Chapters

ဘာဆေးမှမရှိတာကို ဘယ်လိုသိတာလဲ

Vol. 54 Ch. 1078

ဘာဆေးမှမရှိတာကို ဘယ်လိုသိတာလဲ

Vol. 54 Ch. 1078

“ဒီလိုပြောရမျာပေါ့ ဒီမှာ အမြင့်ဆုံးဆေးအဆင့်က အဆင့် ၄ ပေါ့” ပေထင်းဟွမ်သည် တအံ့တဩနှင့် ခေါင်းကိုအသာခါယမ်းမိလေသည် “ဒီမှာ ကမ္ဘာမြေဝိညာဉ်ဆေး ဒါမှမဟုတ် ကောင်းကင်ဝိညာဉ်ဆေးများရှိလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သခင်ကြီး အဲဒါတွေက ဒဏ္ဍာရီဆေးတွေပါ၊ ပြည်မကြီးမှာ နှစ်ပေါင်းသောင်းချီပေါ်မလာတဲ့ အဆင့်တက်ရာမှာ ထောက်ပံ့ တဲ့ဆေးတွေပဲ” ဆိုင်ရှင်သည် ချဲ့ကားပြုံးကာ ပြောလေသည် “သခင်ကြီးမှာရှိ ရင် ကျွန်တော်တို့ကတောင် ဈေးမြင့်မြင့်ပေးပြီး ဝယ်ချင်ပါတယ်”

ပေထင်းဟွမ်သည် ထိုလူအား အထင်သေးစွာကြည့်လိုက်သည်။ သူသည် စီးပွားရေးသမားဖြစ်ကာ အလွန်ပင် ကောက်ကျစ်ပြီး စကားပြောချိုသည်၊ ဆူး များသည်။ အရောင်းအဝယ် ကောင်းကောင်းလုပ်နိုင်သည်။ သူမသည် သူ၏ စကားများကို အနည်းငယ်ယုံရန်ပင် ပျင်းလှသည်။ ထို့အပြင် သူသည် သူမ၏ စိတ်ထဲတွင် ထည့်ထားရန်မလိုသည့် သာမန်လူသာဖြစ်သည်။

သို့သော် မုချင်းလင်သည် အလွန်ပင်စိတ်မကောင်းဖြစ်သွားလေသည်။ သူမသည် ကောင်တာအတန်းလိုက်ကို ညွှန်ပြပြီး ရှေ့နောက်လျှောက်နေသည် “ဟင်း ဘာအဓိပ္ပာဘ်လဲ အဆင့်တက်စေတဲ့ ဒီဆေးတွေကိုမရရင် ဒီတိုက်ကြီးမှာ ဟွမ်ချန်းကလူတွေက စားဖို့မရှိတော့ဘူးလို့ ဆိုလိုတာလား”

ဆိုင်ရှင်သည် ပြုံးထားသော်လည်း မျက်လုံးများမှာအေးစက်နေကာ ရယ်ရယ်မောမောဖြင့် ပြောလေသည် “သခင်ကြီး ဒါတွေက ဟွမ်ချန်းကလာ တယ်လို့ပြောတယ်နော်၊ ဟွမ်ချန်းကလူတွေက ဘယ်လိုလုပ် သခင်ကြီးနဲ့ ကျွန်တော်တို့လို သာမန်လူတွေဟုတ်ပါ့မလဲ၊ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ၊ ဇာမဏီမြို့ကို ဇာမဏီမြို့လို့မခေါ်တော့ဘူးလေ မဟာမိတ်အင်ပါယာလို့ခေါ် နေကြပြီ၊ ဒီတိုက်ကြီးမှာ ဇာမဏီမြို့ကလူတွေကလွဲပြီး ဒီလိုဆေးစားနိုင်တဲ့သူ ရှိတယ်လို့ ကြားဖူးလား”

“သခင်ကြီးနဲ့ကျွန်တော့်လို သာမန်လူဆိုတာ ဘာလဲ” မုချင်းလင်သည် ထိုစကားကြားသောအခါ နားမလည်တော့သည့်အလား မျက်လုံးများပြူးကျယ် လာသည်။ သူမသည် ဟွမ်ချန်းမြို့ကလာခြင်းဖြစ်သည်။ ယခုအခါ အထင်သေး ခံနေရတုန်းပင်။

