သိုင်း ညီအစ်ကို များ။
Vol. 147 Ch. 2047
ယဲ့ဇီလင် တစ်ယောက်၊ ခြံဝင်း တစ်ခုထဲ ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။ ခြံဝ၌ အစောင့်များ တင်းကြပ်စွာ စောင့်ကြပ် နေ၏။
ဓားဂိုဏ်းသည် မြင့်မြတ်မြေ အနေ အထားမှ ပြုတ်ကျ ပြီးနောက်၊ အခြားသော ဓားတာအို မြင့်မြတ်မြေ များနှင့်၊ ကွာဟချက် တိုးလာ ခဲ့သည်။
ထို့ကြောင့် ဓားညီလာခံ တက်ရောက်ကာ၊ မည်သို့သော ရည်ရွယ်ချက် ရှိသည်ကို လင်းယွန် သိချင် လာ၏။
အစောင့် အကြပ် များကြောင့် ခိုးဝင်ရန် မလွယ်သဖြင့် သူတော်စင် တပည့် တံဆိပ်ကို ထုတ်ယူလျက်၊
“ ကောင်းကင် တာအို ဂိုဏ်းရဲ့ ... သူတော်စင် သီးသန့် တပည့် ... ယဲ့ချင်းက ဓားဂိုဏ်းရဲ့ ကိုယ်စား လှယ်တွေ ဆီကို လာရောက် လည်ပတ် ပါတယ်။ ”
-ဟု အော်ဟစ် လိုက်သည်။
ယဲ့ချင်းရှန် ဟူသော အမည်နှင့် တံဆိပ်ကြောင့် အစောင့်များ အံ့သြ သွားသည်။ ၎င်းသည် သြဇာ ကြီးမားသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပြီး၊ ကောင်းကင် တာအို ဂိုဏ်းမှ ပါရမီရှင် ဓားသမား အဖြစ် ထင်ရှား၏။
“ ယဲ့ ချင် ရှန် ... ။ ”
“ ဟုတ်တယ် ငါပဲ ... ၊ အခု ဓားဂိုဏ်းကို ဘယ်သူ ဦးဆောင် လာလဲ။ ”
“ အရိယာ တောင်ထိပ် သခင်၊ မုချွမ်ပါ။ ”
အစောင့်မှ လေးစားစွာ ပြန်ဖြေသည်။ လင်းယွန်က အကျဉ်းချုံး စဉ်းစား ပြီးနောက်၊
“ ငါ သူ့နဲ့ တွေ့ချင်တယ်၊ ငါရောက် နေတယ်လို့ အကြောင်း ကြားပေးနိုင် မလား။ ”
“ ဟုတ်ကဲ့ ခဏ စောင့်ပါ။ ”
အစောင့် လူငယ်က လင်းယွန်ကို ခဏလောက် စောင့်ခိုင်း၏။ များမကြာခင် သူ့အား လမ်းပြ ပေးတော့သည်။
ခြံဝင်းထဲ၌ လူသိပ် မရှိချေ။ စင်္ကြံလမ်း အတိုင်း ခြံအလယ်ရှိ မဏ္ဍပ် တစ်ဆောင်သို့ ဦးတည် လာ၏။
မဏ္ဍပ် အတွင်း စာအုပ်ဖတ် နေသော မုချွမ်အား မြင်သော အခါ၊ စိတ် ခံစားချက်များ လှိုင်းထ လာသည်။ လက်သီး ဆုပ်လျက် ခြေလှမ်း ကျဲကျဲနှင့် လှမ်းဝင် လိုက်၏။
