← Chapters

ကောင်းကင် တာအို ဂိုဏ်းမှာ၊ ဓားတာအို အုတ်မြစ် ခိုင်ခိုင် မာမာ ရှိနေ လိမ့် မယ်လို့ ... ၊ ငါ မထင် ထားဘူး။

Vol. 147 Ch. 2052

ကောင်းကင် တာအို ဂိုဏ်းမှာ၊ ဓားတာအို အုတ်မြစ် ခိုင်ခိုင် မာမာ ရှိနေ လိမ့် မယ်လို့ ... ၊ ငါ မထင် ထားဘူး။

Vol. 147 Ch. 2052

ရှားဟိုယန် အလောင်းကို ကြည့်ကာ၊ လူတိုင်း၏ နှလုံးသားများ တုန်လှုပ် သွားလေ သည်။

“ ယဲ့ချင်းရှန် ... ၊ သခင်ငယ်ရဲ့ ဓားကျွန်ကို မင်းဘယ်လို သတ်ရဲ တာလဲ။ ”

ဓားကျွန် လေးယောက် ထဲမှ၊ ကျောက်ဟူက အော်ငေါက် လိုက်၏။

“ ယဲ့ချင်းရှန် ... ၊ မင်း ဒုက္ခ ရောက်ပြီ၊ သခင်ငယ်ရဲ့ ခွင့်လွှတ်မှုကို ... ဒူးထောက်ပြီး တောင်းခံပါ။ ”

ကျောက်ပေါင် မှလည်း၊ လင်းယွန်အား ဒေါသတကြီး ပြောဆို လာသည်။ ဤကိစ္စကို ယခု ဖြေရှင်းရန် မလွယ်ကူ တော့ကြောင်း လူတိုင်း သိချေ၏။

လူတိုင်းက လျင်မြန်စွာ ဆုတ်သွားကာ သူတို့နှင့် လင်းယွန်ကြား အကွာ အဝေး တစ်ခု ခြားထား လိုက်သည်။

လင်းယွန်မှ ဤအရာကို သဘာဝ အတိုင်း သတိ ပြုမိ သော်လည်း၊ ၎င်းနှင့် ပတ်သက်ပြီး၊ လုပ်နိုင် စရာ မရှိချေ။

သည်လူ များသည် ကောင်းကင် တာအို ဂိုဏ်းသည်၊ အနက်ရောင် ငှက်မွှေး နန်းတော်ကို ကြောက်သည်ဟု ထင်နေ ပုံရ သည်လော။

အဆုံးတွင် သူသည် မဟာ သူတော်စင် တစ်ပါး၏ အမွေခံ တပည့် တစ်ဦး ဖြစ်ကာ၊ သူ့ နောက်၌ ကျောက်စိမ်း ဓား သူတော်စင်နှင့် သတ်ဖြတ်ခြင်း မဟာ သူတော်စင် ရှိ၏။

ထို့ကြောင့် နောက်ခံ အရ ကေျာက်ဝူကျိကို ကြောက်စရာ မလိုချေ။

“ ဒါက ... ခွေးတစ်ကောင် သေဆုံးမှုပဲ၊ ဘာဖြစ်လို့လဲ .. မင်း ဆက်လုပ်ချင် နေတာလား၊ တတ်နိုင်ရင် မင်းတို့ကို ဘယ်သူမဆို သတ်နိုင် တယ်လို့ ပြောခဲ့တာ၊ မှတ်မိ ပါသေးတယ်။ ”

လင်းယွန် စကားကြောင့် ကျောက်ဟူမှ ဒေါသတကြီးဖြင့်၊

“ ဘာလဲ မင်းက ဝံပုလွေဖြူကို သတ်ပြီး ငါ့ကို သတ်ချင် နေတာလား။ ”

-ဟု မေးမြန်း လာ၏။

ကျောက်ဟူသည် ဓားကျွန် (၄)ယောက်၌ အစွမ်း အထက်ဆုံး ဖြစ်ပြီး၊ လက်ရှိ လူအုပ်ကို အခြိမ်းခြောက် နိုင်ဆုံး ဖြစ်ချေပြီ။

“ မင်း ဆက်သွားမယ် ဆိုရင် ... ၊ ငါ တွန့်ဆုတ် နေမှာ မဟုတ်ဘူး။ ”

