Chapters

သခင် မင်းမှာ ဥတွေရှိလား

Vol. 54 Ch. 1074

သခင် မင်းမှာ ဥတွေရှိလား

Vol. 54 Ch. 1074

အဂူးသည် ပေထင်းဟွမ်အတွက် စိတ်မကောင်းဖြစ်မိသည်။ သူမသည် ဤကမ္ဘအကြောင်းကို သိပ်မသိသေးပေ။ သူသည် ဂရုတစိုက်ရှင်းပြလေသည် “သခင် အစမရှိနွယ်ပင်ကို သာမန်ဆေးပင်လိုမျိုး ထားလို့မရဘူး၊ အဲဒါက ကစဥ့်ကလျားနတ်အရင်းအမြစ်လိုပဲ၊ ကစဥ့်ကလျားနတ်အရင်းအမြစ်က ဖန်ဆင်းရေးရဲ့စွမ်းအင်ပဲ၊ ပြီးတော့ ဒီအစမရှိနွယ်ပင်ကလည်းအတူတူပဲ ဆေး အဆင့်တက်သွားတာန့ လူရဲ့ကိုယ်လုံးကိုယ်ပေါက်ကိုပါ ကြီးသွားစေနိုင်တယ်”

ပေထင်းဟွမ် နားမလည်မည်ကိုစိုးသဖြင့် အဂူးရှင်းပြလေသည် “သခင် မြင်တဲ့တိုင်းပဲ လူသားဘုံမှာဖြစ်ဖြစ် သားရဲမျိုးနွယ်မှာဖြစ်ဖြစ် ရှိရင်းစွဲထိုင်းမှိုင်း တဲ့ သားရဲတွေက ကမ္ဘာကိုတိုးတက်အောင်လုပ်နိုင်တယ် ဒါပေမဲ့ တကယ်တော့ အသက်တိုးများလာခြင်းက မျိုးစိတ်ရဲ့သွေးကို ယိုယွင်းလာစေနိုင်တယ်၊ လူသားတွေနဲ့ သားရဲတွေရဲ့ကျင့်ကြံမှုက ဖန်ဆင်းရေးကာလက အားကောင်း တဲ့စွမ်းအားကို ပြန်ရဖို့အတွက် သဘာဝကို ဆန့်ကျင်နေတဲ့လုပ်ငန်းစဉ်ပဲ”

ပေထင်းဟွမ်သည် ထိုအချက်ကိုနားလည်သွားသဖြင့် မျက်လုံးများ တောက်ပလာက အစမရှိနွယ်ပင်အား စိုက်ကြည့်လေသည် “မင်းပြောချင်တာ က အစမရှိနွယ်ပင်မှာပါတဲ့စွမ်းအင်က လူသားခန္ဓာကိုယ်ကို ပြောင်းလဲစေနိုင် ပြီး ကြွက်သား အရိုးတွေကို ပြန်တည်ဆောက်ပြီးတေ့ နောက်ဆုံး သဘာဝကို ပြန်ရစေတဲ့သက်ရောက်မှုရှိတယ်ပေါ့”

ထိုသို့ဆိုလျှင် အစမရှိနွယ်ပင်သည် အမှန်တကယ်ပင် စွဲလမ်းလောက် စရာပင်။

“အမှန်ပဲ၊ ဒါပေမဲ့ အစမရှိနွယ်ပင်ရဲ့ ကြီးထွားနှုန်းကအရမ်းနှေးတယ်၊ ဒီနေရာကြောင့်လားမသိ၊ သစ်ရွက်နှစ်ရွက်နဲ့နွယ်ပင်က နှစ်လတည်းမှာ ကြီးလာပေမဲ့ သစ်ရွက်ကိုပဲ ဆေးအဖြစ်သုံးနိုင်ပြီးတော့ နွယ်ပင်က ဝိညာဉ်ကိုပဲ စုနိုင်တယ်”

လက်ချောင်းအရွယ်အစားသာရှိသည့် သစ်ရွက်နှစ်ခုကိုကြည့်ပြီး ပေထင်းဟွမ်သည် အနည်းငယ်ခေါင်းကိုက်လာသလိုခံစားရလေသည်။

“သစ်ရွက်ကနှစ်ရွက်ပဲရှိတယ်၊ တစ်ရွက်ကို အဂ္ဂိရတ်အစည်းအဝေးမှာ သုံးလိုက်ရင် ဝိညာဉ်ပြန်ကယ်ဆေးသန့်စင်ဖို့ တစ်ရွက်ချန်ထားမယ်၊ တခြားဟာ တွေတော့ မေ့ထားလိုက်တော့” ပေထင်းဟွမ်သည် နဖူးကိုပြန်ရိုက်သည် “ကံကောင်းလို့ အပြင်မှာတစ်ရက်က နေရာထဲမှာ ၁၀ ရက်ဖြစ်နေလို့ မဟုတ်ရင် တော်တော်ကြာမှာပဲ”

