ငါကဆေးတွေကို စိတ်မဝင်စားဘူးလို့ ဘယ်သူပြော တာလဲ
Vol. 54 Ch. 1077
ပေထင်းဟွမ်သည် အတန်ကြာအောင် ဖြုန်းတီးနေသည်။ နောက်ဆုံးတွင် ၎င်းသည် ပတ္တမြားနှစ်ဘီလီယံကျော်သွားလေသည်။ ယန်ယဲ့ အရင် သူမကို ပေးခဲ့သည့် ပတ္တမြားထရီလီယံနှင့်ယှဉ်လျှင် ရေခဲတုံး၏ထိပ်ဖျားအရွယ်အစား သာရှိသည်။ သို့သော် ပေထင်းဟွမ်ကဲ့သို့ ဆေးဆိုင်တွင် သုံးနိုင်သူ များများစား စားမရှိပေ။
ဤကဲ့သို့ ချမ်းသာပြီး အားကောင်းသော ဧည့်သည်ဆိုလျှင် ဆိုင်စီမံသူ သည် အလေးအနက်ထားကာ ပေထင်းဟွမ်အား အရိုအသေပြုမည်ဖြစ်သည်။
အမှန်ပင် ပေထင်းဟွမ် ဆိုင်ပထမအထပ်သို့ ရောက်သည်နှင့် တာဝန်ရှိသူ ရောက်လာပြီး ပေထင်းဟွမ်ရှေ့တွင် ဦးညွှတ်ကာ ပြောလေသည် “ဧည့်သည် တော်၊ ကျွန်တော်တို့မှာ ဆေးပစ္စည်းတွေရှိပါသေးတယ် တတိယအထပ်မျာပါ၊ သခင်ကြီး ကြည့်ဖို့အချိန်ရှိလားမသိဘူး”
သေချာပေါက်ရှိသည်။ ပေထင်းဟွမ်သည် ခေါင်းကိုအသာညိတ်ကာ အပေါ်ထပ်သို့ မေးမော့ကြည့်ကာ ထိုလူခေါ်သည့်နောက်သို့ လိုက်လာခဲ့လိုက် သည်။
စီမံသူ၏အပြုအမူသည် အလွန်ပင်ကောင်းလှသည်။ လုပ်ငန်းကို နှစ်ပေါင်းများစွာလုပ်ခဲ့ပြီးနောက် ဤကဲ့သို့ဖောက်သည်မျိုးကိုမတွေ့ဖူးခဲ့ပေ။ သည်လသူ၏ဝန်ဆောင်ခမှာတော့ ပေထင်းဟွမ်၏ သုံးဖြုန်းမှုကြောင့် နှစ်တစ် ဝက်စာလောက်ရမည်ဖြစ်သည်။ သည်တစ်ခေါက်တွင် ပေထင်းဟွမ်မှ သူ့အား ဒူးထောက်ပြီး အဘိုးဟုခေါ်စေချင်လျှင်လည်း သူ တွေဝေမှုမရှိလုပ်လိုက်မည် ပင်။
သိသည့်အတိုင်းပင် တတိယအထပ်မှ ဆေးပစ္စည်းများသည် တိုက်ကြီး တစ်ခုလုံးကို ရှာဖွေပြီးနောက် ဆိုင်တွင်စုဆောင်းထားသည့် ရှားပါးဆေးပစ္စည်း များသာဖြစ်သည်။ ပေထင်းဟွမ်ကဲ့သို့ ရွှေရောင်သခင်သည် ရက်ရောသည်။ အမှန်တကယ်ရှားပါးသောဆေးပစ္စည်းဖြစ်ပါက သူမသည် တွေဝေမှုမရှိ ဝယ် မည်ဖြစ်သည်။ သူမတွင် ပိုက်ဆံမရှိစရာ အကြောင်းမရှိပေ။
ဒုတိယအထပ်သို့ ဖြတ်ပြီးနောက် ဧည့်ခန်းတွင် လူများနေပြီဖြစ်သည်။ ပေထင်းဟွမ်သည် အနည်းငယ် သိချင်သွားသည်။ ခန်းမကိုကြည့်လိုက်ရာ ကောင်တာတွင် လူများဖြင့်ပိတ်နေရာ အထဲတွင် ရောင်းသည့်အရာကို သူမ မသိနိုင်ပေ။
“သခင်ကြီး ဒီဒုတိယအထပ်ကို စိတ်မဝင်စားသင့်ဘူး၊ ဆေးတွေအကုန် ရောင်းလိုက်ပြီ ပြီးတော့ သခင့်လိုမျိုး အရည်အချင်းရှိတဲ့ အဂ္ဂိရတ်ပညာရှင်က ဆေးလိုတာမဟုတ်ဘူး ရှားပါးဆေးပစ္စည်းရှာရမှာလေ” ဆိုင်ရှင်သည် ပျာယာ ခတ်သွားက ပေထင်းဟွမ်အား အထင်ကရအဂ္ဂိရတ်ပညာရှင်အား ကြည့်လေ သည်။