လင်းယွန်မှ ကျောက်ဟူအား ကြည့်ကာ ပြန်ပြော လိုက်၏။ သူ့စကားကြောင့် လူတိုင်း ထိတ်လန့် ကုန်သည်။

ကောင်းကင် ငရဲ မြို့တော်သို့ ရောက်ချိန်မှ စကာ၊ အရှေ့ဘက် ပျက်စီးမြေမှ ဓားသမား များ သည်၊ အခြားသော ဒေသမှ ဓားသမား များနှင့် ခြားနားချက် ရှိနေမှန်း၊ သတိ ပြုမိ၏။

ယင်းသည် ၎င်းတို့၏ ယုံကြည်ချက်ကို ကြီးစွာသော ထိုးနှက်ချက် တစ်ခု ဖြစ်စေသည်။ အစောပိုင်း တိုက်ပွဲတွင် ဓားကျွန် များမှ သူတို့၏ စိတ်ဓာတ်ကို ထပ်မံ နင်းချေခဲ့ ပြန်၏။

ထို့ကြောင့် ယဲ့ချင်းရှန်၏ မောက်မာသော အသွင် အပြင်သည်၊ အံ့သြပြီး သဘောကျ လာမိ စေခဲ့သည်။

ကျောက်ဟူမှ ကျောက်ဝူကျိထံ လှည့်ကြည့်သည်။ ကျောက်ဝူကျိမှ ခေါင်းညိမ့်ပြ သဖြင့်၊ ပြုံးပြီး လင်းယွန်ထံ ပြန်ကြည့်၏။

“ မင်း ... သေချင် နေတဲ့ အတွက်၊ မင်းဆန္ဒကို ငါ ဖြည့်ဆည်း ပေးမယ်။ ”

“ ငါ့ဓားကို သုံး ... ။ ”

ကျောက်ဝူကျိမှ လက်ကို ဝှေ့ယမ်းလျက်၊ တောက်ပသော သူတော်စင် ဓားတစ်လက်အား ကျောက်ဟူထံ ပစ်ပေး လိုက်သည်။

ဤသည်မှာ ဘုန်းမီး ဝိညာဉ်တော်ဖြင့် ရေးထွင်း ထားသော သူတော်စင် ဓားတစ်လက် ဖြစ်သည်။

ကျောက်ဟူ ဓားကိုင် လိုက်သော အခါ၊ ရာနှင့် ချီသော ဓားရောင်ခြည်များ လွင့်ထွက် လာပြီး၊ ရင်ပြင် တစ်ခုလုံး လင်းထိန် သွား တော့၏။

ကျောက်ချွမ်မှ ကျောက်ဝူကျိ အနား လျှောက်လှမ်း သွားပြီး၊

“ ဝံပုလွေဖြူက ... ကျွန်တော်ထက် ပို သန်မာ ပေမယ့်၊ လွယ်လွယ် သေသွား ရတယ်၊ ဒီယဲ့ချင်းရှန်က မရိုးရှင်းဘူး၊ သခင်လေး အန္တရာယ် ဖြစ်မှာကို၊ ကြောက်မိတယ်။ ”

-ဟု သတိ ပေးလိုက်သည်။

ကျောက်ဝူကျိမှ ခွက်ကို မြှောက်ကာ၊

“ ကျောက်ဟူရဲ့ ကျင့်ကြံမှုက ... ၊ ရပ်တန့် နေတာ ကြာနေပြီ၊ ယဲ့ချင်းရှန်နဲ့ တိုက်ပွဲ မှာ၊ သူ အကျိုး ရှိလိမ့်မယ်၊ ဒီလူ အကြောင်း ...

... ငါ ကြားဖူးတာ ကြာပြီ ... ၊ စိတ်မပူနဲ့ ... ဒါက သူ့ရဲ့ ခွန်အားကို မြင်နိုင်ဖို့ ... အခွင့် အရေး ကောင်းပဲ။ ”

ရှားဟိုယန်သည် ခွေးတစ်ကောင် မျှသာ ဖြစ်သောကြောင့် ၎င်းသေဆုံးမှုကို စိတ်မ၀င်စား ခဲ့ချေ။ သို့သော် ထိုသေဆုံးမှု မှသည် ယဲ့ချင်းရှန် အပေါ်၊ စိတ်ဝင်စား လာမိ၏။

