ဗလက္ကာရလုပ်ခြင်း
Vol. 54 Ch. 1080
ထိုမိန်းကလေးသည် စကားပြောရင်းနှင့် ဆိုင်ရှင်၏လက်ထဲမှ ဆေးဆီသို့ လက်ဆန့်ထုတ်လေသည်။ ဆိုင်ရှင်သည် ရင်ထဲထိသွားသဖြင့် ငိုချင်လာသည်။ အဆုံးတွင် ဆေးပစ္စည်းများ မည်သူဝယ်သွားသည်က အရေးမကြီးပေ။ အရေး ကြီးသည်က ဆေးပစ္စည်းများရောင်းပြီးနောက် သူ ရလာမည့် ဝန်ဆောင်ခပင် ဖြစ်သည်။ ၎င်းသည် လက်တွေ့ပင်ဖြစ်သည်။
ဆိုင်ရှင်သည် လွှတ်တော့မည်အပြုတွင် လက်ကောက်ဝတ်မှ အေးစိမ့်မှု ကိုခံစားလိုက်ရသဖြင့် ရုတ်တရက်ခေါင်းမော့လိုက်ရာ ပေထင်းဟွမ်၏ စူးရှ သောမျက်လုံးများသည် သူ၏လက်ကောက်ဝတ်ကို စိုက်ကြည့်နေသည်ကို မြင် လိုက်ရသည်။ ဆိုင်ရှင်၏ကျောပြင်တွင် ချွေးအေးများထွက်လာသည်။ သူသည် သံသယပင်မရှိတော့ပေ။ သူလွှတ်လိုက်သည်နှင့် လက်ကိုဆုံးရှုံးလိုက်ရတော့ မည်ဖြစ်သည်။
မသိစိတ်မှ ဆိုင်ရှင်သည် သူ၏လက်ကို ဆက်ရှိရန်ရွေးချယ်လိုက်သည်။ သူသည် လက်ထဲမှ ဆေးပစ္စည်းများကို တင်းကြပ်စွာကိုင်လိုက်သည်။ မိန်းကလေး၏လက်သည် ဆေးပစ္စည်းကို ကိုင်ထားပြီးဖြစ်သော်ငြား သူသည် နောက်ဆုတ်လိုက်သည်။
“ခစ် ခစ်” ထိုအရာကိုကြည့်ပြီး မိန်းကလေးသည် ဒေါသမထွက်ဘဲ ပါးစပ်ကို ကာကာ ရယ်မောလေသည်။ ထိုအစား သူမသည် သူမ၏မြင့်မြတ်မှု ကိုပြသလေသည်။ သူမသည် ပေထင်းဟွမ်ဆီသို့လျှောက်သွားပြီး မြောက်ဘက် ကိုမျက်နှာမူလိုက်သည်။ ပေထင်းဟွမ်သည် လက်ဆန့်ထုတ်လိုက်သည် “မောင်လေး ဘာတွေအဲလောက် စိတ်အားထက်သန်စွာနဲ့လုပ်နေတာလဲ၊ အစ်မ ကြီးက မင်းကောင်းဖို့အတွက်လုပ်နေတာမဟုတ်ဘူးလား၊ ပြောပါဦး မင်းမဝယ် ရင် ဒီဆိုင်ရှင်က မင်းကိုလွှတ်ပေးမှာတဲ့လား”
ဆိုင်ရှင်သည် အမှန်တကယ်ပင် ငိုချင်လာသည်။ ဆေးပစ္စည်းများကို ကိုင်ရင်း သူ့တစ်ကိုယ်လုံးသည် တုန်ယင်လာသည်။ ဤဆေးပစ္စည်းဆိုင်သည် တိုက်ကြီးတစ်ခုလုံးရှိ ကုန်သွယ်ရေးအဖွဲ့သုံးခုထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ဤဆေးပစ္စည်းဆိုင်ကို စောင့်ကြပ်ထားသူများသည် မည်မျှပင် မြန်ဆန်စေကာ မူ ဤကောင်လေးကို အနိုင်ယူနိုင်မည်လား။ သူတို့သည် မျက်နှာချင်းဆိုင် ရင်ဆိုင်နေရသည်ကို သိထားရမည်။
ဤလူငယ်သည် ပထမတစ်ချက်ကြည့်လျှင် လူကောင်းပုံစံပေါက်သည်။ သူသည် အနည်းငယ် နောင်တရသလိုခံစားရသည်။ သူသည် လောဘအတွက် လူများကို အပြစ်မှားသင့်ပေ။ သို့သော် ကုန်သွယ်ရေးဥက္ကဌကိုဆန့်ကျင်ပြီး ဤ လူငယ် ပတ္တမြားနှင့် ပေးရမည်ကို သဘောမတူရဲပေ။
