ကျား၊ ကျားသစ်၊ ဝံပုလွေနှင့် ခွေး။
Vol. 147 Ch. 2049
ကျောက်ဝူကျိ ထံမှ တန်ခိုး ကြီးသော ဓားရောင်ဝါများ ဖြာထွက် နေသဖြင့် လူတိုင်း ထိတ်လန့် ကုန်သည်။
“ ဒီလူ ဘာလာ လုပ်တာလဲ။ ”
ဤနေရာရှိ လူတိုင်းသည် အရှေ့ဘက် ပျက်စီးမြေမှ လာကြခြင်း ဖြစ်ပြီး၊ မြင့်မြတ်သော ငရဲ မြို့တော်သို့ ရောက်ချိန်၌ ၊ ကေျာက်ဝူကျိ အမည်ကို သဘာဝ အတိုင်း ကြားသိ ခဲ့၏။
အနက်ရောင် ငှက်မွှေး နန်းတော်သည် မြောက်ပိုင်း မြေပြန့် လွင့်ပြင်၏၊ ဓားတာအို မြင့်မြတ်မြေ ဖြစ်သည်။
အရှေ့ဘက် ပျက်စီးမြေ၏ ကောင်းကင် တာအို ဂိုဏ်းနှင့် ယှဉ်နိုင်သော အုတ်မြစ်မျိုး ပိုင်ဆိုင် ထားသည်။
ကျောက်ဝူကျိ ဟူသည် ထိုအနက်ရောင် ငှက်မွှေး နန်းတော်၏ ရွှေမျိုးဆက် ပါရမီရှင် တစ်ပါး ဖြစ်ချေပြီ။
အမည်ခံ သူတော်စင် နယ်ပယ် အောက်၌ အသန်မာဆုံး ဖြစ်ပြီး၊ အနက်ရောင် ငှက်မွှေး ဓားကျမ်းကို လေ့ကျင့် ထား၏။
၎င်းစွန့်ထုတ် ထားသော ရောင်ဝါဖြင့်၊ အရှေ့ဘက် ပျက်စီးမြေမှ လူတိုင်းကို၊ ခြေလှမ်း ပေါင်း များစွာ၊ ပြန်ဆုတ် သွား စေသည်။
ယင်းကြောင့် ကျောက်ဝူကျိနှင့် ဓားကျွန် လေးယောက်မှာ လှောင်ပြုံးများ ပြုံးလိုက် ကြ တော့၏။ ဓားကျွန်များသည် ခွေး မျက်နှာဖုံး၊ ဝံပုလွေ မျက်နှာဖုံး၊ ကျားနက် မျက်နှာဖုံးနှင့်၊ ကျားသစ် မျက်နှာဖုံးကို တပ်ထားသည်။
မျက်နှာဖုံး လေးခုသည် တံဆိပ်များ ဖြစ်ကြပြီး၊ ၎င်းတို့ လေးယောက်နှင့်၊ ပေါင်းစပ်ထားချေ၏။
ခွေးမျက်နှာ ဖုံးကို တပ်ဆင် ထားသည့် ဓားကျွန်က ပြုံးကာ၊
“ အရှေ့ဘက် ပျက်စီးမြေက ... ၊ ထက်မြက်တဲ့ ဓားသမားတွေ ... ၊ ဒီမှာ ရှိနေ တယ်လို့ ... ကြားမိတယ်၊ မင်းတို့က တကယ်ပဲ အရည်အချင်း ပြည့်မီ ရဲ့လား သိချင်မိ။ ”
သူ့စကားကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တင်းမာသော အငွေ့ အသက်များ ရစ်သိုင်း လာ ခဲ့သည်။
“ ငါတို့ အားလုံးက ဖိတ်ကြား ခံထား ရတဲ့ လူတွေပဲ၊ ဘယ်သူက အရည် အချင်း မရှိ ဘူးလို့ ပြောဝံ့ တာလဲ။ ”
“ စမ်းသပ်မှု သုံးကြိမ်တောင် မစ သေးဘူး၊ မင်းက ဓားစံအိမ်ကို ကိုယ်စား ပြုပြီး စစ်မေးချင် နေတာလား။ ”
