အခန်း (၁၀၇၅)
Vol. 54 Ch. 1075
“ရှောင်ကျို့ ဒီမှာအရမ်းလူစည်တာပဲ” ဈေးဝယ်ထွက်သည်ကို စိတ်လှုပ်ရှားနေသော မုချင်းလင်သည် လူထူထပ်သောလမ်းများကိုကြည့်ရင်း နှင့် သူမ၏မျက်လုံးထဲတွင် ကြောက်လန့်သောအကြည့်တစ်ခုပေါ်လာလေ သည်။ သူမသည် ဤအရာကိုမျှော်လင့်မထားသည်မှာ ထင်ရှားလွန်းသည်။
ထိုအချိန်တွင် နေရောင်သည် အနောက်သို့ဝင်သွားပြီဖြစ်ကာ မပူတော့ ပေ။ နေ့လယ်နားချိန်ပြီးနောက် လူများအားလုံး ထွက်လာကြသည်။ လမ်းပေါ် တွင် လူပိတ်နေခြင်းသည် လွန်ခဲ့သည့်နှစ်ရက်က ပေထင်းဟွမ် မြို့ကိုဝင်စက ထက် အဆပေါင်းများစွာမြင့်လေသည်။
ပေထင်းဟွမ်သည် ဈေးဝယ်ထွက်ခဲသည်။ သူမ ဆေးသန့်စင်တိုင်းတွင် ညအရှင်အိမ်တော်မှပြင်ဆင်ပေးသော ဆေးပစ္စည်းများကိုသာ သုံးလေ့ရှိသည်။ သူမ လူကိုယ်တိုင်ထွက်ဝယ်ရန် ဘာကြောင့်လိုတော့မည်နည်း။ သို့သော် ယခု အခါ လူများနေသဖြင့် နောက်ပြန်ဆုတ်ရန်မဖြစ်နိုင်ပေ။ ဆေးပစ္စည်းကောင်း ကောင်းတစ်ခုရှာနိုင်လျှင် အထူးသဖြင့် အဂ္ဂိရတ်အစည်းအဝေးတွင် အသုံးပြုရန် ရှာတွေ့လျှင် ကံကောင်းနေပြီဖြစ်သည်။
ပင်မလမ်းမကြီး၏အနားတွင် ဘယ်နှင့်ညာတွင် အရန်လမ်းနှစ်ုရှိသည်။ ထိုနေရာမှ ဆိုင်အများစုသည် ဆေးပစ္စည်းများရောင်းကြသည်။ ဆေးသန့်စင် သည့်ပစ္စည်းများရောင်းရန်လာကြသည့် အဂ္ဂိရတ်ပညာရှင်များလည်းများစွာရှိ သည်။ တချို့သောသားရဲထိန်းများသည် ထိန်းကျောင်းပြီးသား သားရဲများကို ရောင်းကြသည်။ သို့သော် အများစုသည် အဆင့်နိမ့်သားရဲများဖြစ်ကြပြီး ကြယ် ၇ ပွင့်ဝိညာဉ်သားရဲများဖြစ်ကြရာ လုပ်ငန်းမှာ တိုးတက်စသာဖြစ်သည်။
“လင်အာ မင်းလိုချင်ရင် မင်းကိုသန့်စင်တဲ့သားရဲတစ်ကောင်ပေးမယ်လေ ဒီမှာထိုင်ပြီးရောင်းပါလား မိနစ်ပိုင်းအတွင်းရောင်းနိုင်မလားဆိုတာ ကြည့်ကြ တာပေါ့” ပေထင်းဟွမ်သည် ပြုံးပြီးပြောလေသည်။
“တကယ်လား” မုချင်းလင်သည် မိန်းကလေးဆန်သည့် စိတ်ထားမျိုးရှိ သည်။ သူမသည် ဤကဲ့သို့ ပျော်ရမည့်ကိစ္စများကို အလွန်စိတ်ဝင်စားသည်။ သူမ ထိုစကားကိုကြားသောအခါ စမ်းကြည့်ရန်တက်ကြွနေသည်။ နေရာကို လှည့်ပတ်ကြည့်ပြီးနောက် ရပ်ရန်ပင်မလွယ်သည်ကိုတွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်မိလေသည်။
“ဟား ဟား တကယ်ကြီးတွေးလိုက်တာလား” ပေထင်းဟွမ်သည် သူမ၏ နှာခေါင်းကိုပွတ်လေသည် “မင်းက မဟာမိတ်အင်ပါယာခေါင်းဆောင်ရဲ့ သတို့သမီးလောင်းလေ၊ တကယ်ကြီး လူရှေ့သူရှေ့မှာ သားရဲရောင်းမလို့လား၊ မျက်နှာသာမပေးတော့ဘူးလား”