“ ရွှပ် ... ။ ”
သို့သော် သူ စကား မပြောမီတွင် မုချွမ် လက်ကောက်ဝတ် တုန်ခါ သွားပြီး၊ စွမ်းအင်များ သိပ်သည်းစွာ ပါဝင်သည့် လှိုင်းတစ်ခု ထွက်ပေါ် လာသည်။
ယင်းက သူ့အား ထိတ်လန့် စေ၏။ လက်ဖဝါးထဲ စွမ်းအင်များ စုဆောင်းကာ၊ ဝင် လာသော အရာကို ဖမ်းယူ လိုက်ရသည်။
ဂုဏ်ရည် မလိုက် ဖက်စွာ၊ ပေါက်ကွဲ စွမ်းအားများ ပြည့်နှက် နေသော ပန်းတစ်ပွင့် ဖြစ်နေ၏။
“ တကယ်ပဲ ... မင်းက ဂျူနီယာ ညီလေးကိုး။ ”
မုချွမ်မှ ပြုံးလိုက်သည်။
“ တတိယ အစ်ကို ... ။ ”
ရုတ်တရက် သူ့ဆီ အလည် လာသော ယဲ့ချင်းရှန် ဟူသည့် အမည်ကြောင့် မုချွမ်မှ အံ့သြ သွားခဲ့သည်။
သို့သော် အစ်ကို ယဲ့ကူဟန်အား သတိရ သွားကာ၊ အထောက် အထားကို စုံစမ်း လိုက်ခြင်း ဖြစ်၏။
လက်ရှိ မုချွမ်သည် အမည်ခံ သူတော်စင် အထွတ် အထိပ်သို့ ရောက်ရှိ နေခဲ့ပြီး လင်းယွန် မြင်ဖူးခဲ့သော အမည်ခံ သူတော်စင် များထက် အားကောင်း လှသည်။
မရဏ မိုးကြိုး တောင်ထိပ် သခင်နှင့် တူညီသော အဆင့်တွင် ရှိချေ၏။ သူတော်စင် နယ်ပယ်နှင့် တစ်လှမ်းသာ ဝေးတော့သည်။
“ မင်း အများကြီး တိုးတက်လာတယ်၊ ကြယ်ဓား ရည်ရွယ်ချက် ကိုတောင်၊ ဆုပ်ကိုင် ထားတယ်လို့ ငါ ကြားတယ်။ ”
လင်းယွန်၏ ခွန်အားများ လျင်မြန်စွာ တိုးတက် လာသည့် အပေါ်၊ ပျော်ရွှင် အံ့အား သင့် မိ၏။
“ တတိယ အစ်ကို၊ လတ်တလော အခြေ အနေ ဘယ်လိုလဲ။ ”
လင်းယွန်မှ ခုံတစ်လုံးတွင် ဝင်ထိုင်ကာ၊ သဘာဝ အတိုင်း ဆွေးနွေး စရာများ များစွာ ထံ၊ ဦးတည် လိုက်သည်။
“ ဆရာက အပြင် မထွက် တော့ဘူး၊ ငါ သူတော်စင် ဖြစ်မှပဲ တွေ့လို့ ရတော့မယ်၊ စိတ် မပူ ပါနဲ့ ... ၊ ဆရာက တခြား သူတွေ စိတ်ကူး ထားတာထက်၊ ပိုကောင်းတဲ့ အခြေ အနေ မျိုးမှာ ရှိနေပုံ ရတယ်၊ ...
