← Chapters

ဆေးတောင်ကြားက အမြင့်ဆုံးသခင်ရဲ့သား

Vol. 54 Ch. 1073

ဆေးတောင်ကြားက အမြင့်ဆုံးသခင်ရဲ့သား

Vol. 54 Ch. 1073

ခဏတာအနားယူပြီးနောက် ပေထင်းဟွမ်သည် နေရာအား သေသပ် အောင်စီစဉ်လေသည်။ ဆေးသန့်စင်သည့်အခန်းမှ ဆေးအကန့်များကို ယန်ယဲ့ သည် သပ်ရပ်စွာ အမျိုးအစားခွဲထားရာ အရာအားလုံးသည် ရှာရလွယ်နေ၏။ သူမ၏လက်ပတ်နေရာသည် မည်သည့်နေရာမှလာသည်ကိုမသိသော်လည်း လတ်ဆတ်မှုကို ထိန်းနိုင်သည့်လုပ်ဆောင်ချက်သည် အလွန်ကောင်းမွန်သည်။ ဆေးပစ္စည်းများ အထဲတွင် မည်မျှကြာအောင် ထိန်းသိမ်းထားစေကာမူ ပုပ်သိုး သွားခြင်းမရှိ အစိုဓာတ်နှင့် ရောင်ဝါတို့ ယုတ်လျော့သွားခြင်းမရှိပေ။

အိုက်လန်၏လက်ထဲမှလုထားသည့် အစမရှိသည့်နွယ်ပင်ကို အဂူးမှ အိမ်အနောက်တွင် မြှုပ်ပြီးနောက် သစ်ရွက်အနည်းငယ် ထွက်လာပြီဖြစ်သည်။ သွယ်လျသောအမြစ်သည် ခေါင်မိုးဆီသို့ တက်နေပြီဖြစ်သည်။ ပေထင်းဟွမ် သည် အနည်းငယ် အံ့ဩသွားလေသည်။ နွယ်ပင်သည် ခြောက်သွေ့နေပုံပေါက် သော်လည်း နေရာထဲတွင် တစ်လမပြည့်သေးခင်မှာပင် အမြစ်တွယ်ပြီး အညှောင့်ပေါက်ကာ စတင်ကြီးထွားနေပြီဖြစ်သည်။

“တောင်ကြားက မိန်းကလေးရဲ့အသက်ကိုကယ်ဖို့ သခင်က ဝိညာဉ် ပြန်ကယ်ဆေးသန့်စင်ချင်တယ်လို့ ပြောခဲ့တာမလား၊ အခု သခင့်လက်ထဲ မှာ ရေဝိညာဉ်ရှိနေပြီ ပြီးတော့ အဆုံးမရှိနွယ်ပင်ရဲ့ သစ်ရွက်လေးရှိနေပြီ၊ သူသာ ဝိညာဉ်ပြန်ကယ်ဆေးပင်ရလာရင် ကောင်းကင်အဆင့်ဆေးပင်နဲ့ ပေါင်းပြီးတော့ ဝိညာဉ်ပြန်ကယ်ဆေး သန့်စင်လို့ရပြီ”

အဂူး၏လက်သည် အစမရှိနွယ်ပင်ကို နူးညံ့စွာသပ်နေသည်။ အဆုံးမရှိ နွယ်ပင်ကို ပေထင်းဟွမ် ငေးငိုင်စွာစိုက်ကြည့်နေသည်ကိုကြည့်ပြီးနောက် သူ ပြုံးပြီးပြောလိုက်သည် “ဒီအစမရှိနွယ်ပင်က ရင်းနှီးနေတယ်လို့ ဆရာခံစားနေရ တာလား၊ သားရဲတစ်ကောင်အနေနဲ့ လူသားတွေရဲ့ ကံကြမ္မာကို မယုံဘူး၊ ဒါပေမဲ့ အခုတော့ ယုံရတော့မယ်”

“ဘာလို့ အဲလိုပြောတာလဲ” ပေထင်းဟွမ်သည် အနည်းငယ်ရယ်ချင်သွား သည်။ သားရဲတစ်ကောင်သည် ကံကြမ္မာကဲ့သို့ စိတ်အထင်များကို ယုံကြည်ရန် ခက်လှသည်။

အဂူး၏ သွေးနီရောင်မျက်အိမ်ကျဉ်းမြောင်းသွားကာ ထိုမျက်လုံးအိမ်ထဲ တွင် ပေထင်းဟွမ်၏ တန်ပြန်ပုံရိပ်ရှိနေသည်။ “သခင် လွန်ခဲ့တဲ့နှစ်တစ်သောင်း က အစမရှိတဲ့နွယ်ပင်ရှိခဲ့တယ်၊ အဲဒါက နတ်မိစ္ဆာဧကရာဇ်က မင်းအတွက် အနောက်တောရိုင်းမှာစိုက်ထားခဲ့တာ ဟုတ်တယ် နောက်တော့ သခင်သေသွား တော့ ဝိညာဉ်လွင့်သွားတာနဲ့ အစမရှိနွယ်ပင်လည်း ခြောက်သွားတာပဲ၊ နတ် မိစ္ဆာဧကရာဇ်က ဒေါသထွက်ခဲ့တယ်၊ သူ ပတ္တမြားတိုက်ကို ဖြိုခွင်းတုန်းက ခြောက်နေတဲ့ အစမရှိနွယ်ပင်လည်း စွမ်းအားကြောင့် ကျိုးကြေသွားခဲ့တယ်၊ အစမရှိ နွယ်ပင်ကိုကြည့်ရင် အစိတ်အပိုင်းသေးသေးလေးရရင်တောင် သခင် မတော်တဆရလာလိမ့်မယ်လို့ ထင်မထားဘူး”