ပေထင်းဟွမ်သည် သူမကို စနောက်နေခြင်းဖြစ်သည်ကို မုချင်းလင် သိ လိုက်ရသောအခါ စိတ်ဆိုးဆိုးနှင့်ထခုန်ကာ ပေထင်းဟွမ်ဆီသို့ ပြေးသွားမည် ပြုလေသည်။ လမ်းပေါ်ရှိ အကြီးဆုံးဆေးဆိုင်ဆီသို့ လျှောက်ဝင်သွားလေ၏။
မုချင်းလင်သည် ကြယ် ၇ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်နေပြီဖြစ်၏။ ပေထင်းဟွမ်သည် ဓား ၉ လက်ဝိညာဉ်ဂိုဏ်းဖြစ်သည်။ ပေထင်းဟွမ် ဦးဆောင် ပြီး မုချင်းလင်ကို ကာကွယ်သွားရာ လူအုပ်ထဲ၌ပင် သူတို့နှစ်ယောက်သည် လူအုပ်ထဲတွင် ထင်ပေါ်မနေပေ။ လွတ်လွတ်လပ်လပ်သွားလာပြီး မည်သူမှ မရှိသလို သွားလာနေကြသည်။
ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်တို့ တံခါး ပေါက်တွင် တစ္ဆေတစ်ကောင်လိုမျိုး ပေါ်လာသည်ကိုကြည့်ပြီး တံခါးစောင့် ကောင်လေးသည် ထိတ်လန့်သွားလေသည်။ အေးစက်သောမျက်နှာနှင့် ကောင်လေးကိုကြည့်ရာ သူ့အသွင်အပြင်သည် မပြောင်မြောက်သော်လည်း ဆေးကောင်လေးသည် ပေထင်းဟွမ်တို့နှစ်ယောက်အား အလျင်အမြန်ပင် ဆိုင် ထဲသို့ ဖိတ်ခေါ်လေသည် “သခင်ကြီး ဒီဆိုင်က တန့်ကာမြို့မှာ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ဆိုင်ပါ၊ ကျွန်တော့်အဘိုးရဲ့အဘိုးရဲ့ အဘိုးကစပြီး နှစ်ပေါင်း များစွာ ဒီဆိုင်ကိုဖွင့်လာခဲ့တာပါ၊ ဒါပေမဲ့ တစ်ခါမှမလိမ်ဖူးပါဘူး၊ ဒီကိုရောက်ရင် လိုချင်တာဝယ်လို့ရပါတယ် အတုဆိုတာလုံးဝမရှိပါဘူး ရှိခဲ့ရင်လည်း အတုရဲ့ ဆယ်ဆကို ပြန်ပေးမှာပါ”
ပေထင်းဟွမ်သည် ထိုစကားလုံးများကို နားထောင်ရုံထောင်ပြီး အလေးအနက်မထားပေ။ သူမသည် ဤဆေးဆိုင်၏ အသွင်အပြင်ကို ပေါ့ပါးစွာ ကြည့်လိုက်သည်။ အပြင်မှကြည့်လျှင် ဆိုင်သည်မကြီးလှသော်လည်း အထဲမှာ အလွန်ပင် အထင်ကြီးလောက်စရာပင်။ ဆေးပစ္စည်းများကို အစီအစဉ်တကျ ထားထားသည်မှာ အလွန်သပ်ရပ်သည်။ တခြားဆိုင်များနှင့်ယှဉ်လျှင် မျက်စိ ဖမ်းစားနိုင်သည်။ နှစ်တစ်ထောင်သက်တမ်းရှိဆုင်ဟု ပြောကြရာ ပေထင်းဟွမ် သည် သံသယမဝင်မိပေ။
နှစ်ပေါင်းထောင်ချီ ရောင်းဝယ်လာသော ဤကဲ့သို့ဆိုင်မျိုးတွင် ဆိုင်၏ ရတနာတချို့သေချာပေါက်ရှိမည်ဖြစ်သည်။
ဆိုင်ပတ်ပတ်လည်ကို သာမန်ကာလျှံကာလှည့်ပတ်ကြည့်ရာ ထိုဆေး ပစ္စည်းများကိုမြင်လိုက်ချိန်တွင် ၎င်းတို့သည် ပထမအဆင့်ဝိညာဉ်ဆေးပစ္စည်း များဖြစ်သော်လည်း လက်ထဲရောက်လာလျှင် ပေထင်းဟွမ် လက်လွှတ်ချင်မည် မဟုတ်ပေ။ အလှတရားကို နှစ်သက်သည့်မိန်းကလေးတစ်ယောက်ကဲ့သို့ အဝတ်အစားဆိုင်သို့ ဝင်လိုက်သည်နှင့် ပျော်ရွှင်သွားသလိုဖြစ်နေသည်။ ပေထင်းဟွမ်သည် ထိုဆေးဆိုင်မှ ဆေးပစ္စည်းများအားလုံးနီးပါးကိုဝယ်ယူ၏။ ရှားပါးပြီး အမျိုးမျိုးသောဆေးများကို အသုံးဝင်သည်ဖြစ်စေ အသုံးမဝင်သည် ဖြစ်စေ အများအပြားဝယ်ယူလေသည်။