← Chapters

ငါ့ဆရာကို စော်ကားတဲ့ လူတိုင်း သေရမယ်။

Vol. 147 Ch. 2051

ငါ့ဆရာကို စော်ကားတဲ့ လူတိုင်း သေရမယ်။

Vol. 147 Ch. 2051

ကျုံးရီ တစ်ယောက် မြေပြင်ပေါ်တွင် ဒူးထောက် နေသည်ကို တွေ့လိုက်သော အခါ လူတိုင်း မျှော်လင့်ချက် မဲ့ကုန်၏။

စတုတ္ထ အဆင့်၊ ဓားကျွန် တစ်ဦးသည် ဤမျှလောက် သန်မာ မည်ဟု မထင် ခဲ့ကြချေ။ ကျုံးရီမှ မတ်တတ် ရပ်ရန်၊ ကြိုးစား ခဲ့ သော်လည်း မအောင်မြင်။

“ သူဟာ ဓားသူတော်စင်ရဲ့ ... သီးသန့် တပည့် မဟုတ်လား၊ ဘယ်လိုများ ပျော့ညံ့ နေရ တာလဲ။ ”

ကုန်းစွန်းယန်မှ အံကြိတ်ကာ ညည်းတွား လိုက်သည်။

“ ကျုံးရီက ပျော့ညံ့ နေတာ မဟုတ်ဘူး၊ သူ့မှာ မွေးရာပါ သူတော်စင် ခန္ဓာကိုယ် ရှိပြီး၊ အမည်ခံ ကြယ်ဓား ကိုတောင်၊ ဆုပ်ကိုင် ထားတယ်၊ အဲဒီ ဝံပုလွေဖြူ ကသာ သန်မာ နေတာ၊ သူ ဘယ်သူများ ဖြစ်နိုင်လဲ။ ”

ယဲ့ဇီလင်မှ မျက်မှောင် ကြုတ်လျက်၊ ပြန်လည် ပြောလာသည်။ ကျောက်ယန်က မျက်ဝန်းများ မှေးစင်းလျက်၊

“ သူ့ကို ရင်းနှီး နေသလိုပဲ။ ”

-ဟု ရေရွတ် လိုက်၏။

“ သူက မွေးရာပါ ဓားခန္ဓာနဲ့ ... ဓား နှလုံးသားကို ပိုင်ဆိုင် ထားတဲ့၊ ရှားဟို မိသားစု ရဲ့ သခင်ငယ်ပဲ၊ တစ်ချိန်က သက်တံဓား သူတော်စင် တပည့်၊ ...

... ဖြစ်လို ခဲ့ဖူးတယ်၊ ဒါပေမယ့် သူ့ကို ငြင်းပယ်ပြီး၊ ဆယ်နှစ်ကြာ ကျင့်ကြံမှု ထုတ်ယူ ခံလိုက် ရတယ်။ ”

လင်းယွန်က ပြောပြ လိုက်သည်။

“ ရှား ဟို ယန် ... ။ ”

ဓားဂိုဏ်းမှ လူတိုင်း၏ မျက်နှာများ ပြောင်းသွားကာ၊ ဝံပုလွေ မျက်နှာဖုံးနှင့် လူထံ ပြန်ကြည့် လိုက်မိ၏။

စမ်းသပ် နေစဉ် အတွင်း၊ ရှားဟိုယန်မှာ တောက်ပနေပြီး ဓားဂိုဏ်းကို အရှက်ခွဲ နိုင်လု နီးပါး ဖြစ်ခဲ့သည်။ အဆုံးတွင် လင်းယွန်မှ အနိုင်ယူကာ၊ မောင်းထုတ် ပစ်ခဲ့၏။

ယခု ကျောက်ဝူကျိ၏ ဓားကျွန် အဖြစ် ပြန်လာ လိမ့်မည်ဟု မထင်ထား မိချေ။ ကျုံးရီမှ ခက်ခက် ခဲခဲ ထရပ် လာစဉ်၊ သူ့ ရင်ဘတ်ပေါ် လက်ဖဝါး တစ်ဖက် ကျရောက် လာ၏။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

“ အမှိုက်က အမြဲတမ်း အမှိုက်ပဲ။ ”

ရှားဟိုယန်မှ မကျေနပ်ဖြင့် ကျုံးရီထံ လက်ညိုးဖြင့် လှမ်းထိုး လိုက်သည်။ လက်ညှိုး တွင် အားကောင်းသော ဓား ရည်ရွယ်ချက် ပါဝင်၏။