“ အနက်ရောင် ငှက်မွှေး နန်းတော်ဟာ ...၊ ဘယ်အချိန်က စလို့ ... ဒီလိုတောင် မိုက်ရိုင်း လာဝံ တာလဲ။ ”
လက်တွေ့တွင် ဓားသမား များသည် ၎င်းတို့၏ ဖြစ်နိုင်ချေ ရှိသော ပြိုင်ဘက် များကို ရှာဖွေရန်၊ အချင်းချင်း စူးစမ်း လေ့လာ ကြ၏။
ကေျာက်ဝူကျိက စားပွဲဝိုင်း တစ်ဝိုင်းတွင် ဝင်ထိုင်ကာ အေးအေး ဆေးဆေး ဝိုင်သောက် နေတော့၏။
“ ကျောက်ဝူကျိ ... မင်းက ဘာကို ဆိုလိုချင် တာလဲ။ ”
စောစောက လင်းယွန်အား ရန်စ ခဲ့သော အန်းဇီယွင် ကပင် အေးစက်သော အမူအရာဖြင့် လျှောက်လှမ်း သွားသည်။
“ မင်းက ဘယ်သူလဲ ... ။ ”
ကျောက်ဝူကျိက ခွက်ထဲမှ ဝိုင်ကို ငုံကြည့် နေလျက်ဖြင့် မေးလိုက်၏။ အန်းဇီယွင်ကို မော့ ၍ပင် မကြည့် ခဲ့ချေ။
“ အန်း-သူတော်စင် မိသားစုရဲ့ အန်းဇီယွင်။ ”
“ အန်း-သူတော်စင် မိသားစုက ... ၊ ရှေးဟောင်း သူတော်စင် မိသားစုပဲ၊ မဟာ သူတော်စင် တွေကြောင့် ... အရှေ့ဘက် ပျက်စီးမြေ အတွက်၊ ...
... ထိပ်တန်း အင်အားစု ပါပဲ၊ ဒါပေမယ့် သူတို့မှာ ထိပ်တန်း ဓားသမား မရှိလို့ ... ၊ စိတ် မကောင်း ပါဘူး၊ ဒီနေရာမှာ ... မင်း မိသားစုရဲ့ သခင်ငယ် ဆိုရင်တော့၊ ငါနဲ့ ...
... လှုပ်ရှားမှု အနည်းငယ် ဖလှယ် နိုင်လိမ့်မယ်၊ မင်း ဆိုရင်တော့ ... ငါ့ကို တိုက်ဖို့ အရည် အချင်းတောင် မရှိ သေးဘူး။ ”
ကျောက်ဝူကျိမှ ပျင်းရိဟန်ဖြင့် ပြောကြား လာ၏။ အန်းဇီယွင် ခမျာ မျက်နှာ တစ်ပြင်လုံး နီရဲ လာတော့သည်။
သူ့ဘဝ တစ်လျှောက်၊ ဤကဲ့သို့ အရှက်ခွဲ ခံရခြင်းမျိုး မကြုံဖူး သဖြင့် ဒေါသ ထွက်လာ၏။ တစ်ဖက် လူသည် သူ၏ မျိုးနွယ်စု တစ်ခုလုံး ကိုပင် လျစ်လျူရှု နေခဲ့သည်။
“ ချွင် ... ။ ”
ဓားဆွဲကာ၊ ရင်ပြင် အပြည့် ဖုံးလွှမ်း စေသော ဓားရောင်ခြည်များ ထုတ်လွှတ်လျက် ပြေးဝင် ခုတ်ပိုင်း ချလိုက်၏။
“ သေ လိုက် စမ်း ... ။ ”
ဓားရှိ ဘုန်းဝိညာဉ်တော်များ အသက်ဝင် လာသောကြောင့်၊ တုန်ခါ လှိုင်းများ ပျံ့ကား သွားသည်။ လူများစွာက နိဗ္ဗာန် ရောင်ဝါ ထုတ်ဖော်ကာ၊ ခုခံ လိုက်ရ၏။
သတိ မပြုသော် ဤဓား ရောင်ဝါသည် ၎င်းတို့အား ထိခိုက် ဒဏ်ရာ ရရှိ စေမည် ဖြစ် သည်။
