ကာကွယ်သူ ... ။
Vol. 147 Ch. 2053
ကျောက်ဟူမှ ဆေးလုံးကို မျိုချ လိုက် သောအခါ၊ သူ့ရောင်ဝါသည် မိုးပြာ မူလ အဆင့် သို့၊ ရောက်ရှိ သွားသည်။
“ ကျောက်ဟူက ပြင်ပ ခွန်အား သုံးပြီး၊ ယဲ့ချင်းရှန်ကို ဖိနှိပ်ဖို့ ကြိုးစားတာပဲ၊ ဓားသမား တေွကြား တိုက်ပွဲမျိုး မဟုတ် တော့ဘူး၊ အရှက်မဲ့ လိုက်တာ။ ”
“ ပြီးသွားပြီ အခု ယဲ့ချင်းရှန်က၊ ဘယ်လိုလုပ် သူနဲ့ တိုက်ခိုက် နိုင်တော့ မှာလဲ။ ”
တစ်ဖက်တွင် ကြယ်ဓားအား ထုတ်လွှတ်သော် ထိုဖိအားကို ခံနိုင်ရည် ရှိမည် ဖြစ်မှန်း လင်းယွန် သိသည်။ သို့သော် ဓားညီလာခံ မတိုင်မီ ဝှက်ဖဲများ ထုတ်ပြ ခြင်းသည် ပညာမဲ့ရာ ကျ၏။
ထို့ကြောင့် စိတ်ထဲတွင် လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်ပြီး၊ မိုးကြိုး ပုတီးကုံးကို ထုတ်ယူ လိုက်သည်။
နိဗ္ဗာန် ရောင်ဝါအား ပုတီးကုံး အတွင်း သွန်းလောင်း လိုက်သော အခါ၊ ဖိအားများ သက်သာ လာတော့၏။
“ ဝှစ် ... ။ ”
ဘယ်လက်ဖြင့် မိုးကြိုး ပုတီးကုံးကို ကိုင်လျက်၊ ညာလက်မှ ပန်းသင်္ချိုင်း ဆွဲကာ၊ တိုက်ပွဲ ဝင်လိုက်သည်။ သူ့ အမြန် နှုန်းမှာ ယခင်ထက် ပိုမြန် လာ၏။
“ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
ကျောက်ဟူ ခမျာ မယုံကြည် နိုင်စရာ များဖြင့် ပြည့်နှက် သွားသည်။ သူသည် နတ်ဆိုး မျိုးရိုး၏ သွေးသား ပါသော ဆေးလုံးဖြင့် ခွန်အားကို မြှင့်တင် ထား၏။
သို့တိုင် ယဲ့ချင်းရှန်မှာ သူ့နီးနီး မြန်ဆန် သန်မာ နေမြဲ ဖြစ်သည်။
“ အနန္တဓားများ ပေါင်းစည်းခြင်း ... ။ ”
လင်းယွန်မှ ခြေလှမ်း တစ်လှမ်း လှမ်း တက်ကာ၊ ပုံရိပ်များ ခွဲထုတ် ပစ်လိုက် တော့ သည်။
လင်းယွန် (၁၃)ယောက်မှ ထွက်လာသော ဓားရောင်ဝါသည်၊ နေနှင့်လ အလား တောက်ပ လွန်းချေ၏။
ကျောက်ဟူ၏ ဓားရောင်ဝါ ကွဲသွားပြီး ဓားတစ်လက်က သူ့နဖူးထံ ဦးတည် လာ ခဲ့ သည်။
“ ဝှစ် ... ။ ”
ထိုကြောင့် ခန္ဓာ ကိုယ်အား တစ်ပါတ် လှည့်ကာ၊ ရေှာင်လိုက် နိုင်သော်လည်း ရင်ဘတ် ထံ ဝင်လာသော ဓားကိုမူ မလွတ် ခဲ့ချေ။
ရင်ဘတ်မှ သွေးများ ပန်းထွက် လာ သောကြောင့်၊ ကျောက်ချွမ်နှင့် ကျောက်ပေါင်မှ ကူညီရန် ဝင်ရောက် လာသည်။
“ ရွှပ် ... ။ ”
ဓားကိုယ်စီ ထုတ်ကာ၊ လင်းယွန်အား ထိုးသွင်း လာ၏။ လှိုင်းများ ပျံ့နှံ့ သွားပြီးနောက်၊ နေနတ်ဘုရားအား ဖမ်းဆီးခြင်းကို ထုတ်ဖော် ကာ၊ လင်းယွန်မှ အလွယ် တကူ ရှောင်ရှား လိုက်သည်။
“ အစ်ကိုကြီး အဆင် ပြေလား။ ”
ကေျာက်ချွမ်မှ စိုးရိမ်သော လေသံနှင့် မေးလိုက်၏။
“ ငါတို့ အတူတူ ... သတ် ရအောင်။ ”