“ ရွှပ် ... ။ ”

ကျုံးရီ တစ်ယောက် သွေးများ စီးကျ လာကာ၊ ဦးခေါင်းခွံ ကွဲသွားသည်။ မြေပြင်ပေါ် လဲကျ သွားပြီး၊ တဆက်ဆက် တုန်ယင် နေ၏။

ဤမြင်ကွင်းကြောင့် လူတိုင်း မျက်နှာများ ဖြူဖျော့ သွားသည်။ ဓား သူတော်စင်၏ သီးသန့် တပည့် ဟူသည် ၊ ဝံပုလွေဖြူ ရှေ့၌ လုံးဝ အစွမ်းမဲ့ နေခဲ့ ချေ၏။

“ ဂျွတ် ... ။ ”

ထိုမျှဖြင့် မကျေနပ် သေးဘဲ၊ ကျုံးရီ၏ ပါးရိုးပေါ် ဝံပုလွေဖြူမှ နင်းချေ လိုက်ပြန်သည်။

“ ဟား ... ဟား ... ဟား ... ၊ ငရဲ ဓား သူတော်စင်ရဲ့ သီးသန့် တပည့် တဲ့လား၊ မင်းက အမှိုက် ပါပဲ၊ ဒါပေမယ့် ... မင်းကို အခု ချမ်းသာ ပေးလိုက်မယ်။ ”

“ မင်း … ။ ”

“ ဘုန်း ... ။ ”

ကျုံးရီက ရုန်းကန်ပြီး တစ်ခုခု ပြောရန် ပြင်လိုက် သော်လည်း၊ အကန် ခံလိုက် ရကာ သတိ လစ်သွား တော့သည်။

ဤမြင်ကွင်းသည် ရက်စက် လွန်းသော ကြောင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွား လေသည်။ မသေ သော်မှ ကျန်းရီ တစ်ယောက် ချိနဲ့ သွားပြီ ဖြစ်၏။

“ ဘယ်သူ ရှိသေးလဲ။ ”

ရှားဟိုယန်က လူတိုင်းကို ဝေ့ကြည့် လိုက်သည်။ မည်သူမျှ သူနှင့် မျက်ဝန်းချင်း မဆုံ ဝံ့ကြချေ။

“ ပျင်းစရာ ကောင်းလိုက်တာ၊ ဓား သူတော်စင် တပည့် တွေက အရမ်း အားနည်း တယ်၊ သက်တံဓား သူတော်စင် တပည့်လည်း အတူတူပဲ၊ ပန်းသင်္ချိုင်း ဒီမှာ ရှိရင်တောင် ... ငါ့ရှေ့မှာ ဒူးထောက် နေရ ဦးမှာ ။ ”

“ နင် ... ဘယ်လို သတ္တိ ရှိလဲ။ ”

ယဲ့ဇီလင်မှ ထရပ် လိုက်သည်။

“ ဟား ဟား ဟား ... ၊ အရှေ့ဘက် ပျက်စီးမြေမှာ ဘယ်သူမှ မရှိတော့ ဘူးလား၊ နောက်ဆုံးတော့ အမျိုးသမီး တစ်ဦး နောက်မှာ ဘယ်လို ပုန်းကွယ် ရမလဲ၊ သိကြ တာပဲ။ ”

“ ရှားဟိုယန် ... မျက်နှာဖုံး တပ်ပြီး၊ ခွေးတစ်ကောင် ဖြစ်သွား ရုံနဲ့ ... ၊ နင့်ကို ငါ မမှတ်မိဘူး ထင်နေလား၊ ဓားဂိုဏ်းရဲ့ တပည့် တွေက အားနည်း ပေမယ့် ... နင့်လို ခွေးကျွန် တစ်ယောက်တော့ မဟုတ်သေး ပါဘူး။ ”

ယဲ့ဇီလင် စကားကြောင့် ရှားဟိုယန် တစ်ယောက် အံ့အားသင့် သွား၏။ ထို့နောက် မျက်နှာဖုံးအား ဖယ်ရှား ပစ်လိုက်သည်။

“ သူက ရှားဟို မိသားစုရဲ့ ပါရမီရှင် မဟုတ်လား၊ မွေးရာပါ ဓားခန္ဓာနဲ့ ဓားနှလုံးသား ပိုင်တဲ့ လူ ... ။ ”

