Chapters

အသုံးအဖြုန်းကြီးသောသား

Vol. 54 Ch. 1076

အသုံးအဖြုန်းကြီးသောသား

Vol. 54 Ch. 1076

သူမသည် ဆေးပစ္စည်းများအားလုံးကို နေရာထဲသို့ထည့်လိုက်ရာ နေရာ ထဲတွင် ဆေးပင်များဖြင့် ပြည့်သွားလေသည်။ အဂူးပင်လျှင် နေရာအား ထိန်းသိမ်းရင်း ထိတ်လန့်နေမိသည် “သခင် နေရာထဲမှာ ဆေးတွေရှိပြီးသား လေ၊ ဆေးဥယျာဉ်ထဲမှာ ဆေးပင်တွေလည်းစိုက်ထားပြီးပြီ အဆင့်နိမ့်ဆေး ပစ္စည်းတွေအများကြီးပဲ ယုန်တောင်မှမစားတာကို ဘယ်မှာသွားသုံးမှာလဲ”

ပေထင်းဟွမ်သည် နှာခေါင်းထိမိလေသည်။ သူမရဲ့ လက်တွေ့ကို ဖြတ် ပစ်ရမှာလား။ ဒါပေမဲ့ ဒါက သူမရဲ့အမှားလည်းမဟုတ်ဘူးလေ။ မုချင်းလင် သည် ရောင်ဝါကြွယ်ဝသော တိကျိုဟွမ်ကို ကောက်ယူပြီး ပေထင်းဟွမ်အား မေးလေသည် “ရှောင်ကျို့ ဒါလည်းဝယ်မှာလား”

နေရာထဲတွင် တိကျိုဟွမ်မှာ အများအပြားရှိသည်။ ပြောဖို့ရန်မလိုအောင် ပင် ဝယ်စရာပင်မလိုပေ။ သို့သော် မုချင်းလင်မေးလာရာတွင် ပေထင်းဟွမ် သည် အံကြိတ်မိလေသည် “ဝယ်လိုက်”

ဆေးဆိုင်တွင် လူများလာပြီဖြစ်သည်။ ပေထင်းဟွမ် စိတ်လွတ်လက်လွတ် ဈေးဝယ်နေသည်ကိုကြည့်ပြီး ငေးကြောင်ကြည့်နေမိကြ လေသည်။ သူတို့နှစ်ယောက်ရဲ့ အဝတ်အစားကိုကြည့်ရတာ ချမ်းသာတဲ့ပုံ မပေါက်ဘူး။ ဒီလောက်သုံးဖြုန်းတာကို သူတို့မိသားစုက သိရဲ့လား။

တချို့လူများသည် သည်းမခံနိုင်တော့ပေ။ သူတို့သည် တိုးညင်းစွာ ရေရွတ်မိလေသည်။ သို့သော် ပေထင်းဟွမ် မကြားမည်ကိုစိုးသဖြင့် တစ်ဆိုင် လုံးကြားနိုင်လောက်သည့်အသံနှင့်ပြောလေသည် “အခုခေတ်လူငယ်တွေက မိသားစုကောင်းကောင်း ဘယ်လိုတည်ဆောက်ရမလဲဆိုတာမသိဘူး၊ အောင်မြင်တဲ့ကလေးတစ်ယောက်ကို ပျိုးထောင်တာက ကိစ္စမရှိဘူး အသုံးအဖြုန်းကြီးတဲ့ ကလေးကို မပျိုးထောင်မိဖို့အရေးကြီးတယ်”

“ဟုတ်တယ် ပြီးတော့ တချို့ကလေးတွေက ရုပ်ရည်ကြည့်မကောင်းပေမဲ့ တခြားသူတွေရဲ့ အာရုံစိုက်မှုကိုလိုချင်လို့ ပိုက်ဆံတွေသုံးပြကြတယ်”

“အဂ္ဂိရတ်ပညာအစည်းအဝေးမှာ ပါဝင်ဖို့လာတယ်ဆိုရင်တောင် ဆေးပစ္စည်းတွေအများကြီးဝယ်လိုက်တာနဲ့ အဂ္ဂိရတ်အစည်းအဝေးမှာ နေရာ တစ်ခုရမှာမဟုတ်ဘူး”

...

