မင်းက ငါ့ရဲ့အကြီးဆုံးပြိုင်ဘက်ပဲ
Vol. 54 Ch. 1069
ပေထင်းဟွမ်သည် ရွှေနတ်စွမ်းအင်ကို သိပ်မသိသော်လည်း မကြာသေး ခင်က အတွင်းထဲသို့ ကြည့်လိုက်ချိန်တွင် သူမ၏သွေးထဲ၌ ရွှေရောင်အလင်း ခပ်ဖျော့ဖျော့ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ ၎င်းသည် ကျူလင်ပြောသည့် အရာဖြစ်နိုင်သည်။
“အဲဒါဘာဖြစ်လဲ” ပေထင်းဟွမ်သည်သည် ၎င်းကို ကိစ္စကြီးတစ်ခုကဲ့သို့ တွေးပြီး အမှုမထားသလိုပြောလိုက်သည် “ကျွန်တော် ဝိညာဉ်သခင်ကြီးဖြစ် တုန်းက ဝိညာဉ်စွမ်းအင်က အပြာနုရောင်ဝိညာဉ်စွမ်းအင်အဖြစ်ပြောင်းသွားခဲ့ တယ်၊ အခုက ဓား ၉ လက်ဝိညာဉ်ဂိုဏ်းဖြစ်တော့ ခန္ဓာကိုယ်ထဲမှာ ရွှေရောင် စွမ်းအင်တချို့ရှိနေတယ် အဲဒါကြောက်ဖို့ကောင်းလို့လား”
ရှူး ရှူး
နွားတွန်သံကဲ့သို့ အသံထွက်ပေါ်လာရာ အားလုံးသည် အသက်ရှူရပင် ခက်လောက်အောင် ဒေါသထွက်နေသော ကျူလင်အား သနားသောမျက်လုံး များဖြင့်ကြည့်ကြလေသည်။ ပေထင်းဟွမ်ကဲ့သို့ ပြိုင်ဘက်မျိုးနှင့်တွေ့ရသည် မှာ မည်မျှကံကောင်းသနည်း။
တစ်စုံတစ်ယောက်သည် သက်ပြင်းချပြီး ခေါင်းခါကာ ပြောလိုက်သည် “အိုး သခင်ကြီးပေထင်းဟွမ်ဖြစ်နေတာကိုး၊ ကျုပ်ဖြင့်လန့်သွားတာ နောက်ထပ် စည်းဖောက်သူများ ပြည်မကြီးမှပေါ်လာတာလားလို့”
“ဟုတ်တယ် သခင်ပေထင်းဟွမ်ပြောတာဆိုရင် အကျိုးအကြောင်း မသင့် စရာအကြောင်းမရှိဘူး ဒါက ပုံမှန်ကိစ္စပဲမဟုတ်ဘူးလား”
“ဟုတ်တယ် ဘယ်လိုပဲဖြစ်ဖြစ် သခင်ပေထင်းဟွမ်ဆိုရင် ဘာလို့ အံ့ဩ နေတော့မှာလဲ”
ခန်းမထဲမှ ဆွေးနွေးမှုများကို ကြားပြီးနောက် ဒေါသထွက်နေသော ကျူလင်သည် ရူးချင်လာသည်။ သူသည် ပြဿနာရှာနေသည်ဟု ထိုလူများ ပြောနေခြင်းပင်။ ပေထင်းဟွမ် ပေထင်းဟွမ်... ပင်မတိုက်ကြီးမှာ ခြေချလိုက် တာနဲ့ အဲနာမည်က ငါ့နားထဲကို မိုးကြိုးသွားလိုဝင်လာတာ။ ဒီလူက သာမန်လူ တော့မဖြစ်နိုင်ဘူး။
အကြီးအကဲကြီးသည် ကျူလင်ပြောသည်ကို ကြားလိုက်ချိန်တွင် နားမလည်နိုင်ဖြစ်နေလေသည်။ ဤလူသည် မည်သို့များ ပေထင်းဟွမ်ဖြစ်နိုင် မည်နည်း။
“မဖြစ်နိုင်ဘူး” ကျူထုံသည် ယုံကြည်ရန်ငြင်းဆန်နေတုန်းပင်။ “ငါ သခင်ပေထင်းဟွမ်ကို မှတ်တမ်းသလင်းကျောက်မှာမြင်ဖူးတယ်၊ ဒီတိုက်ကြီး မှာ သူ့ထက်ဘယ်သူမှ ကြည့်မကောင်းနိုင်ဘူး၊ ဒီရုပ်ဆိုးဆိုးနဲ့ကောင်က ဘယ် လိုလုပ် သူလိုဟန်ဆောင်ရတာလဲ”