“ ရှားဟိုယန် ... ၊ မင်းက အရှေ့ဘက် ပျက်စီးမြေက လူ ဖြစ်ပြီး၊ ဘာလို့ အနက်ရောင် ငှက်မွှေး နန်းတော်ရဲ့ ခွေးဖြစ်လာ ရတာလဲ။ ”

“ ရှားဟိုယန် ... ၊ မင်း သစ္စာဖောက်၊ မင်းအရင်က အရမ်း မာနကြီး ခဲ့တယ် မဟုတ် လား။ ”

ရှားဟိုယန် ဟူသည် အရှေ့ဘက် ပျက်စီးမြေ၌ ကျော်ကြားလှ သောကြောင့် သူ့ကို လူတိုင်း မှတ်မိ လာ ကြသည်။

“ ဟား ဟား ဟား ... သခင်ငယ်ရဲ့ ခွေး ဖြစ်ရတာ ဘာများ မကောင်းတာ ရှိလို့လဲ၊ ဒါက ဓားဂိုဏ်းရဲ့ တပည့် ဖြစ်ရ တာထက်၊ ကောင်း သေးတယ်။ ”

ရှားဟိုယန်မှ ယဲ့ဇီအား ပြန်လည် လှောင်ပြောင် လျက်၊

“ မင်းက ပန်းသင်္ချိုင်း အတွက် ... ၊ တိုက်ပွဲဝင်ချင် တာလား၊ အရည် အချင်း မပြည့် မီတာကြောင့် ... မစွန့်စားဖို့ အကြံ ပေးမယ်၊ မင်းရဲ့ ဓားဂိုဏ်းကို ... ငါ စိတ်မဝင်စား တော့ဘူး၊ ...

... သက်တံဓား သူတော်စင် ... သေသွား ပြီးရင်၊ မင်းတို့ ဖျက်ဆီး ခံရမှာ အသေ အချာပဲ၊ အခု ငါ့ရှေ့က ထွက်သွားပါ။ ”

“ ဝှီး ... ။ ”

“ ဖပ် ... ။ ”

ရှားဟိုယန်မှ ယဲ့ဇီလင်ကို လက်ဖြင့် လှမ်းရိုက် လိုက်၏။ သို့သော် မအောင်မြင်ဘဲ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်ပေးလိုက် ရသည်။

လေထဲ၌ ဝိုင်ခွက် တစ်ခွက်၊ ချာချာလည် နေသည်ကို မြင်လိုက် ရ၏။ ၎င်းမှ သူ့လက်ဖဝါး အား၊ ဟန့်တား လိုက်ခြင်း ဖြစ်သည်။

“ ဘယ် သူ လဲ ... ။ ”

“ ငါ ... ။ ”

လင်းယွန်က ထိုင်လျက်မှ ပြန်ဖြေ လိုက် သဖြင့်၊ လူတိုင်း လှည့်ကြည့် လာကြ တော့၏။

“ အနက်ရောင် ငှက်မွှေး နန်းတော်ရဲ့ ကိစ္စတွေမှာ ... ဝင်စွက်ချင် ရအောင် ... မင်းက ဘယ်သူလဲ။ ”

ရှားဟိုယန်မှ မျက်ဝန်းများ မှေးစင်းလျက်၊ အေးစက်စွာ မေးခွန်းထုတ် လိုက်၏။ ထိုလူကို သူ၊ မသိချေ။

“ ငါက ပန်းတွေနဲ့ လူတွေကို ... မြှုပ်နှံ ပေးတဲ့ လူ ... ။ ”

“ ခွမ်း ... ။ ”

လင်းယွန်က ပြုံးပြီး ဖြေလိုက်သည်။ လေထဲရှိ ဝိုင်ခွက်မှာ ပြုတ်ကျ သွားတော့၏။

“ ပန်းသင်္ချိုင်း ... ။ ”

လူတိုင်း အံ့အားသင့် သွားချိန်တွင်၊ ရှားဟိုယန် မျက်နှာ အေးစက် လာပြီး လူသတ် လိုသော အငွေ့ အသက်များ ရစ်သိုင်း လာ၏။

“ ဒီလောက်လည်း ... အလေး အနက် မထားပါနဲ့၊ ဘာရယ် မဟုတ်ဘူး၊ ကြားဖူးတာကို ရွတ်လိုက်မိ တာပါ၊ ငါ့နာမည်က ယဲ့ချင်းရှန် ကောင်းကင် တာအို ဂိုဏ်းရဲ့ ... သူတော်စင် တပည့်ပဲ။ ”

