အသက်ထောင်ရှည် အတူနေသွားဖို့ မျှော်လင့်ပါတယ်
Vol. 54 Ch. 1070
ထိုအချိန်မှစပြီး သခင်ပေထင်းဟွမ် အဂ္ဂိရတ်အစည်းအဝေးသို့ တက်ရောက်မည့်သတင်းသည် တောမီးသဖွယ်ပျံ့နှံ့သွားပြီး အမျိုးမျိုးသော ဆက်သွယ်ရေးသလင်းကျောက်မှတစ်ဆင့် တိုက်ကြီးတစ်ခုလုံးသို့ ရောက်သွား လေသည်။ တန့်ကာမြို့သို့ လာရောက်သူ ပိုပိုများလာသည်။ အဂ္ဂိရတ်အစည်း အဝေးမတိုင်ခင် နှစ်ရက်အလိုတွင် တိုက်ကြီးတစ်ခုလုံးရှိ ရာချီသော သိမ်းငှက် ခေါင်းခြင်္သေ့ကိုယ်သားရဲများသည် တန့်ကာမြို့သို့ သခင်ကြီးပေထင်းဟွမ်၏ အဂ္ဂိရတ်ပညာကို ကိုယ်တိုင်ကြည့်ရန် လာရောက်ကြသည်။
သေချာပေါက်ပင် ပေထင်းဟွမ်သည် ထိုအကြောင်းကိုမသိပေ။ ထိုအချိန် တွင် သူမသည် ရှန့်ကျိတည်းခိုဆောင်၏ အကောင်းဆုံးအခန်းတွင်ထိုင်ကာ ယနေ့ သူမနှင့် အငြင်း ပွားခဲ့သည့်လူငယ်အကြောင်း လန်ချန်းမို မိတ်ဆက်ပေး သည်ကိုနားထောင်နေသည်။ “ဆေးတောင်ကြားက ၃၃ ဘုံသက်တမ်းရျိပြီ၊ အဂ္ဂိရတ်ပညာကို အဓိကအာရုံစိုက်တဲ့ အဖွဲ့အစည်းတစ်ခုပဲ၊ ဆေးတောင်ကြား ရဲ့ အမြင့်ဆုံးက အားလုံးပေါင်း ကလေး ၁၃၂ ယောက်မွေးခဲ့တယ် ကျူလင်က အငယ်ဆုံးပဲ သူက အခု အသက် ၃၀၀၀ ကျော်နေပြီ”
“ဖူး အဟွတ် အဟွတ် အဟွတ်”
ပေထင်းဟွမ်သည် လက်ဖက်ရည်သောက်နေရာ လက်ဖက်ရည် အာတစ်ဆွတ်တွင် သီးသွားသဖြင့် အစားအသောက်လာပို့သော စားပွဲထိုးလေး သည် ထိတ်လန့်ကာ နောက်ပြန်ဆုတ်လေသည် “အသက် ၃၀၀၀ ကျော်တောင် လား၊ ဘယ်လိုလုပ် အသက် ၂၀ ကျော်လိုဖြစ်နေတာလဲ”
မုချင်းလင်သည် ပေထင်းဟွမ်အား ဂရုစိုက်နေကျဖြစ်သဖြင့် ဘေးမှ လက်ကိုင်ပုဝါကို ကမ်းပေးကာ ပေထင်းဟွမ်၏ကျောပြင်ကို ပုတ်ပေးနေသည်။ ရှောင်ကျို့ တစ်ခါတရံ ကြောက်လန့်သည်ကိုမြင်ရသည်မှာ ရှားပါးသဖြင့် သူမ ရယ်ချင်နေမိသည်။