ကျောက်ဟူက သူ့ရင်ဘတ်ကို ဆုပ်ကိုင် လိုက်ပြီး၊ ယဲ့ချင်းရှန်ထံ အံကြိတ်ကာ မော့ကြည့် လိုက်သည်။
သုံးယောက်သား အနက်ရောင် တောင်ပံ များ ဖြန့်ကာ၊ ယဲ့ချင်းရှန်ဆီ ဒေါသတကြီး ပြေး ဝင်လိုက် ကြသည်။
“ ကောင်းပြီ ... လာ ... ။ ”
လင်းယွန်မှ ပြုံးလျက်၊ စားပွဲ တစ်လုံးပေါ် ခုန်တက်ကာ ထိုင်ချ လိုက်သည်။ မျက်လုံးများ မှိတ်ကာ၊ နိဗ္ဗာန် ရောင်ဝါကို မိုးကြိုး ပုတီးကုံး အတွင်း သွန်းလောင်းလျက်၊ ပန်းသင်္ချိုင်း ဓားအား လှမ်းပစ် လိုက်သည်။
“ ဝှစ် ... ။ ”
ပုတီးကုံးမှ ကျမ်းစာ များနှင့် အတူ သန့်ရှင်းသော အလင်းရောင် တစ်ခု ဖြာထွက် လာသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ထိုသန့်ရှင်းသော ရောင်ဝါနှင့် ပန်းသင်္ချိုင်း ရောင်ဝါက ချက်ချင်း ဖိနှိပ် လာသဖြင့် ဓားကျွန် သုံးဦးမှာ ဆုတ်ခွာ သွားလိုက် ရသည်။
ဗုဒ္ဓ ဘာသာ ကျမ်းစာ များသည် ၎င်းတို့၏ ခွန်အားကို မြှင့်တင် ထားသော နတ်ဆို သားရဲ မျိုးဆက် သွေးအား နှိမ်နင်း တော့၏။
နတ်ဆိုး သားရဲ များသည် အသက်ပေါင်း များစွာကို၊ ရက်ရက် စက်စက် သတ်ဖြတ် ခဲ့ဖူး သောကြောင့်၊ သူတို့၏ သေွး၌ အပြစ် များဖြင့်၊ ပြည့်နှက် နေ၏။
ယင်းကြောင့် ဗုဒ္ဓ ကျမ်းစာ များ၏ တီးတိုး မြည်သံများ အောက်တွင်၊ သူတို့ကို မသက်မသာ ခံစား လာရ စေသည်။
“ ထန် ထန် ထန် ... ။ ”
ဝိညာဉ်များ တုန်လှုပ်လျက်၊ ပျံသန်း တိုက်ခိုက် လာသော ပန်းသင်္ချိုင်းကို အသေ အလဲ ခုခံလိုက် ရ၏။
“ ဒါက ဗုဒ္ဓရဲ့ လျှို့ဝှက် ရတနာပဲ။ ”
“ ဒီကောင့်မှာ ဝှက်ဖဲတွေ အရမ်း များတယ်။ ”
ဤအခင်း အကျင်းကြောင့်၊ အရှေ့ဘက် ပျက်စီးမြေမှ လူတိုင်း၊ မယုံနိုင် လောက်အောင် ဖြစ်လာ ကြသည်။
“ အဆုံးသတ် လိုက်ရအောင် ... ။ ”
လင်းယွန်က မျက်လုံး ဖွင့်ပြီး၊ မိုးကြိုး ပုတီးကုံးကို ထပ်မံ ပစ်တင် လိုက်၏။ ပုတီးက လေထဲ ပျံသန်း လာစဉ်၊ ကျမ်းစာ၏ တန်ခိုးဖြင့် ပေတစ်ရာ မြင့်သော ရွှေရောင် ရုပ်တု အဖြစ် ထင်ရှား လာသည်။
“ ပြန် လာ ... ။ ”
ထိုအချိန်တွင် စားပွဲ ပေါ်တွင် ထိုင်လျက် အနေ အထားမှ ပန်းသင်္ချိုင်းအား ပြန်ခေါ်ရန် လက် ဝှေ့ယမ်း လိုက်သည်။
တစ်ဖက်တွင် ကျောက်ဝူကျိမှာ စိတ်ပျက် လက်ပျက် ဖြစ်သွား၏။ ယဲ့ချင်းရှန်၌ ကြယ်ဓား ရည်ရွယ်ချက် တကယ် ရှိ-မရှိ၊ စုံစမ်း နေခြင်း ဖြစ်သည်။
သို့သော် သူ့ ဓားကျွန် များသည်၊ ထိုအဆင့်သို့ မရောက်နိုင် ခဲ့ဘဲ၊ အရှက် ရစေ ခဲ့သည်။
“ မင်း အရမ်း တော်တယ် ... ၊ ဒီမှာ မင်း အတွက် ... ။ ”