လင်းယွန်က ထရပ်ကာ ယဲ့ဇီလင် အနား လျှောက်လှမ်း သွားပြီး၊

“ မိန်းကလေး ယဲ့ ... ၊ ခွေးတစ်ကောင် အတွက် ... မင်းလက်ကို ညစ်ပတ် မခံ ပါနဲ့။ ”

-ဟု ပြောကြား လိုက်တော့၏။

“ ယဲ့ချင်းရှန် ... ၊ မင်းနာမည် ငါ မကြား ဖူးဘူး ... ၊ အနက်ရောင် ငှက်မွှေး နန်းတော်ရဲ့ အရေး ကိစ္စ တွေကို ... မစွက်ဖက်ဖို့ ... အကြံ ပေးချင်တယ်။ ”

“ ငါ စွက်ဖက်ချင်တယ် ဆိုရင်ရော ... မင်း ဘာလုပ်မလဲ။ ”

ယဲ့ချင်းရှန်သည် အန်းဇီယွင်၏ ရန်စခြင်း ကိုပင်၊ သည်ခံ ခဲ့လေရာ မည်သူမျှ သူ့အပေါ် အကောင်း မြင်ခြင်း မရှိချေ။

“ သူက ကောလဟာလတွေ အတိုင်းပဲ၊ အလှတရား ရှေ့မှာ ... ၊ ဘယ်လို သရုပ် ဆောင် ပြရ မလဲ ဆိုတာ၊ တကယ် သိတယ်။ ”

ထို့ကြောင့် လူတိုင်းက လှောင်ပြုံးဖြင့်၊ ယဲ့ချင်းရှန် မည်သို့ အဆုံးသတ် မည်ကို တွေး ကာ၊ ဝေဖန် လာကြ တော့သည်။

“ ကောင်းပြီ ... ၊ သေချင် နေမှတော့ မင်းရဲ့ ဆန္ဒကို ... ၊ ငါ ဖြည့်ဆည်း ပေးမယ်။ ”

ရှားဟိုယန်မှာ ခွေးတစ်ကောင် ဖြစ်သွား ပြီးနောက်၊ အရှေ့ဘက် ပျက်စီးမြေကို ခြေမချ တော့သဖြင့်၊ ယဲ့ချင်းရှန် အကြောင်း မသိချေ။

မွေးရာပါ ဓား ခန္ဓာကိုယ်နှင့် ဓား နှလုံးသားကို တပြိုင်နက်တည်း ဖွင့်ပြီး၊ အနက် ရောင် တောင်ပံ တစ်စုံအား ဆင့်ခေါ် လိုက်၏။

“ ဖရူး ... ။ ”

တောင်ပံများ ပေါ်တွင်၊ မီးတောက်များ တောက်လောင် နေ သကဲ့သို့ တန်ခိုး ကြီးသော ဓားရောင်ဝါများ ပါရှိ နေသည်။

အနက်ရောင် ငှက်မွှေး ဓားကျမ်းကို လေ့ကျင့်ခြင်းဖြင့်၊ မိစ္ဆာ ဓားမီးတောက်အား ရရှိ ထားခြင်း ဖြစ်၏။

မီးတောက်များ လောင်ကျွမ်း သွားသော အခါ၊ နောက်ကွယ်၌ ကြောက်မက်ဖွယ် နတ်ရူရ် များ ပေါ်လာသည်။

လက်သည်းသည် အနက်ရောင် အကြေးခွံများ ပါသည့် ဓားအဖြစ် အသွင်ပြောင်း သွား၏။

လင်းယွန်မှ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းအား ဖြန့်ကျက် လိုက်သည်။ ရောင်ဝါ မှာ သူတော်စင် ဓားတစ်လက် ကဲ့သို့ ထက်မြက် ချေ၏။ လူတိုင်း၏ ဓားများက သူ့အား ဦးညွှတ် လိုသကဲ့သို့ တုန်ယင် လာသည်။

ရှားဟိုယန် လက်ဖဝါးသည်၊ သူတော်စင် လက်ရာ တစ်ပါးနှင့် ယှဉ်နိုင်ပြီး၊ ကြောက်မက် ဖွယ် အမြင့်သို့ ရောက်ရှိကာ၊ နတ်ဆိုး မီးလျှံ များ တောက်လောင် နေ၏။

“ ဘန်း ... ။ ”