“ဘယ်လိုထင်လဲ ၃၃ ကောင်းကင်ဘုံက ပင်မတိုက်ကြီးထက် အများကြီး ပိုမြင့်တယ်လေ၊ တကယ့်ဘုရင်တွေဆိုရင် နှစ်ပေါင်းသန်းချီနေနိုင်ကြတယ်၊ နတ်ဘုရားအဆင့်ကိုတက်သွားတဲ့အချိန်က လူသားတစ်ယောက်ရဲ့ အသက်အရွယ်ကို အခြေခံလေ့ရှိတယ် ကျူလင်က အသက် ၂၀ ကျော်မှာ နတ်ဘုရားအဆင့်ကိုတက်ခဲ့တယ် အဲဒါကြောင့် ဆေးတောင်ကြားမှာ အမြင့်ဆုံး ပါရမီရှင်အဖြစ်သတ်မှတ်ခံထားရတာ မဆန်းပါဘူး” လန်ချန်းမိုသည် ပြုံးပြီး ပေထင်းဟွမ်အတွက် လက်ဖက်ရည်ငှဲ့ပေးကာ ကမ်းပေးလေသည် “ဆရာက အခုမှ ယန်ချန်းကလာတာ ယန်ချန်းကလူတွေပြောနေကြတာရှိတယ်”
သူမ စကားပြောရန်အချိန်မရလိုက်ခင်မှာပင် လန်ချန်းမိုပြောလိုက်သည် ကို ပေထင်းဟွမ် ကြားလိုက်ရသည် “မန္တလာမြေမှာဖြစ်ဖြစ် ၃၃ ကောင်းကင်ဘုံ မှာပဲဖြစ်ဖြစ် အချိန်စီးဆင်းနှုန်းက ဒီထက်မြန်တယ်၊ ဘုံမြင့်လေလေ အချိန် စီးဆင်းနှုန်းမြန်လေပဲ၊ အချိန်မြန်ရင် ဆရာက နတ်ဘုရားအဆင့်မတက်ရရင် ဘာမှမဖြစ်ဘူး၊ နတ်ဘုရားအဆင့်ဖြစ်ရင် ၃၃ ကောင်းကင်ဘုံကို ဆရာသွားမယ်”
“၃၃ ကောင်းကင်ဘုံလား ဘာလို့လဲ” ပေထင်းဟွမ်သည် နားမလည်နိုင် ဖြစ်နေသည် “ဆရာက အဲဒီမှာတစ်ယောက်ယောက်ကို ရှာမလို့လား”
“ဟုတ်တယ်” လန်ချန်းမို၏ မျက်နှာထားသည် အထူးသဖြင့် အထီးကျန် လာကာ လက်ထဲတွင် လက်ဖက်ရည်ခွက်ကိုကိုင်ထားရင်း အတွေးထဲနစ်နေ သကဲ့သို့ ပြတင်းပေါက်ဆီသို့ အတန်ကြာအောင် ငေးကြည့်နေလေသည်။
အကြောင်းအရင်းတချို့ကြောင့် ဤကဲ့သို့အေးစက်ပြီး လျစ်လျူရှုတတ် သောအသွင်အပြင်ကို မြင်လိုက်ရချိန်တွင် ပေထင်းဟွမ်၏ ရင်ထဲ၌ ထိုင်းမှိုင်း သောနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ထိုခံစားချက်သည် အချစ်ရေး အချစ်ရာမဟုတ်သလို ခါတိုင်းမြင်နေကျ နှင်းဖြူရောင်အဝတ်အစားလည်း မဟုတ်ပေ။ သူမသည် အတန်ကြာအောင်စဉ်းစားပြီးနောက် မတ်တတ်ထကာ စားပွဲဆီသို့ လျှောက်သွားလေသည်။ စားပွဲပေါ်တွင် စာရွက်တစ်ရွက်ခင်းကာ စုတ်တံကိုင်ပြီး အတန်ကြာအောင်စဉ်းစားပြီးနောက် စတင်ရေးတော့လေ၏။