ကေျာက်ဝူကျိမှ ဝိုင် အပြည့် ငှဲ့ထည့် ထားသော ခွက်ဖြင့်၊ ပစ်ကာ ပြောလိုက်သည်။ ခွက်ပျံ သန်းလာရာ လမ်း တစ်လျှောက် လေဟာနယ် ကွဲအက် သွား၏။
“ ဝှစ် ... ။ ”
ခွက်မှ ထွက်လာသော အကန့် အသတ်မဲ့ ဓားရောင်ဝါသည် လူအုပ်ကို ချက်ချင်း ဆုတ်ခွာ သွားစေသည်။
လင်းယွန်မှ မျက်မှောင် ကြုတ်ပြီး စဉ်းစား၏။ ထိုခွက်ကို မရှောင် သင့်ကြောင်း သတိ ပေးနေသည်။ အဘယ်ကြောင့် ဆိုသော် သူ့နောက်၌ ဓားဂိုဏ်း၏ တပည့်များ ရှိနေ သောကြောင့် ဖြစ်၏။
“ ဝှီး ... ။ ”
ချက်ချင်းပင် ပန်းသင်္ချိုင်းအား မြှောက် လိုက်ပြီး၊ အပူပင် ကင်းသော ဓား (၉)လက်ကို၊ ဖြည်းညှင်းစွာ ပုံဖော် လိုက်သည်။
“ ဝှစ် ... ။ ”
ယင်းသည် သူ ကာကွယ် လိုသော မိတ်ဆွေများ အတွက်၊ ရည်ရွယ်သော ဓား ဖြစ် ၏။ ထိုစဉ်က သက်တံဓား သူတော်စင်မှ ချန် ထားခဲ့သော နဝမမြောက် ဓား ပေပင်။
“ သွား ... ။ ”
ဝိုင်ခွက်ကို ဓားဖျားဖြင့် ဖမ်းယူ လိုက်ကာ၊ အခြားသော လမ်းကြောင်း ဆီသို့၊ ညင်သာစွာ ညွှန်ပြ ပေးမိသည်။
“ ဝုန်း ... ။ ”
ဦးတည်ရာသည် ဓားကျွန် သုံးယောက်ထံ ဖြစ်၏။ ထို့ကြောင့် ခွက် အတွင်းမှ ဓားရောင်ဝါ များ ပေါက်ကွဲ လာကာ၊ ၎င်းတို့အား ထိမှန် လွင့်စဉ် သွားစေ ခဲ့သည်။
ဤမြင်ကွင်းကြောင့် ကေျာက်ဝူကျိ မျက်နှာ မည်းမှောင် လာပြီး၊
“ ယဲ့ချင်းရှန် ... မင်းဘယ်လို သတ္တိ ရှိလဲ။ ”
-ဟု အော်ငေါက် လိုက်သည်။
လင်းယွန်က ပန်းသင်္ချိုင်းကို ဟန်ပါပါ ပြန်သိမ်းကာ မိုးကြိုး ပုတီးကုံးအား လှမ်းခေါ် လိုက်၏။
“ ဒါက မင်းအပေါ် မူတည်တယ်။ ”
လင်းယွန်၏ တုန့်ပြန် စကားကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက် တိတ်ဆိတ် သွားကာ၊ အသက်ရှူ သံပင် မကြား တော့ချေ။
“ ဟား ဟား ဟား ... အသံ ကျယ်တဲ့ ခွေးဆိုတာ အရင်ဆုံး သေတတ်တယ်၊ အခု မင်း ပြထားတဲ့ ... ခွန်အား အရ ဆိုရင်၊ မင်းရဲ့ စွမ်းဆောင်ရည်က ...
... အထင်ကြီး လောက်စရာ မရှိ ပါဘူး၊ ဓားညီလာခံမှာ မင်း ဘယ်လောက် ရယ်စရာ ကောင်းမှန်း ... မကြာခင် သိရ လိမ့်မယ်။ ”
“ ဒါဆို ငါတို့ တေွ့မယ်။ ”
“ စိတ်မပူနဲ့ ... ငါ စောင့်နေမယ်။ ”
ကေျာက်ဝူကျိမှ တစ်လှမ်း ပြန်ဆုတ် သွားသည်။ ရှားဟိုယန် အလောင်းနှင့် အတူ ဓားကျွန် သုံးယောက်အား ခေါ်ကာ၊ ထွက်ခွာ သွားတော့၏။
အချိန် အတော်ကြာ ပြီးနောက်၊ မည်သူမျှ ပြန်မလာ တော့မှသာ၊ သူတို့ ထွက်သွားကြောင်း အတည်ပြု နိုင်ပြီး၊ လူတိုင်း သက်ပြင်းချ လိုက် ကြသည်။
သူတို့က ယဲ့ချင်းရှန်အား ရှုပ်ထွေးစွာ ပြန်ကြည့် လိုက်သည်။ အဆုံး၌ ဤလူငယ်သည် အရှေ့ဘက် ပျက်စီးမြေ၏ ဂုဏ်သိက္ခာ အပေါ်၊ ကာကွယ် ပေးခဲ့ လေသည်။
***