လင်းယွန်နှင့် ကျောက်ဟူသည် မီတာ ရာဂဏန်း အကွာတွင် ရပ်နေ လိုက် ကြသည်။ သူတို့ နှစ်ယောက် မတိုက်ခင် ဓားရောင်ဝါများ ပတ်ပတ်လည်၌ သိုင်းခြုံ ထား၏။

“ ဝှစ် ... ။ ”

နောက်အခိုက် အတန့်တွင်၊ နှစ်ယောက်သား မယုံနိုင် လောက်အောင် လျင်မြန်သော အဟုန် ဖြင့် လှုပ်ရှား လိုက်ကြသည်။

နှစ်ယောက် စလုံးက ပိုးစုန်းကြူး နတ်ဓား ကိုသာ သုံးသည်။ သို့သော် စွမ်းအင် ကျင့်ကြံမှု နည်းစနစ် မတူ သောကြောင့်၊ ဖြစ်စဉ်များ ကွဲပြား ချေ၏။

“ ထန် ... ထန် ... ။ ”

ထိပ်တိုက် တွေ့ချိန်တွင်၊ ဓားမြည်သံများ ပဲ့တင်ထပ် လာကာ၊ လေဟာနယ် အက်ကွဲစ ပြု လာသည်။

အနည်းငယ် တိုက်ခိုက် ပြီးနောက်၊ တစ်ယောက်နှင့် တစ်ယောက် ပြန်လည် ခွဲခွာ လိုက်ကြ၏။

“ ဓားကျွန် တစ်ယောက် အနေနဲ့ ... ၊ ပိုစုန်းကြူး နတ်ဓားကို ပြည့်စုံအောင် လေ့ကျင့် ထားနိုင်တာ၊ အထင်ကြီး လောက်ပါ ပေတယ်။ ”

လင်းယွန်မှ ပန်းသင်္ချိုင်းကို ကိုင်ကာ၊ ပြောကြား လိုက်သည်။ လင်းယွန်၏ ချီးကျူး စကားသည် သူ့အား မပျော်စေ သဖြင့်၊ ကျောက်ဟူမှ၊

“ နိဗ္ဗာန် - သတ္တမ မြောက် အသွင် ကူးပြောင်းရေးနဲ့ ... မင်းက ငါ့ကို အံ့အားသင့် စရာတွေ တကယ် ပေးတာပဲ။ ”

-ဟု ပြန်လည် ပြောကြား လိုက်၏။

“ ..... ။ ”

ပြီးသည်နှင့် ကျားဟောက်သံကို ထုတ်လွှတ်ကာ ယဲ့ချင်းရှန် နောက်၌ ပြန်၍ ထွက်ပေါ် လာသည်။

၎င်း၏ အရှိန်သည် အမည်ခံ သူတော်စင် ထက် မနိမ့်ကျချေ။ ပြိုင်ဘက်သည် တူညီသော နယ်ပယ်မှ ပါရမီရှင် တစ်ဦး ဖြစ် ပါက၊ သူ့ဓား ကိုပင် မမြင်လိုက် ရဘဲ၊ ခေါင်းပြတ်သွား ပေမည်။

“ ရွှပ် ... ။ ”

သို့သော် ယဲ့ချင်းရှန်က ပန်းသင်္ချိုင်းအား နောက်ပြန် လွှဲခုတ်ကာ၊ သူ့ တိုက်ခိုက်မှု အပေါ် ဟန့်တား လာသည်။

“ ထန် ... ထန် ... ။ ”

မီးပွားများ လွင့်ပျံ ကုန်ပြီး၊ ကျောက်ဟူ၏ လုပ်ကြံမှု ကျရှုံး သွားသည်။ လင်းယွန်မှ သူ့ခန္ဓာ ကိုယ်အား တစ်ပါတ် လှည့်ကာ၊ ပန်းသင်္ချိုင်းကို ကျောက်ဟူ ရင်ဘတ်ထဲ ထိုးသွင်း ပစ်၏။

ကျောက်ဟူ မျက်နှာ ပြောင်းသွားပြီး၊ ထိုဓားကို ရင်ဆိုင်ဝံ့ခြင်း မရှိ သဖြင့်၊ အမြန် ပြန် ဆုတ်ပေး လိုက်ရသည်။

“ ရွှပ် ... ။ ”