“ ဒီကောင်က ... ဘုန်း သူတော်စင် လက်ရာရဲ့ ... ၊ စွမ်းအား ဆယ်ပုံ တစ်ပုံကို ထုတ်လွှတ် နိုင်တာလား၊ ရိုးရှင်းတဲ့ လူတော့ မဟုတ်ဘူး။ ”
“ သူ ယဲ့ချင်းရှန်ကို ရန်စဝံ့တာ မစမ်း တော့ပါဘူး။ ”
အန်းဇီယွင် နောက်၌၊ ဓားရောင်ဝါဖြင့် ဖန်တီး ထားသော မီးနဂါး တစ်ကောင် ပေါ်လာ တော့သည်။
သို့သော် ကျောက်ဝူကျိမှ မလှုပ်ချေ။ ပြုံးလျက် လက်ထဲမှ ဝိုင်ခွက်ကို ဆက်သောက် နေခဲ့၏။
ဓားက သူ့ထံ ရောက်ခါ နီးတွင်၊ ခွေး မျက်နှာဖုံး တပ်ဆင် ထားသည့်၊ ဓားကျွန် ပေါ် လာသည်။
၎င်းဓားကျွန်က လက်ဖဝါးတွင် ရေခဲ ရည်ရွယ်ချက်ကို လောင်းထည့်ကာ၊ မီးနဂါးအား ဖမ်းကုပ် ပစ်လိုက်၏။
လူတိုင်း ထိတ်လန့် ကုန်သည်။ ထိုဓားကျွန်သည် အန်းဇီယွင် ဓားအား မည်သို့ ဖမ်းယူ နိုင်ခဲ့ သည်အား၊ သူတို့ မတွေးဆ နိုင်ချေ။
ခွေး မျက်နှာဖုံးနှင့် ထိုဓားကျွန် အမည်မှာ ကျောက်ချွမ် ဖြစ်ပြီး သူ့နောက်၌ ခွေးမိစ္ဆာ (၃) ကောင် ဖြစ်ပေါ် နေ၏။
တစ်ကောင် ချင်းစီသည် ပေ (၁၀၀) ကျော်ကာ၊ အစွမ်း ထက်သော ခံစားချက်များ ပေးစွမ်း ချေပြီ။
တစ်ချိန်တည်း မှာပင်၊ ၎င်းမှ ဟေးဒီးစ် မျိုးဆက်သွေး အငွေ့ အသက်အား ရရှိ မိသည်။ ဤသည်မှာ ဦးခေါင်းသုံးလုံး ပါရှိသော မရဏ တံခါးစောင့် ငရဲခွေး ဖြစ်၏။
“ ကျန့်ကျင်းရှန် မရှိတော့တဲ့ နောက်မှာ အရှေ့ဘက် ပျက်စီးမြေက ဆိတ်သုန်း သွားပါပြီ၊ မင်းလို အားနည်းတဲ့ ... လူ တစ်ယောက်က သခင်ငယ် မပြောနဲ့၊ ငါ့ရှေ့မှာ ရပ်ဖို့တောင် အရည် အချင်း မရှိဘူး။ ”
ခွေးဓားကျွန် ကျောက်ချွမ်မှ လှောင်ပြောင်၏။ ဝံပုလွေ မျက်နှာဖုံး အဖြူ တပ်ဆင် ထားသည့် လူငယ်က၊
“ ကျန့်ကျင်းရှန် ဆိုတာ ကလည်း ... ၊ ဘာကောင်မှ မဟုတ်ပါဘူး၊ သူ့ကိုယ်သူ အကျဉ်း ချပြီး၊ ဒီတစ်သက် သူတော်စင် မဖြစ် နိုင်တဲ့၊ ဓားဂိုဏ်းရဲ့ အပြစ်သား တစ်ယောက်ပဲ။ ”
-ဟု ဝင်ရောက် ပြောကြား လာသည်။
အန်းဇီယွင်က နဖူး၌ ချွေးများ ဖုံးလွှမ်း လာပြီး၊ ခေွးဓားကျွန် လက်မှ လွတ်မြောက်ရန် အစွမ်းကုန် ရုန်းကန် တော့သည်။
“ ဟမ့် ... ။ ”