“မင်း မင်း ဘာအဓိပ္ပာယ်လဲ၊ မင်းက လူကိုအထင်သေးတာလား” မုချင်းလင်သည် စိတ်ဆိုးဆိုးနှင့်ရယ်မောလေသည် “ငါ့မှာ ဒီဆေးမရှိတာကို ဘယ်လိုသိတာလဲ”

မုချင်းလင်အော်လိုက်ချိန်တွင် ဒုတိယအထပ် ဧည့်ခန်းမှလူများအားလုံး လှမ်းကြည့်ကြလေသည်။ ဤသက်ရောက်မှုသည် မကောင်းလှပေ။ ဆိုင်ရှင် သည်ရုတ်တရက် မူးဝေသလိုခံစားရကာ ဤမိန်းကလေးသည် အကျိုးအကြောင်းမသင့်ဟု ရုတ်တရက်ခံစားလိုက်ရသည်။ သို့သော် သူသည် မုချင်းလင်အား အလွယ်တကူ မပြစ်မှားရဲသဖြင့် ပြောရုံသာတတ်နိုင်လေသည် “သခင်ကြီး မင်းမှာ တစ်လုံးရှိရင် ရောင်းဖို့လည်းဆန္ဒရှိရင် ကျွန်တော်တို့က ဈေးမြင့်မြင့်နဲ့ဝယ်ချင်ပါတယ်”

ပြည်မကြီးတွင် အဆင့်တက်စေသည့်ဆေးကို မလိုချင်သူမရှိပေ။ ထိုဆေး ဤနေရာတွင်ပေါ်လာသည်နှင့် ဤဆိုင်သည် ပြည်မကြီးတွင် နာမည်ကြီးလာ နိုင်သည်။ သို့သော် ထိုကိစ္စသည်မဖြစ်နိုင်သည်ကို သခင်သိထားရမည်။ သူသည် မုချင်းလင်၏ပါးစပ်ကို ပိတ်ရင် ထိုအကြောင်းအရာကို သုံးလိုက်ခြင်းပင်။

သို့သော် အဆင့်တက်စေသည့်ဆေးကို ထုတ်ပြီးရောင်းရန် မုချင်းလင် အတွက်မဖြစ်နိုင်ပေ။ ၎င်းကို ရှောင်ကျို့ကိုယ်တိုင် သန့်စင်ထားပြီး ပိုက်ဆံနှင့် ရောင်းရန် မည်သူမှ အရည်အချင်းမရှိပေ။

ဒုတိယအထပ်ရှိ ခန်းမကို လှည့်ပတ်ကြည့်ရာ ဆိုင်ရှင်ပြောသလိုပင် အဆင့် ၄ ဆေးသည် အမြင့်ဆုံးဖြစ်သည်။ အဂ္ဂိတ်နည်းပညာများသည် ခက်ထန် သော်လည်း တိုက်ကြီးတစ်ခုလုံးရှိ အဂ္ဂိရတ်အဆင့်ကို ကိုယ်စားမပြုပေ။ ထို့အပြင် အဂ္ဂိရတ်အစည်းအရုံးမှ စစ်မှန်သည့်သခင်များနှင့် ဆေးတောင်ကြားမှ လျှို့ဝှက်မိသားစု၊ ထိုလူများသည် လူအများ၏စိတ်ကိုအောင်နိုင်ရန် ဆေးကောင်းများကို သန့်စင်ခဲ့သည်မှာကြာပြီဖြစ်သည်။ သူတို့ ဈေးတွင် မည်သို့ များရောင်းမည်နည်း။

ပေထင်းဟွမ်သည် အနည်းငယ် စိတ်ပျက်သွားသဖြင့် မုချင်းလင်၏ လက်ကိုဆွဲကာ တတိယအထပ်သို့ တက်သွားလိုက်သည်။

တတိယအထပ်သည် တခြားကမ္ဘာဖြစ်သည်။ ခန်းမသည် အနည်းငယ် သေးငယ်သော်လည်း ကောင်တာတိုင်းကို ရိုးရှင်းစွာတည်ဆောက်ထားပြီး နားနေခန်းကို ရုံးခန်းငယ်အဖြစ် သက်တောင့်သက်သာ တည်ဆောက်ထား သည်။ ရုံးခန်းငယ်အတွင်းတွင် ဆက်သွယ်ရသည်မှာ လုံခြုံသည့်ခံစားချက်မျိုးရ စေသည်။