“တခြားသူတွေလည်း ရထားနိုင်တာပဲ” ပေထင်းဟွမ်၏လက်များသည် မြစိမ်းရောင်သစ်ရွက်များကို ပွတ်သပ်နေသည်။ အမှန်တကယ်ပင် ကောင်းကင် နှင့်မြေကြီးအသက်၏ ရတနာတစ်ပါးပင်ဖြစ်သည်။ ဤအရောင်သည် ကစဥ့်ကလျားအရင်းအမြစ်အရောင်နှင့်တူသည်။

“မဟုတ်ဘူး ကမ္ဘာပေါ်မှာ အစမရှိနွယ်ပင်က တစ်ခုပဲရှိနိုင်တယ်၊ ပတ္တမြား ကမ္ဘာက အစမရှိနွယ်ပင်ကိုပိုင်တာတစ်ယောက်ပဲရှိတယ် ဒုတိယတစ်ယောက် ဆိုတာမရှိနိုင်ဘူး” အဂူးသည် ခေါင်းခါပြီးပြောလေသည်။

“အဂူး ဆေးတောင်ကြားရဲ့ ၃၃ ကောင်းကင်ဘုံအကြောင်းပြောပြပါဦး၊ ငါ ဒီတစ်ခါ ဆေးတောင်ကြားအဆင့်ဆုံးရဲ့ အငယ်ဆုံးသားနဲ့ တွေ့ရမယ်ထင်တယ် သူ့ခွန်အားက ဘယ်လိုနေလဲ” ပေထင်းဟွမ်သည် အနည်းငယ် ညှိုးငယ်နေ သည် “ငါ့မီးတောက်က အရမ်းအားကောင်ပေမဲ့ ခွန်အားကကန့်သတ်ထားတယ် ကောင်းကင်အဆင့်ပဲရှိသေးတာ၊ ပြိုင်ဘက်က နတ်မီးရှိနေလောက်တယ်၊ ဆေး အပေါ် မီးတောက်အဆင့်သက်ရောက်မှုက မတွေးနိုင်စရာပဲ”

ပေထင်းဟွမ် ထိုသို့ဖြစ်နေသည်ကိုကြည့်ပြီး အဂူးအနည်းငယ် ရယ်ချင်မိ သည်။ သူသည် ခေါင်းကို ဖြည်းဖြည်းခါယမ်းလေသည်။ “သခင် မင်းက ကိုးရောင်အမြင့်ဆုံးမီးတောက်ကို အထင်သေးတာပဲ၊ ကိုးရောင်အမြင့်ဆုံး မီးတောက်က ကောင်းကင်နဲ့မြေကြီးမီးလိုမျိုးမဟုတ်ဘူး၊ မီးအပူချိန်ကို သခင့်ရဲ့ ခွန်အားက ကန့်သတ်ချင်သတ်ထားလိမ့်မယ် ဒါပေမဲ့ တခြားမီးတောက်တွေနဲ့ လုံးဝယှဉ်လို့မရဘူး၊ ပြီးတော့ သခင့်မှာ ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိတယ် အဆိုးဆုံးက အချိန်တန်ရင် အစမရှိနွယ်ပင်ရဲ့ သစ်ရွက်က သခင့်ကိုသတ်နိုင် လောက်တယ်၊ ဆေးက တစ်ဆင့်မြင့်သွားတာပဲ”

ပေထင်းဟွမ်သည် နားမလည်သဖြင့် မျက်မှောင်အနည်းငယ်ကြုတ်ကာ အစမရှိနွယ်ပင်အား စိုက်ကြည့်လေသည် “ဆေးသန့်စင်တဲ့နေရာမှာ ဆေးဖော် တာက အရမ်းထူးခြားတယ်၊ အမြင့်ဆုံး၊ အဓိကနဲ့ ထောက်ပံ့ပေးတဲ့ဟာတွေကို ခွဲပေးရတယ် ငါက ငါလိုချင်သလို ဆေးနည်းကို ဘယ်လိုလုပ် ပြောင်းလို့ရမလဲ”

၎င်းသည် ဆေးအာနိသင်ကို ပြောင်းလဲလိုက်သည့်ကိစ္စပင်။ ဒယ်ပြားပေါ် လာလျှင် အဘွားအိမ်ကိုပစ်လိုက်ရန် နှမြောစရာကောင်းသောအရာပင်။

All Chapters