... ဒါပေမယ့် ဆရာရဲ့ ကျင့်ကြံမှုက အရေးကြီးတဲ့ အချိန် ကာလကို ရောက်နေပြီ၊ အဲဒီ ဒုက္ခကို တစ်နှစ် အတွင်း ... သူ ဖြတ်ကျော် ရလိမ့်မယ်၊ ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ် သူ နောင်တရမှာ မဟုတ်ဘူး။ ”
လင်းယွန်က မျက်မှောင်ကြုတ်ကာ၊
“ ဆရာ ပျက်ကွက် ရင်တောင်၊ နောင်တ ရစရာ မရှိ ပါဘူး၊ ဘာဖြစ် လို့လဲ ဆိုတော့ ဒါက ဆရာ ရွေးထားတဲ့ လမ်းမို့ပဲ၊ ဒါပေမယ့် တတိယ အစ်ကို ထျန်ရွှမ်ဇီက ဒီအတိုင်း ရပ်ကြည့် နေပါ့မလား။ ”
မုချွမ်၏ အပြုံးများ ပျောက်ကွယ် သွား တော့သည်။ ထျန်ရွှမ်ဇီသည် ဓားဂိုဏ်း၏ ခေါင်း ပေါ်တွင် ဆွဲထားသော (Damocles sword) ဓားနှင့် တူသည်။
(Damocles sword= ဂရိ အဆိုရ ဘေးဆိုးကြီး၏ သင်္ကေတ၊ ကပ်ဘေး။ )
“ ညီလေး ... ၊ မင်း ... ဒီကိစ္စကို သိပ် စဉ်းစားနေဖို့ မလိုဘူး၊ မင်းက ငါတို့ သခင်ရဲ့ ဝတ်ရုံကို အမွေခံ နိုင်တဲ့ သူပဲ၊ ငါတို့ ဆရာ ပျက်ကွက်ခဲ့ရင် ... မင်းကိုယ်မင်း ဆင်ဆင် ခြင်ခြင် နေပါ။ ”
“ ဘာလို့ ကျွန်တော်လဲ ... ၊ အစ်ကို ကျန့် ရှိတယ်လေ။ ”
မုချွမ်က ခေါင်းယမ်းပြီး၊
“ သူက နှစ်နှစ်ဆယ် နီးပါး ... ၊ ဖြုန်းတီးမိ ခဲ့တယ်၊ လက်ရှိ သူတော်စင် နယ်ပယ် အောက် မှာ၊ ဘုရင် တစ်ပါး ဖြစ်ပေမယ့်၊ သူတော်စင် ခြေလှမ်းကို လှမ်းဖို့၊ ခက်ခဲ လိမ့်မယ်။ ”
“ ဒါဆို ငါတို့ အစ်ကိုကြီး ကိုရော ... ဘယ်လိုလဲ၊ သူက သူတော်စင် ဘုရင် ဖြစ်ပြီး၊ (၁၀)နှစ် အတွင်းမှာ ... ၊ မဟာ သူတော်စင် ဖြစ်လာ နိုင်တယ်။ ”
“ မင်းရဲ့ အစ်ကို ကြီးက အချစ်ကြောင့် ဒုက္ခရောက် နေတယ်၊ အဲဒီ ပြဿနာ မပြေလည် နိုင်ရင် ... မဟာ သူတော်စင် တစ်ပါး ဖြစ်လာ ရင်တောင်၊ ဧကရာဇ်ဘုံ ရောက်ဖို့ လွယ်မှာ မဟုတ်ဘူး၊ ...
... ပြီးတော့ မင်းရဲ့ အစ်ကို ဖုန်းကျွယ် ကလည်း နောက်ကျတဲ့ ပန်းတစ်ပွင့်မို့ ...၊ သူ သူတော်စင် ဖြစ်ဖို့ ... ၊ ဘယ်လောက် ကြာမယ် ဆိုတာ မသိ နိုင်ဘူး။ ”
“ ဒုတိယ အစ်မရော ... သူလည်း ပါရမီရှင် ဖြစ်မယ်ဆိုတာ သေချာတယ်။ ”
လင်းယွန်က သတိရ သွားသည်။
“ ဟား ဟား ဟား ... ၊ မင်းရဲ့ ဒုတိယ အစ်မက ဘယ်သူလဲ ဆိုတာ မင်း သိရဲ့လား။ ”
မုချွမ်မှ ရယ်လျက် ပြန်မေးသည်။
“ မသိ ပါဘူး၊ ဒါပေမယ့် သူလည်း ဉာဏ်ကြီးရှင် ဖြစ်ရမယ်။ ”
“ ထားတော့ ... ၊ မင်းရဲ့ ဒုတိယ အစ်မ အခြေအနေက အရမ်း ရှုပ်ထွေးပြီး၊ ငါတို့ ဆရာ သခင်ရဲ့ ဝတ်ရုံကို သိမ်းပိုက်လို့ မရဘူး၊ မင်း သာလျှင် အသင့်လျော် ဆုံးပဲ၊ ...