ပေထင်းဟွမ်နှင့် မုချင်းလင်တို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့် ပြီး ပြုံးလိုက်ကြသည်။ ဤလူသာ သူမကိုအရင်ကမမြင်ဖူးဘဲ ပေထင်းဟွမ်ကို မသိလျှင် ဤလူသည် ပေထင်းဟွမ်၏ ပရိသတ်ဟု မုချင်းလင်နှင့် ပေထင်းဟွမ် တို့ယုံမိကြမည်ဖြစ်သည်။
“အိုး” ပေထင်းဟွမ်သည် ဘာမှမရှိသည့်မေးစေ့ကို ကိုင်ပြီး မျက်ခုံးများကို အနည်းငယ်ပင့်မြှောက်လိုက်သည် “ငါက အဂ္ဂိရတ်ပညာရှင်ဆိုတာကို ဘယ်လို သိတာလဲ၊ ငါက အထဲကဆေးတွေကို စိတ်မဝင်စားတာကိုဘယ်လိုသိတာလဲ”
ပေထင်းဟွမ်သည် အဂ္ဂိရတ်ပညာရှင်နှစ်ယောက်ကိုသာ မြင်ဖူးသည်။ တစ်ယောက်မှာ မျှော်ကြည့်ရန်မြင့်လွန်းသည့် ယန်ယဲ့ဖြစ်သည်။ ထိုလူ၏ အဂ္ဂိရတ်ခွန်အားသည် လက်ရှိပေထင်းဟွမ်ထက် ကျော်လွန်သည်။ တခြား တစ် ယောက်သည် ဦးလေးဖြစ်သည်။ ပြည်မကြီးတွင် ပေထင်းဟွမ်သည် တခြား အဂ္ဂိရတ်ပညာရှင်ကိုမမြင်ဖူးကာ သူတို့သန့်စင်သည့်ဆေးကိုလည်း မမြင်ဖူးပေ။
သူမသည် အဂ္ဂိရတ်အစည်းအဝေးသို့ ပါဝင်မည်ဖြစ်သဖြင့် ပေထင်းဟွမ် သည် ပြည်မကြီးအဂ္ဂိရတ်ပညာရှင်များ၏ ယေဘုယျအဆင့်ကိုကြည့်ရန် အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။ ဘာမှမပြောဘဲ သူမသည် ခန်းမ ဆီသို့လျှောက်သွားရာ ဆိုင်ရှင်သည် ပေထင်းဟွမ်တို့နှစ်ယောက်နောက်မှလိုက် လာပြီး သူတို့ကိုရှင်းပြန်ရန် အားထုတ်လေတော့သည်။
“သခင်ကြီး တန့်ကာမြို့မှာ အမြင့်ဆုံးဆေးကို အမျိုးမျိုးလိုချင်တယ်ဆို ရင်တော့ ကျွန်တော်တို့ဆီမှာရှိပါတယ်၊ မြင်တဲ့အတိုင်း ဒီကနေကြည့်ရင် ဆေး ဧရိယာပါပဲ၊ ပထမအဆင့်ဆေးဧရိယာ ဒုတိယအဆင့်ဆေးဧရိယာ၊ တတိယ အဆင့်ဆေးဧရိယာ၊ စတုတ္ထအဆင့်ဆေးဧရိယာဆိုပြီးရှိပါတယ်၊ ပြည်မကြီးမှာ အဂ္ဂိရတ်အစည်းအရုံးရဲ့ ဥက္ကဌကလွဲပြီးတော့ အခြေခံအားဖြင့် ဘယ်သူမှ အဆင့် ၅ ဆေးကို မသန့်စင်နိုင်ကြဘူး၊ ဥက္ကဌနြ့ဆရာက အဆင့် ၅ ဆေး အသုတ်လိုက်ထုတ်နိုင်ဖို့ အာမမခံနိုင်ဘူး၊ အဆင့် ၅ ဆေးဝယ်ချင်ရင်တော့ အထူးလုပ်ငန်းစဉ်ကို ကျော်ဖြတ်ဖို့လိုပါတယ်” တာဝန်ရှိသူသည် လျှောက်သွား ကာပြောရင်းနှင့် ပေထင်းဟွမ်၏မျက်နှာထားကို အာရုံစိုက်ထားသည်။ သူမသည် အားပါးတရနားထောင်ပြီး တစ်နေရာလုံးကို သွားရည်ကျနေသည် ကိုမြင်နေရသည်။