← Chapters

အပျော်ရွှင်ဆုံးအရာ

Vol. 54 Ch. 1071

အပျော်ရွှင်ဆုံးအရာ

Vol. 54 Ch. 1071

မျှဝေကြမယ်” လန်ချန်းမို၏သွားကြားတွင် ထိုစကားလုံးများကို အတန်ကြာအောင် ဝါးနေပြီး ရင်အတွင်းထဲမှ ရုတ်တရက် ပီတိလုံးတက်လာလေသည်။ နှစ်ပေါင်းတစ်ရာ ကျော်၊ ထိုမတော်တဆမှုပြီးသည့်နောက်တွင် သူ့တွင် ခံစားချက်မရှိတော့သည့် ပုံပင်။ ထိုလူတစ်ယောက်လုံးသည် ရုတ်တရက် ငယ်ရွယ်သွားသလိုပင်။

“ဆရာ ဒါက ကျွန်တော် တခြားနေရာကနေ ကူးလာတဲ့ကဗျာပါ၊ ဒီကဗျာ ကိုယူပြီး ကွေ့ရှိုမိုယွိရဲ့ ဧကရာဇ်မိုဆီကိုသွားပါ သူ့ရဲ့ပြည်သူတစ်ယောက်က မေးပါတယ်လို့ပြောလိုက်ပါ၊ သူ ဆရာ့ကိုဂရုစိုက်ပေးမယ်ထင်ပါတယ်” ပေထင်းဟွမ်သည် ဧကရာဇ်မိုကိုမတွေ့ဖူးပေ။ သို့သော် ရှီရှောင်မိုမှတစ်ဆင့် ရှီရှောင်မို၏ဖခင် ဧကရာဇ်မိုသည် သစ္စာရှိသောအမျိုးသားတစ်ယောက်ဟု မြင် မိလေသည်။ ဧကရာဇ်မိုသည် ဤစာကိုဖတ်ပြီးနောက် စာရေးသူကိုမေးပြီး သူမ ၏ ဆရာကို ကူညီလိမ့်မည်ဟု သူမ မျှော်လင့်သည်။

အနာဂတ်တွင် ထိုကျေးဇူးကိုဆပ်ရန်အတွက် ၃၃ ကောင်းကင်ဘုံသို့ ရောက်မှပင် ပြန်ဆပ်ရန်ကြိုးစားရမည်။

“ဒီကဗျာကို တရုတ်ပြည် ဆုန်းမင်းဆက်က စူးရှီရေးခဲ့တာ၊ တရုတ်ပြည် မှာဆိုရင် စာတတ်တဲ့ကလေးက ဒီကဗျာရဲ့ တစ်ကြောင်း နှစ်ကြောင်းကို ရွတ် နိုင်ကြတယ်၊ ဧကရာဇ်မိုက ကမ္ဘာမြေကလာတယ်လို့ ရှောင်မိုပြောတယ်၊ သူမ ရဲ့ မျိုးရိုးနာမည်က တရုတ်ပြည်မှာပဲရှိနိုင်မှာ၊ ဧကရဇ်မိုဂရုစိုက်ပေးရင် ၃၃ ကောင်းကင်ဘုံမှာ ဆရာ ကောင်းကောင်းနေနိုင်မှာပါ” ပေထင်းဟွမ် တွေးနေမိ သည်။

ဤကဗျာသည် ဖတ်ပြီးနောက် နောက်ဆုံးနှစ်ကြောင်းသည် လန်ချန်းမို ကို ရင်ထဲထိသွားစေလိမ့်မည်ဟု သူမ ထင်မထားပေ။ သူသည် ခံစားချက်များ ဖြင့်ပြည့်သွားကာ မပြောဘဲမနေနိုင်တော့ပေ “ဆရာက ၃၃ ကောင်းကင်ဘုံကို သွားပြီး သားရဲတစ်ကောင်ကို သွားရှာမှာ၊ သူမက ဆရာ့ရဲ့ဝမ်းတွင်းပါသားရဲပဲ၊ အရမ်းကိုရှားပါးတဲ့သွေးသား သားရဲပဲ၊ သူမက မွန်မြတ်တဲ့ဝိညာဉ်အပျက်အစီး ပွင့်သွားတုန်းက ရောက်လာတာ၊ ဟုတ်တယ် သူမက အလိုက်ခံရပြီး အသတ်ခံ ခဲ့ရတာ၊ သူမ ရောက်လာပြီးတော့ ပြေးရင်းနဲ့ ငါ့ဓားချက်နဲ့သေလုနီးပါးဖြစ်သွား ခဲ့တာ၊ နောက်ဆုံးသေတော့မဘ့်အချိန်မှာ အသက်ရှင်ဖို့အတွက် ငါနဲ့ စာချုပ် တည်ထောင်ပြီး ငါ့ရဲ့ဝမ်းတွင်းပါသားရဲလုပ်ခဲ့တာ”