အဂူး၏မျက်လုံးများဂနာမငြိမ်ဖြစ်သွားသည်။ သူ အမှန်တကယ်ပင် ပြော ချင်လေသည်။ သခင် မင်းမှာ ဥရောရှိရဲ့လား။ သို့သော် စစ်ပွဲဘုံနေရာတွင် အိပ်နေသေးသည့် အဘိုးကြီးကို တွေးမိပြီးနောက် အဂူးသည် မပြောရန် ဆုံးဖြတ်လိုက်သည်။

“ရှောင်ကျို့ ငါတို့မြို့ကိုဝင်တုန်းက ရှားပါးတဲ့ဆေးပစ္စည်းတွေအများကြီး တွေ့ခဲ့တာမလား၊ အပြင်ထွက်ကြည့်လိုက်ရင်ရော ငါတို့တွေ တစ်ခုခုရလာနိုင် တာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် အဂ္ဂိရတ်အစည်းအဝေးပြိုင်ပွဲ အရည်အချင်းစစ်ပွဲက လည်း မနက်ဖြန်မှလုပ်မှာပဲ အပြင်သွားရအောင်” မုချင်းလင်သည် ပေထင်းဟွမ်၏လက်ကို ဆွဲပြီး ရှေ့နောက်လွှဲလေသည်။

လော့ပေမြို့တွင် ၁၇ နှစ်နေလာခဲ့သည့် မိန်းကလေးသည် လော့ပေမြို့မှ ထွက်လာသည့်တိုင်အောင် နေဝင်တောအစွန်တွင်သာ သွားလာနေခဲ့ရသည်။ အင်ပါယာမြို့တော်သို့ရောက်ပြီးနောက် အင်ပါယာတက္ကသိုလ်တွင် ဝင်ချည် ထွက်ချည်လုပ်ခဲ့ရာမှ စီရင်ချက်ဗိမာန်မှ ကျိမင်၏ ဖမ်းခြင်းကိုခံခဲ့ရပြီးမှ ပေထင်းဟွမ်နောက်သို့ တစ်လျှောက်လုံး လိုက်ခဲ့ခြင်းဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် မုချင်းလင်သည် မိန်းကလေးတစ်ယောက်အနေနှင့် ဈေးဝယ် မထွက်ဖူးပေ။

“သွားမယ်လေ အပြင်လျှောက်ကြည့်ဖို့ ခေါ်သွားပေးမဲ့ မင်းကို အင်္ကျီလှ လှလေးတွေ ဝယ်ပေးမယ်” ပေထင်းဟွမ်သည် မုချင်းလင်ကိုခေါ်ကာ ထွက်သွားပြီးမှ အခန်းသို့ပြန်လာလေသည်။

“ငါအင်္ကျီတွေမဝယ်ချင်ဘူး၊ ငါဝယ်ချင်ရင် အင်ပါယာမြို့မှာဝယ်လို့ရ တယ်မလား၊ ဒီလိုနေရာမျိုးမှာက ဆေးပစ္စည်းတွေပဲအထူးရောင်းတာလေ” မုချင်းလင်သည် ပြုံးပြီးပြောလေသည် “ရှောင်ကျို့က အစမရှိနွယ်ပင်လိုမျိုး ကောင်းတဲ့ပစ္စည်းတွေ့ရင် ကောင်းတာပဲလေ”

ပေထင်းဟွမ်သည် မုချင်းလင်၏ နှာခေါင်းကိုဆိတ်လိုက်သည် “အစမရှိ တဲ့နွယ်ပင်က တစ်ခုတည်းရှိတာကို မင်းလည်းသိတာပဲ၊ နေရာတိုင်းမှာ ပစ္စည်း တွေ ပေါသောနေရင် ဆွဲဆောင်မှုရှိပါတော့မလား”

ပေထင်းဟွမ်တို့နှစ်ယောက် ဈေးဝယ်ထွက်မည်ဟု တည်းခိုဆောင် စီမံသူ ကြားသည်နှင့် သူတို့နှစ်ယောက်နောက်သို့ လူထည့်ပေးရန်ပြောလေသည်။ သို့သော် ပေထင်းဟွမ် ငြင်းဆန်လေသည်။ သူမသည် သူမနောက်သို့လူလိုက် လာသည်ကိုမကြိုက်ပေ။ သူမနှင့် မုချင်းလင်တို့လမ်းပေါ်သို့ ထွက်လိုက်ချိန် တွင် လူများသည် ဆူဆူညံညံနှင့် လူအုံလာကြလေသည်။