... ဆရာက ငါတို့ကို ဒုတိယ သက်တံဓား သူတော်စင် မဖြစ် စေချင်ဖူးလို့ တစ်ခါက ပြောခဲ့ ဖူးတယ်၊ တပည့် တွေကို သူ့ထက် ကျော်ကြား စေချင်ပြီး၊ မင်းသာ အဲဒီ အရည် အချင်းမျိုး ရှိတယ်။ ”
ဆရာ သခင်မှ လင်းယွန် အကြောင်းကို ယခင်က ပြောပြ ဖူး၏။
“ ဒီ ဓားညီလာခံမှာ ... ကောင်းကောင်း စွမ်းဆောင်ပြီး ... ငါတို့ ဆရာ သခင် အပေါ်၊ အရှက် မခွဲမိ စေနဲ့။ ”
မုချွမ် စကားကြောင့် လင်းယွန်၏ ဆုံးဖြတ်ချက်များ ပို၍ ခိုင်မာ လာတော့သည်။ ဤဓားညီလာခံတွင် ပထမ ဖြစ်ချင်ရုံ သာမက ဒေါသအိုး ကိုလည်း၊ ရယူ ရပေမည်။
“ ယဲ့ဇီလင်ကို တွေ့ပြီး ပြီလား။ ”
“ တွေ့ တယ် ... ဒါပေမယ့် သူ ကျွန်တော့်ကို မမှတ်မိဘူး။ ”
လင်းယွန်မှ ခေါင်းညိတ်သည်။
“ မင်း ထွက်သွားပြီး ထဲက ... ၊ သူ ရူးသွပ် လုနီးပါး လေ့ကျင့်ပြီး မျိုးဆက်သစ် လူငယ်တွေ ကြားမှာ ... အသန်မာဆုံး ဖြစ်လာတယ်၊ ဒါပေမယ့် ... ။ ”
“ ဒါပေမယ့် ... ဘာဖြစ်လဲ။ ”
“ အဲဒီ ကောင်မလေးက ... နည်းနည်း လေးတော့ စွဲလန်းစိတ် ကြီးလွန်းတယ်၊ အချစ် ရေးမှာ ခံစား နေရသလိုပဲ၊ အခု သူ့နှလုံးသား ထဲမှာ ... ဓားပဲ ရှိတော့တယ်။ ”
လင်းယွန်မှ ရှုပ်ထွေးသွား သလို ခံစား လိုက်ရသည်။ သူမသည် ခံစားချက် များကို နက်နက် ရှိုင်းရှိုင်း ဖုံးကွယ် ထားတတ်သူ ဖြစ်၏။
အတိုင်း အတာ တစ်ခု အထိ၊ ယဲ့ဇီလင်သည် သူနှင့် တူ၏။ သူတို့ နှစ်ယောက် လုံးမှာ မာန ကြီးပြီး၊ ခေါင်းကို လွယ်လွယ် မညွှတ်တတ် ကြချေ။
“ မင်းရဲ့ ကိုယ်ပိုင် လက္ခဏာကို၊ သူ့ ပြောပြချင်လား၊ သူ သိရင်တော့ ပျော်မယ်လို့ ... ၊ ငါ ယုံကြည်တယ်၊ အနည်း ဆုံးတော့ အခုလို သီးသန့်ဆန် နေမှာ မဟုတ်ဘူး။ ”
ယခု အချိန်တွင် သူ့မည်သူ မည်ဝါ ဖြစ်ကြောင်း ပြောပြ ခြင်းသည်၊ သူမ အတွက် အကျိုးရှိမည် မဟုတ် သဖြင့်၊ လင်းယွန်မှ ခေါင်းယမ်း လိုက်သည်။
“ ဒါဆို ... သူ့ကို ကြည့်ခွင့် ပေးမယ်။ ”
မုချွမ်က ယဲ့ဇီလင်အား ဆင့်ခေါ် လိုက်သည်။ များမကြာမီ သူမ ရောက်ရှိ လာကာ လက်သီး ဆုပ် လျက်၊
“ တောင်ထိပ် သခင်... တွေ့ချင်ရတဲ့ အကြောင်းရင်း ရှိလို့လား။ ”
-ဟု မေးမြန်း လာသည်။
“ သူက ကောင်းကင် တာအိုဂိုဏ်းရဲ့ ယဲ့ချင်းရှန်ပဲ၊ ငါက မရဏ မိုးကြိုး တောင်ထိပ် သခင်နဲ့ ရင်းနှီးတယ်၊ ဒါကြောင့် သူ ... မင်းကို တွေ့ဖို့ ရောက်လာတာ။ ”
မုချွမ်မှ မိတ်ဆက် ပေးလိုက်သည်။
“ တောင်ထိပ် သခင် ... ၊ မိတ်ဆက် ပေး နေစရာ မလိုပါဘူး၊ သူက ထက်ရှတဲ့ ဓားသမား ဆိုတာ ဇီလင် သိပါတယ်၊ မကြာသေး မီက ကျင်းရွှမ်ယီကို သတ်ပြီး၊ ...