မိန်းကလေး၏ ခပ်ပြည်ပြည့်လက်သည် အရိုးမရှိသကဲ့သို့ ပေထင်းဟွမ်၏ မေးစေ့ဆီသို့ရွေ့လျားသွားသည်။ သို့သော် လက်ချောင်း ၁၀ ချောင်း၏ အထက် တွင် အစိမ်းရောင်ဆိုးထားသော လက်သည်းများကို ရှင်းလင်းစွာမြင်နေရသည်။ ၎င်းကို အရောင်မဲ့အမှုန့်တစ်မျိုးနှင့် ခြယ်ထားပြီး ငါးညှီနံ့မဖြစ်စလောက်ရ သလိုပင်။
ထိုအဆိပ်သည် လူကို သေစေနိုင်သည်။ ပေထင်းဟွမ်သည် ထိုအဆိပ်ကို အနည်းငယ်ထိမိသည်နှင့် တွေဝေမှုမရှိ အနာဖြစ်သွားနိုင်သည်။
တခြားသာမန်ယောက်ျားမျိုးဆိုလျှင် မိန်းကလေး၏ ဆွဲဆောင်မှုရှိသော မျက်လုံး၊ အသွင်အပြင်နှင့် လှုပ်ရှားမှုများကိုကြည့်ပြီး တုံးအစွာဖြင့် ချည်းကပ်ခံ မည်ဖြစ်သည်။ ကံမကောင်းစွာပင် ဤမိန်းကလေးသည် ပေထင်းဟွမ်ကို ရင်ဆိုင်နေရခြင်းပင်။
“မင်းက အဝေးကနေ ညွှန်ပြတာ ဒီလက်ကိုမလိုချင်တော့ဘူးထင်တယ်” ပေထင်းဟွမ်၏အသံသည် ရေခဲကဲ့သို့အေးစက်နေပြီး မျက်လုံးများသည် ဓား တစ်ချောင်းကဲ့သို့ ထက်ရှနေကာ မျက်လုံးများသည် ထိုမိန်းကလေး၏ လက် ချောင်းအား များစွာသောဓားပျော့ကဲ့သို့ ရစ်ပတ်လေသည်။
မိန်းကလေးသည် ထိုအချိန်တွင် တွေဝေသွားသော်လည်း ပြုံးပြီး သူမ၏ လက်ကို ပြန်ရုတ်လေသည်။ သူမသည် မျက်နှာတွင် ရှက်ရွံ့မှုမရှိဘဲ ဆွဲဆောင် မှုရှိသောမျက်လုံးများတွင် ကြောက်ရွံ့သည့် အရိပ်အယောင် တချို့ရှိနေသည်။ “မောင်လေးက တော်တော် ကြမ်းတာပဲ ငါက လုကျီပါ ငါ့ကို မောင်လေးကို ကူညီဖို့ လူတစ်ယောက်ကလွှတ်လိုက်တာ မောင်လေးက ကျေးဇူးမတင်တတ် ဘဲနေလိမ့်မယ် လို့ထင်မထား”
ပေထင်းဟွမ်သည် လုကျီထွက်လာသည့်အခန်းကိုကြည့်ပြီး အေးစက်စွာ ပြောလိုက်လေသည် “တန့်ကျီကုက သူ့ကိုယ်သူအရင်ဂရုစိုက်သင့်တယ်၊ သခင်လေးရဲ့ကိစ္စတွေကို အာရုံထားဖို့မလိုပါဘူး၊ ဒီဆေးပစ္စည်းကို ငါ မတတ်နိုင် ရင်တောင် ဒီတိုက်ကြီးက ဘယ်သူမှလိုချင်မှာမဟုတ်ဘူး”
“လေကြီးလိုက်တာ မင်းမလိုချင်တာနဲ့ ဘယ်သူမှမလိုချင်တော့ဘူးတဲ့ လား” လုကျီသည် ပေထင်းဟွမ်၏စကားကို ကြားလိုက်ရချိန်တွင် မျက်နှာမှာ အနည်းငယ် မသက်မသာဖြစ်သွားလေသည်။ အခန်းငယ်ထဲတွင် ထိုင်နေသူ လူ အနည်းငယ်ရှိသည်။ တန့်ကာမြို့တွင် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ မင်းသား လေးနှင့် ရှီရှောင်မိုမှလွဲပြီး တော်တော်များများလာရောက်ကြသည်။ သူမသည် ပင်မတိုက်ကြီးမှကောင်လေးတစ်ယောက်၏ နှိမ်နှင်းခြင်းကိုခံရကြောင်းကို သိ သွားကြလျှင် အရှက်ရစရာဖြစ်လေသည်။