ကျောက်ချွမ်မှ ဟောက်သံ ထွက်လာပြီး ဓားကို လွှတ်လိုက်ကာ၊ အန်းဇီယွင်ထံ လက်ဝါး တစ်ချက် ပေးလွှတ် ပစ်သည်။
“ ဘုန်း ... ။ ”
နိဗ္ဗာန် ရောင်ဝါများ ကွဲကြေလျက်၊ ကျောက်တိုင် တစ်တိုင်ထံ လွင့်စဉ် သွားကာ၊ ရင်ဘတ်၌ လက်ဝါးရာကြီး ဖြစ်ပေါ် လာ၏။
မြေပြင် ပေါ်သို့ ကျရောက် သွားချိန်၌ နာကျင်မှုကြောင့် ချက်ချင်း သတိ သွားတော့ သည်။
ကျောက်ချွမ်မှ မူလ ရပ်နေသော နေရာသို့ ပြန်လျှောက် လာပြီး၊
“ အမှိုက် တစ်စက သခင်ငယ်ကို ... ၊ မရိုမသေ လုပ်ရဲလား၊ သေခြင်း တရား ဆိုတာ ဘယ်လို စာလုံးပေါင်း ရမလဲ၊ သိပုံ မရဘူး။ ”
-ဟု ပြောကြား လိုက်တော့သည်။
လူတိုင်း အသက် အောင့်ထား မိ၏။ အန်းဇီယွင်သည် ထိပ်တန်း ဓားသမား မဟုတ် သော်လည်း၊ ထက်မြက်သော ဓားသမားဟု ယူဆ နိုင်သည်။
အမည်ခံ သူတော်စင်အား ရင်ဆိုင်ကာ၊ ၎င်းလက်မှ ဘေးကင်းစွာ ထွက်ခွာ နိုင်ခဲ့သော မှတ်တမ်း များပင် ရှိ၏။
ကုန်းစွန်းယန် ခမျာ မျက်နှာ ပြောင်းသွား ပြီးနောက်၊ ကျောက်ယန် နောက်၌ တုန်လှုပ်စွာ ပုန်းကွယ် နေတော့သည်။
ကျောက်ချွမ်သည် အနည်းငယ် အစွမ်း ထက်လှ သဖြင့်၊ ကေျာက်ယန်ပင် ခြိမ်းခြောက် မှုကို ခံစား လာရ၏။
အရေး အကြီး ဆုံးမှာ၊ ဤလူသည် ၎င်းတို့အနက် ခွန်အား အနည်းဆုံး ဓားကျွန် တစ်ယောက် မျှသာ ဖြစ်နေသည်။
လင်းယွန် မျက်ဝန်းများ မှေးစင်း သွား၏။ ကျောက်ချွမ်မှာ ထင်သလောက် သန်မာခြင်း မရှိ ချေ။
အန်းဇီယွင် ဓားကို ဖမ်းယူရန်၊ ဘုန်းသူတော်စင် လက်အိတ် တစ်ခုကို၊ သူ့ လက်ဖဝါး၌ ပေါင်းစပ် ထားသည်။
ပြီးနောက် လျင်မြန်သော ရေွ့လျားမှု ပညာရပ်ကို အသုံးပြု လိုက်လေရာ၊ မည်သူမျှ သတိ မထားမိ လိုက်ခြင်း ဖြစ်သည်။
လင်းယွန် အတွက်မူ၊ ထိုကျောက်ချွမ်ထက် ဝံပုလွေ မျက်နှာဖုံး စွပ်ထားသည့် လူကို ပို၍ စိတ် ဝင်စား မိသည်။
ကျောက်ချွမ်က ပတ်ဝန်းကျင် အပေါ်၊ လှည့်ပတ် ကြည့် လိုက်ပြီး၊ ဓားဂိုဏ်း အဖွဲ့ကို မြင်ချိန်၌ ပြုံးကာ၊
“ ဓားဂိုဏ်းရဲ့ တပည့် တွေလည်း ... ဒီမှာ ရှိနေ တာလား၊ လွန်ခဲ့တဲ့ (၁၈) နှစ်လောက်က ဒဏ္ဍာရီကို အသက် သွင်းမယ်လို့ မပြောနဲ့၊ အရှေ့ဘက် ပျက်စီးမြေ၊ ...