လင်းယွန်၏ ရွေ့လျားမှု အမြန်နှုန်း သည်လည်း၊ ကျောက်ဟူထက် နိမ့်ကျခြင်း မရှိ ချေ။ ရင်ဘတ်ကို ထိုးသွင်းခြင်း မအောင်မြင် သဖြင့်၊ လက်ကောက်ဝတ်ကို ပြောင်းလဲ ထိုးသွင်း လိုက်သည်။

ယင်းကြောင့် ကျောက်ဟူ ခမျာ ထပ်မံ ရှောင်တိမ်း ရန်သာ ရှိပေ တော့၏။ သို့တိုင် တစ်ဖက် လူမှ ဓားဖျားကို၊ သူ့နဖူးထံ ပြောင်းလဲ ချိန်ရွယ် လာပြန်သည်။

နှစ်ယောက်သား ရာဂဏန်း မျှသော လှုပ်ရှားမှုများ ဖလှယ် မိကြသည်။ လူတိုင်း၏ အမြင်၌ ကျောက်ဟူသည် သန်မာ သော်လည်း၊ ယဲ့ချင်းရှန်နှင့် ရင်ဆိုင် ရသည့် အချိန်တိုင်း၊ ဆုတ်ခွာ နေရ၏။

ဆိုလို သည်မှာ ညံ့ဖျင်းသော အနေအထားတွင် ရှိနေခြင်း ဖြစ်ချေပြီ။

“ ဒီကောင် ယဲ့ချင်းရှန်က အစွမ်း ထက်လွန်းတယ်၊ သူ့ ဓားရေးက ကေျာက်ဟူ ထက် သာတယ်။ ”

ကျောက်ချွမ်မှ ကျောက်ဝူကျိ ကြားအောင် ပြောကြားခဲ့သည်။ ကျောက်ဝူကျိက ခေါင်းညိတ် လိုက်ပြီး၊

“ တာအို ယန်-နန်းတော်ရဲ့ ... ၊ သန့်ရှင်းသော သားတော်က သန်မာတာ ... ငါ သိတယ်၊ ဒါပေမယ့် ကောင်းကင် တာအို ဂိုဏ်းက ဓားတာအိုမှာ ...

... ဒီလို ခိုင်မာတဲ့ အုတ်မြစ်မျိုး ... ၊ ရှိလိမ့် မယ်လို့ ... ငါ မထင်ထားဘူး၊ ဒီကို ... လာခဲ့တာ မှန်ကန်တဲ့ ... ဆုံးဖြတ်ချက် ဖြစ်ခဲ့ပုံပဲ။ ”

-ဟု ပြောကြား လာသည်။

ထိုအချိန်တွင် ကျောက်ဟူ တစ်ယောက် ဆိုးရွားသော ဒဏ်ရာ များဖြင့်၊ ပြန်၍ ဆုတ်ခွာ နေရသည်။ ဆန့်ကျင်ဘက် အနေနှင့်၊ လင်းယွန်မှာ ဒဏ်ရာ မရှိချေ။

“ ယဲ့ချင်းရှန် အသာစီး ရနေတယ်။ ”

အနားရှိ ဓားသမား အများစုမှာ သဘောပေါက် လာကြ တော့သည်။

“ ကောင်းကင် တာအို ဂိုဏ်းက ... ၊ အရှေ့ဘက် ပျက်စီးမြေမှာ ... ၊ အသန်မာဆုံး ဂိုဏ်း ဖြစ်ဖို့ ထိုက်တန် ပါတယ်၊ မင်းကို ငါ လျှော့တွက် ထားမိပြီ၊ ဒါပေမယ့် မင်းက ဒီလောက်လည်း မဟုတ် သေးပါဘူး။ ”

ကျောက်ဟူက ဆေးလုံး တစ်လုံးကို ထုတ်ယူကာ၊ မြိုချ လျက်မှ လှမ်းပြော လာလေ သည်။

“ အိုး ... ဟုတ်လား။ ”

လင်းယွန်က မထီမဲ့မြင် ပြုံးလိုက်၏။

ကျောက်ဟူ မျိုချ လိုက်သော ဆေးလုံးတွင်၊ ရှေးဟောင်း နတ်ဆိုး မျိုးနွယ်၏ သွေး တစ်စက် ပါရှိ၏။

ထို့ကြောင့် မြောက်များ စွာသော မကောင်းမြင် စိတ်များ၊ ၎င်းမှ ပွင့်ထွက် လာပြီး၊ လင်းယွန် အပေါ် လွှမ်းခြုံ လာတော့သည်။

***

All Chapters