လန်ချန်းမိုသည် ငယ်ရွယ်သောအချိန်ကို ပြန်ရောက်သွားသလိုပင်။ နောက်မှ သူပြန်တွေးမိလေသည်။ သူမသည် အထွတ်အမြတ်သားရဲအဖြစ် အဆင့်တက်ခဲ့ပြီး နှစ်ကိုယ်ကြားချစ်သက်ဝင်ခဲ့ကြသည်။ ဤကဲ့သို့ချစ်ခြင်းမျိုး သည် မိသားစုများသည်းခံကျော်လွှားနိုင်သည့်အရာမဟုတ်ပေ။ သူ၏ဖခင် ရှန့်မိသားစုခေါင်းဆောင်သည် သူ့အတွက် မင်္ဂလာပွဲစီစဉ်ပေးသဖြင့် ထို အထွတ်အမြတ်သားရဲသည် သစ္စာဖောက်သွားသည်ဟုအမှတ်နှင့် ထွက်သွား ခြင်းပင်။

နှစ်ပေါင်းများစွာတွင် သူသည် တိုက်တစ်ခုလုံးကိုရှာဖွေခဲ့သော်လည်း သူမကိုရှာမတွေ့ခဲ့ပေ။ အကြိမ်ပေါင်း မရေမတွက်နိုင်လောက်ပင် ၃၃ ကောင်းကင်ဘုံသို့သွားပြီး သူမကိုရှာဖွေချင်မိသည်။ သူမနောက်သို့လိုက်ပြီး သတ်ချင်နေသည့် ရန်သူများစွာရှိသည်။ သူမသည် စိတ်ဓာတ်ခိုင်မာသဖြင့် လက်စားချေရန် သေချာပေါက် ပြန်သွားမည်ဖြစ်သည်။ သည်လိုနှင့် သူသာ နတ်ဘုရားအဆင့်သို့မရောက်လျှင် အသက် ၅၀၀ သက်တမ်းသာရှိသည်။ သူသည် ၃၃ ကောင်းကင်ဘုံသို့ တက်ရန်အရည်အချင်းမပြည့်မှီပေ။

“အသက်ရှည်ပါစေ မိုင်ပေါင်းတစ်ထောင်က တမ်းတနေမယ်” လန်ချန်းမို သည် အဆုံးကိုပြောပြီး ပျော်ရွှင်စွာပြုံးလေသည်။ သူသည် အလွန်ချောမောစွာ မွေးဖွားလာပြီး သူ၏မျက်နှာသည် သုံးလပိုင်း မက်မွန်ပွင့်ကဲ့သို့ဖြစ်နေပြီး အပြုံး သည်အလွန်ပင် တောက်ပလေသည် “ဆရာ ဒီဘဝမှာအပျော်ရွှင်ဆုံးကိစ္စက ရှောင်ကျို့ရဲ့ ဆရာဖြစ်ရတာလောက် ပျော်တာမရှိတော့ဘူး ရှောင်ကျို့က ကောင်းကင်က ပို့လိုက်တဲ့ တမန်တော်ပဲ၊ ဆရာ့ကို ဝိညာဉ်ခွဲဆေးနဲ့ မျှော်လင့် ချက်တွေပို့လိုက်တာပဲ”

ပေထင်းဟွမ်သည် ရင်ထဲနက်ရှိုင်းစွာထိမိလေသည်။ သူမ၏ လှုပ်ရှားနေ သောစိတ်သည် ထိုအချိန်တွင် ရုတ်တရက်အေးဆေးသွားကာ အသက်ရှူချောင် သွားလေသည်။ ဘေးမှ ဇာတ်လမ်းနားထောင်နေသော မုချင်းလင်သည်လည်း ရင်ထဲထိကာ မျက်ရည်များဝဲလာည် “အရမ်းကိုရင်ထဲထိတာပဲ အထွတ်အမြတ် သားရဲတွေက လူသားပုံစံပြောင်းနိုင်တယ်၊ လူသားနဲ့ အထွတ်အမြတ်သားရဲတို့ ပေါးင်းဖက်တဲ့ ဥပမာတွေလည်းအများကြီးရှိတာပဲ သခင်ကြီးလန်ချန်းမို အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးနေပါ့မယ်”

ကလေးဆန်သောစကားများသည် လန်ချန်းမိုအတွက် နှစ်ပေါင်းများစွာ အတွင်း နားဝင်အချိုဆုံးဖြစ်သည်။ လူတစ်ယောက် မည်မျှပင် သန်မာပါစေ သူ၏အချစ်ကို တခြားသူများ ချီးမြှင့်သည်ကို မျှော်လင့်ကြသည်။ လန်ချန်းမို မတ်တတ်ထကာ လက်မြှောက်ပြီး မုချင်းလင်၏ ဦးခေါင်းကို ပွတ်သပ်လိုက် သည်။

“ဆရာ စိတ်ပူဖို့မလိုပါဘး၊ ဆရာက အထွတ်အမြတ်သားရဲနဲ့ ဝမ်းတွင်းပါ စာချုပ်ရှိမှတော့ ဆရာအဆင်ပြေရင် သူမလည်းအဆင်ပြေမှာပါ၊ ဆရာပြော သလိုပဲ ဆရာတို့က တစ်နေရာတည်းမဟုတ်လို့ အာရုံမခံနိုင်တာပါ” ပေထင်းဟွမ်သည် လန်ချန်းမို၏ရှေ့တွင်ရပ်လိုက်သည်။ ပေထင်းဟွမ်သည် ခေါင်းမော့ကြည့်လေသည် “တစ်နေ့ ကျွန်တော်လည်း ၃၃ ကောင်းကင်ဘုံကို ဝင်မယ်၊ အဲအချိန်ထိ ဆရာ အထွတ်အမြတ်သားရဲကို ရှာမတွေ့ရင် အတူရှာကြ တာပေါ့”

All Chapters