လက်ဖဝါးနှင့် လက်သီးတို့ ထိပ်တိုက် ဆုံမိသော အခါ၊ ရှားဟိုယန်မှာ လှိုင်းလုံးများနှင့် အတူ၊ လွင့်မျော သွားလေသည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းပြီး၊ မြေပြင်ပေါ် ဆင်းကာ၊ ခြေလှမ်းပေါင်း များစွာ ဆုတ်ခွာ လိုက်ရ၏။

သူ့ အပေါ်ပိုင်း အဝတ် အစားတွင်၊ ပြတ်ရှရာများ၊ သွေးများ၊ စသည်နှင့် ပြည့်နှက် ကုန်သည်။

အရေးကြီး ဆုံးမှာ၊ ညာဖက် လက်မောင်း အား သိုင်းခြုံ ထားသော အနက်ရောင် အကြေး ခွံများ ပျက်စီး ကုန်ခြင်း ဖြစ်၏။

တစ်ဖက်တွင် လင်းယွန်မှ လေထဲ လွင့်နေသော ဆံပင်များ နှင့်အတူ၊ ယဲ့ဇီလင် ဘေး၌ ငြိမ်သက်စွာ ရပ်နေ ခဲ့သည်။

“ ဒါက ဘယ်လိုလုပ် ... ဖြစ်နိုင် မှာလဲ။ ”

“ ရှားဟိုယန်က တစ်ချက် လှုပ်ရုံနဲ့ နောက်ပြန် ဆုတ်လိုက် ရတာလား၊ ယဲ့ချင်းရှန် က ကျန်းရီ ထက်တောင် ပိုသန်မာ နေတာပဲ။ ”

ကုန်းစွန်းယန် တစ်ယောက် ပါးစပ် ဟောင်းလောင်း ဖြစ်သွားသည်။ အစောပိုင်း ကာလ၌ ယဲ့ချင်းရှန်အား ရန်စမိ ခဲ့ပုံ များကို ပြန်သတိရ လာ၏။

ဤယဲ့ချင်းရှန်သည် သူ့အား လက် တစ်ချောင်းတည်း ဖြင့်ပင်၊ သတ်နိုင် ပေမည်။

“ မင်း ဘယ်သူလဲ။ ”

ရှားဟိုယန်မှာ အံ့သြ သွား၏။ ကေျာက်ဟူ၊ ကျောက်ချွမ်နှင့် ကျောက်ပေါင် တို့ သည်လည်း ထိတ်လန့် သွားသည်။ ကျောက်ဝူကျိပင် မော့ကြည့် လာ၏။

“ သူက ကောင်းကင် တာအို ဂိုဏ်းရဲ့ ယဲ့ချင်းရှန် ... ၊ အရှေ့ဘက် ပျက်စီးမြေက ဘုရင် အဆင့် ချန်ပီယံပဲ။ ”

“ အမည်ခံ သူတော်စင် တစ်ပါးကိုတောင် သတ်ခဲ့တဲ့ လူ ... ။ ”

လူအုပ်ကြီးက ဂုဏ်ယူ ဝံ့ကြွား စွာဖြင့်၊ ရှားဟိုယန်၏ မေးခွန်းကို အော်ဟစ် ကြွေးကြော် ပေးလာ ကြသည်။

လက်ရှိ အချိန်၌ ငရဲ သစ်ခွ ခြံဝင်းမှ၊ သန့်ရှင်းသော သမီးတော် ရေချိုးနေ သည်အား၊ ချောင်းကြည့် ခဲ့ဖူး သည်ကို၊ လူတိုင်း မေ့လျော့ ကုန်၏။

“ အနက်ရောင် ငှက်မွှေး နန်းတော်က သိပ်ပြီး ... အထင် ကြီးစရာလည်း မရှိ ပါလား။ ”

လင်းယွန်မှ လှောင်ပြောင် ပြောကြား လိုက်၏။

“ ကောင်းကင် တာအို ဂိုဏ်းက မိုလို့ ... မင်းကို ကြောက်လိမ့်မယ် မထင်နဲ့၊ ငါ မင်းကို လွယ်လွယ် လွှတ်လိုက်တာ၊ ဓား သူတော်စင် တပည့်တောင် ငါ့ရှေ့မှာ ဘာမှ မဟုတ်ဘူး။ ”

ရှားဟိုယန်မှ ပြန်လည် ပြောကြား လာ၏။ မျက်နှာ တစ်ပြင်လုံး ကြောက်မက်ဖွယ် ကောင်း လောက်အောင် မည်းမှောင် လာပြီး၊ သူတော်စင် ဓားကို လက်လှိုင်းဖြင့် ဆင့်ခေါ် လိုက်သည်။