“တော်ပြီ” ကျူလင်သည် စိတ်ဆိုးမာန်ဆိုးနှင့် ဟောက်လိုက်သည်။ သူသည် ခေါင်းလှည့်ပြီး ကျူထုံအား မည်းနက်သောမျက်လုံးများနှင့် သေလူ တစ်ယောက်ကဲ့သို့ ကြည့်လေသည်။
အကြီးအကဲကြီးသည် ခေါင်းငုံ့သွားလေသည်။ ထိုအချိန်တွင် သူလည်း ထိုသို့တွေးနေသည်။ ပေထင်းဟွမ်သည် သန့်စင်သောမြို့ကို မီးမြှိုက်ခဲ့ကာ ငွေလမြို့တွင် စီရင်ချက်ဗိမာန်၏ ဆက်ခံသူကို သတ်ဖြတ်ခဲ့သည်ဟု ကြားခဲ့ သည်။ သူသည် မျက်နှာဖုံးဝတ်ရသည်ကို နှစ်သက်သဖြင့် လက်ရှိ မျက်နှာ ပြောင်းထားသည်မှာလည်း သဘာဝပင်။
ဝိညာဉ်ခွဲဆေးရှိသည့် သူမကဲ့သို့ ရာထူးနှင့် လူတစ်ယောက်အတွက် လက်ထဲတွင် မှော်လက်နက်တစ်ခုရှိနေသည်မှာ သဘာဝပင်။
“ကျူလင် နောက်နှစ်ရက် အဂ္ဂိရတ်အစည်းအဝေးမှာတွေ့ကြမယ်” ပေထင်းဟွမ်သည် ကျူလင်အား အရောင်လက်စွာဖြင့် တက်ကြွမှုပြည့်သော မျက်လုံးများဖြင့် ကြည့်လေသည် “ဟုတ်ပြီလေ ခင်ဗျားက ကျုပ်ရဲ့ အကြီးမား ဆုံး ပြိုင်ဘက်ဖြစ်လိမ့်မယ်လို့ ယုံတယ်”
ကျူလင်ပြောပြီးနောက်တွင် သူသည် ခေါင်းလှည့်ပြီးနောက် အပြင်သို့ ထွက်သွားလေသည်။ သူသည် ဤတည်းခိုဆောင်တွင် ဆက်နေရန်မဖြစ်နိုင် တော့ပေ။ ပေထင်းဟွမ် ဤနေရာတွင်ရှိနေလျှင် သူ့ခံစားချက်များကို တည်ငြိမ် အောင်လုပ်ရန်မဖြစ်နိုင်ပေ။ အဂ္ဂိရတ်လုပ်ငန်းစဉ်တွင် ခံစားချက်များသည် အလွန်အရေးကြီးသည်။ စစ်မြေပြင်သို့မသွားခင် စိတ်ဓာတ်ကို အကျခံ၍မဖြစ် ပေ။
အကြီးအကဲကြီးသည် အလောတကြီးပင် နောက်မှလိုက်သွားလေသည်။ သို့သော် ကျူထုံသည် ပေထင်းဟွမ်အား ခက်ထန်စွာကြည့်ပြီး ခြေထောက် ဆောင့်ကာ နောက်မှလိုက်ထွက်သွားလေသည်။
“ဆရာ အတူသွားကြတာပေါ့ ဆရာ့ကို မတွေ့တာ တော်တော်ကြာနေပြီ” ပေထင်းဟွမ်သည် လန်ချန်းမို၏လက်ကိုဆွဲကာ မုချင်းလင်နှင့်အတူ သုံးယောက်သား လှေကားပေါ် အတူတက်သွားကြလေသည်။
ခန်းမထဲတွင် အားလုံး၏မျက်လုံးများသည် ပေထင်းဟွမ် ထောင့်သို့ ပျောက်ကွယ်သွားသည်အထိ သူမ၏ကျောပြင်နောက်သို့ လိုက်ကြည့်ကြလေ ၏။ ထို့နောက် အားလုံးသည် အကြည့်လွှဲလိုက်သော်လည်း အတန်ကြာသည် အထိ စိတ်မတည်ငြိမ်နိုင်သေးပေ။ သူတို့၏ ရင်ထဲမှသူရဲကောင်းကို ဤကဲ့သို့ နေရာမျိုးတွင်တွေ့ရလိမ့်မည်ဟု မည်သူမှထင်မထားကြပေ။