... ဘုရင် အဆင့် ပထမ ဆိုတဲ့ ကျော်ကြားမှုနဲ့ ... သူ့နာမည် ဆိုးကို ဖုံးကွယ် ထားတဲ့ လူပါ။ ”
ထိုစကားကို ကြားသော အခါတွင်၊ အဆင်မပြေ သော်လည်း ၎င်းနှင့် ပတ်သက်ပြီး လင်းယွန် တတ်နိုင် သည်များ မရှိချေ။
ကျင်းရွှမ်ယီကို အနိုင် မယူမီ၊ ယဲ့ချင်းရှန်၏ ဂုဏ်သတင်းသည်၊ အရှေ့ဘက် ပျက်စီးမြေ၌ လူယုတ်မာ အဖြစ် ပျံ့နှံ့ နေပြီ ဖြစ်၏။
“ ဇီလင် ဒီနေရာက မြင့်မြတ်သော ငရဲ မြို့တော် ဖြစ်တာမို့၊ မျိုးဆက်သစ် လူငယ်တွေနဲ့ ဆက်ဆံ ရမယ်၊ ရေခဲ ဧကရာဇ်ရဲ့ တပည့်က ဒေါသ အလွန် ကြီးတယ်၊ ...
... ယဲ့ချင်းရှန် ဆိုတာ ကလည်း သည်းမခံ နိုင်လောက်တဲ့ အတိတ်မျိုး ရှိကောင်း ရှိပေမယ့်၊ သူ ပြောင်းလဲ သွားပြီ၊ လူငယ် ဆိုတာ အကျိုး အမြတ် ရအောင်၊ အချင်းချင်း အပြန် အလှန် ဖလှယ် သင့်တယ်။ ”
“ တောင်ထိပ် သခင် ... အပြင် ထွက်ဖို့ ရည်ရွယ်ချက် မရှိ ပါဘူး၊ ဓား ညီလာခံ မစခင် ခြံဝင်းထဲ မှာပဲ နေချင် ပါတယ်။ ”
ယဲ့ဇီလင်မှ ပြတ်ပြတ် သားသား ငြင်းဆန် လာ၏။ မုချွမ် ခမျာ ကူကယ်ရာ မဲ့စွာ ပြုံးလိုက်မိ တော့သည်။
“ မင်းက ဘာလို့ ... ၊ အပြင် မထွက် ရဲလဲ ဆိုတာ ငါသိတယ်၊ မင်းက လူတွေကို ကြောက် နေတာပဲ၊ ပုန်းနေ ချင်တာ မဟုတ်လား၊ ...
