကိုပွတ်သပ်လိုက် ၏ “မင်း ဆရာနန်လင်းကို ပို့ခိုင်းလိုက်တဲ့လက်ဆောင်ကို ဆရာရပြီးပြီ ဆရာက မင်းကို ကျေးဇူးတင်နေတာ၊ ရှောင်ကျို့မရှိရင် ဆရာအဆင့်တက်ဖို့ခက်နေဦး မှာ”
မှန်သည်။ အဆင့်တန့်နေခြင်းပင်။ ပြည်မကြီးတွင် စွမ်းအားများ တစ်နေ ခြင်းပင်။ နှစ်ပေါင်းများစွာတွင် ဤအဆင့်တွင် တန့်နေပြီး နောက်ဆုံးတော့ အသက် ၅၀၀ တွင် သေဆုံးသွားသည့် ဓား ၉ လက် ဝိညာဉ်ဂိုဏ်းသခင်များ မည်မျှများသနည်း။
ပေထင်းဟွမ်၏မျက်လုံးများ အရောင်လက်လာသည်။ သူသည် လန်ချန်းမိုအား အပေါ်အောက်ကြည့်လေသည်။ ဝိညာဉ်ခွဲဆေးကိုသောက်ပြီး သည့်နောက် သူ နတ်ဘုရားအဆင့်သို့တက်သွားသည်ကို သိလိုက်ရသည့်အချိန် တွင် အလွန်ပင်ပျော်ရွှင်မိလေသည်။ သူသည် ပျော်ရွှင်သောခံစားချက်ဖြင့် ပြုံး လိုက်သည်။ သူသည် ခေါင်းခါလိုက်သည် “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ နတ်ဘုရား အဆင့်တက်သွားတာလား”
“နတ်ဘုရားအဆင့်ကို မတက်ဖူးဘူးမလား၊ ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ” ချူဖုန်းသည် နှစ်ပေါင်းသောင်းချီ အေးစက်ခ့လျှင် ကျူလင်သည် နှစ်ပေါင်းသိန်း ချီက ရေခဲတုံးကြီးဖြစ်လိမ့်မည်။ ထိုအချိန်တွင် သူ၏အေးစက်မှုနှင့် အမှုမထား သည့် ပုံရိပ်သည် ပျက်သွားကာ ထိတ်လန့်လုနီးပါးဖြစ်သွားကာ ထခုန်လေ၏ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ အဲဒါကနတ်ဘုရားအဆင့်မှမဟုတ်တာ ဘယ်လို လုပ် ကောင်းကင်နဲ့မြေကြီးစွမ်းအားကို ရွှေ့ပြောင်းနိုင်တာလဲ”
သူ့မျက်လုံးများ မျက်ဖြူစိုက်နေသည်ကိုကြည့်ရသည်မှာ ဖုတ်ကောင်နှင့် တူသည်ဟု ပေထင်းဟွမ်ခံစားမိသည်။ သူသည် ခပ်ပေါ့ပေါ့ပင်ကြည့်ပြီး သာမန် ကာလျှံကာပြောလေသည် “နတ်ဘုရားအဆင့်ကမှ ကောင်းကင်နဲ့မြေကြီး စွမ်းအားကို ရွှေ့ပြောင်းနိုင်တာလို့ ဘယ်သူပြောလဲ၊ မင်းက အဲလိုလုပ်ရတာ ကြိုက်တာထင်တယ်၊ ငါလည်း သတ်မှတ်ထားတဲ့အတိုင်းလိုက်သွားတာပဲ အဲလောက်မခက်ပါဘူး”
ဘုန်း
ကျူလင်၏ ခြေထောက်များ ပျော့ခွေသွားကာ ဘေးသို့လဲလေသည်။ ကံကောင်းစွာပင် သူသည် ခြေမြန်လက်မြန်ရှိသဖြင့် ဘေးမှတိုင်ကို ထောက် ထားလိုက်နိုင်သည်။ သို့သော် သူ့ခေါင်းသည် တိုင်နှင့်ရိုက်မိလေသည်။ ထိုကိစ္စ သည် မည်မျှပင် ရှက်စရာကောင်းလှသနည်း။
အကြီးအကဲကြီးသည် ပေထင်းဟွမ်အား ခက်ထန်စွာကြည့်ပြီးနောက် အမြန်ပင် လက်ဆန့်ထုတ်ပြီး ကျူလင်အား ဆွဲထူကာ စိုးရိမ်တကြီးမေးလေ သည် “သခင်ကျူလင် အဆင်ပြေရဲ့လား”
မည်သို့အဆင်ပြေမည်နည်း။ ကျူလင်သည် လူများကို ရိုက်နှက်ဖူး သော်လည်း ယခုကဲ့သို့ အရိုက်ခံရခြင်းကို မတွေ့ဖူးပေ။ ကျူလင်သည် ပေထင်းဟွမ်အား အမှန်တကယ်ပ် လက်မသုံးချောင်းထောင်ပြချင်သော်လည်း လက်နှစ်ဖက်သာရှိသဖြင့် ရှုံးသွားသလိုခံစားရသည် “ဟုတ်ပြီ အရမ်းကောင်း တယ်၊ မင်းက ပေထင်းဟွမ်ဆိုတာကို ငါ တကယ်မယုံဘူး၊ ဒါပေမဲ့ ပေထင်းဟွမ် က ရှိတဲ့ဟာတွေကို မပြောချင်ဘူးလို့ ငါ ကြားဖူးတယ်၊ လူတွေကို အားထုတ်မှု မရှိဘဲ ရိုက်ချတဲ့နည်းလမ်းကတော့ သူနဲ့တူတယ်၊ မင်းက သူပါလို့ ယုံသွားပြီ”
မည်သူမှပင် ကျူလင်၏ စကားများကိုနားမလည်ကြပေ။ ပေထင်းဟွမ် ပင်လျှင် အနည်းငယ် ရှုပ်ထွေးသွားလေသည်။ သူမသည် နှာခေါင်းပွတ်ကာ ကျူလင်အား မှင်တက်စွာကြည့်လေသည်။ သူမ ဘာလုပ်မိသနည်း။ သူ စကား ပြောချိန်တွင် ဤလူသည် ဘာကြောင့် လာထိခိုက်သနည်း။
“အစကတော့ ငါ မပြောချင်တဲ့ဟာတစ်ခုရှိတယ် ဒါပေမဲ့ မတတ်နိုင်ဘူး” ကျူလင်သည် သတ္တိမွေးကာ ပေထင်းဟွမ်အား သေနိုင်သည့်အကြည့်နှင့်မေး လေသည် “မင်းမျက်လုံးထဲမှာ ရွှေရောင်အလင်းကို ငါတွေံလိုက်တယ်၊ ဒါပေမဲ့ အဲဒါက နတ်ဘုရားအဆင့်ဆိုတဲ့ လက္ခဏာပဲ၊ မင်းက နတ်ဘုရားအဆင့်လည်း မဟုတ်ဘဲနဲ့ ဘယ်လိုလုပ်လိုက်တာလဲ”