ရေးပြီးသည့်နောက်တွင် လေမှုတ်ပြီး စာရွက်ကိုခေါက်ကာ လန်ချန်းမို အားပေးပြီး အလေးအနက်ပြောလေသည် “ဆရာ ကျွန်တော်က ၃၃ ကောင်းကင်ဘုံကို မရင်းနှီးပေမဲ့ ကျွန်တော်နဲ့ ညီအစ်ကိုအဖြစ် သစ္စာဆိုထားတ့ ဆက်ခံသူတစ်ယောက်ရှိတယ်၊ သူမက ၃၃ ကောင်းကင်ဘုံ ကွေ့ရှိုက မိုယွိ မင်းသမီးပဲ၊ ၃၃ ကောင်းကင်ဘုံကိုသွားရင် ဘာမှလုပ်စရာမရှိရင်တော့ ရတယ်၊ တစ်ခုခုလုပ်စရာရှိရင် ဒီစာကိုယူပြီး ဧကရာဇ်မိုဆီကိုသွားလိုက်ပါ”
လန်ချန်းမိုပြန်မဖြေဘဲ တွေဝေနေသည်ကိုကြည့်ပြီး သူမသည် အလွန် ပူပန်လာသည် “ဆရာ ကျွန်တော်က မိဘတွေပျောက်သွားခဲ့တာ ဆွေမျိုးတွေ ဆုံးရှုံးရမယ့်ခံစားချက်ကိုလည်း ခံနိုင်ရည်ရှိဘူး၊ ဆရာ့မှာ သွားမှဖြစ်မယ့် အကြောင်းအရင်းရှိနေတာကိုလည်း ကျွန်တော်သိတယ်၊ ဒါပေမဲ့ ဘေးကင်းဖို့ လည်းလိုတယ် အဲလိုမှမဟုတ်ရင်...”
“ဟုတ်ပြီ” လန်ချန်းမိုသည် စာရွက်ကိုယူပြီး ဖြန့်လိုက်သည်။ စာလုံးများ သည် ရွှေရောင်ချိတ်များ နဂါးနှင့်ဇာမဏီ ပျံနေသည့် ပန်းချီကဲ့သို့ စာရွက်ပေါ် တွင် အခန့်သားရှိနေသည်။ ၎င်းသည် သူအရင်ကမမြင်ဖူးသည့်ပုံစံဖြစ်သည်။ သို့သော် အနုပညာရှင်ခံစားချက်မျိုး ချက်ချင်းဆိုသလိုရလိုက်သည်။ ရင်ထဲထိ သွားသဖြင့် လန်ချန်းမိုသည် တိတ်တိတ်လေးရွတ်မိလေသည် “တောက်ပတဲ့ လက ဘယ်တော့ရောက်လာမလဲ၊ သေရည်တစ်ခွက်အတွက် ကောင်းကင်ပြာ ကို မေးမြန်းလိုက်ပါ၊ ကောင်းကင်မှာ နန်းတော်က ဘယ်မှာလဲ ဘယ်နှစ်လဲဆို တာကိုမသိဘူး၊ ငါ လေနဲ့အတူပြန်ချင်ပေမဲ့ အမြင့်ကအေးစက်နေမှာကို ကြောက်တယ်၊ ကခုန်ခြင်းက ကမ္ဘာပေါ်မှာ ဘယ်လိုအရိပ်တွေရှိနေမလဲဆိုတာ ရှာတွေ့လိမ့်မယ်၊ ဟင်္သပြဒါးအဆောင်၊ အိမ်နိမ့်နိမ့်လေးတွေ၊ အိပ်ရေးပျက်တဲ့ ညတွေကို လှည့်ကြည့်လိုက်ပါ၊ အမုန်းတရားဆိုတာမရှိဘူး ရေရှည်ဆိုတာ ဘာလဲ၊ ခွဲခွာတယ်ဆိုတဲ့အချိန်ကရော၊ လူတွေမှာ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေ ရှိကြတယ်၊ လမှာတိမ်တိုက်ရှိတယ် နေရောင်ကပိုးဖယောင်းလိုပဲ မှေးမှိန်သွား တယ်၊ ဒီကိစ္စက ရှေးခေတ်မှာဆိုခက်ခဲတယ် ဒါပေမဲ့ တစ်သက်လုံး အသက် ရှည်ရှည်နဲ့ မိုင်ပေါင်းထောင်ချီ ပျော်ရွှင်မှုတွေကို မျှဝေသွားကြမယ်”