... ဓားသမား တစ်ယောက်ရဲ့ ... နှလုံးသားမှာ အကြောက် တရားတွေ ပေါက်ဖွား လာရင်၊ သူတို့ရဲ့ အစွယ်တွေ ဆုံးရှုံး သွားပြီး၊ မင်းရဲ့ ဓားဟာ လည်း ... တုံးသွား လိမ့်မယ်။ ”
လင်းယွန် စကားကြောင့် ယဲ့ဇီလင်မှ မျက်ခုံးပင့်ပြီး၊
“ ဒါဆို ... ငါတို့ ဘာလို့ ... မစမ်းကြည့် ရတာလဲ၊ နင့်မှာ ကြယ်ဓား ဆုပ်ကိုင် ထားတယ် လို့ ... ငါ ကြားတယ်၊ ငါ့ကို တွေ့ကြုံ ခံစားခွင့် ပေးပါ။ ”
-ဟု စိန်ခေါ် လိုက်တော့သည်။
“ မင်းက ငါ့ရဲ့ ရန်သူ မဟုတ်ဘူး၊ ဒါကြောင့် ကိုယ့်ကိုယ်ကို အရှက် မခွဲပါနဲ့။ ”
လင်းယွန်မှ ပြတ်သားစွာ ငြင်းဆန် လိုက်သဖြင့်၊ ယဲ့ဇီလင် တစ်ယောက် အေးစက် လာသည်။
“ မင်း ... ငါ့ကို ဒီလို ပုံစံမျိုးနဲ့ မကြည့်နဲ့၊ အမှန်အတိုင်း ပြောနေတာ၊ ငါသာ ကူဇီကျန်းနဲ့ တွေ့ရင် ... ရှောင်ထွက် လာမှာ မဟုတ်ဘူး၊ သူ့ ရထားလုံးကို ဆွဲလာတဲ့ ... ရေခဲငှက်တောင် ငါ့ဓား တစ်ချက် ... မခံယူ နိုင်ဘူး။ ”
“ နင် ... ငါ့နောက် လိုက်နေ တာလား။ ”
“ မလိုက် ပါဘူး ... ၊ ငါ အဲဒီမှာ ရှိနေတာ၊ မင်းရဲ့ ဓားက ထက်မြက် ပေမယ့် ... နှလုံးသား ကတော့ သံချေးတက် နေပြီ။ ”
စကားဆုံး သည်နှင့် မုချွမ်အား ပြုံးပြီး နှုတ်ဆက်ကာ၊ လှည့်ထွက် လာမိ တော့သည်။
“ မင်းလို လူ တစ်ယောက်က ... ၊ ဓားညီလာခံမှာ ဘာများ စွမ်းဆောင် နိုင်မယ် ထင်လဲ၊ ရေခဲ နတ်နဂါး ဘွဲ့က ဘာမှလည်း အထင် ကြီးစရာ မရှိ ပါဘူး။ ”
“ အဲဒီမှာ ရပ်လိုက် ... ။ ”
လင်းယွန်က မဏ္ဍပ်မှ ထွက်သွားပြီ ဖြစ်သောကြောင့်၊ ယဲ့ဇီလင်မှ ပြေးလိုက် လာပြီး၊
“ ယဲ့ချင်းရှန် ... နင့်ရဲ့ ဂုဏ်သတင်းက အရှေ့ဘက် ပျက်စီးမြေမှာ ဘယ်လောက် အထိ ဆိုးရွား နေတယ် ဆိုတာ၊ နင် သိလား။ ”
“ ဘာဖြစ်လဲ ... ၊ ဒါက ပြဿနာ ရှိလို့လား။ ”
“ ကောင်းပြီ ... ၊ ဒါကို နင် ဂရုမစိုက်ဘူး ဆိုရင် ငါ့နောက် လိုက်ခဲ့။ ”
ယဲ့ဇီလင်က လင်းယွန်ကို စိုက်ကြည့်ကာ ထွက်ခွာ သွားတော့သည်။ လင်းယွန် မှလည်း သူမ နှင့်အတူ လမ်းလျှောက် လိုသည် ဖြစ်ရာ၊ ချက်ချင်း လိုက်ပါ လာမိသည်။
“ ဘယ်ကိုလဲ ... ။ ”
“ ရောက်ရင် သိမယ်။ ”
***