မိစ္ဆာ ဓားမီးတောက်များ၊ ပိုမို လောင်ကျွမ်း လာကာ၊ သူ လွှတ်လိုက်သော ဓားရောင်ဝါသည် လူတိုင်းအား၊ အသက်ရှူ ကျပ်စေ၏။

“ ဟိတ် ... ။ ”

ကန့်သတ်ချက် အထိ စုဆောင်း ပြီးသောအခါ၊ လင်းယွန်ထံ ပြေးဝင် လိုက်တော့ သည်။

“ မင်းရဲ့ ဓားကို ငှားပါရစေ။ ”

လင်းယွန်က ယဲ့ဇီလင် ခါးမှ ဓားကို ဖြတ်ခနဲ ဆွဲယူ လိုက်သည်။ နဂါးဖြူဓားမှ ဟောက်သံများ ထွက်ပေါ် လာ၏။

ရှားဟိုယန်က ကောင်းကင်ပေါ် မော့ကြည့်လိုက် မိသော အခါ၊ ရန်လို နေသည့် နဂါးဖြူ တစ်ကောင်ကို မြင်လိုက် ရသည်။

“ ထန် ... ထန် ... ။ ”

ဓား-ဓားချင်း ယှဉ်ကာ၊ ခုတ်ကြည့် လိုက်သော အခါတွင်၊ ရှားဟိုယန် တစ်ယောက် နောက်ပြန် ဆုတ်ပေး လိုက်ရ၏။ လင်းယွန်က ထိုမျှဖြင့် မရပ် သေးဘဲ၊ သူ့ရင်ဘတ်ထံ လှမ်း ထိုးလိုက်သည်။

ရှားဟိုယန် ရင်ဘတ်မှ ကွဲအက်သော အသံများ ထွက်ပေါ် လာပြီး၊ ထိတ်လန့် တကြား ဒူးတစ်ဖက် ထောက်ကျ သွားသည်။ သူ့ကိုယ်သူ မည်သို့ လွယ်လွယ် ရှုံးနိမ့် သွားခဲ့မှန်း၊ နား မလည်နိုင် တော့ချေ။

“ ရှားဟိုယန် ... ၊ မင်း ခွေးဖြစ် ရတာ ပျော်လား။ ”

ထိုမေးခွန်းကြောင့် ရှားဟိုယန် ခမျာ ထိတ်လန့်စွာ ပြန်မော့ ကြည့်လိုက် မိသည်။ ယခု အချိန်၌ တစ်ဖက် လူ၏ မျက်ဝန်းမှာ၊ ရုတ်တရက် ရင်းနှီး လာတော့၏။

“ မင်း ... ။ ”

“ ဟုတ်တယ် ... ငါပဲ။ ”

“ မဖြစ် နိုင်ဘူး ... ၊ မဖြစ် နိုင်ဘူး ... ။ ”

လင်းယွန် ထံမှ လူသတ် လိုသော ရည်ရွယ်ချက်များ ပေါက်ကွဲ ထွက်လာခဲ့ သဖြင့်၊ ကျောက်ဝူကျိက မော့ကြည့် လာ၏။

“ ရပ် ... ။ ”

ကျောက်ဝူကျိ ဟောက်သံက လူတိုင်း၏ နားစည်များကို ပေါက်ကွဲ လုနီးပါး ဝင်ရောက် သွားသည်။ အချို့မှာ မြေပြင် ပေါ်သို့ ညွှတ်ကျ သွားသည် အထိ၊ ထိတ်လန့် ကုန်၏။

သို့သော် လင်းယွန်မှ သူ့အား လျစ်လျူရှု လိုက်ကာ၊ ရှားဟိုယန်၏ ဦးခေါင်းအား လက်သီး ဖြင့်၊ ထိုးခွဲ ပစ်တော့သည်။

“ ဝှစ် ... ။ ”

“ ဖောင်း ... ။ ”

သူ့ဆရာကို စော်ကား သူများ၊ သေဒဏ် ထိုက်ပေ၏။ ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ် သွားသည်။

လူတိုင်းက ထိတ်လန့် သွားပြီး၊ ယဲ့ချင်းရှန်အား ကြောက်ရွံ့မှု များနှင့် ပြန်ကြည့် လိုက်မိ ကုန်၏။

***

All Chapters