... တစ်ခုလုံး မှာတောင် ... ၊ ဓားတာအိုက ဘာမှ မဟုတ် တော့တာ၊ မင်းတို့ ဓားဂိုဏ်း လောက်နဲ့ ... အလုပ် မဖြစ် ပါဘူး။ ”
“ ငါ့ဓား ဂိုဏ်းရဲ့ ... ပန်းသင်္ချိုင်းသာ ရှိနေခဲ့ရင်၊ နင် ... ဒီလို ပြောရဲမှာ မဟုတ် ပါဘူး။ ”
ယဲ့ဇီလင်က အေးစက်စွာ တုန့်ပြန် လိုက်သည်။ သူမ စကားကြောင့် ကျောက်ချွမ် အကြည့်များ ဆင်းသက် လာ၏။ ယဲ့ဇီလင်၏ ထူးခြားသော စိတ်နေ စိတ်ထားကို သတိပြု မိကာ၊ အနည်းငယ် မှင်တတ် သွားသည်။
“ ပန်းသင်္ချိုင်း လား ... အဟက်။ ”
ကျောက်ချွမ်မှ လှောင်ပြုံးဖြင့်၊
“ သူသာ ထျန်ရွှမ်ဇီကို မစော်ကား ခဲ့ဖူး ဆိုရင် ... ဓားတာအို ဉာဏ်ကြီးရှင် တစ်ယောက် အဖြစ် ကြီးပြင်း လာမှာပါ၊ ဒါပေမယ့် အခုတော့ ဘာမှ မဟုတ်တော့ ပါဘူး။ ”
-ဟု တုန့်ပြန် လိုက်သည်။
“ ပန်းသင်္ချိုင်းက သေသွား ပြီလို့ ... ငါ ကြားတယ်၊ တကယ်လို့ သူသာ အသက် ရှင်နေ သေးတယ် ဆိုရင်လည်း ... ငါ့ လက်ဖဝါးနဲ့ လွယ်လွယ် ရိုက်သတ် နိုင်ပါ သေးတယ်။ ”
ဘေးမှ ရပ်ကြည့် နေသော ဝံပုလွေ မျက်နှာဖုံးနှင့် လူက ဒေါသတကြီး ဝင်ပြောလာ တော့သည်။ သူ့စကားကြောင့် ယဲ့ဇီလင်၏ မျက်ဝန်းများ မီးဝင်းဝင်း တောက်လာ၏။
ပန်းသင်္ချိုင်းကို စော်ကား သူသည်၊ သူမ၏ ရန်သူ ဖြစ်၏။ နှင်းပန်းများ မျက်ဝန်း၌ ပွင့်လာ ပြီး၊ လေထုမှာ ချက်ချင်း အေးခဲ လာသည်။
“ မင်း ... တိုက်ချင် လို့လား။ ”
ကေျာက်ချွမ်နှင့် ဝံပုလွေဖြူ တို့က ယဲ့ဇီလင်အား အထင်အမြင် သေးစွာဖြင့် စောင့် ကြည့် နေခဲ့သည်။
ယဲ့ဇီယွင်နှင့် မူချင်းချင်းက၊ သန်မာသော ပြိုင်ဘက် နှစ်ယောက်ကို ရင်ဆိုင် ရမည် ဖြစ်ရာ၊ အနိုင်ရရန် အခွင့်အလမ်း မရှိ သောကြောင့် ယဲ့ဇီလင်အား တားယူ လိုက်ရ တော့၏။
***