ဝေဖန်ရေးများစွာရှိသော်လည်း တချို့လများသည် ပေထင်းဟွမ်၏ ပစ္စည်းများသိမ်းပိုက်သည်ကို အားကျနေတုန်းပင်။ သူတို့သဘောကျလျှင် ဈေးနှုန်းကိုဂရုမစိုက်ဘဲ ဝယ်ကြသည်။ ဤကဲ့သို့အကျင့်မျိုးကို ခွန်အားဖြင့် ထောက်ပံ့ပေးရမည်။

အထူးသဖြင့် ဆေးပညာရှင်များဖြစ်သည်။ ဆေးပညာရှင်၏ခွန်အားသည် သူတို့ဖော်စပ်နိုင်သည့် ဆေးအဆင့်တွင် မူတည်ရုံသာမကဘဲ သူတို့၏ ဆေး စုစည်းမှုပမာဏပေါ်တွင် မူတည်သည်။ ပေထင်းဟွမ်၏အပြုအမူသည် အနည်း ငယ် ကြမ်းတမ်းသော်လည်း အဂ္ဂိရတ်ပညာရှင်အများစုသည် ဤကဲ့သို့ ကြမ်းတမ်းသောအပြုအမူကိုလိုချင်ကြသည်။ အဂ္ဂိရတ်သခင်ဖြစ်သော်လည်း ဆေးသန့်စင်အောင်မြင်သည့်နှုန်းမှာ မမြင့်လှပေ။ တစ်ခါတရံတွင် ဆေးဖိုသုံးခု နှင့် ဆေးသန့်စင်ရန်သုံးကြသည်။ နောက်ဆုံးတွင် ဆေးဖိုမှဆေးရအောင်လုပ်ရ သည်မှာ ကံတရားပင်ဖြစ်သည်။ လက်ထဲတွင် ဆေးပစ္စည်းများစွာရှိသည်ကို မကြိုက်သည့် အဂ္ဂိရတ်ပညာရှင်မရှိပေ။

အဂ္ဂိရတ်ပြိုင်ပွဲကိုကြည့်ရန်လာကြသည့် တချို့သော မျိုးရိုးမြင့် မိန်းကလေးများသည် ပေထင်းဟွမ်၏ ထောင်လွှားသော ပိုက်ဆံသုံးဖြုန်းပုံကို ကြည့်ပြီး အားမကျသူမရှိတော့ပေ။ ပေထင်းဟွမ်နှင့်လိုက်လာသော မုချင်းလင် ကို အားကျသောမျက်လုံးများဖြင့် ကြည့်လေသည်။ ပေထင်းဟွမ်နှင့် အတူ လိုက်လာသည့် မိန်းကလေးမှာ သူတို့ဖြစ်ရန် မည်မျှမျှော်လင့်မိသနည်း။

“ဒီကောင်လေးက မျက်လုံးလှတယ်လို့ထင်လား၊ ဝိုး ငါ တကယ် အံ့ဩနေ ပြီ” မျိုးရိုးမြင့်မိန်းကလေးသည် ပေထင်းဟွမ်အား ကြယ်ရောင်လက်နေသည့် မျက်လုံးများဖြင့် ကြည့်လေသည်။

“တကယ်ပဲ ဟွန့် ဟွန့် မတရားဘူး ချောကချော၊ ပိုက်ဆံကချမ်းသာ၊ အကျင့်ကလည်းကောင်းသေးတယ် ဒီလိုကောင်းတဲ့ယောက်ျားက ဘာလို့ ငါ့ အပိုင်မဟုတ်ရတာလဲ”

“နင်က ချိတ်ချင်လို့လား ဟုတ်လား ဟုတ်လား”

ထိုမျိုးရိုးမြင့်မိန်းကလေးများသည် ရှေ့တိုးပြီးနေရာယူချင်သော်လည်း မုချင်းလင်သည် လက်သီးဆုပ်လေးကို စိတ်ဆိုးဆိုးနှင့်မြှောက်ပြကာ ထိုမျိုးရိုး မြင့်မိန်းကလေးများ၏ ပါးစပ်ကို အပိုင်းပိုင်းဆုတ်ဖြဲချင်နေမိလေသည်။ ဟင်း.. ရှောင်ကျို့က သူတို့လွမ်းလို့ရမယ့်သူလား။

မုချင်းလင်၏ ခံစားချက်အတက်အကျကို ခံစားမိပြီးနောက် ပေထင်းဟွမ် သည် ပြုံးပြီး ခေါင်းခါမိလေသည်။ လင်အာ၏လက်ရှိ ကိုယ်ရည်ကိုယ်သွေး သည် ပိုပိုပြီး တောက်ပလာသည်။ လော့ပေမြို့နှင့်ယှဉ်လျှင် သူမသည် ယုံကြည် ချက်ပိုရှိလှကာ တက်ကြွပြီး လှပလာသည်။